ဂျေရုဆလမ်
- နိဒါန်း -
ဂျေရုဆလမ်သည် လက်ရှိခေတ်အစ္စရေးလ်နိုင်ငံတွင် တည်ရှိနေသော မြို့ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ အမြင့်မြတ်ဆုံးသော နေရာများထဲမှတစ်ခုဖြစ်သည်ဟု လူအများအပြားက ယူဆကြသည်။ ဂျေရုဆလမ်သည် တစ်ဆူတည်းသောဘုရားကိုးကွယ်သည့်
ဘာသာများအနက်မှ အကြီးဆုံးဘာသာ ၃ ခု ဖြစ်သော ဂျူးဒေအေဇမ် (ဂျူးဘာသာ)၊
အစ္စလာမ် နှင့် ခရစ္စတီယန်နတီ (ခရစ်ယာန်ဘာသာ) တို့အတွက်
အဓိကအရေးပါသောနယ်မြေဖြစ်သည် ။ အစ္စရေးလ် နှင့် ပါလက်စတိုင်း
နှစ်နိုင်ငံလုံးက ဂျေရုဆလမ်ကို ၎င်းတို့၏မြို့တော်အဖြစ် ကြွေးကြော်ထားကြသည်။
ယင်းသို့သော ခိုင်မာ၍ နှစ်ပဋိစ္ဆေဒများစွာတိုင် တည်ရှိလာခဲ့ကြသော
အသင်းအဖွဲ့ဘာသာများက ဂျေရုဆလမ်မြို့တော်တစ်ခုလုံး နှင့် မြို့တွင်းရှိ အလေးထားနယ်မြေများအား ထိန်းချုပ်ပိုင်ဆိုင်နိုင်ေ ရး သွေးမြေကျပဋိပက္ခများကို နှစ်ထောင်ပေါင်းများစွာတိုင်အောင် ဆင်နွှဲလာခဲ့ကြသည်။
- ရှေးဦး ဂျေရုဆလမ်သမိုင်း -
ဂျေရုဆလမ်၌ လူသားများကနဦးစတင်အခြေချနေ ထိုင်မှုများသည် ကြေးခေတ် — ခန့်မှန်းအားဖြင့် BC ၃၅၀၀ လောက် — က ဟု ပညာရှင်များက ယူဆကြသည်။
BC ၁၀၀၀ တွင် ဒေးဗစ်ဘုရင် King David မှ ဂျေရုဆလမ်ကို အောင်နိုင်ပြီး ဂျူးဘုရင့်တိုင်းပြည်၏မြို့ တော်အဖြစ်
ထားရှိခဲ့သည်။ ထို့နောက် နှစ် ၄၀ ခန့်အကြာတွင် ၎င်း၏သား ဆော်လမန် Solomon မှ
ပထမဆုံး မြင့်မြတ်သော ဘုရားကျောင်းကို တည်ဆောက်သည်။
BC ၅၈၆ တွင် ဘေဘီလုံးနီးယန်းများက ဂျေရုဆလမ်ကို သိမ်းပိုက်ကာ ဘုရားကျောင်းကို ဖျက်ဆီးခဲ့ပြီး ဂျူးများကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ထို့နောက် နှစ် ၅၀ ခန့်အကြာတွင် ပါရှန်းဘုရင် ဆိုင်းရပ်စ် Cyrus က ဂျူးများကို ဂျေရုဆလမ်သို့ ပြန်လာခွင့်၊ ဘုရားကျောင်းကို ပြန်ဆောက်ခွင့် ပြုခဲ့သည်။
BC ၃၃၂ တွင် မဟာအလက်ဇန္ဒား Alexander the Great မှ ဂျေရုဆလမ်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည် ။ နောက်နှစ်ရာပေါင်းများစွာတိုင်အောင်
ရိုမန်များ၊ ပါရှန်များ၊ အာရပ်များ၊ ဖာတီမစ်များ၊ ဆဲလ်ဂျက်တာ့ခ်များ၊
ခရူဆိတ်ဒါများ၊ အီဂျစ်များ၊ မမ်မယ်လုခ်များ နှင့် အစ္စလမ္မစ်များ အပါအဝင်
လူမျိုးစုအမျိုးမျိုးမှ ဂျေရုဆလမ်ကို အုပ်စိုးခဲ့ကြသည်။
အချို့သော ဘာသာရေးနှင့်ပတ်သက်ပြီးဖြစ် ပွား အဓိကဖြစ်ရပ်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
BC ၃၇ တွင် ဟဲရော့ဒ်ဘုရင် King Herod မှ ဒုတိယမြောက် ဘုရားကျောင်းကို ပုံစံပြောင်း၍တည်ဆောက်သည်။ ဘုရားကျောင်းပတ်လည်မှ တံတိုင်းများကိုမူ မပြောင်းမလဲ ထားရှိခဲ့သည်။ ဂျီးဇပ်စ် (ယေရှုဝါ) Jesus ကို AD ၃၀ ဝန်းကျင်တွင် ဂျေရုဆလမ်မြို့တွင်း၌ ကားစင်တင်သတ်ခဲ့သည်။ AD ၇၀ တွင် ရိုမန်များက ဒုတိယဘုရားကျောင်းကို ဖျက်ဆီးခဲ့သည်။ AD ၆၃၂ တွင် အစ္စလာမ်ဘာသာ၏ တမန်တော်မူဟမ္မဒ် Muhammad သေဆုံးခဲ့ပြီး ၎င်းသည် ဂျေရုဆလမ်မှ ကောင်းကင်ဘုံသို့ တက်သွားခဲ့သည်ဟု ဆိုကြသည်။ AD ၁ ရာစုတွင် ဥရောပတိုက်သား ခရစ်ယာန်အများအပြား ဂျေရုဆလမ်သို့ ပေးလ်ဂရင်းမေ့ဂ်ျ pilgrimage များ စတင်သွားရောက်ခဲ့ကြသည်။ ၁၀၉၉ နှင့် ၁၁၈၇ ခန့်ကြား၌ ခရစ်ယာန် ခရူဆိတ်ဒါများက ဂျေရုဆလမ်၏ အဓိကကျသော ဘာသာရေးနယ်မြေများကို သိမ်းပိုက်ထားခဲ့ကြသည်။
[before Christ (BC) - ခရစ်မပေါ်မီ ]
[anno Domini (AD) - ခရစ်တော်မွေးဖွားပြီး]
[pilgrimage ပေးလ်ဂရင်းမေ့ဂ်ျ - ဘာသာရေးအခြေခံအကြောင်းရင်းအားဖြင့် မြင့်မြတ်သောနေရာ/များသို့ ခရီးသွားခြင်း]
[crusader ခရူဆိတ်ဒါ - အလယ်ခေတ်ကဖြစ်ပွားခဲ့သော ခရူးဆိတ်စစ်ပွဲများ၌ ခရစ်ယာန်ဘာသာဝင်များဖက်မှ ပါဝင်တိုက်ပွဲဝင်ခဲ့သူ]
- အော်တိုမန်အင်ပါယာ -
အော်တိုမန်အင်ပါယာသည် ဂျေရုဆလမ် နှင့် အရှေ့အလယ်ပိုင်းကို ၁၅၁၆ မှ ၁၉၁၇ ကြား၌ အုပ်စိုးခဲ့သည်။
ပထမကမ္ဘာစစ်အပြီးတွင် ဂရိတ်ဗြိတိန် (အင်္ဂလန်) မှ ဂျေရုဆလမ်ကို သိမ်းယူသည်။ ယင်းအချိန်က ဂျေရုဆလမ်မှာ ပါလက်စတိုင်း၏ နယ်မြေအတွင်း ပါရှိသည်။ ဗြိတိသျှတို့က ဂျေရုဆလမ် နှင့် ပတ်ဝန်းကျင်ဒေသကို အစ္စရေးလ်နိုင်ငံလွတ်လပ်ရေးရ သည့် ၁၉၄၈ အထိ သိမ်းပိုက်ထားခဲ့သည်။
လွတ်လပ်ပြီး အစ္စရေးလ်၏ ပထမနှစ် ၂၀ အတွင်းတွင် ဂျေရုဆလမ်မှာ နှစ်ပိုင်းကွဲနေခဲ့သည်။ အစ္စရေးလ်က ဂျေရုဆလမ်အနောက်ခြမ်းကို ထိန်းချုပ်ထားခဲ့ပြီး ဂျော်ဒန်က ဂျေရုဆလမ်အရှေ့ခြမ်းကို ထိန်းချုပ်ထားခဲ့သည်။
၁၉၆၇ ၆-ရက် စစ်ပွဲအပြီးတွင် အစ္စရေးလ်က ဂျေရုဆလမ်တစ်မြို့လုံးကို သိမ်းပိုက်ခဲ့သည်။
[
၁၉၄၇ ကုလသမဂ္ဂစီမံကိန်းအရ ပါလက်စတိုင်းကို အစ္စရေးလ်ပြည်နယ်များ နှင့် ပါလက်စတိုင်းပြည်နယ်များဟု နှစ်ပိုင်းခွဲသည်။ ဂျေရုဆလမ်ကိုမူ ဘာသာရေးနယ်မြေအဖြစ် သီးခြားအခွင့်ပေးသတ်မှတ်သည် ။
၁၉၄၈ ပထမ အာရပ်-အစ္စရေးလ် စစ်ပွဲတွင် အစ္စရေးလ်က ဂျေရုဆလမ်အနောက်ခြမ်းကို သိမ်းပိုက်လိုက်သည်။
၁၉၄၉ တွင် အစ္စရေးလ် နှင့် အာရပ်နိုင်ငံများ (အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန် နှင့် ဆီးရီးယား) ကြား စစ်ရပ်စဲရေးစာချုပ်,ချုပ်ပြီး
armistice lines ခေါ် green lines များ ဆွဲကြသည်။ ယင်းအရ အရှေ့-ဂျေရုဆလမ်
နှင့် အနောက်-ဂျေရုဆလမ် ဟူ၍ ဂျေရုဆလမ် နှစ်ပိုင်းကွဲသွားသည်။
၁၉၆၇ တတိယ အာရပ်-အစ္စရေးလ်စစ်ပွဲ ဝါ ၆-ရက်စစ်ပွဲ အပြီးတွင် အစ္စရေးလ်က ဂျော်ဒန်ထိန်းချုပ်ထားသော အရှေ့-ဂျေရုဆလမ်ကို သိမ်းပိုက်လိုက်ကာ ဂျေရုဆလမ်တစ်မြို့လုံးကို ထိန်းချုပ်လိုက်သည်။
]
- ဘုရားကျောင်းကုန်း -
ဘုရားကျောင်းကုန်း (ထမ်ပယ်လ်မောင့်(ထ်) Temple Mount) (ဟီဘရူးအသံထွက် - ဟောင်းဘေးခမ္မီတာ့ရှ်) သည် ဂျေရုဆလမ်မြို့၏ တောင်ကုန်းတစ်ခုထက်တည်ရှိသော
၃၅ ဧက ခန့်ကျယ်ဝန်းသည့် ခြံဝင်းတစ်ခုဖြစ်သည်။ ယင်းခြံဝင်းအတွင်း၌
ဝပ်စ်တန်းဝေါလ် Western Wall (အနောက်ပိုင်းတံတိုင်း)၊ ဿဒုမ်းအော့ဖ်ဿရော့ခ်
the Dome of the Rock (ကျောက်အမိုးခုံး) နှင့် အယ်လ်အပ်(က်)ဆာဗလီ al-Aqsa
Mosque ကဲ့သို့သော ဘာသာရေးအဆောက်အဦးများ တည်ရှိသည်။
ယင်းရှေးဟောင်းအထိမ်းအမှတ်ေ မြသည် ဂျူးဘာသာ၌ အထွတ်အမြတ်ဆုံးနေရာဖြစ်သည်။
ဂျူးကျမ်းစာများတွင် ပါရှိသည့် အေဗရာဟမ် (ကုရ်အာန်၌ အီဗရာဟီ(မ်)) မှ
အိုင်းဇစ် (ကုရ်အာန်၌ အစ်ဇ်ဟတ်(က်)) ကို ခေါင်းဖြတ်၍ ယဇ်ပူဇော်လုနီးပါး
ဖြစ်ပျက်ခဲ့သော နေရာသည် ထိုနေရာပင်ဖြစ်သည်။ ထိုနေရာသည် ပထမ နှင့် ဒုတိယ
ဘုရားကျောင်းများ တည်ရှိခဲ့ရာနေရာဖြစ်သလို ဂျူးတမန်တော်များ
ပညာသင်ကြားခဲ့ရာနေရာလည်း ဖြစ်သည်။
အစ္စလာမ်ဘာသာ၌ ဘုရားကျောင်းကုန်းကို (မက္ကာ နှင့် မဒီနာ တို့ပြီးလျှင်) တတိယအမြင့်မြတ်ဆုံးနယ်မြေဖြ စ်သည်ဟု မှတ်ယူ ယုံကြည်ကြသည်။ တမန်တော် မူဟမ္မဒ်သည် ယင်းဘုရားကျောင်းကုန်းနေရာမှ ဂျန္နသ်(ကောင်းကင်ဘုံ) သို့ တက်သွားခဲ့သည်ဟု မူဆလင်များက ယုံကြည်ကြသည်။
ခရစ်ယာန်များကလည်း ယင်းနယ်မြေသည် ဘာသာရေးအရ အရေးပါသည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းဟောင်းအရ ယင်းနေရာသည် တမန်တော်များ ညွှန်းဆိုခဲ့သောနေရာဖြစ်သလို သမ္မာကျမ်းသစ်အရလည်း ဂျီးဇပ်စ် (ယေရှုဝါ/ယေရှု) သွားရောက်လည်ပတ်ခဲ့သောနေရာ ဖြစ်သည်။
ယင်းသို့သော ဘာသာရေး နှင့် သမိုင်းဆိုင်ရာ ပါတ်သက်ဆက်နွှယ်မှုများကြောင့်  ဘုရားကျောင်းကုန်းအား သိမ်းပိုက်မှုဖြစ်တိုင်း ခါးသီးသော ပဋိပက္ခများဖြစ်ပွားလေ့ရှိကာ
ရာစုနှစ်များစွာတိုင်အောင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့ကြသည်။ အထူးသဖြင့်
ဘုရားကျောင်းကုန်း အနီးနားတွင် နေထိုင်ကြသော ဂျူးများ နှင့် မူဆလင်များကြား
ဖြစ်လေ့ရှိသည်။
၆-ရက်စစ်ပွဲအပြီးတွင် အစ္စရေးလ်က ဘုရားကျောင်းကုန်းကို ထိန်းချုပ်ခဲ့သည်။ သို့သော် ယနေ့အခါ၌ မူဆလင်များလှူဒါန်းထားသော ငွေပဒေသာပင်ဖြင့် ခြံဝင်းအတွင်းပိုင်းကို မူဆလင်များက ထိန်းချုပ်ကိုင်တွယ်ပြီး ပြင်ပလုံခြုံရေးကို အစ္စရေးလ်တပ်ဖွဲ့များက ထိန်းချုပ်ကိုင်တွယ်သည်။
- ကျောက်အမိုးခုံး -
AD ၆၉၁ တွင် ဂျေရုဆလမ်ရှိ ဖျက်ဆီးခံခဲ့ရသော ဂျူးဘုရားကျောင်းများ တည်ရာနေရာ၌ ကျောက်အမိုးခုံး (ဿဒုမ်းအော့ဖ်ဿရော့ခ်) the Dome of the Rock ဝါ အစ္စလမ္မစ်ဗိမာန်ရွှေအမိုးခုံး ကို တည်ဆောက်သည်။
ဘုရားကျောင်းကုန်း၌ တည်ရှိသော အမိုးခုံးအဆောက်အဦးကို တည်ဆောက်ခဲ့သူမှာ ခါလီဖာ အဗ္ဗဒ် အယ်လ်မာလစ် Caliph Abd al-Malik ဖြစ်သည်။ အမိုးခုံးအဆောက်အဦးမှာ ယနေ့လက်ကျန် ရှေးဦး အစ္စလမ္မစ်အဆောက်အဦးများထဲတွ င် ရှေးအကျဆုံးဖြစ်သည်။ ယင်းအဆောက်အဦးကို မူဟမ္မဒ် ဂျန္နသ်သို့ တက်သွားသည်ဟု မူဆလင်များယုံကြည်ကြသောနေရာ ၌ တည်ဆောက်ထားသည်။
ခရူးဆိတ်စစ်ပွဲများအတွင်း ခရစ်ယာန်များက ယင်းအထိန်းအမှတ်အဆောက်အဦးကို
ချာ့ခ်ျတစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၁၁၈၇ တွင် မူဆလင်များက
ဿဒုမ်းအော့ဖ်ဿရော့ခ်ကို ပြန်သိမ်းပိုက်ပြီး ဗိမာန်တစ်ခုအဖြစ်
ပြန်လည်ပြင်ဆင်ခဲ့သည်။
အယ်လ်အပ်(က်)ဆာ al-Aqsa အမည်ရ ငွေရောင်အမိုးခုံးဗလီမှာ ဘုရားကျောင်းကုန်းပေါ်မှာပင် ဿဒုမ်းအော့ဖ်ဿရော့ခ်နှင့် ကပ်လျက်တည်ရှိသည်။ ယင်းအဆောက်အဦးနှစ်ခုလုံးကို မူဆလင်များက အထွတ်အမြတ်နေရာများအဖြစ် မှတ်ယူကြသည်။
- အနောက်ပိုင်းတံတိုင်း (ငိုကြွေးတံတိုင်း) -
အနောက်ပိုင်းတံတိုင်း the Western Wall သည် ဒုတိယမြောက် ဂျူးဘုရားကျောင်းမှ ရှေးဟောင်းလက်ကျန်အပိုင်း ဖြစ်သည်။ ယင်းမှာ ဘုရားကျောင်းကုန်း၏ အနောက်ပိုင်း၌ တည်ရှိသည်။ ဖျက်ဆီးခံရသော ဘုရားကျောင်းနေရာသို့ ဂျူးလူမျိုးအများအပြား လာရောက်ငိုကြွေးဆုတောင်းလေ့ ရှိကြသဖြင့် ယင်းတံတိုင်းကို "ငိုကြွေးတံတိုင်း" (Wailing Wall) ဟု လည်း ခေါ်ဆိုလေ့ရှိကြသည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်လွှားမှ ဂျူးသန်းပေါင်းများစွာ တံတိုင်းသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။ မူဆလင်များက ဘုရားကျောင်းကုန်း (ရှေးဟေင်းဘုရားကျောင်းများ အမှန်တကယ်တည်ရှိခဲ့သောနေရာ) ကို ထိန်းချုပ်ထားသည်ဖြစ်ရာ အနောက်ပိုင်းတံတိုင်းကို ဂျူးများလာရောက်ဆုတောင်းခွင့်ရှိသော အမြင့်မြတ်ဆုံးနေရာအဖြစ် မှတ်ယူကြသည်။
- မြင့်မြတ်သော ဂူဗိမာန် ချာ့ခ်ျ -
မြင့်မြတ်သော ဂူဗိမာန် ချာ့ခ်ျ the Church of the Holy Sepulchre ကို AD ၃၃၅ တွင် ဂျီးဇပ်စ် ကားစင်တင်အသတ်ခံရပြီး ရှင်သန်ထမြောက်ရာနေရာဟု ခရစ်ယာန်များ ယုံကြည်ကြသောနေရာ၌ တည်ဆောက်ထားသည်။ ယင်းအဆောက်အဦးမှာ ဂျေရုဆလမ်၏ ခရစ်ယာန်ရပ်ကွက်၌ တည်ရှိသည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်လွှားမှ သိန်းချီသောခရစ်ယာန်များ ယင်းချာ့ခ်ျသို့ မြင့်မြတ်သောနေရာအဖြစ် သွားရောက်လည်ပတ်ကြသည်။ အများအပြားက ယင်းချာ့ခ်ျကို ကမ္ဘာပေါ်၌ အမြင့်မြတ်ဆုံး ခရစ်ယာန်နယ်မြေအဖြစ် သတ်မှတ်ကြသည်။
- ဂျေရုဆလမ်နှင့်ပတ်သက်သော အစ္စရေးလ်-ပါလက်စတိုင်း ပဋိပက္ခ -
အစ္စရေးလ်လွတ်လပ်ရေးရပြီးချိ န်မှစပြီး ဂျေရုဆလမ်ရှိ အဓိကနယ်မြေများနှင့်ပတ်သက်၍ အစ္စရေးလ် နှင့် ပါလက်စတိုင်းတို့ကြား ပဋိပက္ခများ တောက်လျှောက်ဖြစ်ပွားလာခြဲ့ ကသည်။
ဂျူးဥပဒေက ဂျူးများကို ဘုရားကျောင်းကုန်း၌ ဆုမတောင်းရ တားမြစ်ထားသည်။ သို့သော် အစ္စရေးလ်တပ်ဖွဲ့များက ရာပေါင်းများစွာသော ဂျူးအခြေချနေထိုင်သူများအား ဘုရားကျောင်းကုန်းနယ်မြေအတွ င်းဝင်ရောက်ခွင့်ကို နေ့စဉ်နှင့်အမျှပေးနေကြသည်။ ယင်းက အစ္စရေးလ်မှ ဘုရားကျောင်းကုန်းကို သိမ်းပိုက်လေမလားဟု ပါလက်စတိုင်းများကို စိုးထိတ်မှုဖြစ်စေသည်။
အမှန်စင်စစ် ဒုတိယ အင်တီဖာဒါ (ပါလက်စတိုင်း၏ အစ္စရေးလ် ဆန့်ကျင်ပုန်ကန်ထကြွမှု) သည် ၂၀၀၀ ခုနှစ်က ထိုစဉ်က အစ္စရေးလ်ခေါင်းဆောင်ဖြစ်လာမ ည့် ဂျူးခေါင်းဆောင် အေရီယယ်လ်ရှရွန် Ariel Sharon ဘုရားကျောင်းကုန်းသို့ သွားရောက်လည်ပတ်ရာမှ ဖြစ်ပွားခဲ့သည်။
လတ်တလောနှစ်များအတွင်း အချို့သော အစ္စရေးလ်အဖွဲ့များက ဘုရားကျောင်းကုန်းပေါ်၌ တတိယမြောက် ဂျူးဘုရားကျောင်းတည်ဆောက်ရန် ကြေငြာခဲ့သည်။ ယင်းအဆိုပြုမှုက ဒေသတွင်းနေထိုင်နေသော ပါလက်စတိုင်းများကို ဒေါသချောင်းချောင်း ထွက်စေခဲ့သည်။
ထို့ပြင် အစ္စရေးလ် ရော ပါလက်စတိုင်းရောက ဂျေရုဆလမ်ကို မြို့တော်အဖြစ်ထားရှိရန် ကြံရွယ်ထားကြသည်။
၁၉၈၀ တွင် အစ္စရေးလ်မှ ဂျေရုဆလမ်ကို မြို့တော်အဖြစ် ကြေငြာခဲ့သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝန်းကမူ ယင်းကြေငြာချက်ကို အသိအမှတ်မပြုခဲ့ချေ။
၂၀၁၇ မေ တွင် ပါလက်စတိုင်း ဟားမာ့စ်အဖွဲ့က ဂျေရုဆလမ်ကို မြို့တော်အဖြစ်ထားရှိမည့် ပါလက်စတိုင်းနိုင်ငံဖွဲ့စည်းရေးစာတမ်းကို
ရေးဆွဲအဆိုပြုခဲ့သည်။ သို့သော် ယင်းစာတမ်း၌ အစ္စရေးလ်အား နိုင်ငံတစ်ခုအဖြစ်
အသိအမှတ်ပြုရန် ငြင်းဆိုထားပြီး အစ္စရေးလ်အစိုးရမှလည်း ယင်းအဆိုကို
ပယ်ချခဲ့သည်။
- လက်ရှိခေတ် ဂျေရုဆလမ် -
ယနေ့အခါ၌ ဂျေရုဆလမ် မြို့တွင်းရော မြို့ပြင်ပါ တင်းမာမှုများ မြင့်တက်လျက် ရှိနေသည်။ အစ္စရေးလ်တပ်ဖွဲ့များ နှင့် ပါလက်စတိုင်းများကြား ထိပ်တိုက်တွေ့မှုများလည်း နေရာအနှံ ဖြစ်ပွားနေသည်။
နိုင်ငံတကာ အဖွဲ့အစည်းအများအပြား နှင့် နိုင်ငံအများအပြားက ဂျေရုဆလမ်ကို နှစ်ပိုင်းခွဲ၍ အစ္စရေးလ်ပိုင်အခြမ်း နှင့် ပါလက်စတိုင်းပိုင်အခြမ်းဟူ၍ နှစ်ပိုင်းထားရှိရေးမူကို ထောက်ခံကြသည်။ သို့သော် လူတိုင်းသဘောတူသော စီမံကိန်းတစ်ခုဖြစ်လာရန်မှာ ခက်ခဲလှပေသည်။
၂၀၁၇ ဇူလိုင်တွင် ဂျေရုဆလမ်၊ ဘုရားကျောင်းကုန်းပေါ်၌ အာရပ်လူမျိုး ၃ ဦးက အစ္စရေးလ်ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်လိုက်သည်။ လုံခြုံရေးအကြောင်းပြချက်များကြောင့် ဘုရားကျောင်းကုန်းခြံဝင်းအတွင်း ဧည့်သည်ဝင်ရောက်မှု ပိတ်ပင်လိုက်ပြီး ထိုအတွင်း မူဆလင်များ သောကြာနေ့တိုင်းဝတ်ပြုမှုကို လည်း
၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပိတ်လိုက်သည်။ ယိုင်နဲ့နဲ့ အခြေအနေတွင်
ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများလည်း ထပ်ချပ်မခွာ လိုက်ပါလာလျက်ရှိနေသည်။
ဂျေရုဆလမ်၏အနာဂတ် မသေချာမရောရာ ရှိနေစဉ်တွင် ဂျေရုဆလမ်မြို့တော်ကမူ ဘာသာရေး၊ သမိုင်းဆိုင်ရာ နှင့် နိုင်ငံရေး မဟာစွမ်းအားကို ဆုပ်ကိုင်ထားသည်မှာ ထင်းရှားလှပြီး လာမည့်နှစ်များစွာတိုင် ဆက်လက်၍ ဆုပ်ကိုင်သွားနိုင်ဖွယ်လည်း ရှိနေပေသည်။
[
၁၉၈၀ တွင် အစ္စရေးလ်ပါလီမန်မှ "Basic Law: Jerusalem, Capital of Israel," declaring the "complete and united" ကို အတည်ပြုပြဋ္ဌာန်းပြီး ဂျေရုဆလမ်ကို အစ္စရေးလ်မြို့တော်အဖြစ် ကြေငြာသည်။ သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီက Resolution 478 ကို အတည်ပြုပြီး အစ္စရေးလ်ဥပဒေကို တရားမဝင်ဟု ချေဖျက်သည်။
၁၉၈၂ တွင် အစ္စရေးလ်တပ်များ ဆိုင်းနိုင်း နှင့် ဂါဇာမှ ဆုတ်ခွာ၍ အီဂျစ်လက်သို့လွှဲသည်။ ၁၉၈၈ တွင် အနောက်ဖက်ကမ်းခြေမှ ဆုတ်ခွာ၍ ဂျော်ဒန်လက်သို့ လွှဲသည်။ ထို့နောက်တွင် ပါလက်စတိုင်း အမျိုးသားကောင်စီက Palestine National Council က အယ်လ်ဂျီးယားစ်မှနေ၍ နိုင်ငံလွတ်လပ်ရေး ကြွေးကြော်သည်။ ပါလက်စတိုင်း၏မြို့တော်ကိုလ ည်း ဂျေရုဆလမ်အဖြစ် သတ်မှတ်သည်။
အမေရိကန်အောက်လွှတ်တော် (ကွန်ဂရက်) မှ Jerusalem Embassy Act of 1995 (၁၉၉၅ ဂျေရုဆလမ် သံရုံးဥပဒေ) ကို အတည်ပြုပေးခဲ့သည်။ ယင်းဥပဒေအရ အစ္စရေးလ်၊ တဲလ်အဗစ်မြို့မှ အမေရိကန်သံရုံးကို ဂျေရုဆလမ်သို့ ပြောင်းရွှေ့ရန် လိုအပ်သည်။ သို့သော် အမေရိကန်သမ္မတဟောင်းများ ဖြစ်ကြသော ဂျော့ဂ်ျ ဒဗယ်လ်ယူ ဘွတ်ရှ်၊ ဘီလ်ကလင်တန် နှင့် ဘားရတ် အိုဘားမားတို့သည် အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို မျှော်တွေးလျက် ခြောက်လတစ်ကြိမ် သမ္မတလုပ်ပိုင်ခွင့်ဖြင့် ဥပဒေအသက်ဝင်မှုကို တားမြစ်ခဲ့ကြသည်။
၂၀၁၇၊ ဒီဇင်ဘာ ၆ -- အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်မှ ဂျေရုတလမ်ကို အစ္စရေးလ်၏မြို့တော်အဖြစ် အသိအမှတ်ပြုပြီး အမေရိကန်သံရုံးကို တဲလ်အဗစ်မှ ဂျေရုဆလမ်သို့ ပြောင်းရွှေ့ရန် အမိန့်ပေးသည်။ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘာ့စ်က ထရမ့်ပ်၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း၊ ဂျေရုဆလမ်သည် ပါလက်စတိုင်းနိုင်ငံ၏ ထာဝရမြို့တော် အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် အန်ထော်နီယို ဂူထဲ(အဲ)ရတ်စ် က ဂျေရုဆလမ်သည် တိုက်ရိုက်တွေ့ဆုံညိနှိုင်းမှုများဖြင့် ဖြေရှင်းမည်ဖြစ်သော နောက်ဆုံးအခြေအနေထုတ်ပြန်မှု ဖြစ်ကြောင်း ပြောကြားသည်။
ဂါဇာ၊ ဂျော်ဒန်၊ တူရကီ နှင့် အနောက်ဖက်ကမ်းခြေမြို့ကြီးများတွင် ဆန္ဒပြမှုများဖြစ်ပွားသည်။ ပါလက်စတိုင်းအာဏာပိုင်များက သုံးရက်ကြာသပိတ်မှောက်ရန် ဆော်သြသည်။ ဒီဇင်ဘာ ၉ တွင် အရေးပေါ်လအစည်းအဝေးပြုလုပ်ရန် အာရပ်အသင်းကြီးမှ ဆုံးဖြတ်သည်။
၂၀၁၇၊ ဒီဇင်ဘာ ၇ -- ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဂျေရုဆလမ်ဆိုင်ရာ အရေးပေါ်အစည်းအဝေးကျင်းပသည်။ ပါလက်စတိုင်း ဟားမာ့စ်အဖွဲ့က အင်တီဖာဒါဆင်နွှဲရန် လှုံ့ဆော်သည်။
၂၀၁၇၊ ဒီဇင်ဘာ ၈ -- ဂါဇာနယ်စပ်အနီး၌ ဆန္ဒပြမှုများအတွင်း အစ္စရေးလ်စစ်သားများ၏ ပစ်ခတ်မှုဖြင့် ပါလက်စတိုင်း ၂ ဦး သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရသည်။
၂၀၁၇၊ ဒီဇင်ဘာ ၉ -- အာရပ်အသင်းကြီးက အမေရိကန်ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကာ ယင်း၏မြို့တော်ကိုလည်း အရှေ့-ဂျေရုဆလမ်ကို ထားရန် တောင်းဆိုသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၀ -- ဘေရွတ်တွင် ဂျေရုဆလမ်ကိစ္စ ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်သည်။ ဂျာကာတာတွင် လူ သောင်းချီ ဆန္ဒပြမှု ဖြစ်ပွားသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၁ -- ဥရောပ ခေါင်းဆောင်များက ဂျေရုဆလမ်ကို အစ္စရေးလ်မြို့တော်အဖြစ် အသိအမှတ်မပြုကြောင်း၊ ဂျေရုဆလမ်ကို အစ္စရေးလ်ရော ပါလက်စတိုင်းပါ ပူးတွဲပိုင်ကြောင်း ပြောကြားသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၂ -- ပါလက်စတိုင်းမှ အစ္စလမ္မစ်တော်လှန်ရေးတပ်ဖွဲ့ များကို လှိုက်လှိုက်လှဲလှဲ ကူညီသွားရန် အသင့်ရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် ၏ တပ်မှုး ကာဆမ် ဆူလေမန်နီမှ ပြောကြားသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၃ -- တူရကီတွင် ကျင်းပသော OIC အစည်းအဝေးတွင် မူဆလင်နိုင်ငံများက အရှေ့ဂျေရုဆလမ်ကို ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုရန် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၄ -- ပါလက်စတိုင်းဖက်မှ ရော့ကတ်များကျရောက်ပြီးနောက် အစ္စရေးလ်မှ ဂါဇာကို လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲသည်။
]
* [ ] အတွင်း ဖော်ပြချက်များမှာ ဘာသာပြန်သူမှ ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။
http://www.history.com/ topics/history-of-jerusalem
JERUSALEM
INTRODUCTION
Jerusalem is a city located in modern-day Israel and is considered by many to be one of the holiest places in the world. Jerusalem is a site of major significance for the three largest monotheistic religions: Judaism, Islam and Christianity, and both Israel and Palestine have claimed Jerusalem as a capital city. Because of these strong, age-old associations, bloody conflicts to control the city and sites within it have been waged for thousands of years.
EARLY HISTORY OF JERUSALEM
Scholars believe the first human settlements in Jerusalem took place during the Early Bronze Age—somewhere around 3500 B.C.
In 1000 B.C., King David conquered Jerusalem and made it the capital of the Jewish kingdom. His son, Solomon, built the first holy Temple about 40 years later.
The Babylonians occupied Jerusalem in 586 B.C., destroyed the Temple, and sent the Jews into exile. About 50 years after that, the Persian King Cyrus allowed Jews to return to Jerusalem and rebuild the Temple.
Alexander the Great took control of Jerusalem in 332 B.C. Over the next several hundred years, the city was conquered and ruled by different groups, including the Romans, Persians, Arabs, Fatimids, Seljuk Turks, Crusaders, Egyptians, Mamelukes and Islamists.
Some key events with religious implications that took place in Jerusalem during this period include:
In 37 B.C., King Herod restructured the second Temple and added retaining walls to it.Jesus was crucified in the city of Jerusalem around 30 A.D.The Romans destroyed the second Temple in 70 A.D.In 632 A.D., Muhammad, the Islamic prophet, died and was said to have ascended to heaven from Jerusalem.Many European Christians started pilgrimages to Jerusalem in the 1st century A.D. From about 1099 to 1187, Christian crusaders occupied Jerusalem and deemed the city a major religious site.
THE OTTOMAN EMPIRE
The Ottoman Empire ruled Jerusalem and much of the Middle East from about 1516 to 1917.
After World War I, Great Britain took over Jerusalem, which was part of Palestine at the time. The British controlled the city and surrounding region until Israel became an independent state in 1948.
Jerusalem was divided during the first 20 years of Israel’s existence. Israel controlled the Western portions of it, while Jordan controlled East Jerusalem.
After the 1967 Six-Day War, Israel seized all of Jerusalem.
THE TEMPLE MOUNT
The Temple Mount is a compound located on a hill in Jerusalem that’s comprised of about 35 acres of land. It contains religious structures such as the Western Wall, the Dome of the Rock and al-Aqsa Mosque.
This ancient landmark is the holiest place in Judaism. References to the area date back to Abraham’s near-sacrifice of his son Isaac in Jewish scripture. The site is also the location of the first and second Temples and the spot where many Jewish prophets taught.
The Temple Mount is thought to be the third holiest site in Islam (after Mecca and Medina in Saudi Arabia) and where Muslims believe the Prophet Muhammad ascended to heaven.
Christians also believe the site is significant to their faith. It’s a place that prophets mentioned in the Old Testament of the Bible, and was visited by Jesus according to the New Testament.
Because it has religious and historical implications, occupation of the Temple Mount has been the cause of bitter conflict for centuries, especially between Jews and Muslims living nearby.
During the Six-Day War, Israel gained control of the Temple Mount. But today, the Islamic Waqf governs what happens inside the compound, while Israeli forces control external security.
DOME OF THE ROCK
In 691 A.D., the Dome of the Rock, a gold-domed Islamic shrine, was built on the site of the destroyed Jewish Temples in Jerusalem.
The Dome, located on the Temple Mount, was built by Caliph Abd al-Malik. It’s the oldest surviving Islamic building and was constructed at the very site where Muslims believe Muhammad ascended to heaven.
During the Crusades, the Christians turned the landmark into a church. In 1187, Muslims recaptured the Dome of the Rock and re-designated it as a shrine.
A silver-domed mosque, called al-Aqsa, sits adjacent to the Dome of the Rock on the Temple Mount. Both structures are considered holy to Muslims.
WESTERN WALL (WAILING WALL)
The Western Wall is a section of ancient remnant wall from the second Jewish Temple. It’s located on the western side of the Temple Mount and is sometimes referred to as the “Wailing Wall” because many Jews pray and weep at the site of the destroyed Temple.
Each year, millions of Jews from around the world visit the wall. Because Muslims control the Temple Mount (the true site of the ancient Temples), the Western Wall is considered the holiest place where Jews can pray.
CHURCH OF THE HOLY SEPULCHRE
The Church of the Holy Sepulchre, built in 335 A.D., is the site where many Christians believe Jesus was crucified and where his resurrection occurred. It’s located in the Christian quarter of Jerusalem.
Thousands of Christian pilgrims from around the world travel to this church each year. Many regard it as the holiest Christian site in the world.
ISRAELI-PALESTINIAN CONFLICT OVER JERUSALEM
Since Israel’s independence, clashes between Israelis and Palestinians over key territories in Jerusalem have been ongoing.
Jewish law forbids Jews from praying in the Temple Mount. Yet, Israeli forces allow hundreds of Jewish settlers to enter the area routinely, which some Palestinians fear could lead to an Israeli takeover.
In fact, one key event that led to the Second Palestinian Intifada (a Palestinian uprising against Israel) happened when Jewish leader Ariel Sharon, who would become Israel’s Prime Minister, visited Jerusalem’s Temple Mount in 2000.
In recent years, some Israeli groups have even announced a plan to construct a third Jewish Temple on the Temple Mount. This proposal has outraged Palestinians living in the region.
In addition, both Israelis and Palestinians have aimed to make the city their capitals.
In 1980, Israel declared Jerusalem as its capital, but most of the international community doesn’t recognize this distinction.
In May 2017, the Palestinian group Hamas presented a document that proposed the formation of a Palestinian state with Jerusalem as its capital. However, the group refused to recognize Israel as a state, and the Israeli government immediately rejected the idea.
MODERN-DAY JERUSALEM
Today, tensions are still high in and around the city of Jerusalem. Confrontations between Israeli forces and Palestinians are commonplace.
Many international groups and countries support efforts to divide Jerusalem into Israeli and Palestinian sections. But, securing a plan that everyone agrees on is difficult.
In July 2017, three Arabs shot two Israeli police officers at the Temple Mount in Jerusalem. For security reasons, the compound was cleared of visitors and closed for Muslim Friday prayers for the first time in 17 years. Protests and violent acts have shadowed this precarious situation.
While Jerusalem’s future remains uncertain, it’s clear that this city holds great religious, historical and political power and will continue to do so for years to come.
http://www.history.com/ topics/history-of-jerusalem
Sayar Thant
- နိဒါန်း -
ဂျေရုဆလမ်သည် လက်ရှိခေတ်အစ္စရေးလ်နိုင်ငံတ
- ရှေးဦး ဂျေရုဆလမ်သမိုင်း -
ဂျေရုဆလမ်၌ လူသားများကနဦးစတင်အခြေချနေ
BC ၁၀၀၀ တွင် ဒေးဗစ်ဘုရင် King David မှ ဂျေရုဆလမ်ကို အောင်နိုင်ပြီး ဂျူးဘုရင့်တိုင်းပြည်၏မြို့
BC ၅၈၆ တွင် ဘေဘီလုံးနီးယန်းများက ဂျေရုဆလမ်ကို သိမ်းပိုက်ကာ ဘုရားကျောင်းကို ဖျက်ဆီးခဲ့ပြီး ဂျူးများကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ထို့နောက် နှစ် ၅၀ ခန့်အကြာတွင် ပါရှန်းဘုရင် ဆိုင်းရပ်စ် Cyrus က ဂျူးများကို ဂျေရုဆလမ်သို့ ပြန်လာခွင့်၊ ဘုရားကျောင်းကို ပြန်ဆောက်ခွင့် ပြုခဲ့သည်။
BC ၃၃၂ တွင် မဟာအလက်ဇန္ဒား Alexander the Great မှ ဂျေရုဆလမ်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်
အချို့သော ဘာသာရေးနှင့်ပတ်သက်ပြီးဖြစ်
BC ၃၇ တွင် ဟဲရော့ဒ်ဘုရင် King Herod မှ ဒုတိယမြောက် ဘုရားကျောင်းကို ပုံစံပြောင်း၍တည်ဆောက်သည်။ ဘုရားကျောင်းပတ်လည်မှ တံတိုင်းများကိုမူ မပြောင်းမလဲ ထားရှိခဲ့သည်။ ဂျီးဇပ်စ် (ယေရှုဝါ) Jesus ကို AD ၃၀ ဝန်းကျင်တွင် ဂျေရုဆလမ်မြို့တွင်း၌ ကားစင်တင်သတ်ခဲ့သည်။ AD ၇၀ တွင် ရိုမန်များက ဒုတိယဘုရားကျောင်းကို ဖျက်ဆီးခဲ့သည်။ AD ၆၃၂ တွင် အစ္စလာမ်ဘာသာ၏ တမန်တော်မူဟမ္မဒ် Muhammad သေဆုံးခဲ့ပြီး ၎င်းသည် ဂျေရုဆလမ်မှ ကောင်းကင်ဘုံသို့ တက်သွားခဲ့သည်ဟု ဆိုကြသည်။ AD ၁ ရာစုတွင် ဥရောပတိုက်သား ခရစ်ယာန်အများအပြား ဂျေရုဆလမ်သို့ ပေးလ်ဂရင်းမေ့ဂ်ျ pilgrimage များ စတင်သွားရောက်ခဲ့ကြသည်။ ၁၀၉၉ နှင့် ၁၁၈၇ ခန့်ကြား၌ ခရစ်ယာန် ခရူဆိတ်ဒါများက ဂျေရုဆလမ်၏ အဓိကကျသော ဘာသာရေးနယ်မြေများကို သိမ်းပိုက်ထားခဲ့ကြသည်။
[before Christ (BC) - ခရစ်မပေါ်မီ ]
[anno Domini (AD) - ခရစ်တော်မွေးဖွားပြီး]
[pilgrimage ပေးလ်ဂရင်းမေ့ဂ်ျ - ဘာသာရေးအခြေခံအကြောင်းရင်းအ
[crusader ခရူဆိတ်ဒါ - အလယ်ခေတ်ကဖြစ်ပွားခဲ့သော ခရူးဆိတ်စစ်ပွဲများ၌ ခရစ်ယာန်ဘာသာဝင်များဖက်မှ ပါဝင်တိုက်ပွဲဝင်ခဲ့သူ]
- အော်တိုမန်အင်ပါယာ -
အော်တိုမန်အင်ပါယာသည် ဂျေရုဆလမ် နှင့် အရှေ့အလယ်ပိုင်းကို ၁၅၁၆ မှ ၁၉၁၇ ကြား၌ အုပ်စိုးခဲ့သည်။
ပထမကမ္ဘာစစ်အပြီးတွင် ဂရိတ်ဗြိတိန် (အင်္ဂလန်) မှ ဂျေရုဆလမ်ကို သိမ်းယူသည်။ ယင်းအချိန်က ဂျေရုဆလမ်မှာ ပါလက်စတိုင်း၏ နယ်မြေအတွင်း ပါရှိသည်။ ဗြိတိသျှတို့က ဂျေရုဆလမ် နှင့် ပတ်ဝန်းကျင်ဒေသကို အစ္စရေးလ်နိုင်ငံလွတ်လပ်ရေးရ
လွတ်လပ်ပြီး အစ္စရေးလ်၏ ပထမနှစ် ၂၀ အတွင်းတွင် ဂျေရုဆလမ်မှာ နှစ်ပိုင်းကွဲနေခဲ့သည်။ အစ္စရေးလ်က ဂျေရုဆလမ်အနောက်ခြမ်းကို ထိန်းချုပ်ထားခဲ့ပြီး ဂျော်ဒန်က ဂျေရုဆလမ်အရှေ့ခြမ်းကို ထိန်းချုပ်ထားခဲ့သည်။
၁၉၆၇ ၆-ရက် စစ်ပွဲအပြီးတွင် အစ္စရေးလ်က ဂျေရုဆလမ်တစ်မြို့လုံးကို သိမ်းပိုက်ခဲ့သည်။
[
၁၉၄၇ ကုလသမဂ္ဂစီမံကိန်းအရ ပါလက်စတိုင်းကို အစ္စရေးလ်ပြည်နယ်များ နှင့် ပါလက်စတိုင်းပြည်နယ်များဟု နှစ်ပိုင်းခွဲသည်။ ဂျေရုဆလမ်ကိုမူ ဘာသာရေးနယ်မြေအဖြစ် သီးခြားအခွင့်ပေးသတ်မှတ်သည်
၁၉၄၈ ပထမ အာရပ်-အစ္စရေးလ် စစ်ပွဲတွင် အစ္စရေးလ်က ဂျေရုဆလမ်အနောက်ခြမ်းကို သိမ်းပိုက်လိုက်သည်။
၁၉၄၉ တွင် အစ္စရေးလ် နှင့် အာရပ်နိုင်ငံများ (အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန် နှင့် ဆီးရီးယား) ကြား စစ်ရပ်စဲရေးစာချုပ်,ချုပ်ပြ
၁၉၆၇ တတိယ အာရပ်-အစ္စရေးလ်စစ်ပွဲ ဝါ ၆-ရက်စစ်ပွဲ အပြီးတွင် အစ္စရေးလ်က ဂျော်ဒန်ထိန်းချုပ်ထားသော အရှေ့-ဂျေရုဆလမ်ကို သိမ်းပိုက်လိုက်ကာ ဂျေရုဆလမ်တစ်မြို့လုံးကို ထိန်းချုပ်လိုက်သည်။
]
- ဘုရားကျောင်းကုန်း -
ဘုရားကျောင်းကုန်း (ထမ်ပယ်လ်မောင့်(ထ်) Temple Mount) (ဟီဘရူးအသံထွက် - ဟောင်းဘေးခမ္မီတာ့ရှ်) သည် ဂျေရုဆလမ်မြို့၏ တောင်ကုန်းတစ်ခုထက်တည်ရှိသေ
ယင်းရှေးဟောင်းအထိမ်းအမှတ်ေ
အစ္စလာမ်ဘာသာ၌ ဘုရားကျောင်းကုန်းကို (မက္ကာ နှင့် မဒီနာ တို့ပြီးလျှင်) တတိယအမြင့်မြတ်ဆုံးနယ်မြေဖြ
ခရစ်ယာန်များကလည်း ယင်းနယ်မြေသည် ဘာသာရေးအရ အရေးပါသည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းဟောင်းအရ ယင်းနေရာသည် တမန်တော်များ ညွှန်းဆိုခဲ့သောနေရာဖြစ်သလို
ယင်းသို့သော ဘာသာရေး နှင့် သမိုင်းဆိုင်ရာ ပါတ်သက်ဆက်နွှယ်မှုများကြောင်
၆-ရက်စစ်ပွဲအပြီးတွင် အစ္စရေးလ်က ဘုရားကျောင်းကုန်းကို ထိန်းချုပ်ခဲ့သည်။ သို့သော် ယနေ့အခါ၌ မူဆလင်များလှူဒါန်းထားသော ငွေပဒေသာပင်ဖြင့် ခြံဝင်းအတွင်းပိုင်းကို မူဆလင်များက ထိန်းချုပ်ကိုင်တွယ်ပြီး ပြင်ပလုံခြုံရေးကို အစ္စရေးလ်တပ်ဖွဲ့များက ထိန်းချုပ်ကိုင်တွယ်သည်။
- ကျောက်အမိုးခုံး -
AD ၆၉၁ တွင် ဂျေရုဆလမ်ရှိ ဖျက်ဆီးခံခဲ့ရသော ဂျူးဘုရားကျောင်းများ တည်ရာနေရာ၌ ကျောက်အမိုးခုံး (ဿဒုမ်းအော့ဖ်ဿရော့ခ်) the Dome of the Rock ဝါ အစ္စလမ္မစ်ဗိမာန်ရွှေအမိုးခုံး
ဘုရားကျောင်းကုန်း၌ တည်ရှိသော အမိုးခုံးအဆောက်အဦးကို တည်ဆောက်ခဲ့သူမှာ ခါလီဖာ အဗ္ဗဒ် အယ်လ်မာလစ် Caliph Abd al-Malik ဖြစ်သည်။ အမိုးခုံးအဆောက်အဦးမှာ ယနေ့လက်ကျန် ရှေးဦး အစ္စလမ္မစ်အဆောက်အဦးများထဲတွ
ခရူးဆိတ်စစ်ပွဲများအတွင်း ခရစ်ယာန်များက ယင်းအထိန်းအမှတ်အဆောက်အဦးက
အယ်လ်အပ်(က်)ဆာ al-Aqsa အမည်ရ ငွေရောင်အမိုးခုံးဗလီမှာ ဘုရားကျောင်းကုန်းပေါ်မှာပင်
- အနောက်ပိုင်းတံတိုင်း (ငိုကြွေးတံတိုင်း) -
အနောက်ပိုင်းတံတိုင်း the Western Wall သည် ဒုတိယမြောက် ဂျူးဘုရားကျောင်းမှ ရှေးဟောင်းလက်ကျန်အပိုင်း ဖြစ်သည်။ ယင်းမှာ ဘုရားကျောင်းကုန်း၏ အနောက်ပိုင်း၌ တည်ရှိသည်။ ဖျက်ဆီးခံရသော ဘုရားကျောင်းနေရာသို့ ဂျူးလူမျိုးအများအပြား လာရောက်ငိုကြွေးဆုတောင်းလေ့
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်လွှားမှ ဂျူးသန်းပေါင်းများစွာ တံတိုင်းသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။ မူဆလင်များက ဘုရားကျောင်းကုန်း (ရှေးဟေင်းဘုရားကျောင်းများ
- မြင့်မြတ်သော ဂူဗိမာန် ချာ့ခ်ျ -
မြင့်မြတ်သော ဂူဗိမာန် ချာ့ခ်ျ the Church of the Holy Sepulchre ကို AD ၃၃၅ တွင် ဂျီးဇပ်စ် ကားစင်တင်အသတ်ခံရပြီး ရှင်သန်ထမြောက်ရာနေရာဟု ခရစ်ယာန်များ ယုံကြည်ကြသောနေရာ၌ တည်ဆောက်ထားသည်။ ယင်းအဆောက်အဦးမှာ ဂျေရုဆလမ်၏ ခရစ်ယာန်ရပ်ကွက်၌ တည်ရှိသည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်လွှားမှ သိန်းချီသောခရစ်ယာန်များ ယင်းချာ့ခ်ျသို့ မြင့်မြတ်သောနေရာအဖြစ် သွားရောက်လည်ပတ်ကြသည်။ အများအပြားက ယင်းချာ့ခ်ျကို ကမ္ဘာပေါ်၌ အမြင့်မြတ်ဆုံး ခရစ်ယာန်နယ်မြေအဖြစ် သတ်မှတ်ကြသည်။
- ဂျေရုဆလမ်နှင့်ပတ်သက်သော အစ္စရေးလ်-ပါလက်စတိုင်း ပဋိပက္ခ -
အစ္စရေးလ်လွတ်လပ်ရေးရပြီးချိ
ဂျူးဥပဒေက ဂျူးများကို ဘုရားကျောင်းကုန်း၌ ဆုမတောင်းရ တားမြစ်ထားသည်။ သို့သော် အစ္စရေးလ်တပ်ဖွဲ့များက ရာပေါင်းများစွာသော ဂျူးအခြေချနေထိုင်သူများအား
အမှန်စင်စစ် ဒုတိယ အင်တီဖာဒါ (ပါလက်စတိုင်း၏ အစ္စရေးလ် ဆန့်ကျင်ပုန်ကန်ထကြွမှု) သည် ၂၀၀၀ ခုနှစ်က ထိုစဉ်က အစ္စရေးလ်ခေါင်းဆောင်ဖြစ်လာမ
လတ်တလောနှစ်များအတွင်း အချို့သော အစ္စရေးလ်အဖွဲ့များက ဘုရားကျောင်းကုန်းပေါ်၌ တတိယမြောက် ဂျူးဘုရားကျောင်းတည်ဆောက်ရန
ထို့ပြင် အစ္စရေးလ် ရော ပါလက်စတိုင်းရောက ဂျေရုဆလမ်ကို မြို့တော်အဖြစ်ထားရှိရန် ကြံရွယ်ထားကြသည်။
၁၉၈၀ တွင် အစ္စရေးလ်မှ ဂျေရုဆလမ်ကို မြို့တော်အဖြစ် ကြေငြာခဲ့သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝန်းကမူ ယင်းကြေငြာချက်ကို အသိအမှတ်မပြုခဲ့ချေ။
၂၀၁၇ မေ တွင် ပါလက်စတိုင်း ဟားမာ့စ်အဖွဲ့က ဂျေရုဆလမ်ကို မြို့တော်အဖြစ်ထားရှိမည့် ပါလက်စတိုင်းနိုင်ငံဖွဲ့စည်
- လက်ရှိခေတ် ဂျေရုဆလမ် -
ယနေ့အခါ၌ ဂျေရုဆလမ် မြို့တွင်းရော မြို့ပြင်ပါ တင်းမာမှုများ မြင့်တက်လျက် ရှိနေသည်။ အစ္စရေးလ်တပ်ဖွဲ့များ နှင့် ပါလက်စတိုင်းများကြား ထိပ်တိုက်တွေ့မှုများလည်း နေရာအနှံ ဖြစ်ပွားနေသည်။
နိုင်ငံတကာ အဖွဲ့အစည်းအများအပြား နှင့် နိုင်ငံအများအပြားက ဂျေရုဆလမ်ကို နှစ်ပိုင်းခွဲ၍ အစ္စရေးလ်ပိုင်အခြမ်း နှင့် ပါလက်စတိုင်းပိုင်အခြမ်းဟူ၍
၂၀၁၇ ဇူလိုင်တွင် ဂျေရုဆလမ်၊ ဘုရားကျောင်းကုန်းပေါ်၌ အာရပ်လူမျိုး ၃ ဦးက အစ္စရေးလ်ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်လိုက်သည်။ လုံခြုံရေးအကြောင်းပြချက်မျ
ဂျေရုဆလမ်၏အနာဂတ် မသေချာမရောရာ ရှိနေစဉ်တွင် ဂျေရုဆလမ်မြို့တော်ကမူ ဘာသာရေး၊ သမိုင်းဆိုင်ရာ နှင့် နိုင်ငံရေး မဟာစွမ်းအားကို ဆုပ်ကိုင်ထားသည်မှာ ထင်းရှားလှပြီး လာမည့်နှစ်များစွာတိုင် ဆက်လက်၍ ဆုပ်ကိုင်သွားနိုင်ဖွယ်လည်း
[
၁၉၈၀ တွင် အစ္စရေးလ်ပါလီမန်မှ "Basic Law: Jerusalem, Capital of Israel," declaring the "complete and united" ကို အတည်ပြုပြဋ္ဌာန်းပြီး ဂျေရုဆလမ်ကို အစ္စရေးလ်မြို့တော်အဖြစ် ကြေငြာသည်။ သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီက Resolution 478 ကို အတည်ပြုပြီး အစ္စရေးလ်ဥပဒေကို တရားမဝင်ဟု ချေဖျက်သည်။
၁၉၈၂ တွင် အစ္စရေးလ်တပ်များ ဆိုင်းနိုင်း နှင့် ဂါဇာမှ ဆုတ်ခွာ၍ အီဂျစ်လက်သို့လွှဲသည်။ ၁၉၈၈ တွင် အနောက်ဖက်ကမ်းခြေမှ ဆုတ်ခွာ၍ ဂျော်ဒန်လက်သို့ လွှဲသည်။ ထို့နောက်တွင် ပါလက်စတိုင်း အမျိုးသားကောင်စီက Palestine National Council က အယ်လ်ဂျီးယားစ်မှနေ၍ နိုင်ငံလွတ်လပ်ရေး ကြွေးကြော်သည်။ ပါလက်စတိုင်း၏မြို့တော်ကိုလ
အမေရိကန်အောက်လွှတ်တော် (ကွန်ဂရက်) မှ Jerusalem Embassy Act of 1995 (၁၉၉၅ ဂျေရုဆလမ် သံရုံးဥပဒေ) ကို အတည်ပြုပေးခဲ့သည်။ ယင်းဥပဒေအရ အစ္စရေးလ်၊ တဲလ်အဗစ်မြို့မှ အမေရိကန်သံရုံးကို ဂျေရုဆလမ်သို့ ပြောင်းရွှေ့ရန် လိုအပ်သည်။ သို့သော် အမေရိကန်သမ္မတဟောင်းများ ဖြစ်ကြသော ဂျော့ဂ်ျ ဒဗယ်လ်ယူ ဘွတ်ရှ်၊ ဘီလ်ကလင်တန် နှင့် ဘားရတ် အိုဘားမားတို့သည် အမျိုးသားလုံခြုံရေးအကျိုးစ
၂၀၁၇၊ ဒီဇင်ဘာ ၆ -- အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်မှ ဂျေရုတလမ်ကို အစ္စရေးလ်၏မြို့တော်အဖြစ် အသိအမှတ်ပြုပြီး အမေရိကန်သံရုံးကို တဲလ်အဗစ်မှ ဂျေရုဆလမ်သို့ ပြောင်းရွှေ့ရန် အမိန့်ပေးသည်။ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘာ့စ်က ထရမ့်ပ်၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း၊ ဂျေရုဆလမ်သည် ပါလက်စတိုင်းနိုင်ငံ၏ ထာဝရမြို့တော် အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် အန်ထော်နီယို ဂူထဲ(အဲ)ရတ်စ် က ဂျေရုဆလမ်သည် တိုက်ရိုက်တွေ့ဆုံညိနှိုင်းမ
ဂါဇာ၊ ဂျော်ဒန်၊ တူရကီ နှင့် အနောက်ဖက်ကမ်းခြေမြို့ကြီးမ
၂၀၁၇၊ ဒီဇင်ဘာ ၇ -- ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ
၂၀၁၇၊ ဒီဇင်ဘာ ၈ -- ဂါဇာနယ်စပ်အနီး၌ ဆန္ဒပြမှုများအတွင်း အစ္စရေးလ်စစ်သားများ၏ ပစ်ခတ်မှုဖြင့် ပါလက်စတိုင်း ၂ ဦး သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရသည်။
၂၀၁၇၊ ဒီဇင်ဘာ ၉ -- အာရပ်အသင်းကြီးက အမေရိကန်ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကာ ယင်း၏မြို့တော်ကိုလည်း အရှေ့-ဂျေရုဆလမ်ကို ထားရန် တောင်းဆိုသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၀ -- ဘေရွတ်တွင် ဂျေရုဆလမ်ကိစ္စ ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်သည်။ ဂျာကာတာတွင် လူ သောင်းချီ ဆန္ဒပြမှု ဖြစ်ပွားသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၁ -- ဥရောပ ခေါင်းဆောင်များက ဂျေရုဆလမ်ကို အစ္စရေးလ်မြို့တော်အဖြစ် အသိအမှတ်မပြုကြောင်း၊ ဂျေရုဆလမ်ကို အစ္စရေးလ်ရော ပါလက်စတိုင်းပါ ပူးတွဲပိုင်ကြောင်း ပြောကြားသည်။
၂၀၁၇၊ ဒီဇင်ဘာ ၁၂ -- ပါလက်စတိုင်းမှ အစ္စလမ္မစ်တော်လှန်ရေးတပ်ဖွဲ့
၂၀၁၇၊ ဒီဇင်ဘာ ၁၃ -- တူရကီတွင် ကျင်းပသော OIC အစည်းအဝေးတွင် မူဆလင်နိုင်ငံများက အရှေ့ဂျေရုဆလမ်ကို ပါလက်စတိုင်းမြို့တော်အဖြစ်
၂၀၁၇၊ ဒီဇင်ဘာ ၁၄ -- ပါလက်စတိုင်းဖက်မှ ရော့ကတ်များကျရောက်ပြီးနောက
]
* [ ] အတွင်း ဖော်ပြချက်များမှာ ဘာသာပြန်သူမှ ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။
http://www.history.com/
JERUSALEM
INTRODUCTION
Jerusalem is a city located in modern-day Israel and is considered by many to be one of the holiest places in the world. Jerusalem is a site of major significance for the three largest monotheistic religions: Judaism, Islam and Christianity, and both Israel and Palestine have claimed Jerusalem as a capital city. Because of these strong, age-old associations, bloody conflicts to control the city and sites within it have been waged for thousands of years.
EARLY HISTORY OF JERUSALEM
Scholars believe the first human settlements in Jerusalem took place during the Early Bronze Age—somewhere around 3500 B.C.
In 1000 B.C., King David conquered Jerusalem and made it the capital of the Jewish kingdom. His son, Solomon, built the first holy Temple about 40 years later.
The Babylonians occupied Jerusalem in 586 B.C., destroyed the Temple, and sent the Jews into exile. About 50 years after that, the Persian King Cyrus allowed Jews to return to Jerusalem and rebuild the Temple.
Alexander the Great took control of Jerusalem in 332 B.C. Over the next several hundred years, the city was conquered and ruled by different groups, including the Romans, Persians, Arabs, Fatimids, Seljuk Turks, Crusaders, Egyptians, Mamelukes and Islamists.
Some key events with religious implications that took place in Jerusalem during this period include:
In 37 B.C., King Herod restructured the second Temple and added retaining walls to it.Jesus was crucified in the city of Jerusalem around 30 A.D.The Romans destroyed the second Temple in 70 A.D.In 632 A.D., Muhammad, the Islamic prophet, died and was said to have ascended to heaven from Jerusalem.Many European Christians started pilgrimages to Jerusalem in the 1st century A.D. From about 1099 to 1187, Christian crusaders occupied Jerusalem and deemed the city a major religious site.
THE OTTOMAN EMPIRE
The Ottoman Empire ruled Jerusalem and much of the Middle East from about 1516 to 1917.
After World War I, Great Britain took over Jerusalem, which was part of Palestine at the time. The British controlled the city and surrounding region until Israel became an independent state in 1948.
Jerusalem was divided during the first 20 years of Israel’s existence. Israel controlled the Western portions of it, while Jordan controlled East Jerusalem.
After the 1967 Six-Day War, Israel seized all of Jerusalem.
THE TEMPLE MOUNT
The Temple Mount is a compound located on a hill in Jerusalem that’s comprised of about 35 acres of land. It contains religious structures such as the Western Wall, the Dome of the Rock and al-Aqsa Mosque.
This ancient landmark is the holiest place in Judaism. References to the area date back to Abraham’s near-sacrifice of his son Isaac in Jewish scripture. The site is also the location of the first and second Temples and the spot where many Jewish prophets taught.
The Temple Mount is thought to be the third holiest site in Islam (after Mecca and Medina in Saudi Arabia) and where Muslims believe the Prophet Muhammad ascended to heaven.
Christians also believe the site is significant to their faith. It’s a place that prophets mentioned in the Old Testament of the Bible, and was visited by Jesus according to the New Testament.
Because it has religious and historical implications, occupation of the Temple Mount has been the cause of bitter conflict for centuries, especially between Jews and Muslims living nearby.
During the Six-Day War, Israel gained control of the Temple Mount. But today, the Islamic Waqf governs what happens inside the compound, while Israeli forces control external security.
DOME OF THE ROCK
In 691 A.D., the Dome of the Rock, a gold-domed Islamic shrine, was built on the site of the destroyed Jewish Temples in Jerusalem.
The Dome, located on the Temple Mount, was built by Caliph Abd al-Malik. It’s the oldest surviving Islamic building and was constructed at the very site where Muslims believe Muhammad ascended to heaven.
During the Crusades, the Christians turned the landmark into a church. In 1187, Muslims recaptured the Dome of the Rock and re-designated it as a shrine.
A silver-domed mosque, called al-Aqsa, sits adjacent to the Dome of the Rock on the Temple Mount. Both structures are considered holy to Muslims.
WESTERN WALL (WAILING WALL)
The Western Wall is a section of ancient remnant wall from the second Jewish Temple. It’s located on the western side of the Temple Mount and is sometimes referred to as the “Wailing Wall” because many Jews pray and weep at the site of the destroyed Temple.
Each year, millions of Jews from around the world visit the wall. Because Muslims control the Temple Mount (the true site of the ancient Temples), the Western Wall is considered the holiest place where Jews can pray.
CHURCH OF THE HOLY SEPULCHRE
The Church of the Holy Sepulchre, built in 335 A.D., is the site where many Christians believe Jesus was crucified and where his resurrection occurred. It’s located in the Christian quarter of Jerusalem.
Thousands of Christian pilgrims from around the world travel to this church each year. Many regard it as the holiest Christian site in the world.
ISRAELI-PALESTINIAN CONFLICT OVER JERUSALEM
Since Israel’s independence, clashes between Israelis and Palestinians over key territories in Jerusalem have been ongoing.
Jewish law forbids Jews from praying in the Temple Mount. Yet, Israeli forces allow hundreds of Jewish settlers to enter the area routinely, which some Palestinians fear could lead to an Israeli takeover.
In fact, one key event that led to the Second Palestinian Intifada (a Palestinian uprising against Israel) happened when Jewish leader Ariel Sharon, who would become Israel’s Prime Minister, visited Jerusalem’s Temple Mount in 2000.
In recent years, some Israeli groups have even announced a plan to construct a third Jewish Temple on the Temple Mount. This proposal has outraged Palestinians living in the region.
In addition, both Israelis and Palestinians have aimed to make the city their capitals.
In 1980, Israel declared Jerusalem as its capital, but most of the international community doesn’t recognize this distinction.
In May 2017, the Palestinian group Hamas presented a document that proposed the formation of a Palestinian state with Jerusalem as its capital. However, the group refused to recognize Israel as a state, and the Israeli government immediately rejected the idea.
MODERN-DAY JERUSALEM
Today, tensions are still high in and around the city of Jerusalem. Confrontations between Israeli forces and Palestinians are commonplace.
Many international groups and countries support efforts to divide Jerusalem into Israeli and Palestinian sections. But, securing a plan that everyone agrees on is difficult.
In July 2017, three Arabs shot two Israeli police officers at the Temple Mount in Jerusalem. For security reasons, the compound was cleared of visitors and closed for Muslim Friday prayers for the first time in 17 years. Protests and violent acts have shadowed this precarious situation.
While Jerusalem’s future remains uncertain, it’s clear that this city holds great religious, historical and political power and will continue to do so for years to come.
http://www.history.com/
Sayar Thant
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။