Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 18, 2017

ကင်ဆာဖြစ်စေတတ်သည့်အကြောင်းရင်းများ

#ကင်ဆာဖြစ်စေတတ်သည့်အကြောင်းရင်းများ
👀👀👀👀👀👀👀👀👀👀👀👀👀👀👀

***Kindly SHARE please. မဖြစ်ခင် ရှောင်ရှားနိုင်အောင် ရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူကြပါ။***

"မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်ပွားဆုံး (၁၀)နိုင်ငံတွင် ပါဝင်လျှက်ရှိသည်။ မိသားစုတစုထဲတွင် ကင်ဆာဝေဒနာရှင် (၃)ဦးထက်မနည်း တွေ့နေပြီ ဖြစ်ပါသည်။

"ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဗူးရှောင်"
********************************

ပလပ်စတစ်တွင်ပါဝင်သော ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နှင့် ဒိုင်အောက်ဇင်းဓါတ်များသည် ပူသောအစားအစာ' ဆီပါဝင်သောအစားအစာနှင့် ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်၍ သိုလှောင်ထားပါက အစားအသောက်ထဲသို့ ဓါတ်ပြုပျော်ဝင်၍ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး' ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း' နှင့် မျိုးပွားမှုကို ထိခိုက်ခြင်းတို့ကိုဖြစ်စေပါသည်။ (သားသမီးမရသောစုံတွဲများသတိချပ်ကြပါ။)

မွေးကာစကလေးများကို ပလတ်စတစ်နို့ဗူးဖြင့် နို့မှုန့်တိုက်ခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ မိခင်နို့ကို တိုက်ကျွေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
စတီးချိုင့်' ဖန်ဗူး' အင်ဖက်' စက္ကူတို့ဖြင့် ပြောင်းလဲထုတ်ပိုးကြပါစို့။
မယ်လမင်းပန်းကန်ပြားသည်လည်း အပူနှင့်ထိတွေ့လျှင် ကျောက်ကပ်ပျက်စီးစေ ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေ၍ ကြွေပန်းကန်' စတီးပန်းကန်များ ပြောင်းလဲအသုံးပြုပါ။

"တရုတ်နို့မှုန့်နှင့် ၎င်းနှင့်ပြုလုပ်သောမုန့်များ"
~~~~~~~~~~~~~~~~~
တရုတ်နို့မှုန့်ကို ဖျော်၍ ခွေးပေါက်စ' ကြောင်ပေါက်စကလေးများကို တိုက်ကျွေးရာ ထိုခွေးလေးများကြောင်လေးများ အကြောဆွဲ၍ (၁၈)ကောင်ထက်မနည်း သေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ ၂၀၁၄ သြဂုတ်လ(၈)ရက် နေ့တွင် သာယာဝတီမြို့  ကွက်သစ်ရပ်ကွက်မှ အလယ်တန်းကျောင်းတွင် တရုတ်နို့မှုန့်စား၍ ကျောင်းသား(၇)ဦး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ခဲ့ရသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၎င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများအား လုံးဝမကျွေးသင့်ပါ။

မုန့်ဈေးတန်းများတွင် ကလေးကင်ဆာဖြစ်စေမည့်မုန့်များ
~~~~~~~~~~~~~~~~~~~~
တရုတ်စာတမ်းပါတရုတ်မုန့်မျိုးစုံသည်လည်း တားမြစ်ဆိုးဆေး များ အသုံးပြုထားခြင်း'
တာရှည်ခံဆေးများ အလွန်အကျွံ သုံးစွဲထားခြင်း' အန္တရယ်ရှိသော နို့မှုန့်များပါဝင်ခြင်း' ထုတ်လုပ်သည့်ရက်စွဲ' ပါဝင်သည့်ပစ္စည်း' လုပ်ငန်းလိပ်စာ' သက်တမ်းကုန်ရက်စွဲ' တိကျစွာ မပါဝင်ခြင်းတို့ကြောင့် လုံးဝမစားသုံးသင့်ပေ။
၎င်းကဲ့သို့သော ပြည်တွင်းထုတ် မုန့်အချို့ကိုလည်း မစားသုံးသင့်ပါ။

"ကလေးတွေ ရှောင်ရမည့် လေဖောင်းမုန့်များ"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
တံဆိပ်အမျိုးမျိုးဖြင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် လေဖောင်းမုန့်များ (အာလူးကြော်/ချောင်း' ဘယာကြော်/ချောင်း' ကြက်သွန်ကြော်' ငါးမုန့်ကြော်' စနက်ခ် Snack များ) စသည်တို့သည် ကြော်ပြီးသားဆီများကို မစွန်းပစ်ပဲ အကြိမ် (၅၀)ထက်မနည်း ပြန်ကြော်နေသည်ကို တောင်ဒဂုံစက်မှုဇုံရှိ စက်ရုံတရုံတွင် စစ်ဆေးတွေ့ရှိရသည်။
ထိုဆီများ၏ အရောင်သည် ကတ္တရာစေးလို မဲနက်နေသည်။ ထိုအကြော်များကို မအေးမီ ပလတ်စတစ်ပါကင်ထဲသို့ထည့်၍ ပလတ်စတစ်မှ ကင်ဆာဖြစ်စေတတ်သော ဓါတ်သတ္ထုများ ထိုအကြော်ထဲသို့ ဝင်ရောက်သည့်အပြင် ကြောက်စရာကောင်းလှသော ပြန်ကြော်ဆီ အနက်ရောင်များသည်လည်း အသည်းကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်စေ၍ ထိုလေဖောင်းမုန့်များကို လုံးဝမစားသင့်ပေ။ ပြည်ပနိုင်ငံမှလာသော ပီကေများတွင်လည်း သကြားတု' တားမြစ်ဆိုးဆေး' ပလတ်စတစ်' ရာဘာများနှင့် ပြုလုပ်ပြီး ပီကေအချို့တွင် ကင်ဆာဖြစ်စေသော တိုက်တေနီယမ်ဓါတ် ပါဝင်ခြင်းကြောင့် လုံးဝမစားသင့်ပေ။

"ပြန်ကြော်ဆီနှင့် ကင်ဆာအန္တရယ်"
°°°°°°°°°°°°°°°°°°°°°°°°°°°
ရေမြောင်းဆီခေါ် ပြန်ကြော်ဆီများသည် တရုတ်နိုင်ငံမူဆယ် ၁၀၅မိုင် လမ်းကြောင်းမှ ဝင်ရောက်လာသလို ထိုင်းနိုင်ငံ ရနောင်းကော့သောင်း' မြဝတီနယ်စပ်မှလည်း ဝင်ရောက်လာကာ ဓါတုဆေးများဖြင့် အရောင်ချွတ်' ပဲဆီအနံ့ထည့်ကာ ဆီဈေးကွက်တွင် ပဲဆီသန့်ဟု တံဆိပ်ကပ်၍၎င်း' တံဆိပ်မကပ်ပဲ အလွတ်ရောင်းချ၍၎င်း' ကျပ် ၂၅၀၀' ၃၀၀၀ ကျပ် ပတ်ဝန်းကျင်ဖြင့် ရောင်းချသည်။
လမ်းဘေးလက်ဖက်ရည်ဆိုင်များနှင့် စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာ (၁၀) ဆိုင်ကို စစ်ဆေးရာတွင် (၁၀) လုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ' အီကြာကွေး' များကိုကြော်နေသဖြင့် ၎င်းတို့ကို စားသုံးမိပါက ပန်ကရိယကင်ဆာ' အသံအိုးကင်ဆာ' အစာအိမ်လမ်းကြောင်းကင်ဆာ' အူမကြီးကင်ဆာ အမျိုးမျိုးကိုဖြစ်စေသည်။

"အချိုမှုန့်နှင့်ကြက်သားမှုန့်များ"
°°°°°°°°°°°°°°°°°°°°°°°°°°
ကြက်သားမှုန့်' အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးဏှောက်နှင့် အာရုံကြောထိခိုက်စေ၍ လေဖြတ်လေငန်းရောဂါ' လေးဖက်နာရောဂါ' နှလုံးရောဂါ' ကျောက်ကပ်ချို့ယွင်းပျက်စီးစေသောရောဂါ' အရိုးပွ' အရိုးပါး' အရိုးကျွတ်ဆတ်သောရောဂါ' ဆီးချို' သွေးချို' သွေးတိုးရောဂါများကို ဖြစ်ပွားစေ၍ ရှောင်ကြဉ်သင့်ပါသည်။
၎င်းတို့အစား
ငါးကို ကြက်သွန်အဖြူ အနီ ဂျင်း တို့ဖြင့် ငါးကို ပြုတ်ကာ ငါးရိုးထွင်၍ ဆီတစက်နှစ်စက်ထည့်ပြီး လှော်ပါ။ ထိုငါးအမှုန့်ကို ခြောက်နေအောင်လှော်ပြီး ဟင်းချက်သည့်အခါတိုင်းထည့်သုံးပါ။ ရေခဲသေတ္တာထဲထားလျှင် ၃-ရက် ခန့်ခံပါသည်။ ငါးတွင် Omega-3 ဓါတ်အများဆုံးပါသည်။

"ဓါတ်ရောင်ခြည်များနှင့်ကင်ဆာ"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မလိုအပ်ပဲ ဓါတ်မှန်မကြာခဏရိုက်ခြင်း' မလိုအပ်ပဲ C.T.Scan ရိုက်ခြင်း' တို့မှာ ဓါတ်ရောင်ခြည်နှင့်ထိတွေ့သောအစိတ်အပိုင်း သည် ကင်ဆာဖြစ်ပွားစေသည်။ မိုဘိုင်းဖုန်းမှထွက်သော မိုက်ကရိုဝေ့ရောင်ခြည်များကလည်း ဦးဏှောက်အကြိတ်ကင်ဆာဖြစ်တတ်သည်။
မိုဘိုင်းဖုန်းသုံးလျှင်ဖ စပီကာဖွင့်၍ ဦးခေါင်းနှင့် ခွာပြောပါ။
၁၀နှစ်အောက်ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များ ဆဲလ်ဖုန်း မိုဘိုင်းဖုန်းသုံးခြင်းများ လုံးဝရှောင်ကြဉ်ပါ။
ကွန်ပျူတာဂိမ်းနှင့် TV Game ဆော့ခြင်းများသည် ကလေးများ၏ မှတ်ဥာဏ်နှင့် အာရုံကြော' အမြင်အာရုံတို့ကို ထိခိုက်စေ၍ လုံးဝရှောင်ကြဉ်ပါ။

"ကွမ်းယာနှင့်ကင်ဆာ"
°°°°°°°°°°°°°°°°
ယခင်က ကွမ်းရွက်သည် ဆေးဖက်ဝင်သည်ဟုဆိုသော်လည်း ယခုကွမ်းကိုဖြန်းသော ပိုးသတ်ဆေးကြောင့် ကင်ဆာဖြစ်သည့်အပြင် ထုံးကြောင့်လည်း ကျောက်ကပ်နှင့် ဆီးအိမ်တွင် ကျောက်တည်ခြင်းနှင့် ပါးစောင်ကင်ဆာကို ဖြစ်စေပါသည်။
ကွမ်းသီးကို မှိုမတက်အောင် အသုံးပြုသော မှိုသတ်ဆေးမှာလည်း ကင်ဆာဖြစ်စေသည့်အပြင် ဆေးရွက်ကြီးမှ နီကိုတင်းဓါတ်သည်လည်း ကင်ဆာရောဂါကိုဖြစ်စေသဖြင့် ကွမ်းယာစားခြင်းသည် အာခံတွင်းကင်ဆာ' ပါးစောင်ကင်ဆာ' လျှာကင်ဆာ' သွားဖုံးကင်ဆာ' အစာရေမျိုပြွန်ကင်ဆာ' လည်ချောင်းကင်ဆာများကို ဖြစ်ပွားစေ၍ ကွမ်းစားခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါသည်။
"ဓါတုဆိုးဆေးသုံး အချည်ရေနှင့်ကင်ဆာရောဂါ"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဓာတုဆိုးဆေးသုံး ငရုတ်ဆီအချည်ရေများတွင် ကင်ဆာဖြစ်စေတတ်သော ဘက်ထရီအိုးတွင်သုံးသည့် ဆာလဖျူရစ်အက်စစ်ပြင်း (H2SO4) နှင့် တားမြစ်ဆိုးဆေးများကြောင့် အသည်းကင်ဆာနှင့် အစာအိမ်ကင်ဆာများ ဖြစ်စေတတ်၍ မန်ကျည်းအချည်ရေကို ပြောင်းလည်း သုံးစွဲကြပါရန် နှိုးဆော်ပါသည်။

"ခြင်ဆေးခွေ အန္တရယ်"
°°°°°°°°°°°°°°°°°°°
နှာခေါင်းကင်ဆာ' အဆုတ်ကင်ဆာ' အသက်ရှူလမ်းကြောင်းကင်ဆာတို့ကို ဖြစ်ပွားစေသော ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲ၌ အပြင်းထန်ဆုံးဟု သတ်မှတ်ထားသော (S.2) ပိုးသတ်ဆေး' လွှစာမှုန့်' ဗိုင်ဒါကော်' ဆိုးဆေးနှင့် ကင်ဆာဖြစ်စေတတ်သော ဖော်မယ်ဒီဟိုက်' မီဖာဖလူသရင်း နှင့် ဓာတုအမွှေးအကြိုင်တို့ပါဝင်သည်။ ၎င်းအပြင် အပြင်းထန်ဆုံး အဆိပ် တမျိုးဖြစ်သည့် Benzene(ဘန်ဇိုင်း) ကာစီနိုဂျင်တစ်မျိုးပါဝင်ပြီး အာရုံကြောမှစ၍ ရိုးတွင်းချဉ်ဆီ အထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတခွေ၏ အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း (၁၃၇)လိပ် မှထွက်ရှိသော အဆိပ်မှုန့်ပမာဏနှင့် ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရယ်ရှိလုံးဝမသုံးအပ်ပေ။
ခြင်ဆေးခွေအစား နနွှင်းမှုန့်နှင့် နနွှင်းတက်ကို အသုံးပြုပါ။

"အချိုရည်များနှင့် ဂျယ်လီများ"
°°°°°°°°°°°°°°°°°°°°°°°°
အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး' တာရှည်ခံဆေး' သကြားထက်အဆ(၂၀၀) ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ' ကျောက်ကပ်ကင်ဆာ' ဆီးချိုရောဂါ' အဝလွန်ရောဂါ' အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်လီဗူးများတွင်လည်း တရုတ်မှလာသော ဂျယ်လီပေါင်ဒါ' တာရှည်ခံဆေးအမျိုးမျိုး' ပါဝင်၍ ကလေးများကို လုံးဝမကျွေးသင့်ပါ။

"ကော်ဖီမစ်စ်များ-Coffee mix"
°°°°°°°°°°°°°°°°°°°°°°
ကဖိန်း' ကော်ဖီအနံ့' အချို့ ကော်ဖီမစ်စ်များတွင် ထန်းလျှက်ဂျိုးများပါဝင်ပါသည်။ ထန်းလျက်ဂျိုးမှာ ရံဖန်ရံခါ သောက်သုံးလျှင် ပြဿနာမရှိသော်လည်း ရေရှည်နေ့စဉ်သောက်သုံးလျှင် ကင်ဆာဖြစ်စေ၍ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်စ်တွင် ပါဝင်သော (Creamer) မှာ နို့ဆီအရသာ မျိုးခံစားနိုင်ရန် ရေမှာ (Milk Fat) က အလွယ်တကူမပျော်ဝင်နိုင်၍ ပျော်ဝင်နိုင်သောအဆီ (Hydro generated vegetable fat) နှင့် အစားထိုးထားခြင်းဖြစ် သည်။ ကော်ဖီမစ်စ်များကို ရေရှည်သောက်သုံးပါက ဆီးချိုရောဂါ' သွေးတိုးရောဂါ' ကျောက်ကပ်ပျက်စီးခြင်း' နှလုံးသွေးတိုးရောဂါ' စိတ်ကျရောဂါ' ရင်သားကင်ဆာ' ဆီးအိမ်ကင်ဆာ' ဆီးကြိတ်ကင်ဆာ' ပန်ကရိယကင်ဆာ' အမျိုးသမီးများ ပဋိသန္ဓေမတည်နိုင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေ၍ လုံးဝမသောက်သုံးသင့်ပါ။
သဘာဝကော်ဖီစေ့ဖြင့် ပြုလုပ်ထားသော ကော်ဖီမှုံ့ စစ်စစ်' သကြား' နို့ စသည်တို့ဖြင့် ကိုယ်တိုင်ပြုလုပ်သော ကော်ဖီကိုသာ သောက်သုံးသင့်ပါသည်။

"ရောင်စုံဆိုးဆေးများနှင့် အစားအ သောက်များ"
°°°°°°°°°°°°°°°°°°°°°°°°
တားမြစ်အန္တရယ်ရှိ ဆိုးဆေးများအသုံးပြုထားသော မျှစ်နီမျှစ်ဝါ' ပုဇွန်ချဉ်နီနီ' အဝါရောင်ဆိုးထားသော ငါးပုဏ္ဏား' ငါးမြွေထိုး' ရွှေငါး' ကြက်သား' အရောင်ဆိုးထားသော ငရုတ်သီးမှုံ့ ' အရောင်တင်မှုံ့ ' နနွှင်းမှုံ့ ' ပုဇွန်ခြောက်' လက်ဖက်' လက်ဖက်ခြောက်' ငပိ' ပဲနီလေး' ပဲဝါလေး' မက်မန်းသီး' ဆီးထုတ်' ဒံပေါက်ဆိုးဆေး စသည်တို့သည် အသည်းရောဂါများ' အစာအိမ်ရောဂါများနှင့် အစာအိမ်ကင်ဆာ' အခြားကင်ဆာရောဂါများလည်ုးဖြစ်စေတတ်သောကြောင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။

"အကင်များနှင့် ကင်ဆာရောဂါ"
°°°°°°°°°°°°°°°°°°°°°°°°°°°
ပြည်ပနိုင်ငံမှ တင်သွင်းလာတဲ့ တုတ်ထိုးအကင်တွေမှာ သုံးထားတဲ့ တာရှည်ခံဆေးကလည်း ကင်ဆာရောဂါဖြစ်စေနိုင်ပြီး ဒီအသားကင်တွေကို (Freezer) တွေ အအေးခန်းတွေမှာ သိုလှောင်ထားတဲ့ အတွက်လည်း အောက်စီဂျင်ဓါတ်တိုးမှု (Oxidation) ဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင်မသန့်တဲ့ ပြန်ကြော်ဆီ တွေနဲ့ ကြော်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်ပြန်ရော။ ဒါကြောင့် အကင်များကို လုံးဝ လုံးဝ ရှောင်သင့်ပါတယ်။

"ဆေးလိပ်နဲ့ကင်ဆာ"
°°°°°°°°°°°°°°°
ဆေးလိပ်အခိုးအငွေ့များတွင် ဓါတ်ပစ္စည်းအမျိုးပေါင်း (၄၃၀၀)ကျော်ပါဝင်ပါသည်။ လူအများကို အန္တရယ်ဖြစ်စေနိုင်သော (ကတ္တရာ' နီကိုတင်း' ကာဗွန်မိုနောက်ဆိုဒ်' ဘန်ဇိုင်း' အမိုးနီးယား) စသောဓါတ်များစွာပါဝင်သည်။
ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ပွခြင်း' နာတာရှည်လေပြွန်ရောင်ရမ်းခြင်း' ဆေးလိပ်ငွေ့ရှူရှိုက်ရသည့် လသားကလေးငယ်များ ရုတ်တရက်သေဆုံးခြင်း' အဆုတ်ကင်ဆာ' ခံတွင်းကင်ဆာ' အသံအိုးကင်ဆာများအပြင် အစာမျိုပြွန်' ဆီးအိမ်' ကျောက်ကပ်' ပန်ကရိယ' အသည်း' သားအိမ်ခေါင်း' အစာအိမ်' အူမကြီး' စအိုလမ်းကြောင်းနှင့် သွေးကင်ဆာမျာစဖြစ်ပွားနိုင်ပါသည်။
ဆေးလိပ်ကြောင့် နှစ်စဉ်လူ(၆)သန်းကျော် သေဆုံးလျှက်ရှိပြီး လူ(၆)သိန်းခန့် သေဆုံးလျှက်ရှိသည်။ (၂၀၃၀)ပြည့်နှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် လူ(၈)သန်းကျော် သေဆုံးမည်ဟု ခန့်မှန်းကြပြီး ၎င်းတို့ထဲမှ (၈၀%) သည် ဖွံ့ ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်သူများဖြစ်ကြသည်။

"သတိထားသင့်သော အသီးအနှံများ"
°°°°°°°°°°°°°°°°°°°°°°°°°°°°
ဓါတုဟော်မုန်းဆေးများအသုံးပြုထား၍ အဆမတန်ကြီးထွားနေသော မုံလာဥအဖြူများ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ' ပိုးသတ်ဆေးအပြင်းစားသုံးထားသည့်
ဂေါ်ဖီထုတ်' ကိုက်လန်' မုန်ညင်းရွက်' ပန်းမုံလာထုပ်' မုံညင်းထုတ်များ' ဆေးစိမ်ဆေးဖျန်း၍ မှည့်နေသော သရက်သီး' သင်္ဘောသီး' လိမ္မော်သီး' ပန်းသီး' ငှက်ပျော်သီးစသည်တို့သည် ကင်ဆာဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
Organic ဟုခေါ်သော ပိုးသတ်ဆေးမသုံးပဲ သဘာဝအတိုင်းပေါက်သည့် သစ်ဥသစ်ဖု သစ်သီးဝလံများ မိမိခြံထွက်သရက်သီး ခရမ်းချဉ်သီး ရုံးပတီသီး ချဉ်ပေါင် ငရုတ်သီး စသည်များကိုသာ စားသုံးသင့်ပါသည်။

"ဖော်မလင်ခေါ်(ဖော်မယ်ဒီဟိုက်) နှင့် ကင်ဆာအန္တရယ်"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ယခုအခါ ပဲပြားများ' ချက်နို့ဆီနှင့် မုန့်ဟင်းခါးဖတ်' မုန့်တီ(နန်းကြီး)ဖတ်များကို တာရှည်ခံအောင် လူသေကောင်တံင် မပုတ်မသိုးအောင်အသုံးပြုသော ဖော်မလင်ကို အသုံးပြုနေကြပါသည်။ ၎င်းဖော်မလင်ခေါ် ဖော်မယ်ဒီဟိုက်အဆိပ်ဓါတ်သည် ကင်ဆာရောဂါအမျိုးမျိုးကို
ဆိုးရွားစွာဖြစ်ပေါ်စေ၍ လတ်ဆတ်သော လက်ညှစ်မုန့်ဖတ်များကိုသာ ရွေးချယ်စားသုံးကြပါ။

"သတိထားရမည့်ရေချိုငါးပိ' ငါးခြောက်နှင့် ငံပြာရည်"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အချို့ ရေချိုငါးပိများတွင် ယူရီးယား(ပုလဲ) ဓါတ်မြေသြဇာ ထည့်သွင်း ထားကြောင်း သိရသဖြင့် ယူရီးယား(၃)ဂရမ်နှင့်အထက် စားမိပါက အော့အန်ခြင်း ' သတိလစ်မေ့မျောခြင်း' ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ထို့အပြင် ငါးခြောက်များလှန်းရာ တွင် ယင်မနား' လောက်မတက်စေရန် တရုတ်နိုင်ငံမှလာသော (90%) ယင်ဆေးခဲခေါ် (Tri Chlorophon) ပိုးသတ်ဆေး အသုံးပြုကြောင်း သိရှိရ၍ စားသုံးမိပါက လေဖြတ်လေငန်းရောဂါ' အာရုံကြော နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေသည်။

"ကင်ဆာဖြစ်စေသော ဝါးတူ"
°°°°°°°°°°°°°°°°°°°°°
တစ်ခါသုံးဝါးတူတွင် သာမန် မျက်စေ့ဖြင့်မမြင်ရသော အသည်းကင်ဆာ ဖြစ်စေသည့် မှိုများပေါက်ဖွားလေ့ရှိသဖြင့် လုံးဝမသုံးသင့်ပါ။ သန့်ရှင်းသောဇွန်း' ခရင်းကို အသုံးပြုပါ။
တရုတ်နိုင်ငံယူနမ်နယ်မှ တင်သွင်းသော တစ်ခါသုံးဝါးတူများတွင်လည်း မှိုမတက်စေရန် ကန့်ငွေ့(Sulphur Dioxide) နှင့် (၄၈) နာရီ ပေါင်းခံပြီး ရေနံဖယောင်းနဲ့ အရောင်တင်တဲ့အခါ ကင်ဆာဖြစ်တဲ့ (Hydro Carbon) တစ်မျိုးပါလာပါတယ်။ ပြီးမှ ပိုဖြူသွားအောင် (Hydrogen Peroxide) ဆေးရည်နှင့်ပြုတ်ပါတယ်။ အဲဒီအထဲမှာ (Sodium Pyro Phosphate) တွေပါ ထည့်ပြုတ်တယ်။ ဒါကြောင့်ဝါးတူများကို လုံးဝ အသုံးမပြုကြပါနဲ့။"
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

"မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး ကမ္ဘာသူကမ္ဘာသား အားလုံး ကျန်းမာချမ်းသာ၍ ဘေးဘယာဝေးကွာကြပါ စေ။ ကင်ဆာရောဂါဝေဒနာဆိုးများမှ ၎င်း' အခြားရောဂါဝေဒနာဆိုးများမှ၎င်း လုံးဝလုံးဝ ကင်းစင်ကြပါစေရှင်။"

မေတ္တာဖြင့် စန္ဒီသင်းမာဦး(23.07.2016) မှ
" Consumer Protection Association Myanmar" ထံမှ ကူးယူရေးသားဝေမျှပေးပါသည်။ မနေ့ညကတင်တာ Burmese Font မတူ၍ ဖတ်လို့မရကြသောကြောင့် ယနေ့ထပ်ရေး၍ ဝေမျှပေးပါသည်။ အားလုံးအတွက် Awareness ဖြစ်ပြီး သတိထားကြိုတင်ကာကွယ်လို့ရအောင် SHARE ပေးကြပါနော်။"

"မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ဖြန့်ဝေသော ပညာပေးလက်ကမ်းစာစောင်တွင် ဖော်ပြထားချက်များမှာ အင်္ဂလန်နိုင်ငံ အစားအသောက်ကွတ်ကဲရေးဋ္ဌာန' သြစတြေလျ' နယူးဇီလန် နှင့် ထိုင်ဝမ်နိုင်ငံတို့၏ အစားအသောပ် ကွတ်ကဲရေးဋ္ဌာနများ၏ စမ်းသပ် စစ်ဆေး သုတေသနပြု၍ ထုတ်ပြန်ချက်များကို အခြေခံ၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။"
---------*************----------

Credit-
Gmail; consumerprotection@gmail.com
Facebook; Consumer Protection Association of Myanmar

****************** (y) (y) (y)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။