ကျရှုံးတဲ့အခါ
လူတိုင်း အခြေအနေတစ်ခုခုမှာ ကျရှုံးဖူးကြပါတယ်။ဘယ်သူမှမကျရှုံးချင်ကြပါဘူး။ကျရှုံးမှာကြောက်နေရင် ကျွန်တော်တို့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကျရှုံးရင် ဘယ်လိုပြန်ထကြမလဲ? ကြည့်ရအောင်
💰 ပထမဦးဆုံး သင်ခံစားနေရတာတွေကို လက်ခံရမယ်
ကျွန်တော်တို့ ကျရှုံးတဲ့ခါ အစမှာ နာကျင်ကြတယ်။တစ်ခါတစ်ရံ အလွယ်အကူမေ့ပျောက်နိုင်ကြပေမယ့် တစ်ခါတစ်ရံမှာတော့ အချိန်အကြာကြီး ရှုံးနိမ့်မှုဒဏ်ကိုခံစားကြရတာပါ။ကျွန်တော်တို့ အဲ့လိုအချိန်မျိုးမှာ ခံစားရတဲ့အတိုင်းနေကြရမယ်။ဟန်ဆောင်ပြုံးမနေပါနဲ
့။အကုန်လုံးကိုမေ့ပစ်ဖို့ ကြိုးစားနေတာဟာ အရှုံးကိုလက်ခံပြီး
ခဏတာနာကျင်ခံစားရတာထက် ပိုဆိုးပါတယ်။ဘာလို့ လဲဆိုတော့ ကျွန်တော်တို
့အရှုံးကိုလက်ခံလိုက်တဲ့အခါ ရေရှည်မှာ နာကျင်ခံစားရမှုနည်းပါးသွားပါပြီ။သင်အကုန်မေ့ပျောက်ဖို့ ကြိုးစားနေပြီဆိုရင် သင့်စိတ်ခံစားချက်က ပေါက်ကွဲလွယ်ပြီး မလိုအပ်တာတွေဖြစ်တတ်ပါတယ်။
💰သင်ကျရှုံးတဲ့ခါ အောင်မြင်တဲ့ကံသင်နည်းပါးနေလို့ ဆိုတာသတိရပါ
သင်ဒီတစ်ခါကျရှုံးတိုင်း နောက်တစ်ခါလည်းကျရှုံးမှာဘဲဆိုတဲ့မိမိကိုယ်ကိုဖျက်ဆီးနေတဲ့အတွေးတွေကိုမတွေးပါနဲ့ ။အဲ့သည်အစား
- ကနေ့ ကျရှုံးတာ , အရင်ကကျရှုံးခဲ့တာတွေဟာ တသက်လူံးကျရှုံးနေမှာလို့ မဆိုလိုပါဘူး
-ဘယ်သူမှ အမြဲကျရှုံးနေမှာမဟုတ်ပါဘူး။သင်ရှေ့ ကိုဆက်သွားနေရင် သင်အမြဲကြိုးစား သင်ယူနေရင် သင်ဟာအမြဲတမ်းအရှုံးသမားလို့ တံဆိပ်ကပ်ခံရမှာမဟုတ်ပါဘူး။မိမိစိတ်ထဲမှာ အမြဲတမ်းအရှုံးသမားလို့ မခံယူဖို့ အရမ်းအရေးကြီးပါတယ်။အရှုံးဆိုတာ ယာယီပါဘဲ
💰အပြုသဘောဆောင်တဲ့စိတ်ကိုထားရမယ်။ကြုံတွေ့ ရတယ့်အခြေအနေအရပ်ရပ်ကနေ သင်ယူရမယ်
ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ ပြန်မေးသင့်ပါတယ်။
- ဒီအခြေအနေကနေ ငါဘာကိုသင်ခန်းစာယူနိုင်မလဲ?
- ငါနောက်တစ်ကြိမ်ဘယ်လို ပိုကောင်းအောင်လုပ်မလဲ?
- ငါနောက်တစ်ကြိမ်ဘယ်လိုကွဲကွဲပြားပြားလုပ်နိုင်မလဲ?
ကျွန်တော်တို့ အခက်အခဲ အတားအဆီးတွေကြုံလာတဲ့အခါတိုင်း ကျရှုံးမှာ ညင်းပယ်ခံရမှာလို့ မမြင်ဘဲ အပြုသဘောဆောင်တွေးကြရမယ်။ကောင်းသောအမြင်နဲ့ လုပ်ဆောင်ကြရမယ်။
💰 ဘဝကိုတန်ဖိုးရှိအောင်ကြိုးစားတဲ့သူတိုင်းဘဝကိုအောင်မြင်အောင်ကြိုးစားနေတဲ့သူတိုင်း ကျရှုံးမှုကိုကြုံတွေ့ ကြရမယ်ဆိုတာသိထားပါ
ကျွန်တော်တို့ လူတွေရဲ့အောင်မြင်တဲ့သတင်းတွေကိုမကြာခဏကြားဖူးကြပါတယ်။ဒါပေမယ့် မှတ်ကျောက်တင်ဖို့ အတွက် ဆိုရင် အခက်အခဲတွေများစွာရှိပါတယ်။မိုက်ကယ်ဂျော်ဒန်က , " ကျွန်တော့်ကစားသမားဘဝသက်တမ်းတလျှောက် လက်ပစ်ဘော၉၀၀၀ထိလွဲဖူးတယ်။ပွဲ၃၀၀ရှုံးဖူးတယ်။၂၆ ကြိမ်ရှုံးတယ်။ကျွန်တော့်ကိုအဆူံးအဖြတ်ပွဲကနောက်ဆုံးလက်ပစ်မှာသွင်းနိုင်မယ်လို့ ယုံကြပေမယ့် ကျွန်တော်လွဲသွားတယ်။ကျွန်တော့်ဘဝမှာအရှုံးတွေနဲ့ သံသရာလည်နေခဲ့တယ်။ဒါ့ကြောင့် ကျွန်တော်အောင်မြင်လာတာပါ" လို့ ပြောဖူးပါတယ်။
💰စိတ်အားတတ်ကြွစေတဲ့ စာပေတွေဖတ်ပါ။ မိဘမောင်နှမသားချင်း သူငယ်ချင်းတွေဆီက အားပေးမှုခံယူပါ
ကျွန်တော်တို့ နဲ့ အရမ်းရင်းနှီးတဲ့သူတယောက်နဲ့ စကားပြောတာဟာ အရမ်းအကျိုးကျေးဇူးဖြစ်ထွန်းပါတယ်။နောက်တစ်ချက်က ကျွန်တော်တို့ အရင်အောင်မြင်ပြီးတဲ့သူတွေဆီကနေ အကြံညဏ်ရယူနိုင်တယ်။သင်ယူနိုင်ပါတယ်။သူတို့ ဘယ်လိုကျရှုံးခဲ့တယ် ဘာ့ကြောင့်ကျရှူံးခဲ့တယ် ဘယ်လိုကြိုးစားပြီးအောင်မြင်လာခဲ့တယ်ဆိုတာကိုမေးပါ။
💰ကျရှူံးပြီးသွားရင်လည်း ရှေ့ ကိုခရီးဆက်ပါ။အချိန်အကြာကြီးနောင်တရမနေပါနဲ့ ။အချိန်အကြာကြီး ပူဆွေးမနေပါနဲ့ 
ပုံမှန်လည်ပတ်ကြိုးစားနေပါ။အရှုံးလို့ မသတ်မှတ်ဘဲ အတွေ့ အကြုံတစ်ခုလို့ သတ်မှတ်ပါ။ရက်တွေ လတွေ ကိုအလကားအကုန်မခံပါနဲ့ 
💰မှန်ကန်တိကျတဲ့အစီအစဉ်လေးရေးဆွဲပြီးလုပ်ဆောင်ပါ
သင်ကြိုးစားမယ့်အရာက ဘဝသစ်တစ်ခု စတင်လိုက်တာပါဘဲ။အမှားတွေပြင်ဆင်ရင်းနဲ့ ကြိုးစားသွားကြရမယ်။ဘယ်သူမှပြည့်စူံတယ်ဆိုတာမရှိပါဘူး။ဒါပေမယ့် ကြောက်စိတ်တွေ ကျရှူံးမှာစိုးရွံ့ တဲ့စိတ်တွေက ကြီးစိုးနေတော့ တုန်လှုပ်မှုတော့ရှိမှာပါ။ဒါ့ကြောင့်
အဆင့်ကလေးတွေသတ်မှတ်ပြီး တစ်ဆင့်ချင်းဆီကို အသေးစိတ်
လုပ်ဆောင်သွားပါ။သင့်အတွက် ဒါတွေက အရမ်းခက်ခဲနေရင်
အချိန်ယူုပြီးဖြေးဖြေးလုပ်ဆောင်ပါ။အရေးအကြီးဆုံးက ရပ်တန့် မနေဖို့ ပါဘဲ
💰မိမိကိုယ်ကိုလေးစားမှုရှိရမယ်
ကျရှူံးလို့ ဆိုပြီး မူးယစ်ဆေးဝါးတွေသုံးပြီး ကုစားတာဟာလုံးမမဖြစ်သင့်ပါဘူး။လူတိုင်းအမှားနဲ့ မကင်းပါဘူး။ဖြစ်ခဲ့တဲ့အခြေအနေတွေကနေသင်ခန်းစာယူကြမယ်။ဖြစ်သင့်တာတွေ ဖြစ်နိုင်စွမ်းတွေကိုစဉ်းစားကြရမယ်။အကောင်းဆုံးကြိုးစားလုပ်ဆောင်ကြရင်း အောင်မြင်မှုဆီကိုရောက်မှာပါ
#Howtoovercomefailure
#Toptenteam
လူတိုင်း အခြေအနေတစ်ခုခုမှာ ကျရှုံးဖူးကြပါတယ်။ဘယ်သူမှမ

ကျွန်တော်တို့ ကျရှုံးတဲ့ခါ အစမှာ နာကျင်ကြတယ်။တစ်ခါတစ်ရံ အလွယ်အကူမေ့ပျောက်နိုင်ကြပေ

သင်ဒီတစ်ခါကျရှုံးတိုင်း နောက်တစ်ခါလည်းကျရှုံးမှာဘဲ
- ကနေ့ ကျရှုံးတာ , အရင်ကကျရှုံးခဲ့တာတွေဟာ တသက်လူံးကျရှုံးနေမှာလို့ မဆိုလိုပါဘူး
-ဘယ်သူမှ အမြဲကျရှုံးနေမှာမဟုတ်ပါဘူး

ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ ပြန်မေးသင့်ပါတယ်။
- ဒီအခြေအနေကနေ ငါဘာကိုသင်ခန်းစာယူနိုင်မလဲ
- ငါနောက်တစ်ကြိမ်ဘယ်လို ပိုကောင်းအောင်လုပ်မလဲ?
- ငါနောက်တစ်ကြိမ်ဘယ်လိုကွဲကွ
ကျွန်တော်တို့ အခက်အခဲ အတားအဆီးတွေကြုံလာတဲ့အခါတို

ကျွန်တော်တို့ လူတွေရဲ့အောင်မြင်တဲ့သတင်း

ကျွန်တော်တို့ နဲ့ အရမ်းရင်းနှီးတဲ့သူတယောက်န

ပုံမှန်လည်ပတ်ကြိုးစားနေပါ။

သင်ကြိုးစားမယ့်အရာက ဘဝသစ်တစ်ခု စတင်လိုက်တာပါဘဲ။အမှားတွေပြ

ကျရှူံးလို့ ဆိုပြီး မူးယစ်ဆေးဝါးတွေသုံးပြီး ကုစားတာဟာလုံးမမဖြစ်သင့်ပါဘ
#Howtoovercomefailure
#Toptenteam
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။