Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 14, 2017

📗ဘဝ​နေထိုင်​မူကို​ပြောင်းလဲ​စေ​သောပုံပြင်​​လေးများ📗

📗ဘဝ​နေထိုင်​မူကို​ပြောင်းလဲ​စေ​သောပုံပြင်​​လေးများ📗

ပုံပြင် (၁)

ရွာတစ်ရွာက ကလေးမလေးတစ်ယောက်
ကျောင်းကို နေ့တိုင်းတစ်ယောက်ထဲ
အဝေးကြီးသွားသွားတက်ရတယ်...

တစ်နေ့ ညနေကျောင်းဆင်းချိန်မှာ
မိုးတွေရုတ်တရတ် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေလျှပ်လာသည်။

အမေဖြစ်သူက သမီးကို အရမ်းစိတ်ပူသွားပြီး
ကျောင်းကပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန်နင်းသွားရှာသည်။

သူ့သမီးကို လမ်းခုလတ်မှာတွေ့တဲ့အခါ အမေဖြစ်သူ ကြောင် သွားသည်။

သမီးဖြစ်သူက လျှပ်စီးတစ်ခါလျှပ်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင်ကိုခေါင်းမော့ကြည့်တယ်. ပြီးတော့ ရယ်ပြတယ်..

တော်တော်ကြာရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီးတွန်းသွားရင်း မေးလိုက်တယ်..

သမီးလေး.. သမီး ဘာလုပ်နေတာလဲ..

သမီးက ပြန်ဖြေတယ်.. မိုးပေါ်က နတ်မင်းကြီးက သမီးကို ဓာတ်ပုံရိုက်ပေးလို့ ပြုံးပြနေတာ မေမေ..

***( လူတွေ အများဆုံး မှားတဲ့ အမှားက
မိမိရဲ့ ဦးနှောက်ထဲက အတွေးနဲ့ သူတစ်ပါးကို သွားနားလည်တာပဲ.
အရာရာက သင့်အတွေးထဲက အတိုင်းပဲဖြစ်မယ် ထင်နေလို့လား
သင် အခု ဒီစာမဖတ်သေးခင်အထိ အရာဘယ်နှစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ်ဆုံးဖြတ်ပြီး
ဘယ်လောက်တောင်မှ လှပတဲ့ အတိတ်တွေကို လက်လွတ်ဆုံးရှုံးခဲ့သလဲ..
လူ့ဘဝကို အတွေးမလွန်ဘဲ ပေါ့ပေါ့ပါးပါးနေပြီး
ပျော်ပျော်ရွှင်ရွှင် ခံစား ဖြတ်သန်းကြည့်ပါ )***

ပုံပြင် (၂ )

အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အင်မတန်မှ အောင်မြင်ကျော်ဇောသော သူဌေးသားတစ်ယောက်သည် သူ့အဖေကိုခေါ်ပြီး အင်မတန်မှ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာခေါ်သွားစားသည်။

ညစာစားနေတုန်း နာမည်ကြီး စန္ဒယားဆရာတစ်ယောက်က စင်ပေါ်တက်လာပြီး ဖျော်ဖြေတင်ဆက်လေသည်။

သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွားအမှတ်ရသည်။

အဖေ့ဘက်ကို လှည့်ပြီးပြောသည်

" ကျနော်သာ ငယ်ငယ်က စန္ဒယားကို ကောင်းကောင်းသင်ခဲ့ရင်
အခုစင်ပေါ်မှာ စန္ဒယားတီးနေတဲ့သူက သားဖြစ်နေမှာ"

"ဟုတ်တယ် သား.. " သူ့အဖေက ပြန်ဖြေတယ်..

" ဒါပေမယ့် အဲလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ သားဖြစ်ချင်မှဖြစ်နေမှာ "

***( တစ်ခါတစ်လေ ကျနော်တို့သည် လက်လွတ်သွားတဲ့ အခွင့်အရေးကို
တမြောတသဖြစ်ကာ သက်ပြင်းချမိနေတတ်ပြီး
မိမိရောက်ရှိနေတဲ့ နေရာရဲ့တန်ဖိုးကို သတိမထားမိတတ်ကြပေ။)***

ပုံပြင် (၃)

အမေနဲ့ သား ဈေးအတူတူသွားကြသည်။
ကုန်စုံဆိုင် ဆိုင်ရှင်က ကလေးလေးကိုတွေ့တာနဲ့
အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကိုနှိုက်ယူခိုင်းသည်။

ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။

အတန်တန်ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာ
သကြားလုံးကို တစ်ဆုပ်ယူပြီး အိပ်ကပ်ထဲထိုးထည့်ပေးလိုက်သည်။

ဈေးကပြန်လာတော့ အမေဖြစ်သူက သားကိုမေးသည်။

"သားသကြားလုံးကြိုက်တတ်မှန်းသိသားနဲ့ ဒီလောက်ယူခိုင်းနေတာသားရယ် ဘာဖြစ်လို့မယူရတာလဲ"

သားက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကိုပြန်ဖြေသည်..

"ဘာဖြစ်လို့လဲဆိုတော့ သားလက်ကပိုသေးတယ်..
ဆိုင်ရှင်လက်က ပိုကြီးတယ်လေ.
သူထည့်ပေးရင် ကျနော်ယူတာထက် ကျိန်းသေပိုများမှာသားသိလို့.."

***( ဒီကလေးဟာ သူ့ရဲ့ limit ကို သူနားလည်တယ်
ဒါ့အပြင် သူများက သူ့ထက်သာမှန်း ပိုပြီးနားလည်တယ်။
တစ်ခါတစ်လေ ကျနော်တို့သည် အရာရာကို မိမိအားနဲ့မမျှရင်
အခြားကိုယ့်ထက် အားသာတဲ့ သူအပေါ် အားကိုးသင့်ပါတယ်
ဒါဟာ အကျိုးပိုဖြစ်ထွန်းစေတဲ့ လူလည်ကျနည်းတစ်ခုပါ )***

ပုံပြင် (၄)

ကောင်ကလေးတစ်ယောက်ရဲ့
မွေးနေ့ ပါတီတစ်ခုမှာ အဘိုးဖြစ်သူက ကောင်လေးကို မေးသည်။

"မြေးလေးကြီးလာရင် ဘာဖြစ်ချင်သလဲ"

" ကျနော် လေယဉ်ပျံမောင်းတဲ့သူဖြစ်ချင်တယ်"

" ဒါဆို တစ်နေ့ ငါ့မြေးမောင်းတဲ့ လေယဉ်ပျံ ဆီကုန်သွားရင် ဘယ်လိုလုပ်မလဲ"

ကောင်လေးက တစ်ချက်စဉ်းစားတယ်။ ပြီးနောက်

"လေယဉ်ပေါ်က လူတွေအားလုံးကို ထိုင်ခုံ ခါးပတ်ပတ်ခိုင်းမယ်
ပြီးတော့ ကျနော် လေထီးနဲ့ အောက်ကို ခုန်ဆင်းမယ်"

တစ်ပါတီလုံးက လူတွေ သောက်သောက်လဲ ရယ်ကြလေသည်။

နောက် ကောင်လေးဖြစ်သူက
ငိုပြီး အကျယ်ကြီးအော်ပြောလိုက်သောအခါ အားလုံး အရယ်တိတ်ကုန်လေသည်။

"ကျနော် အောက်ခဏဆင်းပြီးဓာတ်ဆီသွားယူမယ်.. ပြီးရင် ပြန်လာခဲ့မယ်..
ကျိန်းသေကို ပြန်လာခဲ့မယ် ခင်ဗျားတို့စောင့်နေကြပါ"

***( သင် သူတပါးစကားနားထောင်နေတဲ့အချိန်မှာ
သူပြောချင်တဲ့ အဓိပါယ်ကို သင်သေချာသိရဲ့လား.. နားလည်သလား?
တကယ်လို့ နားမလည်သေးရင် သူ့ကိုဆုံးအောင်ပေးပြောလိုက်ပါ။
ဒါဟာ ယဉ်ကျေးမှု တစ်ခုပါ။
၁အချက် စကားကို တစ်ဝက်ပဲ နားမထောင်နဲ့
၂ အချက် ကိုယ့်ရဲ့အတွေးနဲ့ သူများရဲ့လျှာထိပ်ကို သွားမတွေးနဲ့)***

ပုံပြင် (၅)

နတ်မင်းကြီးက ကျနော့်ကို ခရုတစ်ကောင်ရဲ့ လက်ကိုဆွဲပြီး ခရီးထွက်ဖို့ တာဝန်ပေးသည်။

ကျနော် ဘယ်လောက် နှေးနှေးသွားသွား ခရု မလိုက်နိုင်ဘူး
အမြဲတမ်း နောက်မှာပဲ ကျန်နေတယ်..

ကျနော် ဆွဲတယ်.. တွန်းတယ်.. လောတယ်..
ခရုက ကျနော့်ကို မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကြည့်ပြီးပြောသည်
"သူများလည်းအတတ်နိုင်ဆုံးလျှောက်တာပဲလေ.." တဲ့

ကျနော် ခြောက်တယ်... ကန်တယ်... ဆောင့်တွန်းတယ်
ကျနော်ချွေးတွေထွက်လာတယ်.. ခရုလည်းဒဏ်ရာတွေရကုန်တယ်
ဒါပေမယ့် ထင်သလောက်ခရီးက မပေါက်ဘူ့း 

"နတ်မင်းကြီးရယ်.. ဘာဖြစ်လို့များ ကျနော့်ကို ခရုနဲ့တွဲလျှောက်ခိုင်းရတာလဲ"

ကောင်းကင်ကြီးက ငြိမ်သက်နေသည်။

ကောင်းပြီလေ.. အသင်နတ်မင်းကြီးတောင် ဂရုမစိုက်မှတော့ ကျနော်က ဘာကိစ္စလောတော့မှာလဲ

ဒါနဲ့ အရွဲ့တိုက်ပြီး ခရုနောက်က ပြန်လိုက်သည်။ ဒေါသထွက်ထွက်နဲ့ပေါ့။

အလို... ကျနော် ပန်းရနံ့ သိမ့်သိမ့်လေးရှုမိတယ်။
အော်.. လတ်စသတ်တော့ ငါ ပန်းခြံထဲရောက်နေပါကော..

ကျနော် လေရူးလေးတစ်ချက် ကျီစယ်သွားတာ ခံစားမိလိုက်တယ်..
လတ်စသတ်တော့ ညချမ်းအေးရဲ့ လေရူးလေးက ဒီလောက်တောင် ညင်သာ တာကိုး..

ခဏလေး..
ကျနော် ငှက်တွေတေးဆိုနေတဲ့အသံကြားမိသလိုပဲ
ပုရစ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အသံနဲ့ ကျီစယ်နေကြတယ်...

ဝှား... ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ...လှလိုက်တာ...

ဟမ်..

အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာပါလိမ့်

***( အော်.. ကျနော်သိပြီ
ကျနော် မှားခဲ့တယ်..
နတ်မင်းကြီးက ကျနော်ကို ခရုနဲ့
လမ်းတူတူလျှောက်ခိုင်းတာပဲေ
...
သင်ကော... သင့်ခရုလေးကို ရှာတွေ့ပြီးပြီလား
တစ်ခါတစ်လေ စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြည့်ပါ
ဘဝရဲ့ ခြေလှမ်း အလှမ်းတိုင်း အလှမ်းတိုင်းကို ဖြေးဖြေးချင်းပျော်ရွှင် ခံစားရင်းပေါ့

ပျော်ရွှင်မှုကို မသိမသာနဲ့ သတ်တဲ့ စကား၅ခွန်းရှိတယ်..
ငါ သာ... ဖြစ်လာရင် တဲ့
အဝေးကြီးကို တွေးတဲ့ အတွေးမျိုးပေါ့

ငါသာ တစ်နေ့ သူဌေးကြီးဖြစ်လာရင်
ငါသာ ကားရှိလာရင်...
တကယ်လို့ သင်အခုချိန်ကို မပျော်ပိုက်ဘူးဆိုရင်
ပိုက်ဆံ ဘယ်လောက်ရှာနိုင် ရှာနိုင် မပျော်ဘူးလို့
ကျနော် အာမခံတယ်
တစ်ရာရှိရင် နှစ်ရာရှာချင်တယ်ဆိုတာ အတောမသတ်နိုင်တဲ့
လူ့ရဲ့ လောဘစိတ်ပါ။
သင်မပျော်ဘူးဆိုရင် သင့် အိမ်ထောင်ဖက်လည်းမပျော်တော့ဘူး
သင့်အိမ်သူအိမ်သားလည်းမပျော်တော့ဘူး။
တကယ်လို့ သင်အခုထိ ဘဝကို ဘယ်လိုခံစားရမလဲ မသိရင်
နောက်လည်း လူ့ဘဝကို ဘယ်လိုခံစားရမလဲ သိမှာမဟုတ်ဘူး

ကောင်လေးနဲ့ကောင်မလေး မသေချာတဲ့ deadline တစ်ခု လုပ်ထားတယ်ဆိုပါစို့။

ဥပမာ- ငါ အသက် ၂၅ပြည့်ရင် လက်ထပ်မယ်
၂၆ မှာ ကလေးတစ်ယောက်မွေးမယ်
၃၀ မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိမယ်
၃၁ မှာ အိမ်တစ်လုံးပိုင်မယ်
ဆိုပြီး အကြမ်းဖျင်းချထားတယ်

ကျနော်တို့ တစ်ခါတစ်လေ လက်ထပ်လိုက်ရင်ပြီးပြီ
ဘာပြသနာမှ မရှိတော့ဘူးလို့ တွေးတောမိဘူးလိမ့်မည်။
အဲလိုဆို မြန်မြန် လက်ထပ်၊ ကလေးတစ်ယောက်ပြီး တစ်ယောက်မွေးကြည့်ပေါ့
တကယ်မှာ ပြသနာက မငြိမ်းသွားတဲ့အပြင်ပိုပိုကြီးလာမှာပါ

ဒါ့ကြောင့် သင့်မှာ အနာဂတ်ရည်မှန်းချက်ဆိုတာရှိသင့်ပေမယ့်
လေထဲတိုက်အိမ်ဆောက်တဲ့ အတွေးမျိုးထားမယ့်အစား
သင်အခုလုပ်သင့်တဲ့ အရာများကို လုပ်ကြည့်ပါ။
လူ့ဖြစ်ရတာ အသက်ရှုရ ချောင်မယ့်အပြင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆိုတာ သင် ခံစားရမှာပါ

တစ်ခါတစ်လေ ခရုအနောက်က လိုက်ရင်း ဘေးကရှုခင်းတွေကို ပျော်ရွှင်စွာ ခံစားကြည့်ပါ။
မနက်ဖြန်ဟာ အရေးကြီးပေမယ့် ဒီနေ့မှာ အသက်ရှင်ပါ။
Credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။