🎈 ခွန်အား စာစု
========================== ======
ဘဝမှာ
မသက်ဆိုင်ပါဘူးဆိုပြီး
စွန့်ပစ်ခဲ့တဲ့အရာတွေက
အရေးကြုံချိန်မှာ
လိုအပ်လာတတ်တယ်
ကိုယ့်ကို လာချစ်တဲ့သူကို
ပြန်မချစ်နိုင်ရင်တောင်
မုန်းဖို့ ဘယ်တော့မှ မစဉ်းစားမိစေနဲ့
ဘဝဆိုတာ...
အမုန်းတရားတွေနဲ့ အထာမကျဘူး
အများအမြင်မှာ အမှန်တရားဆိုတာ
ခါးနေတတ်တယ် ဒါပေမယ့်
ခါးနေတဲ့ ဆေးတစ်ခွက်ကို မသောက်ဖြစ်ရင်
ရောဂါဆိုတာ ဘယ်ပျောက်ဖြစ်မလဲ
ကိုယ်မမှားဖို့ပဲ အရေးကြီးတယ်လေ
လူဆိုတာ...
အမြဲတမ်း မမှန်နိုင်ပေမယ့်
မှားခြင်းသဘောတွေနဲ့လည်း
နေသားကျဖို့မသင့်ဘူး
အမှန်တရားအတွက်နဲ့လည်း
တွန်းလှန်နိုင်ရမယ်
အမှားတွေအတွက်လည်း
ဝန်ခံရဲရမယ်
ဘဝရှိလာရင် အချစ်ရှိမယ်
အဲဒီအချစ်က ဘဝကို
အနိုင်မယူစေနဲ့
ဘဝလမ်းဟာ ကြမ်းမှာပဲ
မလျှောက်လှမ်းရင်တော့
နောင်တတွေနဲ့ ကျန်ခဲ့မှာပဲ
အရေးကြီးတာက
ကိုယ့်လျှောက်သော လမ်းဟာ
မှန်ကန်သောလမ်းဖြစ်နေ ဖို့ပဲလိုတယ်
အဆင်မပြေလို့လည်း အားမငယ်နဲ့
ငါးဆိုတာ ရေမကြောက်သလို
လူဆိုတာလည်း ဆင်းရဲမှာကိုမကြောက်နဲ့
အခြားသူတွေလို့ မပျော်နိုင်တဲ့အခါ
အခြားသူတွေလို အဆင်မပြေတဲ့အခါ
တနေ့တော့ အဆင်ပြေမှာပါဆိုတဲ့ အတွေးနဲ့
စိတ်ဓာတ်အပြည့် ခွန်အားအပြည့်နဲ့
ဘဝကို လျှောက်ကြည့်လိုက်ပါ
လောကမှာ အဆင်မပြေတာ
ကိုယ်တစ်ယောက်ထဲမှမဟုတ် ပဲ
ချစ်တဲ့စိတ် တစ်ခုအတွက်နဲ့လည်း
အမှန်တရားတွေမပျောက်စေ နဲ့
မုန်းတဲ့စိတ် တစ်ခုအတွက်နဲ့လည်း
အမှားတွေနဲ့ မရောနှောစေနဲ့
ရှင်သန်ရချိန်အခိုက်တန့် မှာ
ဘဝကို အကောင်းဆုံးဖြတ်ကျော်လိုက်ပါ
မေတ္တာဖြင့်
အရှင်ဝိသုတ(မြင်းမူ)
==========================
ဘဝမှာ
မသက်ဆိုင်ပါဘူးဆိုပြီး
စွန့်ပစ်ခဲ့တဲ့အရာတွေက
အရေးကြုံချိန်မှာ
လိုအပ်လာတတ်တယ်
ကိုယ့်ကို လာချစ်တဲ့သူကို
ပြန်မချစ်နိုင်ရင်တောင
မုန်းဖို့ ဘယ်တော့မှ မစဉ်းစားမိစေနဲ့
ဘဝဆိုတာ...
အမုန်းတရားတွေနဲ့ အထာမကျဘူး
အများအမြင်မှာ အမှန်တရားဆိုတာ
ခါးနေတတ်တယ် ဒါပေမယ့်
ခါးနေတဲ့ ဆေးတစ်ခွက်ကို မသောက်ဖြစ်ရင်
ရောဂါဆိုတာ ဘယ်ပျောက်ဖြစ်မလဲ
ကိုယ်မမှားဖို့ပဲ အရေးကြီးတယ်လေ
လူဆိုတာ...
အမြဲတမ်း မမှန်နိုင်ပေမယ့်
မှားခြင်းသဘောတွေနဲ့လည်
နေသားကျဖို့မသင့်ဘူး
အမှန်တရားအတွက်နဲ့လည်း
တွန်းလှန်နိုင်ရမယ်
အမှားတွေအတွက်လည်း
ဝန်ခံရဲရမယ်
ဘဝရှိလာရင် အချစ်ရှိမယ်
အဲဒီအချစ်က ဘဝကို
အနိုင်မယူစေနဲ့
ဘဝလမ်းဟာ ကြမ်းမှာပဲ
မလျှောက်လှမ်းရင်တော့
နောင်တတွေနဲ့ ကျန်ခဲ့မှာပဲ
အရေးကြီးတာက
ကိုယ့်လျှောက်သော လမ်းဟာ
မှန်ကန်သောလမ်းဖြစ်နေ
အဆင်မပြေလို့လည်း အားမငယ်နဲ့
ငါးဆိုတာ ရေမကြောက်သလို
လူဆိုတာလည်း ဆင်းရဲမှာကိုမကြောက်နဲ့
အခြားသူတွေလို့ မပျော်နိုင်တဲ့အခါ
အခြားသူတွေလို အဆင်မပြေတဲ့အခါ
တနေ့တော့ အဆင်ပြေမှာပါဆိုတဲ့ အတွေးနဲ့
စိတ်ဓာတ်အပြည့် ခွန်အားအပြည့်နဲ့
ဘဝကို လျှောက်ကြည့်လိုက်ပါ
လောကမှာ အဆင်မပြေတာ
ကိုယ်တစ်ယောက်ထဲမှမဟုတ်
ချစ်တဲ့စိတ် တစ်ခုအတွက်နဲ့လည်း
အမှန်တရားတွေမပျောက်စေ
မုန်းတဲ့စိတ် တစ်ခုအတွက်နဲ့လည်း
အမှားတွေနဲ့ မရောနှောစေနဲ့
ရှင်သန်ရချိန်အခိုက်တန်
ဘဝကို အကောင်းဆုံးဖြတ်ကျော်လ
မေတ္တာဖြင့်
အရှင်ဝိသုတ(မြင်းမူ)
#9PlusMyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။