ယုံကြည်ချက်အတွက်ခိုင်မာတဲ့အစီစဉ်ချပါ
==========================
ဒီစာကိုမရေးခင် စာရေးသူအနေနဲ့ ၀န်ခံရမည်မှာ စာရေးသူ၏အမ၀မ်းကွဲ ပေးပို့ပေးသော စာရေးဆရာBurke Hedges ရေသားပြီးအရောင်းရဆုံးစာအုပ်ဖြစ်တဲ့ The Parable of the Pipeline မှ Pablo and Bruno သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံပြင်ဇာတ်လမ်းလေးကိုကိုးကားပြီးရေးသားပေးတာဖြစ်ပါတယ်
လူတိုင်းလူတိုင်မှာအိမ်မက်တွေကိုယ်စီရှိကြတယ် အချို့ ကတော့ အိမ်မက်တွေလက်တွေ့ဖြစ်လာပြီး အချို့ကတော့အိမ်မက်ကိုတကယ့်တမ်းအကောင်အထည်မဖော်နိုင်ကြပဲအလုပ်အတွက်ပဲအသက်ရှင်ပြီးအလုပ်နဲ့ပဲဘ၀တွေပြီးဆုံးသွားတာဖြစ်ပါတယ် ဒီပုံပြင်လေးကစာဖတ်သူတို့အတွက် စိတ်ခွန်အားအလင်းလေးရပါစေလို့မျှော်လင့်၍ရေးသားပေးတာဖြစ်ပါတယ် စာပါအကြောင်းအရာများအားနည်းချက်ရှိပါကစာရေးသူရဲ့အားနည်းချက်သာဖြစ်ကြောင်းဝန်ခံပါရစေ…
ပညာပေးပုံပြင်ကစပါပြီ
တစ်ခါက တောင်ကုန်းပေါ်က ရွာလေးတစ်ရွာမှာ ပါပလို နဲ့ ဘရူနို ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ် နှစ်ယောက်စလုံးမှာကြီးပွားအောင်မြင်ချင်တဲ့အိမ်မက်တွေရှိကြပြီး သူတို့အချင်းချင်းငါတို့အောင်မြင်အောင် ငွေတွေရအောင်ဘယ်လိုလုပ်ကြမလဲအမြဲတိုင်ပင်ကြတယ်
တစ်နေ့မှာ စီးပွားရေးနဲ့ပတ်သပ်ပြီးပညာရှင်တစ်ယောက်ရောက်လာပါတယ် ဒါကြောင့်သူတို့နှစ်ဦးလည်း မဆိုင်းမတွ ပညာရှိထံသွားရောက်တိုင်ပင်ကြတာပေါ့ ကျန်တော့်တို့ငွေတွေရဖို့ ဘယ်လိုလုပ်ရမလဲပေါ့
ပညာရှိကြီးကလဲ ကြိုးစားချင်စိတ်ရှိတဲ့လူငယ်တွေဖြစ်တာကြောင့် တန်ဖိုးရှိတဲ့စကားလေးတစ်ခွန်းပြောပြခဲ့တယ်
“လူတွေရဲ့လိုအပ်ချက် (သို့) သက်တောင့်သက်သာဖြစ်စေသော ၀န်ဆောင်မှုကို ရောင်းပါ”ဟူ၍ဖြစ်သည်။
သူငယ်ချင်းနှစ်ယောက်ခေါင်းချင်းဆိုင်ကြလေပြီ ဒီရွာကလူတွေရဲ့အဓိကလိုအပ်ချက်က ဘာလဲ
နောက်ဆုံးမှာအဖြေတစ်ခုထွက်လာပါတယ်
ရေ ပါ ရွာမှာရေရှားပါတယ် သူတို့ရေကိုဘယ်ကရနိုင်မလဲ ဆက်စဉ်းစားပါတယ်
သူတို့ရွှာတောင်ကုန်းရဲ့ တစ်ဖက် တောင်ကုန်းတစ်ခုမှာ ရေကန်ကြီးတစ်ကန်ရှိပါတယ်
ဒါကြောင့်ချက်ချင်းဆိုသလိုဆုံးဖြတ်ချက်ချလိုက်ပါတယ် သူတို့ရေရောင်းဖို့ပါ
ဒါကြောင့်ပဲသူတို့နှစ်ယောက်တက်ညီလက်ညီပဲ မနက်စောစောထတယ် ရွာရဲ့ ဟိုဘက်တောင်ကုန်းကိုသွားတယ် ရေပုံးတစ်ယောက် နှစ်ပုံးစီ ကိုင်ပြီးရေခပ်ကြပါတယ် တစ်နေကုန်အောင်ရေခပ်ကြတယ် ပြီးတော့ရွာမှာရောင်းချပါတယ် စစချင်းမှာပဲ သူတို့တစ်အားရောင်းရပါတယ် ငွေစတွေလည်းအတော်အသင့်ရကြပါတယ် ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက် ရေသယ်လိုက်ရောင်းရလိုက်နဲ့အတော်အသင့်အဆင်ပြေကြတာပေါ့
တစ်နေ့မှာ ပါပလိုက သူ့အိမ်မက်သူဖြစ်ချင်တာကိုပြန်တွေးကြည့်တယ် ငါလိုချင်တာ အိမ်ကြီးတစ်အိမ်နဲ့ နွားတစ်ကောင် ရဖို့ဖြစ်တယ် ဒီလိုရေပုံးသေးသေးလေးနဲ့သယ်နေတာ ငါအိမ်မက်ကို မြန်မြန်ဖြစ်မှာမဟုတ်ဘူး ငါ့အိမ်မက်မြန်မြန်ဖြစ်စေဖို့ဒီထက်ကြီးတဲ့ရေပုံးနဲ့နောက်နေ့ရောက်ရင်သယ်မယ်လို့ဆုံးဖြတ်လိုက်တယ်
ဒီလိုပဲသူငယ်ချင်း ဘရူနိုကလည်းတွေးတယ်ငါ့အိမ်မက်တွေမြန်မြန်ဖြစ်ဖို့ဒီလိုသယ်နေရုံနဲ့အဆင်ပြေမှာမဟုတ်ဘူး ရေများများသယ်နိုင်အောင် တစ်ခုကြံမှလို့တွေးရင်းသူအကြံတစ်ခုရခဲ့တယ် အကြံက ရွာတောင်ကုန်းနဲ့ရေရှိတဲ့တောင်ကုန်းနဲ့ ပိုက်လိုင်းဆင်ဖို့ပဲဖြစ်ပါတယ် ဒါကြောင့်သူ့Plan ကိုသေချာချပါတယ်
နောက်နေ့မနက်စောစောသူငယ်ချင်းချင်းတွေကြတော့ ပါပလို ကဘရူနိုကို အရင်ပြောတယ် ငါတို့ငွေများများရဖို့ ရေပုံးကြီးကြီးနဲ့သယ်ကြရအောင်တဲ့ အဲဒီမှာပဲ ဘရူနိုကပြောပြတယ်ငါတို့ရေပုံးကြီးကြီးနဲ့သယ်စရာမလိုဘူး ငါတို့ရွာတောင်ကုန်းနဲ့ ရေကန်ရှိတဲ့တောင်ကုန်းကိုပိုက်လိုင်းဆင်ရအောင်ဆိုပြီး သူ့ရဲ့Planကိုချပြတယ် ပါပလိုက ငြင်းပါတယ် မဖြစ်နိုင်တဲ့အရာကိုမလုပ်ချင်ပါနဲ့သူငယ်ချင်း ဘရူနိုရာ ရေပုံးကြီးကြီးနဲ့မြန်မြန်သယ်မြန်မြန်ပိုက်ဆံရနေပြီပဲ
အလုပ်ရှုပ်တာတွေမလုပ်ပါနဲ့ဆိုပြီးပြောပါတယ်
အဲဒီမှာပဲသူငယ်ချင်းနှစ်ယောက် ပန်းတိုင်ချင်းမတူပဲစိတ်မကောင်းစွာဖြင့်လမ်းခွဲလိုက်ကြတယ်
ပါပလိုကတော့အလုပ်ကိုကြိုးစာတယ် ရေပုံးကိုကြီးသတဲ့ကြီးအောင်ပြုလုပ်ပြီးရေတွေအများကြီးသယ်ကာ ငွေကြေးအမြောက်အမြားစုမိခဲ့တယ်
ဒါပင်မယ့်ဘရူနိုကကတော့သာမန်ရေပုံးကလေးနဲ့ပဲအခေါက်ရေနည်းနည်းပဲသယ်နိုင်ခဲ့တယ်ဘာလို့လဲဆိုတော့သူက တစ်ခေါက်ရေကန်ရှိရာတောင်ကုန်းသို့သွားတိုင် သူပိုက်လိုင်းဆင်ဖို့ပစ္စည်းတွေလိုအပ်မယ့်အရာတွေသယ်သယ်သွားလို့ပါပဲ သူ့ကိုလည်းတစ်ရွာလုံးက အရေးမပါတာလုပ်နေတယ် အလုပ်မကြိုးစားဘူး မောင်ပိုက်လိုင်းဆိုပြီးတောင် လောင်ပြောင်ကြသတဲ့
ဒါပင်မယ့်သူ့ရဲ့ Project ကြီးကိုပဲသူအာရုံစိုက်နေခဲ့တယ်
၃လကြာသောအခါ…
ပါပလိုကတော့ သူ့ရဲအိမ်မက်ကိုသူအကောင်အထည်ဖော်နိုင်ခဲ့ပါပြီ သူလိုချင်တဲ့ အိမ်တစ်လုံး နဲ့ နွားတစ်ကောင်ဝယ်နိုင်ပါပြီ ပုံပြင်ထဲမှာတော့ ဘီယာသောက်တာတွေဘာတွေပါပါတယ် ဒီမှာတော့ရှည်လို့မပြောတော့ပါဘူး
ဘရူနိုကတော့ ပါပလို လို ငွေကြေးမစုမိပါဘူးဘာလို့လဲဆိုတော့ သူရဲ့Projectမှာငွေတွေနစ်မြုပ်ထားလို့ပါ ဒါပင်မယ့်သူ့Project ကတော့အတော်အသင့်ပြီးနေပါပြီ
နောက်ထပ်၂လကြာသောအခါ
ပါပလိုဟာ ငွေကြေးစုမိပင်မယ့်သူ့လုပ်ငန်းအမြဲတစေလည်ပတ်ဖို့အတွက် မရပ်မနားပဲ ရေသယ်နေရတာပေါ့
တစ်နေ့မှာရေသယ်ရင်းတောင်ကုန်းပေါ်ကပြုတ်ကျခဲ့ပါတယ် ခြေထောက်နဲ့ လက်တစ်ဖက်ကျိုးသွားပါတယ်
ဒါကြောင့်သူ့လုပ်ငန်းကိုခဏရပ်ထားပြီး ငွေမရှာနိုင်ဖြစ်နေတော့တာပေါ့
ဒါပင်မယ့်
ဘရူနိုရဲ့ ရေပိုက်လိုင်း Project ကြီးကတော့ပြီဆုံးသွားပါပြီ ရွာရဲတစ်ဖက်တောင်ကုန်းပေါ်ကရေကိုသူ့ရွာအတွက်ပိုက်လိုင်းကနေယူပြီးဖြန့်ဝေနေပါပြီ ရက်စဉ်ကြေး လစဉ်ကြေးနှစ်မျိုးရပြီး လူလည်းပင်ပန်းသက်သာပြီး ငွေလည်းတော်တော်များများစုမိလာတယ်
ဘရူနိုရဲ့ဝင်ငွေဟာ ပါပလို ရေပုံးကြီးကြီးနဲ့သယ်တာထက်ပိုမိုမျာပြားပြီး လူအများရဲ့ သူရဲကောင်းလို့လဲသတ်မှတ်ခြင်းခံခဲ့ရတယ် အစိုးရကလည်းဆုတော်လတ်တော်များပေးအပ်ပြီး နာမည်ကြီးစာရင်းဝင်ဖြစ်လာခဲ့တယ် အခြားဆုတွေရောပေါ့ နောက်ပြီးသူငယ်ချင်း ပါပလို လမ်းမလျှောက်နိုင်သောကြောင့်သူ့လုပ်ငန်းမှာ စားရင်းကိုင်အဖြစ်ခန့်အပ်ပေးခဲ့ပါတယ်
ပုံပြင်ကအဲ့ဒီမှာဆုံးပါတယ်
အချို့တွေကပြောကြပါလိမ့်မယ် ရေပိုက်လိုင်းလုပ်ရင်အစိုးရကအခွန်မကောက်ဘူးလားတို့ တစ်ယောက်ထဲလုပ်လို့မဖြစ်နိုင်ပါဘူးလို့ပြောကြပါလိမ့်မယ် ဒါကိုစာရေးသူတို့ကစာရဲ့အနှစ်ချုပ်ကိုမထုတ်နိုင်တဲ့လူတွေလိုပြောလို့ရပါတယ်
ပုံပြင်ရဲ့အနှစ်ချုပ်ကို စာဖတ်သူတို့ကိုယ်တိုင် ဖွင့်ဟပြီး အကောင်းဆုံးဆိုသော အနှစ်ချုပ်ကို သက်ဆိုင်ရာလုပ်ငန်းအတွက်သုံးနိုင်ပါတယ်
စာရေးသူတိုကစဉ်းစားကြည့်ရအောင်
အမေရိကန်မှာ အစိုးရစာတိုက်ပုံးတွေထက် Services ကောင်းတဲ့စာပို့တဲ့လုပ်ငန်းတစ်ခု ပေါ်ထွန်းခဲ့တယ် ကျန်တော်တို့Email တွေ Social Media တွေမပေါ်ထွန်းခင်အခါကပေါ့ တအားကိုနာမည်ကြီးပြီး ရင်းနှီးမြုပ်နှံသူတွေအများအပြားစိတ်ဝင်စားတဲ့လုပ်ငန်းတစ်ခုပေါ့ အောင်မြင်ခဲ့ပါတယ်
ထိုအချိန်က ကျန်တော်လို့Email လိုမျိုး Social Media လိုမျိုးတီထွင်နိုင်တဲ့လူငယ်တွေ တစ်ယောက်စနှစ်ယောက်စ ပေါ်ထွန်းလာတယ် သို့ပင်မယ့် ရင်းနှီးမြုပ်နှံသူတွေ တစ်ဦးတစ်ယောက်မှစိတ်မ၀င်စားခဲ့ပါဘူး
နောက်ဆုံးတော့ Email တွေ Gmail တွေ Social Media တွေပေါ်ထွန်းလာပြီး ထိုစာပို့တဲ့လုပ်ငန်းဟာကျဆုံးခဲ့ပါတယ် အခုဆိုရင် Facebook ပိုင်ရှင် ဇူကာဘတ်ဟာလည်း ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်နေပါပြီ
လူငယ်တွေကိုပြောချင်တာက မိမိကိုယ်ကိုယ်ယုံကြည်ချက်ရှိစွာဖြင့်ကြိုးစားပါ နောက်ပြန်မလှည့်တတ်တဲ့စိတ်နဲ့ပေါ့ Project တော့ခိုင်မာစွာတည်ရှိပါစေ
လူကြီးရင်းနှီးမြုပ်နှံသူတွေကိုပြောချင်တာက လူငယ်တွေကိုယုံကြည်ပါ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့အနာဂါတ်ကိုတွေးဆပြီးဖေးမပေးပါလို့ပါ ကျန်တော်အတွေးတွေပြောင်းလဲဖို့အချိန်တန်ပါပြီ
ဒီတစ်ခုနာမည်ကြီးတယ် နာမည်ကြီးတဲ့အလုပ်နောက်လိုက်လုပ်နေလို့အသစ်တွေကကြာနေမှာပေါ့
လူတိုင်းရဲ့ဘ၀တွေအောင်မြင်ဖို့ပိုက်လိုင်းကြီးဆင်လိုက်ကြရအောင်ဗျာ
မြန်မာပြည်ကြီးတိုးတက်ပါစေ
စေတနာအရင်းခံဖြင့်
ရဲမင်းဖြိုး
B2blink.com.mm
လေးစားစွာဖြင့်...
MYO MIN OO
ကနက်သီရိ
==========================
ဒီစာကိုမရေးခင် စာရေးသူအနေနဲ့ ၀န်ခံရမည်မှာ စာရေးသူ၏အမ၀မ်းကွဲ ပေးပို့ပေးသော စာရေးဆရာBurke Hedges ရေသားပြီးအရောင်းရဆုံးစာအုပ
လူတိုင်းလူတိုင်မှာအိမ်မက်ေ
ပညာပေးပုံပြင်ကစပါပြီ
တစ်ခါက တောင်ကုန်းပေါ်က ရွာလေးတစ်ရွာမှာ ပါပလို နဲ့ ဘရူနို ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရ
တစ်နေ့မှာ စီးပွားရေးနဲ့ပတ်သပ်ပြီးပညာ
ပညာရှိကြီးကလဲ ကြိုးစားချင်စိတ်ရှိတဲ့လူငယ
“လူတွေရဲ့လိုအပ်ချက် (သို့) သက်တောင့်သက်သာဖြစ်စေသော ၀န်ဆောင်မှုကို ရောင်းပါ”ဟူ၍ဖြစ်သည်။
သူငယ်ချင်းနှစ်ယောက်ခေါင်းခ
နောက်ဆုံးမှာအဖြေတစ်ခုထွက်လ
ဒါကြောင့်ချက်ချင်းဆိုသလိုဆ
ဒါကြောင့်ပဲသူတို့နှစ်ယောက်
တစ်နေ့မှာ ပါပလိုက သူ့အိမ်မက်သူဖြစ်ချင်တာကြို
ဒီလိုပဲသူငယ်ချင်း ဘရူနိုကလည်းတွေးတယ်ငါ့အိမ်မ
နောက်နေ့မနက်စောစောသူငယ်ချင
အလုပ်ရှုပ်တာတွေမလုပ်ပါနဲ့ဆ
အဲဒီမှာပဲသူငယ်ချင်းနှစ်ယော
ပါပလိုကတော့အလုပ်ကိုကြိုးစာ
ဒါပင်မယ့်ဘရူနိုကကတော့သာမန်
ဒါပင်မယ့်သူ့ရဲ့ Project ကြီးကိုပဲသူအာရုံစိုက်နေခဲ့
၃လကြာသောအခါ…
ပါပလိုကတော့ သူ့ရဲအိမ်မက်ကိုသူအကောင်အထည
ဘရူနိုကတော့ ပါပလို လို ငွေကြေးမစုမိပါဘူးဘာလို့လဲဆ
နောက်ထပ်၂လကြာသောအခါ
ပါပလိုဟာ ငွေကြေးစုမိပင်မယ့်သူ့လုပ်င
တစ်နေ့မှာရေသယ်ရင်းတောင်ကုန
ဒါကြောင့်သူ့လုပ်ငန်းကိုခဏရ
ဒါပင်မယ့်
ဘရူနိုရဲ့ ရေပိုက်လိုင်း Project ကြီးကတော့ပြီဆုံးသွားပါပြီ ရွာရဲတစ်ဖက်တောင်ကုန်းပေါ်ကေ
ဘရူနိုရဲ့ဝင်ငွေဟာ ပါပလို ရေပုံးကြီးကြီးနဲ့သယ်တာထက်ပ
ပုံပြင်ကအဲ့ဒီမှာဆုံးပါတယ်
အချို့တွေကပြောကြပါလိမ့်မယ်
ပုံပြင်ရဲ့အနှစ်ချုပ်ကို စာဖတ်သူတို့ကိုယ်တိုင် ဖွင့်ဟပြီး အကောင်းဆုံးဆိုသော အနှစ်ချုပ်ကို သက်ဆိုင်ရာလုပ်ငန်းအတွက်သုံ
စာရေးသူတိုကစဉ်းစားကြည့်ရအေ
အမေရိကန်မှာ အစိုးရစာတိုက်ပုံးတွေထက် Services ကောင်းတဲ့စာပို့တဲ့လုပ်ငန်း
ထိုအချိန်က ကျန်တော်လို့Email လိုမျိုး Social Media လိုမျိုးတီထွင်နိုင်တဲ့လူငယ
နောက်ဆုံးတော့ Email တွေ Gmail တွေ Social Media တွေပေါ်ထွန်းလာပြီး ထိုစာပို့တဲ့လုပ်ငန်းဟာကျဆံ
လူငယ်တွေကိုပြောချင်တာက မိမိကိုယ်ကိုယ်ယုံကြည်ချက်ရ
လူကြီးရင်းနှီးမြုပ်နှံသူတေ
ဒီတစ်ခုနာမည်ကြီးတယ် နာမည်ကြီးတဲ့အလုပ်နောက်လိုက
လူတိုင်းရဲ့ဘ၀တွေအောင်မြင်ဖ
မြန်မာပြည်ကြီးတိုးတက်ပါစေ
စေတနာအရင်းခံဖြင့်
ရဲမင်းဖြိုး
B2blink.com.mm
လေးစားစွာဖြင့်...
MYO MIN OO
ကနက်သီရိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။