"အောင်မြင်မှု ဆိုတာ ကြောင်တကောင်လို နေထိုင်ခြင်းပင်"
ကြောင်တွေဟာ သိပ်ချစ်ဖို့ကောင်းတဲ့ အကောင်လေးတွေပါ။ ဒီ့အပြင် သူတို့ရဲ့ Attitude တွေဆီကနေလည်း ကျွန်တော်တို့ လူသားတွေအနေနဲ့ ပြန်လည် သင်ယူစရာတွေ အများကြီးရှိပါတယ်။ ကြောင်တွေဟာ စိတ်ညစ်တတ်ပင်မယ့် ညီးတွားနေတာမျိုး မတွေ့မိတာတော့ အမှန်ပါပဲ။
သူတို့ဟာ အမြဲလိုလို တခုမဟုတ် တခုကို ကြံဖန်လုပ်နေတတ်ကြပါတယ်။ မှန်ပါတယ်။ တခါတလေ အအိပ်ကြီးကြပေမယ့် အားလပ်နေတာမျိုး မရှိကြပါဘူး။ ဆိုတော့ အောင်မြင်သူတွေနဲ့ ကြောင်တွေရဲ့ ကြားက တူညီမှုလေးတွေကို ကြည့်လိုက်ကြရအောင်လား။
၁။ ကြွက်ကိုဖမ်းလို့ မမိတဲ့ ကြောင်တွေဟာ သစ်ရွက်ဟောင်းတခုကို ဦးတည်ပြေးဖမ်း သယောင်ဆောင်တတ်ကြတယ်
သူတို့ ဘယ်လို အခြေနေမှာပဲဖြစ်ဖြစ် ကမူးရှူးထိုး မဖြစ်သွားတတ်ကြဘူး။ အကယ်လို့ သင်သူတို့ကို အသေသတ်ဖို့ကြံမယ်ဆိုရင်တော့
တမျိုးပေါ့။ ကြောင်တွေဟာ နေ့တိုင်းကို ပျော်ပျော်နေတယ် ၊
ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်တွေသဖွယ် ပြုမူတယ်။ ဘ၀ဆိုတာ တခုခုကို လုပ်နေတာ
တမျိုးထဲမဟုတ်ပဲ ကိုယ်အထာနဲ့ကိုယ် ရှိနေခြင်းပါလား ဆိုတာကိုလည်း
သူတို့နားလည်ကြတယ်။
လူအများစုဟာ ရှုံးနိမ့်သွားတာနဲ့ ပြာပြာသလဲလဲ ဖြစ်သွားတတ်ကြပြီး စိတ်ဓာတ်တွေပါ ကျဆင်းသွားတတ်ကြပါတယ်။ အောင်မြင်နေတဲ့ သူတွေကတော့ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ထိုအရှုံးတွေကို အကောင်းမွန်ဆုံး တုံပြန်ခြင်းဖြင့် သူတို့၏ ကြီးကျယ်မှုကို ပြသတတ်ကြပါတယ်။
စတိဂျော့ဟာ သူ့မိဘတွေရဲ့ ကားဂိုဒေါင်မှ စတင်ခဲ့ကာ ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိတဲ့ Apple Company ကို စတင်နိုင်ခဲ့ပါတယ်။ နောက်သူ့ကို အုပ်ချုပ်ရေးအဖွဲ့ထဲမှ ကန်ထုတ်လိုက်ပြီး အခြားလူတွေမှ Apple ကိုဦးဆောင်သွားတဲ့အခါ စတိဂျော့သည် ထိုကြီးမားသော ဖိအားများနှင့် ရုံးကန်ရင်း NeXT Company နှင့် Pixar Company တို့ကို တည်ထောင်ပြခဲ့သည်။ များမကြာမီတွင် Apple ၏ CEO နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။
၂။ ရှေးယခင်ခေတ်များတုန်းက ကြောင်တွေဟာ ဘုရားသခင်တွေအဖြစ် ကိုးကွယ်ခြင်းခံခဲရတယ်.. ဒါကို သူတို့မမေ့သေးဘူး
ကြောင်တွေဟာ အမြဲတစေလိုလို မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အနေအထားတခုမှာ နေတတ်ကြတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အမြဲအသင့်ရှိနေတတ်တယ်။ သောက်ကြီး သောက်ကျယ် အထာမျိုးလုံးဝမဟုတ်ဘူး။ အထာကျကျနဲ့ ယုံကြည်မှုရှိတာ။
ကြောင်တွေလိုပဲ… အောင်မြင်တဲ့သူတွေဟာလည်း ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး ဘ၀ကို ယုံကြည်မှုရှိရှိနဲ့ နေထိုင်တတ်ကြတယ်။
သင်ဘယ်လောက် ကြိုးစားရုံးကန်နေရသလဲကို ဘယ်ကောင်ကမှ သောက်ဂရုမစိုက်ပါဘူး။ သင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရလဒ်တွေကိုသာ အလေးပေးချင်ကြတာပါ။ မဟာဖန်တီးရှင်လို ပုဂ္ဂိုလ်တွေဟာ ဘ၀ဆိုတာ သင်္ဘောကြီးလိုက်စီးနေရတယ်လို့ မမြင်ကြပါဘူး။ သူတို့ရဲ့ ဘ၀လမ်းကြောင်းကို သူတို့ကိုယ်တိုင်သာ ကပ္ပတိန်အဖြစ်နဲ့ ဦးဆောင်ကြသူတွေပါ။
၃။ မှောင်တာနဲ့ ကြောင်တိုင်းဟာ ကျားသစ်တွေဖြစ်သွားကြတယ်
ကြောင်တွေဟာ မနက်ခင်းမှာ အချစ်ခံ ၊ အပူဇော်ခံအဖြစ်နဲ့ နေကြပေမယ့် ညရောက်တာနဲ့ သူတို့ရဲ့ စွန့်စားခန်းကို ဖွင့်ကြပါပြီ။ တွေ့သမျှ အကောင်တွေကို ဖမ်းမယ်။ အမဲလိုက်မယ်။ ဖြစ်နိုင်ရင် တညလုံးတောင် မနားပဲ အမဲလိုက်တတ်ကြပါတယ်။
အောင်မြင်ကျော်ကြားသူတွေဟာလည်း ထို့နည်းလည်းကောင်းပါပဲ။ သူတို့ရဲ့ နေ့စဉ်တိုင်းကို စွန်းကြမ်းတဲ့ စွန့်စားခန်းတွေ ဖွင့်နေရသလိုမျိုး နေထိုင်ကြပါတယ်။
တခါက ဟယ်လန်ကေလာမှ “ဘ၀ဆိုတာ သတ္တိသုံးရတဲ့ စွန့်စားခန်းမဟုတ်ရင် ဘာမှမဟုတ်ဘူး” ဟု ဆိုခဲ့ဖူးသည်။
၎။ ကြောင်တွေဟာ အားမကုန်ခမ်းပဲ ဘယ်လို အစာနဲ့ နေစရာ ရှာရမလဲ ၊ အတားအဆီးမရှိပဲ ဘယ်လိုချစ်ရမလဲဆိုတာ သိရှိကြသည်
ကြောင်တွေသည် သူတို့ကို သူတို့ ခဏခဏ ဆိုသလို သန့်ရှင်းရေးလုပ်ကြပါတယ်။ ဒါကို လုပ်တဲ့အခါမှာလဲ အချိန်အကြာကြီးယူပြီး ဇိမ်ကျကျလုပ်တတ်ကြပါတယ်။ အောင်မြင်သူတွေဟာလည်း ထို့နည်းလည်းကောင်းပင်… သူတို့ရဲ့ စိတ်နှလုံး ၊ ၀ိဥာဉ် နှင့် ခန္ဓာကိုယ်ကို အကြီးအကျယ် ဂရုစိုက်တတ်ကြပါတယ်။
အောင်မြင်သူများဟာ စိတ်နှင့်ခန္ဓာ တို့၏ ကျန်းမာရေးသည် သူတို့လုပ်ငန်းတွေကို အရှိန်မြှင့်တင်ဖို့အတွက် များစွာအရေးကြီးကြောင်း ကောင်းကောင်း နားလည်ကြပါတယ်။
ကြောင်တွေဟာ အလွန်ဆန်းကြယ်တဲ့ သတ္တ၀ါတွေပါ။ သူတို့တွေသည် ဘ၀ကို မည်သို့ ပြည့်ဝစွာနေထိုင်ရမလဲကို သင်ကြားပြသပေးနေသော ဆရာတွေလိုပင်။ ဒီ့အပြင် သူတို့တွေသည် မည်သည့်အရာက ပိုပြီးအရေးကြီးသနည်း ဆိုတာကိုလည်း လူသားတွေထက် အများကြီး ဥာဏ်ကောင်းစွာ ခွဲခြားနားလည် တတ်ပါသေးတယ်။
ဆိုတော့… Be Like Your Cat လို့ပြောရင်း…
အစဉ်လေးစားလျှက်.. #RayDaniel_IV
=====================================
လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)
သင်ဟာလူငယ်တစ်ယောက်ဆိုရင် Lunge.media လူငယ်မီဒီယာ page ကို Like လုပ်ထားလိုက်ပါ။ သင့်အတွက် ရသဖြစ်စေမယ့် ဆောင်းပါးတွေကို နေ့စဉ်တင်ဆက်ပေးသွားမှာပါ။
ကြောင်တွေဟာ သိပ်ချစ်ဖို့ကောင်းတဲ့ အကောင်လေးတွေပါ။ ဒီ့အပြင် သူတို့ရဲ့ Attitude တွေဆီကနေလည်း ကျွန်တော်တို့ လူသားတွေအနေနဲ့ ပြန်လည် သင်ယူစရာတွေ အများကြီးရှိပါတယ်။ ကြောင်တွေဟာ စိတ်ညစ်တတ်ပင်မယ့် ညီးတွားနေတာမျိုး မတွေ့မိတာတော့ အမှန်ပါပဲ။
သူတို့ဟာ အမြဲလိုလို တခုမဟုတ် တခုကို ကြံဖန်လုပ်နေတတ်ကြပါတယ်။ မှန်ပါတယ်။ တခါတလေ အအိပ်ကြီးကြပေမယ့် အားလပ်နေတာမျိုး မရှိကြပါဘူး။ ဆိုတော့ အောင်မြင်သူတွေနဲ့ ကြောင်တွေရဲ့ ကြားက တူညီမှုလေးတွေကို ကြည့်လိုက်ကြရအောင်လား။
၁။ ကြွက်ကိုဖမ်းလို့ မမိတဲ့ ကြောင်တွေဟာ သစ်ရွက်ဟောင်းတခုကို ဦးတည်ပြေးဖမ်း သယောင်ဆောင်တတ်ကြတယ်
သူတို့ ဘယ်လို အခြေနေမှာပဲဖြစ်ဖြစ် ကမူးရှူးထိုး မဖြစ်သွားတတ်ကြဘူး။ အကယ်လို့ သင်သူတို့ကို အသေသတ်ဖို့ကြံမယ်ဆိုရင်တော့
လူအများစုဟာ ရှုံးနိမ့်သွားတာနဲ့ ပြာပြာသလဲလဲ ဖြစ်သွားတတ်ကြပြီး စိတ်ဓာတ်တွေပါ ကျဆင်းသွားတတ်ကြပါတယ်။ အောင်မြင်နေတဲ့ သူတွေကတော့ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ထိုအရှုံးတွေကို အကောင်းမွန်ဆုံး တုံပြန်ခြင်းဖြင့် သူတို့၏ ကြီးကျယ်မှုကို ပြသတတ်ကြပါတယ်။
စတိဂျော့ဟာ သူ့မိဘတွေရဲ့ ကားဂိုဒေါင်မှ စတင်ခဲ့ကာ ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိတဲ့ Apple Company ကို စတင်နိုင်ခဲ့ပါတယ်။ နောက်သူ့ကို အုပ်ချုပ်ရေးအဖွဲ့ထဲမှ ကန်ထုတ်လိုက်ပြီး အခြားလူတွေမှ Apple ကိုဦးဆောင်သွားတဲ့အခါ စတိဂျော့သည် ထိုကြီးမားသော ဖိအားများနှင့် ရုံးကန်ရင်း NeXT Company နှင့် Pixar Company တို့ကို တည်ထောင်ပြခဲ့သည်။ များမကြာမီတွင် Apple ၏ CEO နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။
၂။ ရှေးယခင်ခေတ်များတုန်းက ကြောင်တွေဟာ ဘုရားသခင်တွေအဖြစ် ကိုးကွယ်ခြင်းခံခဲရတယ်.. ဒါကို သူတို့မမေ့သေးဘူး
ကြောင်တွေဟာ အမြဲတစေလိုလို မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အနေအထားတခုမှာ နေတတ်ကြတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အမြဲအသင့်ရှိနေတတ်တယ်။ သောက်ကြီး သောက်ကျယ် အထာမျိုးလုံးဝမဟုတ်ဘူး။ အထာကျကျနဲ့ ယုံကြည်မှုရှိတာ။
ကြောင်တွေလိုပဲ… အောင်မြင်တဲ့သူတွေဟာလည်း ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး ဘ၀ကို ယုံကြည်မှုရှိရှိနဲ့ နေထိုင်တတ်ကြတယ်။
သင်ဘယ်လောက် ကြိုးစားရုံးကန်နေရသလဲကို ဘယ်ကောင်ကမှ သောက်ဂရုမစိုက်ပါဘူး။ သင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရလဒ်တွေကိုသာ အလေးပေးချင်ကြတာပါ။ မဟာဖန်တီးရှင်လို ပုဂ္ဂိုလ်တွေဟာ ဘ၀ဆိုတာ သင်္ဘောကြီးလိုက်စီးနေရတယ်လိ
၃။ မှောင်တာနဲ့ ကြောင်တိုင်းဟာ ကျားသစ်တွေဖြစ်သွားကြတယ်
ကြောင်တွေဟာ မနက်ခင်းမှာ အချစ်ခံ ၊ အပူဇော်ခံအဖြစ်နဲ့ နေကြပေမယ့် ညရောက်တာနဲ့ သူတို့ရဲ့ စွန့်စားခန်းကို ဖွင့်ကြပါပြီ။ တွေ့သမျှ အကောင်တွေကို ဖမ်းမယ်။ အမဲလိုက်မယ်။ ဖြစ်နိုင်ရင် တညလုံးတောင် မနားပဲ အမဲလိုက်တတ်ကြပါတယ်။
အောင်မြင်ကျော်ကြားသူတွေဟာလ
တခါက ဟယ်လန်ကေလာမှ “ဘ၀ဆိုတာ သတ္တိသုံးရတဲ့ စွန့်စားခန်းမဟုတ်ရင် ဘာမှမဟုတ်ဘူး” ဟု ဆိုခဲ့ဖူးသည်။
၎။ ကြောင်တွေဟာ အားမကုန်ခမ်းပဲ ဘယ်လို အစာနဲ့ နေစရာ ရှာရမလဲ ၊ အတားအဆီးမရှိပဲ ဘယ်လိုချစ်ရမလဲဆိုတာ သိရှိကြသည်
ကြောင်တွေသည် သူတို့ကို သူတို့ ခဏခဏ ဆိုသလို သန့်ရှင်းရေးလုပ်ကြပါတယ်။ ဒါကို လုပ်တဲ့အခါမှာလဲ အချိန်အကြာကြီးယူပြီး ဇိမ်ကျကျလုပ်တတ်ကြပါတယ်။ အောင်မြင်သူတွေဟာလည်း ထို့နည်းလည်းကောင်းပင်… သူတို့ရဲ့ စိတ်နှလုံး ၊ ၀ိဥာဉ် နှင့် ခန္ဓာကိုယ်ကို အကြီးအကျယ် ဂရုစိုက်တတ်ကြပါတယ်။
အောင်မြင်သူများဟာ စိတ်နှင့်ခန္ဓာ တို့၏ ကျန်းမာရေးသည် သူတို့လုပ်ငန်းတွေကို အရှိန်မြှင့်တင်ဖို့အတွက် များစွာအရေးကြီးကြောင်း ကောင်းကောင်း နားလည်ကြပါတယ်။
ကြောင်တွေဟာ အလွန်ဆန်းကြယ်တဲ့ သတ္တ၀ါတွေပါ။ သူတို့တွေသည် ဘ၀ကို မည်သို့ ပြည့်ဝစွာနေထိုင်ရမလဲကို သင်ကြားပြသပေးနေသော ဆရာတွေလိုပင်။ ဒီ့အပြင် သူတို့တွေသည် မည်သည့်အရာက ပိုပြီးအရေးကြီးသနည်း ဆိုတာကိုလည်း လူသားတွေထက် အများကြီး ဥာဏ်ကောင်းစွာ ခွဲခြားနားလည် တတ်ပါသေးတယ်။
ဆိုတော့… Be Like Your Cat လို့ပြောရင်း…
အစဉ်လေးစားလျှက်.. #RayDaniel_IV
==========================
လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)
သင်ဟာလူငယ်တစ်ယောက်ဆိုရင် Lunge.media လူငယ်မီဒီယာ page ကို Like လုပ်ထားလိုက်ပါ။ သင့်အတွက် ရသဖြစ်စေမယ့် ဆောင်းပါးတွေကို နေ့စဉ်တင်ဆက်ပေးသွားမှာပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။