[Zawgyi]
Starbucks ရဲ့ CEO ျဖစ္လာဖို႔ Howard Schultz ဘယ္လိုၾကိဳးစားခဲ့ရသလဲ
Starbucks ဆိုတဲ႕ Brand ကိုစိမ္းတဲ့လူေတာ့
မ်ားမ်ားစားစားရွိမွာမဟုတ္ပါဘူး။ဒါေပမယ့္ တစ္ကမာၻလံုးကိုၿဖန့္က်က္ထားတဲ့
ဒီေကာ္ဖီဆိုင္ေတြရဲ႔ေနာက္ကြယ္က ပဲ့ကိုင္ရွင္အေၾကာင္းကေတာ့ လူေတြနဲ႔
အနည္းငယ္စိမ္းေနနိုင္ပါတယ္။ အခရာက အခုတင္ဆက္ေပးမွာကေတာ့ ဒီ Starbucks
ရဲ႕ေနာက္ကြယ္က အဓိကေမာင္းႏွင္သူ CEO Howard Schultz (ဟားဝဒ္ေခ်ာ့စ္)
ရဲ႕စိတ္၀င္စားစရာအေၾကာင္းအရာေတြပဲၿဖစ္ပါတယ္။Starbucks ရဲ့ CEO တစ္ေယာက္ျဖစ္တဲ့ Howard Schultz (ဟားဝဒ္ေခ်ာ့စ္) ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၃၀) ဒီေကာ္ဖီေလာကကို စဝင္တုန္းက သူ႔စိတ္ထဲမွာ ရည္မွန္းခ်က္က တစ္ခုတည္းရွိခဲ့တာပါ။ လူေတြနဲ႔ သူတို႔ရဲ့ ေကာ္ဖီေသာက္တဲ့အေလ့အထၾကားမွာ ပိုေကာင္းေအာင္ ျမွင့္တင္ေပးဖို႔ပဲ ျဖစ္ပါတယ္။
ဒီစိတ္နဲ႔ လုပ္ကိုင္လာလိုက္တာ ဒီေန႕မွာဆိုရင္ေတာ့ Starbucks ဟာ ကမာၻေပၚမွာ လူၾကိဳက္အမ်ားဆံုး ကုန္အမွတ္တံဆိပ္ေတြထဲက တစ္ခုျဖစ္လာခဲ့ျပီးေတာ့ ေဒၚလာ ၈၂ ဘီလီယံေစ်းကြက္တန္ဖုိးရွိတဲ့ အၾကီးဆံုးေကာ္ဖီလုပ္ငန္းစုၾကီးလည္း ျဖစ္လာခဲ့ပါၿပီ။
ဒီလိုျဖစ္လာေအာင္ လုပ္ႏုိင္တဲ့ အဓိကေနရာမွာရွိတဲ့ ေခ်ာ့စ္ဟာေခသူေတာ့မဟုတ္ပါဘူး ။ သမားရိုးက်ေစ်းကြက္ျမွင့္တင္ေရးနည္းလမ္းေတြထက္ ျမန္ဆန္သြက္လက္တဲ့ စီးပြားေရးေမာ္ဒယ္လ္နဲ႔ ထိုးေဖာက္ဖို႔ စိတ္ဝင္စားတဲ့သူလည္း ျဖစ္ပါတယ္။ သူ႔ရဲ့အျမတ္ေငြထဲက တခ်ိဳ႕ကိုလည္း အလုပ္သမားေတြရဲ့ လူမႈကိစၥအေရးအရာေတြမွာ သံုးျပီး တက္တက္ၾကြၾကြအလုပ္လုပ္လာေအာင္ ဆြဲေဆာင္စည္းရုံးႏုိင္သူပါ။
ထူးထူးၿခားၿခားအေနနဲ႕၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလတုန္းကဆိုရင္ US မွာရွိတဲ့ Starbucks ဝန္ထမ္းေတြအားလံုးကို လစာ ၅% ကေန ၁၅%အထိ တုိးျမွင့္ေပးတာမ်ိဳးလုပ္ခဲ့ပါတယ္။ ဒါဟာ Starbucks ေအာင္ျမင္မႈရဲ့ေသာ့ခ်က္ျဖစ္ျပီး ဝန္ထမ္းေတြရဲ့ ေအာင္ျမင္မႈအေပၚ ရင္းႏွီးျမွဳပ္ႏွံတာမ်ိဳးလည္းျဖစ္ပါတယ္။
တကယ္ေတာ့ ဟားဝဒ္ေခ်ာ့စ္ရဲ့ ငယ္ဘဝဟာ သူလိုကုိယ္လိုပဲ ၾကမ္းတမ္းခဲ့ျပီး သူ႔ကို နယူးေယာက္ျမိဳ႕ ဘရြတ္ကလင္းအရပ္မွာ ဇူလိုင္လ ၁၉ရက္ေန႔၊ ၁၉၅၃ ခုႏွစ္မွာ ေမြးဖြားခဲ့ပါတယ္။ သူ႔အေဖ Fred Schultz ဟာ အေမရိကန္စစ္သားေဟာင္းျဖစ္ျပီး အဲဒီတုန္းကေတာ့ ထရပ္ကားေမာင္းတဲ့အလုပ္လုပ္ေနခဲ့ပါတယ္၊ သူ႔အေမ Elaine ကေတာ့ အိမ္ေထာင္ရွင္မတစ္ေယာက္ျဖစ္ျပီး ကေလး ၃ေယာက္ရွိကာ သူတို႔ မိသားစုက ရုန္းကန္ေနရတဲ့ မိသားစုထဲမွာ ပါပါတယ္။
ေခ်ာ့စ္ အသက္ ၇ႏွစ္အရြယ္မွာေတာ့ ထရပ္ကားေမာင္းရင္း သူ႔အေဖ မေတာ္တဆေျခမ်က္စိထိခုိက္ဒဏ္ရာရသြားတဲ့အခါ က်န္းမာေရးအာမခံလည္းမရွိ၊ အလုပ္သမားနစ္နာေၾကးလည္းမရတဲ့အတြက္ ဝင္ေငြလံုးဝမရွိဘဲ ေနခဲ့ရပါေသးတယ္။
ေခ်ာ့စ္အထက္တန္းေက်ာင္းေရာက္တဲ့အခါမွာေတာ့ ေဘာလံုးဝင္ကစားျပီး အားကစားထူးခၽြန္ဆုနဲ႔ စေကာလားရွစ္ပ္ရျပီး မီခ်ီဂန္တကၠသိုလ္ကို တက္ခြင့္ရခဲ့ပါတယ္။ ေကာလိပ္စတက္ေတာ့ ေဘာလံုးဆက္မကစားဖို႔ ဆံုးျဖတ္လိုက္တဲ့အတြက္ Student Loans ေတြယူခဲ့ရျပီး အလုပ္ေပါင္းစံုလုပ္ကာ ေက်ာင္းဆက္တက္ခဲ့သူျဖစ္ပါတယ္။ သူလုပ္ခဲ့တဲ့အလုပ္ထဲမွာ Bartender အလုပ္အျပင္ တစ္ခါတေလ ေသြးေရာင္းခ်တာမ်ိဳးအထိ လုပ္ခဲ့ရပါတယ္။
၁၉၇၅ မွာ ဘြဲ႔ရေတာ့ Xerox မွာ အေရာင္းပုိင္း Training Program မွာ အလုပ္ရရွိျပီး ဖုန္းနဲ႔ မိတ္ဆက္ျပီး Sales ေခၚဆိုမႈအေတြ႔အၾကံဳေတြ ရခဲ့ပါတယ္။ ဒါေပမယ့္ ဒီအလုပ္ဟာလည္း သူ႕ရဲ့ တကယ့္စိတ္ဆႏၵမဟုတ္ေသးတဲ့အတြက္ အိမ္အသံုးအေဆာင္ပစၥည္းလုပ္ငန္းတစ္ခုျဖစ္တဲ့ Perstorp ကို ေျပာင္းေရႊ႕ခဲ့ျပီး General Manager အဆင့္ထိေရာက္ရွိခဲ့ကာ Sales Team ကို ဦးေဆာင္သူတစ္ေယာက္အထိျဖစ္လာခဲ့ပါတယ္။
ဒီအလုပ္မွာပဲ Starbucks နဲ႔ စတင္ထိေတြ႔ခဲ့တာျဖစ္ျပီး အဲ့ဒီတုန္းကေတာ့ Starbucks ဟာ ဆီယက္တဲလ္မွာ ဆုိင္အနညး္ငယ္ပဲရွိေသးတဲ့အခ်ိန္ပါ။ ဒါနဲ႔ပဲ ေခ်ာ့စ္ဟာ Starbucks ပုိင္ရွင္ေတြျဖစ္တဲ့ Gerald Baldwin နဲ႔ Gordon Bowker သြားေတြ႔ေဆြးေႏြးၾကည့္တဲ့အခါ သူတို႔ရဲ့ ေကာ္ဖီနဲ႔ပက္သက္လို႔ ျမင္တဲ့အျမင္၊ စီးပြားေရးအခြင့္အလမ္းေတြရွိပံုကို မ်က္စိက်သြားခဲ့ပါေတာ့တယ္။
တစ္ႏွစ္ေလာက္ၾကာျပီးတဲ့အခ်ိန္မွာေတာ့ သူ႔ကို Retail Operations နဲ႔ Marketing Director အျဖစ္ခန္႔အပ္ဖို႔ Jerry Baldwin ကို ေျဖာင္းျဖေျပာဆိုႏုိင္ခဲ့ပါတယ္။ “အဲဒီတုန္းက Starbucks ဟာ အိမ္သံုးေကာ္ဖီပဲ ေရာင္းခ်ေနတဲ့ ဆုိင္ေလး ၃ ဆုိင္ပဲ ရွိတဲ့ လုပ္ငန္းငယ္ေလးေပါ့ဗ်ာ” လို႔ ေခ်ာ့စ္က ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။
မီလန္မွာရွိတဲ့ International Housewares Show ကို Starbucks က သူ႔ကို သြားၾကည့္ခုိင္းတဲ့အခါမွာေတာ့ ေခ်ာ့စ္ရဲ့ အလုပ္အကိုင္လမ္းေၾကာင္းတစ္ခုလံုးေရာ၊ Starbucks ရဲ့ ကံၾကမၼာေရာ ေျပာင္းလဲဖို႔ ျဖစ္သြားပါေတာ့တယ္။ မီလန္မွာ ေလွ်ာက္ၾကည့္ရင္း အဲဒီက Espresso ေကာ္ဖီဆုိင္ေတြဟာ မွာယူေသာက္သံုးသူေတြရဲ့ နာမည္ေရးေပးျပီး ေရာင္းတာကိုေတြ႔တဲ့အခါ လူေတြနဲ႔ ေကာ္ဖီၾကားမွာ ရွိေနတဲ့ Relationship တစ္မ်ိဳးကို နားလည္သြားပါတယ္။
ဒါေပမယ့္ သူ႔အၾကံဥာဏ္ေတြဟာ လြယ္လြယ္ကူကူနဲ႔ အေကာင္အထည္ေပၚလာတာမဟုတ္ဘဲ ဒီလုိ အီတလီသားေတြဆီက ရလာတဲ့ အၾကံဥာဏ္ကို Starbacks တည္ေထာင္သူေတြက ျငင္းဆန္တဲ့အတြက္ ၁၉၈၅ ခုႏွစ္မွာ Starbucks ကေန ထြက္လာျပီး သူ႔ကိုယ္ပုိင္ ေကာ္ဖီကုမၸဏီျဖစ္တဲ့ Giornale (အဂၤလိပ္လို Daily လို႔ အမည္ရ) ကိုတည္ေထာင္ခဲ့ပါတယ္။ Giornale ရွင္သန္ရပ္တည္ႏုိင္ဖို႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြရဖို႔ လူေပါင္း ၂၄၂ေယာက္ကို လိုက္စကားေျပာခဲ့ရျပီး သူတို႔ထဲက ၂၁၇ ေယာက္က ရင္းႏွီးျမွဳပ္ႏွံဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကို “စဥ္းစားၾကည့္ပါဗ်ာ၊ ခင္ဗ်ားရဲ့ အၾကံဟာ ရင္းႏွီးရေလာက္ေအာင္မတန္ဘူးလို႔ လူေပါင္းမ်ားစြာက အျငင္းခံရတဲ့အခါ ဘယ္ေလာက္စိတ္ပ်က္စရာေကာင္းမလဲဆိုတာ” လို႔ ေျပာခဲ့ပါတယ္။ Giornale နဲ႔ ၂ႏွစ္ေလာက္ၾကိဳးစားျပီးတဲ့အခ်ိန္ ၁၉၈၇ ခုႏွစ္ ၾသဂုတ္လမွာေတာ့ သူစြန္႕ခြာလာတဲ႔ Starbucks ကိုပဲ ေဒၚလာ ၃.၈ သန္းနဲ႔ ဝယ္ယူႏုိင္ခဲ့ျပီး Starbucks ရဲ့ CEO ျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္အထိကို Starbucks ဟာ စတိုးေျခာက္ခုပဲ ရွိပါေသးတယ္။
ဒါေပမယ့္ အၾကံေကာင္းဆုိတာ ဘယ္ေတာ့မွ မေမွးမွိန္ဘဲ အေမရိကန္ျပည္သူေတြရဲ့ တစ္ခဲနက္အားေပးမႈကို Starbucks ကရရွိခဲ့ျပီး ၁၉၉၂ ခုႏွစ္မွာေတာ့ စတိုးေပါင္း ၁၆၅ ခုနဲ႔ ဝင္ေငြ ေဒၚလာ ၉၃ သန္း အဲဒီႏွစ္မွာတင္ ရရွိခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္အေရာက္မွာေတာ့ Starbucks ဟာ တစ္ကမာၻလံုးအတုိင္းအတာနဲ႔ ဆုိင္ေပါင္း ၃၅၀၀ ေလာက္ လုပ္ငန္းလည္ပတ္ေနျပီး အဲဒီ ဆုိင္ေတြကေန နွစ္စဥ္ဝင္ေငြ ေဒၚလာ ၂.၂ ဘီလီယံ ေလာက္ရွိလာပါျပီ။
ဒီလို Starbucks ရဲ့ ေအာင္ျမင္မႈဟာ ေခ်ာ့စ္ကို ၾကြယ္ဝခ်မ္းသာေစခဲ့ျပီး သူ႔ရဲ့ Career တစ္ေလွ်ာက္လံုးမွာ ေခ်ာ့စ္ဟာ သူ႔ဝန္ထမ္းေတြကို အျမဲဦးစားေပးျပီး ဝန္ထမ္းလို သေဘာမထားဘဲ လုပ္ေဖာ္ကိုင္ဘက္လို႔ ညႊန္းဆိုေလ့ရွိတဲ့အတြက္ နာမည္ၾကီးသူပါ။ အျမဲတမ္းဝန္ထမ္းေတြအတြက္ ပညာသင္ေထာက္ပံ့ေၾကးေတြလည္း ေပးေလ့ရွိျပီး သူ႔အေဖၾကံဳခဲ့ဖူးတဲ့ အခက္အခဲအေတြ႔အၾကံဳေၾကာင့္ Starbucks ဟာ အခ်ိန္ပုိင္းဝန္ထမ္းေတြကအစ ဝန္ထမ္းအားလံုးကို က်န္းမာေရးေစာင့္ေရွာက္မႈအျပည့္အဝေပးတဲ့ ပထမဆံုး လက္လီလုပ္ငန္းစုၾကီးေတြထဲက တစ္ခုျဖစ္လာခဲ့ပါတယ္။
ျပီးခဲ့တဲ့ ၂၈ႏွစ္လံုးမွာ ေခ်ာ့စ္ဟာ ကုမၸဏီကို ေတာက္ေလွ်ာက္တိုးတက္လာေစခဲ့ျပီး ကမာၻတဝွမ္းက ႏုိင္ငံေပါင္း ၇၀မွာ စတိုးေပါင္း ႏွစ္ေသာင္းေက်ာ္ဖြင့္ႏုိင္ခဲ့ျပီး ႏွစ္စဥ္ဝင္ေငြ ၁၉.၂ ဘီလီယံထိ ေရာက္ရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီလိုပဲ သူ႔ရဲ့ အသားတင္ပိုင္ဆိုင္မႈဟာလည္း Wealth-X ရဲ့ ခန္႔မွန္းမႈအရဆို ၂၀၁၆ ခုႏွစ္မွာ ၂.၆ ဘီလီယံေလာက္ရွိေနျပီလုိ႔ သိရပါတယ္။
သူ႔ရဲ့ တီထြင္ဖန္တီးႏုိင္စြမ္း၊ အေရာင္းပိုင္းဆိုင္ရာ အရည္အခ်င္းနဲ႔ သမားရိုးက်မဆန္တဲ့ ေစ်းကြက္ျမွင့္တင္ေရးအျမင္ေတြ၊ ဝန္ထမ္းေတြအေပၚထားတဲ့ သေဘာထားေတြဟာ သူ႔ကို ခုလို အၾကီးမားဆံုး ေကာ္ဖီလုပ္ငန္းစု Starbucks ရဲ့ CEO တစ္ေယာက္ျဖစ္လာေစခဲ့တာပဲ ျဖစ္ပါတယ္။ သူ႔ရဲ့ ေအာင္ျမင္မႈေတြကို သူ႔အေဖအတြက္ ရည္ညႊန္းေလ့ရွိျပီး သူ႔အေဖဟာ အလုပ္ကရတဲ့ ေက်နပ္ေပ်ာ္ရႊင္မႈနဲ႔ ဂုဏ္ယူမႈကို လံုးဝမရခဲ့လို႔ သူ႔လက္ထက္မွာ ပိုၾကိဳးစားျပီး ရေအာင္ စြမ္းေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း ဝန္ခံထားပါတယ္ခင္ဗ်ား။
ရိုးလူ (အခရာ)
www.akhayar.com
Ref : Business Insider
[Unicode]
Starbucks ရဲ့ CEO ဖြစ်လာဖို့ Howard Schultz ဘယ်လိုကြိုးစားခဲ့ရသလဲ
Starbucks ဆိုတဲ့ Brand ကိုစိမ်းတဲ့လူတော့ များများစားစားရှိမှာမဟုတ်ပါဘူး။ဒါပေမယ့် တစ်ကမ္ဘာလုံးကိုဖြန့်ကျက်ထားတဲ့ ဒီကော်ဖီဆိုင်တွေရဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်အကြောင်းကတော့ လူတွေနဲ့ အနည်းငယ်စိမ်းနေနိုင်ပါတယ်။ အခရာက အခုတင်ဆက်ပေးမှာကတော့ ဒီ Starbucks ရဲ့နောက်ကွယ်က အဓိကမောင်းနှင်သူ CEO Howard Schultz (ဟားဝဒ်ချော့စ်) ရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေပဲဖြစ်ပါတယ်။Starbucks ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Howard Schultz (ဟားဝဒ်ချော့စ်) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ဒီကော်ဖီလောကကို စဝင်တုန်းက သူ့စိတ်ထဲမှာ ရည်မှန်းချက်က တစ်ခုတည်းရှိခဲ့တာပါ။ လူတွေနဲ့ သူတို့ရဲ့ ကော်ဖီသောက်တဲ့အလေ့အထကြားမှာ ပိုကောင်းအောင် မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဒီစိတ်နဲ့ လုပ်ကိုင်လာလိုက်တာ ဒီနေ့မှာဆိုရင်တော့ Starbucks ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ကုန်အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်လာခဲ့ပြီးတော့ ဒေါ်လာ ၈၂ ဘီလီယံဈေးကွက်တန်ဖိုးရှိတဲ့ အကြီးဆုံးကော်ဖီလုပ်ငန်းစုကြီးလည်း ဖြစ်လာခဲ့ပါပြီ။
ဒီလိုဖြစ်လာအောင် လုပ်နိုင်တဲ့ အဓိကနေရာမှာရှိတဲ့ ချော့စ်ဟာခေသူတော့မဟုတ်ပါဘူး ။ သမားရိုးကျဈေးကွက်မြှင့်တင်ရေးနည်းလမ်းတွေထက် မြန်ဆန်သွက်လက်တဲ့ စီးပွားရေးမော်ဒယ်လ်နဲ့ ထိုးဖောက်ဖို့ စိတ်ဝင်စားတဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အမြတ်ငွေထဲက တချို့ကိုလည်း အလုပ်သမားတွေရဲ့ လူမှုကိစ္စအရေးအရာတွေမှာ သုံးပြီး တက်တက်ကြွကြွအလုပ်လုပ်လာအောင် ဆွဲဆောင်စည်းရုံးနိုင်သူပါ။
ထူးထူးခြားခြားအနေနဲ့၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းကဆိုရင် US မှာရှိတဲ့ Starbucks ဝန်ထမ်းတွေအားလုံးကို လစာ ၅% ကနေ ၁၅%အထိ တိုးမြှင့်ပေးတာမျိုးလုပ်ခဲ့ပါတယ်။ ဒါဟာ Starbucks အောင်မြင်မှုရဲ့သော့ချက်ဖြစ်ပြီး ဝန်ထမ်းတွေရဲ့ အောင်မြင်မှုအပေါ် ရင်းနှီးမြှုပ်နှံတာမျိုးလည်းဖြစ်ပါတယ်။
တကယ်တော့ ဟားဝဒ်ချော့စ်ရဲ့ ငယ်ဘဝဟာ သူလိုကိုယ်လိုပဲ ကြမ်းတမ်းခဲ့ပြီး သူ့ကို နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်မှာ ဇူလိုင်လ ၁၉ရက်နေ့၊ ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေ Fred Schultz ဟာ အမေရိကန်စစ်သားဟောင်းဖြစ်ပြီး အဲဒီတုန်းကတော့ ထရပ်ကားမောင်းတဲ့အလုပ်လုပ်နေခဲ့ပါတယ်၊ သူ့အမေ Elaine ကတော့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး ကလေး ၃ယောက်ရှိကာ သူတို့ မိသားစုက ရုန်းကန်နေရတဲ့ မိသားစုထဲမှာ ပါပါတယ်။
ချော့စ် အသက် ၇နှစ်အရွယ်မှာတော့ ထရပ်ကားမောင်းရင်း သူ့အဖေ မတော်တဆခြေမျက်စိထိခိုက်ဒဏ်ရာရသွားတဲ့အခါ ကျန်းမာရေးအာမခံလည်းမရှိ၊ အလုပ်သမားနစ်နာကြေးလည်းမရတဲ့အတွက် ဝင်ငွေလုံးဝမရှိဘဲ နေခဲ့ရပါသေးတယ်။
ချော့စ်အထက်တန်းကျောင်းရောက်တဲ့အခါမှာတော့ ဘောလုံးဝင်ကစားပြီး အားကစားထူးချွန်ဆုနဲ့ စကောလားရှစ်ပ်ရပြီး မီချီဂန်တက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်။ ကောလိပ်စတက်တော့ ဘောလုံးဆက်မကစားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် Student Loans တွေယူခဲ့ရပြီး အလုပ်ပေါင်းစုံလုပ်ကာ ကျောင်းဆက်တက်ခဲ့သူဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့အလုပ်ထဲမှာ Bartender အလုပ်အပြင် တစ်ခါတလေ သွေးရောင်းချတာမျိုးအထိ လုပ်ခဲ့ရပါတယ်။
၁၉၇၅ မှာ ဘွဲ့ရတော့ Xerox မှာ အရောင်းပိုင်း Training Program မှာ အလုပ်ရရှိပြီး ဖုန်းနဲ့ မိတ်ဆက်ပြီး Sales ခေါ်ဆိုမှုအတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီအလုပ်ဟာလည်း သူ့ရဲ့ တကယ့်စိတ်ဆန္ဒမဟုတ်သေးတဲ့အတွက် အိမ်အသုံးအဆောင်ပစ္စည်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Perstorp ကို ပြောင်းရွှေ့ခဲ့ပြီး General Manager အဆင့်ထိရောက်ရှိခဲ့ကာ Sales Team ကို ဦးဆောင်သူတစ်ယောက်အထိဖြစ်လာခဲ့ပါတယ်။
ဒီအလုပ်မှာပဲ Starbucks နဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကတော့ Starbucks ဟာ ဆီယက်တဲလ်မှာ ဆိုင်အနည်းငယ်ပဲရှိသေးတဲ့အချိန်ပါ။ ဒါနဲ့ပဲ ချော့စ်ဟာ Starbucks ပိုင်ရှင်တွေဖြစ်တဲ့ Gerald Baldwin နဲ့ Gordon Bowker သွားတွေ့ဆွေးနွေးကြည့်တဲ့အခါ သူတို့ရဲ့ ကော်ဖီနဲ့ပက်သက်လို့ မြင်တဲ့အမြင်၊ စီးပွားရေးအခွင့်အလမ်းတွေရှိပုံကို မျက်စိကျသွားခဲ့ပါတော့တယ်။
တစ်နှစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ သူ့ကို Retail Operations နဲ့ Marketing Director အဖြစ်ခန့်အပ်ဖို့ Jerry Baldwin ကို ဖြောင်းဖြပြောဆိုနိုင်ခဲ့ပါတယ်။ “အဲဒီတုန်းက Starbucks ဟာ အိမ်သုံးကော်ဖီပဲ ရောင်းချနေတဲ့ ဆိုင်လေး ၃ ဆိုင်ပဲ ရှိတဲ့ လုပ်ငန်းငယ်လေးပေါ့ဗျာ” လို့ ချော့စ်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။
မီလန်မှာရှိတဲ့ International Housewares Show ကို Starbucks က သူ့ကို သွားကြည့်ခိုင်းတဲ့အခါမှာတော့ ချော့စ်ရဲ့ အလုပ်အကိုင်လမ်းကြောင်းတစ်ခုလုံးရော၊ Starbucks ရဲ့ ကံကြမ္မာရော ပြောင်းလဲဖို့ ဖြစ်သွားပါတော့တယ်။ မီလန်မှာ လျှောက်ကြည့်ရင်း အဲဒီက Espresso ကော်ဖီဆိုင်တွေဟာ မှာယူသောက်သုံးသူတွေရဲ့ နာမည်ရေးပေးပြီး ရောင်းတာကိုတွေ့တဲ့အခါ လူတွေနဲ့ ကော်ဖီကြားမှာ ရှိနေတဲ့ Relationship တစ်မျိုးကို နားလည်သွားပါတယ်။
ဒါပေမယ့် သူ့အကြံဉာဏ်တွေဟာ လွယ်လွယ်ကူကူနဲ့ အကောင်အထည်ပေါ်လာတာမဟုတ်ဘဲ ဒီလို အီတလီသားတွေဆီက ရလာတဲ့ အကြံဉာဏ်ကို Starbacks တည်ထောင်သူတွေက ငြင်းဆန်တဲ့အတွက် ၁၉၈၅ ခုနှစ်မှာ Starbucks ကနေ ထွက်လာပြီး သူ့ကိုယ်ပိုင် ကော်ဖီကုမ္ပဏီဖြစ်တဲ့ Giornale (အင်္ဂလိပ်လို Daily လို့ အမည်ရ) ကိုတည်ထောင်ခဲ့ပါတယ်။ Giornale ရှင်သန်ရပ်တည်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေရဖို့ လူပေါင်း ၂၄၂ယောက်ကို လိုက်စကားပြောခဲ့ရပြီး သူတို့ထဲက ၂၁၇ ယောက်က ရင်းနှီးမြှုပ်နှံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို “စဉ်းစားကြည့်ပါဗျာ၊ ခင်ဗျားရဲ့ အကြံဟာ ရင်းနှီးရလောက်အောင်မတန်ဘူးလို့ လူပေါင်းများစွာက အငြင်းခံရတဲ့အခါ ဘယ်လောက်စိတ်ပျက်စရာကောင်းမလဲဆိုတာ” လို့ ပြောခဲ့ပါတယ်။ Giornale နဲ့ ၂နှစ်လောက်ကြိုးစားပြီးတဲ့အချိန် ၁၉၈၇ ခုနှစ် သြဂုတ်လမှာတော့ သူစွန့်ခွာလာတဲ့ Starbucks ကိုပဲ ဒေါ်လာ ၃.၈ သန်းနဲ့ ဝယ်ယူနိုင်ခဲ့ပြီး Starbucks ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်အထိကို Starbucks ဟာ စတိုးခြောက်ခုပဲ ရှိပါသေးတယ်။
ဒါပေမယ့် အကြံကောင်းဆိုတာ ဘယ်တော့မှ မမှေးမှိန်ဘဲ အမေရိကန်ပြည်သူတွေရဲ့ တစ်ခဲနက်အားပေးမှုကို Starbucks ကရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ စတိုးပေါင်း ၁၆၅ ခုနဲ့ ဝင်ငွေ ဒေါ်လာ ၉၃ သန်း အဲဒီနှစ်မှာတင် ရရှိခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်အရောက်မှာတော့ Starbucks ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုင်ပေါင်း ၃၅၀၀ လောက် လုပ်ငန်းလည်ပတ်နေပြီး အဲဒီ ဆိုင်တွေကနေ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၂.၂ ဘီလီယံ လောက်ရှိလာပါပြီ။
ဒီလို Starbucks ရဲ့ အောင်မြင်မှုဟာ ချော့စ်ကို ကြွယ်ဝချမ်းသာစေခဲ့ပြီး သူ့ရဲ့ Career တစ်လျှောက်လုံးမှာ ချော့စ်ဟာ သူ့ဝန်ထမ်းတွေကို အမြဲဦးစားပေးပြီး ဝန်ထမ်းလို သဘောမထားဘဲ လုပ်ဖော်ကိုင်ဘက်လို့ ညွှန်းဆိုလေ့ရှိတဲ့အတွက် နာမည်ကြီးသူပါ။ အမြဲတမ်းဝန်ထမ်းတွေအတွက် ပညာသင်ထောက်ပံ့ကြေးတွေလည်း ပေးလေ့ရှိပြီး သူ့အဖေကြုံခဲ့ဖူးတဲ့ အခက်အခဲအတွေ့အကြုံကြောင့် Starbucks ဟာ အချိန်ပိုင်းဝန်ထမ်းတွေကအစ ဝန်ထမ်းအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးတဲ့ ပထမဆုံး လက်လီလုပ်ငန်းစုကြီးတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၈နှစ်လုံးမှာ ချော့စ်ဟာ ကုမ္ပဏီကို တောက်လျှောက်တိုးတက်လာစေခဲ့ပြီး ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၇၀မှာ စတိုးပေါင်း နှစ်သောင်းကျော်ဖွင့်နိုင်ခဲ့ပြီး နှစ်စဉ်ဝင်ငွေ ၁၉.၂ ဘီလီယံထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုပဲ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာလည်း Wealth-X ရဲ့ ခန့်မှန်းမှုအရဆို ၂၀၁၆ ခုနှစ်မှာ ၂.၆ ဘီလီယံလောက်ရှိနေပြီလို့ သိရပါတယ်။
သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ အရောင်းပိုင်းဆိုင်ရာ အရည်အချင်းနဲ့ သမားရိုးကျမဆန်တဲ့ ဈေးကွက်မြှင့်တင်ရေးအမြင်တွေ၊ ဝန်ထမ်းတွေအပေါ်ထားတဲ့ သဘောထားတွေဟာ သူ့ကို ခုလို အကြီးမားဆုံး ကော်ဖီလုပ်ငန်းစု Starbucks ရဲ့ CEO တစ်ယောက်ဖြစ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကို သူ့အဖေအတွက် ရည်ညွှန်းလေ့ရှိပြီး သူ့အဖေဟာ အလုပ်ကရတဲ့ ကျေနပ်ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုကို လုံးဝမရခဲ့လို့ သူ့လက်ထက်မှာ ပိုကြိုးစားပြီး ရအောင် စွမ်းဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံထားပါတယ်ခင်ဗျား။
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။