ကလေးကို ဆုံးမဖို့ အသုံးပြုသင့်သော စကားလုံးများ
xxxxxxxxxxxxxxxxxxxxxxxxxx
ကလေးအကြောင်းရေးတာ အပ်ကြောင်းထပ်နေတာနဲ့ ကလေးအကြောင်း
မရေးဖြစ်တာတောင် တော်တော်ကြာသွားပါပြီ။
ကလေးအကြောင်းမရေးတော့ဘူးလား
တိုက်တိုက်ဆိုင်ဆိုင် ရေးစရာလည်း ပေါ် လာတာ တစ်ကြောင်းတို့ကြောင့်
ရေးသားလိုက်ပါတယ်။ မိဘများအတွက် အသုံးတည့်ပါစေလို့ စုတောင်းပါတယ်။
အကျင့်စာရိတ္တတည်ဆောက်ဖို့ ဆုံးမအားပေးစကားလုံးများ
--------------------------
၁။ အမှားကို ၀န်ခံရဲခြင်းဟာ အကြီးမားဆုံးသတ္တိပါပဲ။
၂။ တာဝန်ကို ခေါင်းရှောင်ခြင်းဟာ ကလေးကောင်းရဲ့ အပြုအမူ မဟုတ်ဘူး။
၃။ အကြောင်းပြချက်မရှာဘူး၊ အမှားတစ်ခုကို (၂ )ကြိမ်မမှားဘူး၊ ဒါဟာ တိုးတက်ခြင်းပဲ၊
၎။ လိမ်တာ အလွန်လွယ်တယ်။ သူများပြန်ယုံအောင် လုပ်ဖို့ မလွယ်တော့ဘူး။
၅။ စကားကြီး စကားကျယ် ပြောဆိုခြင်းဟာ ကလေးကောင်းရဲ့ အကျင့်ကောင်းမဟုတ်ဘူး။
၆။ မင်းမှာသစ္စာ၊ လူမှာကတိ၊ ပေးပြီးသားကတိအတွက် နောင်တရစရာမလိုဘူး။
ရ။ အကူအညီဆိုတာ လူတိုင်းလိုတတ်တယ်။ ကိုယ့်အတွက်ချည်း မစဉ်းစားရဘူး။
၈။ ယဉ်ကျေးတဲ့ကလေးကို လူတိုင်းချစ်တယ်။
၉ ။ ကြီးနိုင်ငယ်နင်းမလုပ်ရဘူ
၁၀။ သူများကို အပြစ်တင်တာထက် ခွင့်လွတ်နိုင်မလားဆိုတာ အရင်စဉ်းစားပါ။
၁၁။ ကူညီတတ်တဲ့ ကျင့် မွေးမြူရပါမယ်။
၁၂။ အများပိုင် ပစ္စည်း အားလုံးကို တန်ဖိုးထားရမယ်။ အမိုက်ရှောက်မပစ်ရဘူး၊ မဖျက်ဆီးရဘူး။
၁၃။ ဖြုန်းတီးတတ်တဲ့ အကျင့်ဟာ အကျင့်ဆိုးဖြစ်ပါတယ်။
၁၄။ ပျက်အစဉ်၊ ပြင်ခဏ၊ ဘာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ပြုပြင်သွားရမှာပဲ။
ကလေးကို အားမွေးပေးတဲ့ စကားလုံးများ
--------------------------
၁၅။ သားလုပ်နိုင်ပါတယ်။
၁၆။ မကြောက်နဲ့၊ ထပ်တစ်ခါ စမ်းကြည့်
၁၇။ မစိုးရိမ်နဲ့၊ သားကောင်းကောင်းပြီးအောင်လု
၁၈။ အားမလျှော့နဲ့သား၊ ဖေဖေမေမေ အားလုံးသားကို ထောက်ခံတယ်။
၁၉ ။ သားအခုတလော အရမ်းတိုးတက်တယ်။ နည်းနည်း လေး ဆက်တောင့်ခံလိုက်၊
၂၀။ သားသတ္တိကို မေမေယုံတယ်။
၂၁။ ဖေဖေမေမေတို့ သားကို အပြည့်အ၀ ယုံကြည်တယ်။ သားဒီကိစ္စ ကောင်းကောင်းကိုင်တွယ်နို
၂၂။ သားရေ၊ ဒီပြသနာကို သားဟာသား ဖြေရှင်းဖို့ နည်းလမ်းရှာရလိမ့်မယ်။
၂၃။ သားကြီးလာပြီ၊ သားရင်ဆိုင်တတ်ဖို့ သင်ယူရတော့မယ်။
၂၄။ မကြောက်နဲ့ သား၊ ကိုယ်စဉ်းစားထားတဲ့အတိုင်
၂၅။ ကိစ္စမရှိဘူး၊ မှားသွားရင်လည်း နောက်တစ်ခါ ကြိုးစားကြတာပေါ့၊
၂၆။ အစပျိုးဖို့လိုတယ်။ တကယ်လုပ်ဖို့လိုတယ်။ အလုပ်ဆိုတာ လုပ်ရင် ပြီးမြောက်သွားမှာပဲ။
၂၇။ ဖေဖေမေမေနဲ့အတူ ဒီအခက်အခဲကြီးကို ကျော်လွှားကြရအောင်၊
၂၈။ သားကောင်းကောင်းတာ ကြိုးစား၊ ကြိုးစားပြီး ရူံးသွားတာ ဘာမှမလုပ်ပဲ ကြောက်နေတာထက် ( ၁၀ ) ဆသာတယ်။
၂၉ ။ ရလပ်ဟာ ထင်သလောက် အရေးမကြီးပါဘူးသား၊ အတွေ့အကြုံရဖို့ တာ သားအာရုံစိုက်ရမှာ၊
၃၀။ ဆုံးရူံးခြင်းဟာ အောင်မြင်ခြင်းရဲ့ မိခင်ဖြစ်တယ်။
ကလေးကို အကျင့်ကောင်းပျိုးထောင်ပေးတ
--------------------------
၃၁။ စိတ်ထဲမှာ ပြောစရာရှိရင် သူများရှေ့ တည့်တည့်ပြောရတယ်။
၃၂။ ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ပါတာတော့ သားအမှားပါ။
၃၃။ မသိရင်မေး၊ မစင်ရင်ဆေးတဲ့
၃၄။ ကိုယ်အလုပ် ကိုယ်ပြီးအောင်လုပ်ရတယ်သာ
၃၅။ အလုပ်ဆိုတာ အရေးကြီးတာအရင်လုပ်ရတယ်။ ပြီးမှ ကျန်တဲ့ဟာတွေ ဆက်လုပ်ရတယ်။
၃၆။ စကားဆိုတာ အရင်စဉ်းစားပြီမှ ပြောတာပိုကောင်းတယ်။
၃၇။ တကိုယ်ရည် သန့်ရှင်းတဲ့ကလေးက ချစ်စရာအကောင်းဆုံးပဲ။
၃၈။ အချိန်ကို တန်ဖိုးထားတတ်မှ တန်ဖိုးရှိတဲ့ ကလေးဖြစ်မှာ၊
၃၉ ။ စာဖတ်ဝါသနာပါတဲ့ကလေးဟာ သူများထက် ခေါင်းတစ်လုံးပိုတယ်။
၄၀။ ဘာပဲလုပ်လုပ်၊ ဘာပဲ ဆော့တော့ ပစ္စည်းကို သူ့နေရာနဲ့သူ ပြန်သိမ့်ဆည်းတတ်ရမယ်။
Ref: we chat
Aung Ko Latt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။