"တရုတ် ဘာလို့တိုးတက်သလဲ"
Credit Si Thu Tun ပို့စ်ကို ခေါင်းစဉ်တပ်ထားတာပါ
တရုတ်နိုင်ငံမှာနေတာ တစ်လစွန်းလာပြီ။
တရုတ်ကောင်းကြောင်းတွေလျှော က်ရေးရင် တရုတ်လော်ဘီကောင်လို့ အပြောခံရဖို့ သေချာတယ်။
ဒါပေမယ့် သေချာတာတစ်ခုကတော့ တရုတ်နိုင်ငံဟာ ကျနော်တို့ နိုင်ငံတကာသတင်းတွေမှာဖတ်ရြ ပီး စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့နိုင်ငံမျိုးမ ဟုတ်ဘူးဆိုတာပါပဲ။
အရာအားလုံးဟာ စနစ်တကျ၊ သူ့အစီအစဉ်နဲ့သူ သွားနေတာ။
ကျနော်တို့တွေဟာ ဟိုတုန်းက ဆိုရှယ်လစ်ဆို လိုက်လစ်၊ ကွန်မြူနစ်ဆိုလိုက်နစ်၊ စစ်အာဏာရှင်ဆို လိုက်ရှင်၊ ဒီမိုကရေစီဆို လိုက်စီပြီး နေခဲ့ကြရတာ။ ဘယ်စနစ်လေးကောင်းမလဲဆိုပြီး
မျှော်တလင့်လင့်နဲ့ အိပ်မက်တွေ မက်ကောင်းနေခဲ့ကြတာ။ တကယ်လို့ ဦးနေ၀င်းရဲ့
ဆိုရှယ်လစ်အောင်မြင်ခဲ့ရင် ကျနော်တို့ ဆိုရှယ်လစ်တွေ ဖြစ်နေခဲ့ကြမှာ။
စစ်အာဏာရှင်စနစ်အောက်မှာ တိုးတက်ခဲ့ရင် ကျနော် စစ်အာဏာရှင် တွေကိုပဲ
တစ်သက်လုံး ကိုးကွယ်နေမိမှာ။
စနစ်တစ်ခုပြောင်းတိုင်း နောက်ဆက်တွဲအကျိုးဆက်က ရှိတယ်။ လူတွေက စနစ်သစ်နဲ့ အသားမကျဘူး။ စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီပြောင်းတယ်။ ကျနော်တို့အခုထိ အသားမကျသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၁၀ ၀န်းကျင်အထိ ရဲတွေ့ရင် ဘာလို့ကြောက်မှန်းမသိ ကြောက်ခဲ့ရတဲ့အဖြစ်တွေ တကယ်ရှိခဲ့ဖူးတယ်။
ဒီကွန်မြူနစ်နိုင်ငံမှာ ဘာရဲမှ ကြောက်စရာမလိုဘူး။ ရဲစခန်းတွေမှားပြီး ရောက်သွားလို့ လေးခုလောက် ရောက်ဖူးတယ်။ စခန်းတစ်ခုမှာ အပွင့်တွေနဲ့အရာရှိကို အော်ဟစ်ပြောဆိုနေတဲ့ မိန်းမကြီးတစ်ယောက်တောင် တွေ့ခဲ့တယ်။ အရာရှိရဲမေတွေလည်း စခန်းတိုင်းမှာ အများကြီးတွေ့ရတယ်။ စခန်းတစ်ခုမှာဆို အမျိုးသမီးအရာရှိတွေချည်းပဲ တွေ့ခဲ့ရတယ်။ အားလုံးက အေးအေးဆေးဆေး။
ဘာသာမဲ့ပါဆိုတဲ့ ကွန်မြူနစ်နိုင်ငံမှာ မြန်မာနိုင်ငံမှာလိုမျိုး အသက်ကြီးသူတွေကို ဦးစားပေး၊ နေရာဖယ်ပေးတဲ့ ဓလေ့မျိုးတွေလည်း တွေ့ရတယ်။ နိုင်ငံခြားသားတွေကိုလည်း တော်တော်လေး ကူညီပေးကြတယ်။
တရုတ်တွေ အင်္ဂလိပ်လိုမတတ်ဘူးဆိုတာ ဒီဘက် generation တွေအတွက် မမှန်တော့ဘူး။ ဘယ်လို နည်းစနစ်တွေနဲ့ သင်နေလဲတော့မသိဘူး။ အလုပ်ခွင်ထဲမှာ ကိုယ်နဲ့ရွယ်တူတွေ၊ ကိုယ့်ထက် ၃ နှစ်၊ ၄ နှစ်လောက်ငယ်တဲ့ အသက်အပိုင်းအခြားတွေဟာ အင်္ဂလိပ်စကားကို native တစ်ယောက်လို မွှတ်နေအောင် ပြောတတ်ကြတယ်။ native တွေတောင် သူတို့ကို မေးယူရတယ်။ သူတို့နိုင်ငံတွေမှာ နေဖူးလား၊ ကျောင်းတက်ခဲ့ဖူးလားဆိုပြီး ။
ကျနော်လည်း လမ်းမသိရင် လမ်းမှာတွေ့တဲ့ လူငယ်တွေကို သွားမေးတာပါပဲ။ လူငယ်အများစုက အင်္ဂလိပ်လိုနားလည်ကြတယ်။ ဈေးဝယ်တဲ့အချိန်မှာပဲ ဒုက္ခရောက်တာ၊ အသက်လတ်ပိုင်း ၀န်ထမ်းအများစုက အင်္ဂလိပ်လိုမရဘူး။ ဒါပေမယ့် သူတို့ပြောတာ ခန့်မှန်းရလွယ်ရပါတယ်။ ငွေသားနဲ့ ရှင်းမှာလား၊ WeChat နဲ့ရှင်းမှာလား၊ ဘဏ်ကတ်နဲ့ ရှင်းမှာလားဆိုပြီး။ နောက်မေးခွန်းတစ်ခုက အိတ်ယူမှာလားဆိုတာပါပဲ။ ကောင်တာကိုရောက်လို့ သူတို့ တစ်ခုခုပြောတာနဲ့ ကတ်လေးထောင်ပြ လိုက်တယ်။ အဲဒါဆို သူတို့သိတယ်။ ကတ်နဲ့ ရှင်းမယ်ပေါ့။ နောက်တစ်ခု ထပ်မေးရင် ရှင်းတယ်။ အိတ်ယူမလားပေါ့။ လက်ကာပြလိုက်တယ်။ အဲဒါဆိုပြီးရော။ ကျသင့်ငွေကို သူ့ဟာသူကတ်ထဲက ဖြတ်သွားတာပဲ။
အခု စာအုပ်တစ်အုပ် ဖတ်နေတယ်။ What do you know about the communist party of China? ဆိုတဲ့စာအုပ်။ သူ့အထဲမှာပါတဲ့ အချက်တစ်ချက်မှာဆိုရင် ကုမ္ပဏီတစ်ခုက နိုင်ငံခြားသားတစ်ယောက်ကပြောတယ်။ ဘယ်သူတွေက ကွန်မြူနစ်ပါတီဝင်တွေကိုဆို တာကို ခန့်မှန်းချင်ရင် မခက်ပါဘူးတဲ့။ အလုပ်ထဲမှာ အလုပ်ကြိုးစားနေတဲ့သူတွေကို ကြည့်လိုက် အဲဒါ ကွန်မြူနစ်ပါတီဝင်တွေပဲတဲ့။
အဲဒါ ပိုပြောတာမဟုတ်ဘူး။ ကျနော် လက်တွေ့စမ်းသပ်ထားတာ။ အလုပ်ချိန် ၉
နာရီကို ၈ နာရီခွဲကတည်းက ရောက်နေတယ်။ ဒါမှမဟုတ်လည်း ၉ နာရီ မထိုးခင်ကတည်းက
ရောက်နေပြီးသား။ ညနေရုံးဆင်းချိန်ဆိုလည်း သူများတွေပြန်တောင်
မပြန်ကြသေးဘူး။ နာရီဝက် တစ်နာရီလောက် နောက်ကျပြီးမှ ပြန်ကြတယ်။ ရုံးမှာ ၉
ခွဲ၊ ၁၀ နာရီလောက်မှ ရောက်တဲ့သူတွေလည်း များတယ်။ စာအုပ်ထဲမှာပါတဲ့အချက်ကို
ဖတ်ပြီးတာနဲ့ ရုံးက ဘယ်သူတွေ ကွန်မြူနစ်ပါတီဝင်တွေလဲဆိုတာ
လွယ်လွယ်လေးသိသွားတယ်။ သူ့နယ်ပယ်အလိုက် တော်ကြတယ်၊ အလုပ်ကို ကြိုးစားတယ်၊
အလုပ်ချိန်မှန်တယ်။ သူတို့က သူတို့အစိုးရကို တအားယုံတယ်။ နိုင်ငံရေးကို
အဲဒီလောက် စိတ်မ၀င်စားဘူး။ ကိုယ်လိုအရွယ်နဲ့ နိုင်ငံရေးစိတ်ဝင်စားတယ်ဆို တော့ သူတို့အံ့သြတယ်။ ဒါပေမယ့် သူတို့က နိုင်ငံရေးသာ စိတ်မ၀င်စားတာ သူတို့ အစိုးရဖြစ်စေချင်တဲ့အတိုင်း
တသွေမတိမ်း လိုက်လုပ်မှာ။ အခု သူတို့အစိုးရက မြန်မာအပါအ၀င်
အာဆီယံနိုင်ငံတွေနဲ့ ပိုပြီး ချစ်ကြည် ရင်းနှီးချင်တယ်ဆိုရင် သူတို့က
အကောင်အထည်ဖော်လိုက်ကြတာပဲ။
အခု တရုတ်မှာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ search engine ရှိတယ်။ ရှာချင်သမျှဟာတွေအကုန်လုံး တရုတ်လို ရေးထားပေးတယ်။ ဖေ့စ်ဘွတ်ထက်ကောင်းတဲ့ WeChat ရှိတယ်။ ဖေ့စ်ဘွတ်ထက် ကောင်းတယ်လို့ ပြောရတာက WeChat မှာ ဖေ့စ်ဘွတ်လို ပုံတင်၊ စာရေး၊ မက်ဆေ့ခ်ျပို့တာမျိုးအပြင် ငွေပေးငွေချေလုပ်တာ၊ အစားအသောက်မှာတာ၊ အိမ်ခန်း၊ ဟိုတယ်ဘွတ်ကင်လုပ်တာ၊ စက်ဘီးငှားတာ၊ တက္ကစီငှားတာ၊ ဈေးဝယ်တာ စသည်ဖြင့် ပြောလို့မကုန်နိုင်အောင် လုပ်နိုင်တာတွေ အများကြီးပဲ။ WeChat အကောင့်ကို ဖုန်းနံပါတ်နဲ့ ဖွင့်ရတယ်။
တရုတ်ကွန်မြူနစ်အစိုးရက ပြည်သူတွေအတွက်လုပ်ပေးခဲ့တာ အများကြီး။
မော်စီတုံး၊ တိန့်ရှောင်ဖိန်၊ ရှန်ဇီမင်း၊ ဟူကျင်းတောင်ကနေစလို့ လက်ရှိ ရှီကျင်းပင်အထိ ပြည်သူအတွက်ပဲ ကြည့်နေတာ။ လာဘ်စားတဲ့ကောင်တွေကို တကယ်အရေးယူနေတာ။
သူတို့က မော်စီတုံးလက်ထက်မှာ cultural revolution (ယဉ်ကျေးမှုခေတ်ပြောင်းတော်လှန်ရေး) လုပ်တုန်းက အမှားတွေလုပ်ခဲ့တယ်ဆိုတာကို ၀န်ခံတယ်။ ဒါပေမယ့် မော်စီတုံးကို နေရှင်နယ်ဟီးရိုးအနေနဲ့ သတ်မှတ်ပြီး ဆက်လေးစားကြတယ်။ မော်စီတုံးလုပ်ပေးခဲ့တဲ့အရာ တွေနဲ့
ယှဉ်လိုက်ရင် ဒီကိစ္စလေးကို မေ့နိုင်ပါတယ်ဆိုပြီး သူတို့ဖြေတယ်။ နောက်ပြီး
ကွန်မြူနစ်အစိုးရကို ပြည်သူတွေယုံကြည်တာ ရှင်းရှင်းလေးပါတဲ့။ သူတို့မှာ
အမှားရှိရင် အဲဒီအမှားကို ချက်ချင်းပြင်တယ်တဲ့။
ပြောချင်တာက အများကြီးပါပဲ။ အခုတော့ တော်ဦးမယ်ဗျာ။
(နောက်ထပ်ဖြည့်စွက်ပြီး ပြောချင်တာက တရုတ်မှာ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာတောင်မရှိသေးတဲ့
ဖုန်းနဲ့ QR code scan ဖတ်ပြီး ပေးလို့ရတဲ့စနစ်ရှိတယ်။ ဆိုင်ကြီး
ဆိုင်လေးနဲ့ လမ်းဘေးဈေးသည်တွေပါမကျန် ဒီလိုစနစ်နဲ့ငွေပေးတာကို လက်ခံတယ်။ WeChat message box ကနေ ငွေလွှဲလို့ရတယ်။
နောက်တစ်ခုက လုံခြုံရေး၊ ဘေဂျင်းမှာ ညအချိန်မတော်အပြင်ထွက် လို့ ဘာအန္တရယ်မှမရှိဘူး။ အရမ်းကို လုံခြုံတယ်။
နောက်ပြီး အခုတရုတ်မှာ ချမ်းတာ မိုင်းနပ်စ်ပြနေပြီ၊ ရေကန်တွေမှာတောင် ရေခဲကုန်ပြီ။ ဒါပေမယ့် အဲဒါ အပြင်မှာပဲ၊ အိမ်တိုင်း အဆောက်အအုံတိုင်းမှာ တရုတ်အစိုးရက အနွေးဓာတ်လွှတ်ပေးထားတယ် ၊ အခမဲ့။)
….
စည်သူထွန်း
Credit Si Thu Tun ပို့စ်ကို ခေါင်းစဉ်တပ်ထားတာပါ
တရုတ်နိုင်ငံမှာနေတာ တစ်လစွန်းလာပြီ။
တရုတ်ကောင်းကြောင်းတွေလျှော
ဒါပေမယ့် သေချာတာတစ်ခုကတော့ တရုတ်နိုင်ငံဟာ ကျနော်တို့ နိုင်ငံတကာသတင်းတွေမှာဖတ်ရြ
အရာအားလုံးဟာ စနစ်တကျ၊ သူ့အစီအစဉ်နဲ့သူ သွားနေတာ။
ကျနော်တို့တွေဟာ ဟိုတုန်းက ဆိုရှယ်လစ်ဆို လိုက်လစ်၊ ကွန်မြူနစ်ဆိုလိုက်နစ်၊ စစ်အာဏာရှင်ဆို လိုက်ရှင်၊ ဒီမိုကရေစီဆို လိုက်စီပြီး နေခဲ့ကြရတာ။ ဘယ်စနစ်လေးကောင်းမလဲဆိုပြီး
စနစ်တစ်ခုပြောင်းတိုင်း နောက်ဆက်တွဲအကျိုးဆက်က ရှိတယ်။ လူတွေက စနစ်သစ်နဲ့ အသားမကျဘူး။ စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီပြောင်းတယ်။ ကျနော်တို့အခုထိ အသားမကျသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၁၀ ၀န်းကျင်အထိ ရဲတွေ့ရင် ဘာလို့ကြောက်မှန်းမသိ ကြောက်ခဲ့ရတဲ့အဖြစ်တွေ တကယ်ရှိခဲ့ဖူးတယ်။
ဒီကွန်မြူနစ်နိုင်ငံမှာ ဘာရဲမှ ကြောက်စရာမလိုဘူး။ ရဲစခန်းတွေမှားပြီး ရောက်သွားလို့ လေးခုလောက် ရောက်ဖူးတယ်။ စခန်းတစ်ခုမှာ အပွင့်တွေနဲ့အရာရှိကို အော်ဟစ်ပြောဆိုနေတဲ့ မိန်းမကြီးတစ်ယောက်တောင် တွေ့ခဲ့တယ်။ အရာရှိရဲမေတွေလည်း စခန်းတိုင်းမှာ အများကြီးတွေ့ရတယ်။ စခန်းတစ်ခုမှာဆို အမျိုးသမီးအရာရှိတွေချည်းပဲ
ဘာသာမဲ့ပါဆိုတဲ့ ကွန်မြူနစ်နိုင်ငံမှာ မြန်မာနိုင်ငံမှာလိုမျိုး အသက်ကြီးသူတွေကို ဦးစားပေး၊ နေရာဖယ်ပေးတဲ့ ဓလေ့မျိုးတွေလည်း တွေ့ရတယ်။ နိုင်ငံခြားသားတွေကိုလည်း တော်တော်လေး ကူညီပေးကြတယ်။
တရုတ်တွေ အင်္ဂလိပ်လိုမတတ်ဘူးဆိုတာ ဒီဘက် generation တွေအတွက် မမှန်တော့ဘူး။ ဘယ်လို နည်းစနစ်တွေနဲ့ သင်နေလဲတော့မသိဘူး။ အလုပ်ခွင်ထဲမှာ ကိုယ်နဲ့ရွယ်တူတွေ၊ ကိုယ့်ထက် ၃ နှစ်၊ ၄ နှစ်လောက်ငယ်တဲ့ အသက်အပိုင်းအခြားတွေဟာ အင်္ဂလိပ်စကားကို native တစ်ယောက်လို မွှတ်နေအောင် ပြောတတ်ကြတယ်။ native တွေတောင် သူတို့ကို မေးယူရတယ်။ သူတို့နိုင်ငံတွေမှာ နေဖူးလား၊ ကျောင်းတက်ခဲ့ဖူးလားဆိုပြီး
ကျနော်လည်း လမ်းမသိရင် လမ်းမှာတွေ့တဲ့ လူငယ်တွေကို သွားမေးတာပါပဲ။ လူငယ်အများစုက အင်္ဂလိပ်လိုနားလည်ကြတယ်။ ဈေးဝယ်တဲ့အချိန်မှာပဲ ဒုက္ခရောက်တာ၊ အသက်လတ်ပိုင်း ၀န်ထမ်းအများစုက အင်္ဂလိပ်လိုမရဘူး။ ဒါပေမယ့် သူတို့ပြောတာ ခန့်မှန်းရလွယ်ရပါတယ်။ ငွေသားနဲ့ ရှင်းမှာလား၊ WeChat နဲ့ရှင်းမှာလား၊ ဘဏ်ကတ်နဲ့ ရှင်းမှာလားဆိုပြီး။ နောက်မေးခွန်းတစ်ခုက အိတ်ယူမှာလားဆိုတာပါပဲ။ ကောင်တာကိုရောက်လို့ သူတို့ တစ်ခုခုပြောတာနဲ့ ကတ်လေးထောင်ပြ လိုက်တယ်။ အဲဒါဆို သူတို့သိတယ်။ ကတ်နဲ့ ရှင်းမယ်ပေါ့။ နောက်တစ်ခု ထပ်မေးရင် ရှင်းတယ်။ အိတ်ယူမလားပေါ့။ လက်ကာပြလိုက်တယ်။ အဲဒါဆိုပြီးရော။ ကျသင့်ငွေကို သူ့ဟာသူကတ်ထဲက ဖြတ်သွားတာပဲ။
အခု စာအုပ်တစ်အုပ် ဖတ်နေတယ်။ What do you know about the communist party of China? ဆိုတဲ့စာအုပ်။ သူ့အထဲမှာပါတဲ့ အချက်တစ်ချက်မှာဆိုရင် ကုမ္ပဏီတစ်ခုက နိုင်ငံခြားသားတစ်ယောက်ကပြေ
အခု တရုတ်မှာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ search engine ရှိတယ်။ ရှာချင်သမျှဟာတွေအကုန်လုံး တရုတ်လို ရေးထားပေးတယ်။ ဖေ့စ်ဘွတ်ထက်ကောင်းတဲ့ WeChat ရှိတယ်။ ဖေ့စ်ဘွတ်ထက် ကောင်းတယ်လို့ ပြောရတာက WeChat မှာ ဖေ့စ်ဘွတ်လို ပုံတင်၊ စာရေး၊ မက်ဆေ့ခ်ျပို့တာမျိုးအပြင် ငွေပေးငွေချေလုပ်တာ၊ အစားအသောက်မှာတာ၊ အိမ်ခန်း၊ ဟိုတယ်ဘွတ်ကင်လုပ်တာ၊ စက်ဘီးငှားတာ၊ တက္ကစီငှားတာ၊ ဈေးဝယ်တာ စသည်ဖြင့် ပြောလို့မကုန်နိုင်အောင် လုပ်နိုင်တာတွေ အများကြီးပဲ။ WeChat အကောင့်ကို ဖုန်းနံပါတ်နဲ့ ဖွင့်ရတယ်။
တရုတ်ကွန်မြူနစ်အစိုးရက ပြည်သူတွေအတွက်လုပ်ပေးခဲ့တာ
မော်စီတုံး၊ တိန့်ရှောင်ဖိန်၊ ရှန်ဇီမင်း၊ ဟူကျင်းတောင်ကနေစလို့ လက်ရှိ ရှီကျင်းပင်အထိ ပြည်သူအတွက်ပဲ ကြည့်နေတာ။ လာဘ်စားတဲ့ကောင်တွေကို တကယ်အရေးယူနေတာ။
သူတို့က မော်စီတုံးလက်ထက်မှာ cultural revolution (ယဉ်ကျေးမှုခေတ်ပြောင်းတော်လ
ပြောချင်တာက အများကြီးပါပဲ။ အခုတော့ တော်ဦးမယ်ဗျာ။
(နောက်ထပ်ဖြည့်စွက်ပြီ
နောက်တစ်ခုက လုံခြုံရေး၊ ဘေဂျင်းမှာ ညအချိန်မတော်အပြင်ထွက်
နောက်ပြီး အခုတရုတ်မှာ ချမ်းတာ မိုင်းနပ်စ်ပြနေပြီ၊ ရေကန်တွေမှာတောင် ရေခဲကုန်ပြီ။ ဒါပေမယ့် အဲဒါ အပြင်မှာပဲ၊ အိမ်တိုင်း အဆောက်အအုံတိုင်းမှာ တရုတ်အစိုးရက အနွေးဓာတ်လွှတ်ပေးထားတယ်
….
စည်သူထွန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။