"ဝမ်းရေး နဲ့ ဝါသနာ"
လူငယ် အရွယ် အထူးသဖြင့် ဆယ်တန်းပြီးခါစလို့ အချိန်မှာ ခေါင်းအစား ရဆုံး ပြဿနာက " ငါ ဘာဖြစ်ချင်တာလဲ" ဆိုတဲ့ မေးခွန်းရဲ့အဖြေ ၊ အဲ့အဖြေရဲ့ နောက်ဆက်တွဲက ငါဖြစ်ချင်တာက ငါ့ဘဝအတွက် လုံလောက်တဲ့ အာမခံချက်ပေးနိုင်ပါ့ မလား ဆိုတဲ့ ကြောက်စိတ် ။
1) ဝါသနာ ပါတယ် ဆို တစ်စိုက်မတ်မတ် လုပ်ပါ
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကထိ ကျွန်တော်လည်း စာရေးခြင်း နဲ့ အသက်ရှင်ရပ်တည် လို့ ရမယ်လို့မထင်ခဲ့ဖူးဘူး ။ ဒါပေမယ့်လည်း လုပ်တတ်တာနဲ့ လုပ်ချင်တာ ဆိုလို့ စာရေးတာ နဲ့ စာဖတ်တာပဲ ရှိတယ် ။ ကျောင်းစာကလည်း ညံ့တော့ တက္ကသိုလ် လည်းကောင်းကောင်းမရဘူး ။ အိမ်ကလည်း သူများတွေလို သင်တန်းကောင်းကောင်း တွေ ထပ်မထားပေးဘူး ။
ကွန်ပျူတာ သင်တန်း တစ်ခုပဲ ထားပေးတယ် ။ အဲ့တစ်ခုကို တစ်ပတ်ပဲ တတ်ပြီး စိတ်မပါလို့ ဆက်မတတ်တော့ဘူး ။ ကျွန်တော့် သူငယ်ချင်း တွေအကုန် သင်တန်း တွေ ကုန်းရုံး တတ်နေကြတဲ့ ဆယ်တန်းပြီးခါစ မှာ ကျွန်တော်က စာဖတ်တာနဲ့ အင်္ဂလိပ်စာလေ့လာတာကလွဲလို့ ကျန်တာ ဘာဆိုဘာမှမလုပ်ဘူး ။
ဒါပေမယ့် အခုတော့လည်း အဆင်ပြေနေတာပဲ ကျွန်တော် စာရေးတယ် ၊ ကြုံရင်ကြုံသလို ဘာသာပြန် လုပ်တယ် ။ လူတန်းစေ့ ရပ်တည်နိုင်တဲ့ ဝင်ငွေ တစ်ခု ရတယ် ။
ပြောချင်တာ ကျွန်တော်လည်း သိပ်တော် သိပ်ထက်မြတ်နေတာ မဟုတ်ဘူးနော် ။ သူလိုငါလို လူပဲ ။ ပျင်းလည်းပျင်းတယ် ။
ဘဝ တစ်လျှောက်လုံး ကိုယ့် ဝါသနာ တစ်ခုကို တစ်စိုက်မတ်မတ် လုပ်ခဲ့တာပဲ ရှိတယ် ။
၂) ပျော်တာကိုသာ လုပ်
"ပျော်ရာမှာ မနေရ တော်ရာမှာနေ" ဆိုတာ ဂျင်းအကြီးစား ပဲ လို့ ကျွန်တော်တော့ မြင်တယ် ။ လူတွေကို သူတို့ လှောင်ချိုင့်တွေ ထဲမှာ အထပ်ထပ် ပိတ်မိစေတာ ။ depression တွေ ရပြီး အသက်ရှင်နေထိုင်မှုကို ငြီးငွေ့စေတာ ။
ဘာလုပ်မှာလဲ ?
မနက်ကနေ ညနေ ထိ ရုံးတတ် ကိုယ်စိတ်မပါတာတွေလုပ် ၊ အလုပ်က stress တွေပိ ၊ ကိုယ်ဝါသနာ မပါတာကို လုပ်နေရတော့ လူက လည်း ဘာမှ မထူးချွန်လာ ။
အဲ့လိုတွေ အဖြစ်ခံမှာလား ?
လူ့ဘဝ ဆိုတာ တကယ့်ကို တိုတို လေးပါ ကိုယ့်လူရယ် ။
၃) လူကြီးတွေ စကားကို တော်ယုံပဲ နားထောင်
မိဘ ဆိုတာ တော့ သူတို့သားသမီး ကို အကောင်းဆုံး အထူးချွန်ဆုံးပဲ ဖြစ်စေချင်ကြတာ ။ ဒါပေမယ့် ကျွန်တော်တို့ သတိပြုရမှာ သူတို့အတွက် အကောင်းဆုံး ဆိုတာတွေက ကျွန်တော်တို့ အတွက်ရော အကောင်းဆုံး ဖြစ်ရဲ့လား ?
အတင်းစွတ်ဆက် ပြီး ပုန်ကန် ခိုင်းတာ မဟုတ်ဘူးနော် ။ ကိုယ့်မိဘ ဆိုတာ ကိုယ့်ထက် အနည်းဆုံး ဆယ်စုနှစ် ၂ ခု စာလောက်နောက်ကျတယ် ။ သူတို့က အခု လက်ရှိခေတ်အခြေအနေ နဲ့ လူငယ် တွေရဲ့ စပ်လျဉ်း မှု ကို လုံလုံလောက်လောက် နားလည်ပေးနိုင်မှာ မဟုတ်ဘူး ။ ဒါသူတို့အပြစ် လည်းမဟုတ်ဘူးနော် ။ နားလည်အောင် ရှင်းပြ ရမှာ ၊ အလုပ်နဲ့ သက်သေပြရမှာ မိမိ တာဝန်သာ ဖြစ်တယ် ။
အထက်မှာ ပြောခဲ့တာတွေက ကျွန်တော့်ဘဝ ဖြတ်သန်းမှု အတွေ့အကြုံနဲ့ ချိန်ဆ ထားတဲ့ ခဗျားတို့အတွက် အကြံ ပေးချက် သပ်သပ်တွေပါပဲ ။ အဓိက ခဗျားတို့ဖက်က ကိုယ့်ကိုယ်ကို ပြန်မေးရမှာ တစ်ခုရှိပါသေးတယ် ။
" ဘဝမှာ ကိုယ်လုပ်ချင်တဲ့ အရာတွေကို စွန့်လွှတ်ပြီး ၊ ကိုယ်မလုပ်ချင်တဲ့ အရာတွေမှာ ဥာဏ ၊ ကာယ တွေ တစ်ဘဝစာ ရင်း ရဲပြီလား ? " ဆိုတာပါ ။
========================== ===========
လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)
သင်ဟာလူငယ်တစ်ယောက်ဆိုရင် Lunge.media လူငယ်မီဒီယာ page ကို Like လုပ်ထားလိုက်ပါ။ သင့်အတွက် ရသဖြစ်စေမယ့် ဆောင်းပါးတွေကို နေ့စဉ်တင်ဆက်ပေးသွားမှာပါ။

==========================
လူငယ်တို့အတွက် လူငယ်မီဒီယာ (lunge.media)
သင်ဟာလူငယ်တစ်ယောက်ဆိုရင် Lunge.media လူငယ်မီဒီယာ page ကို Like လုပ်ထားလိုက်ပါ။ သင့်အတွက် ရသဖြစ်စေမယ့် ဆောင်းပါးတွေကို နေ့စဉ်တင်ဆက်ပေးသွားမှာပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။