အောင်မြင်ဖို့လိုနေတာ ရင်ထဲက ဆန္ဒပါ
📖📖📖📖📖📖📖📖📖📖📖📖📖
တောမြို့လေးတစ်မြို့ရဲ့ လမ်းမပေါ်မှာ ပူဖောင်းရောင်းတဲ့ လူတစ်ယောက်ဟာ အ၀ါရောင်ပူဖောင်းတစ်လုံးကို
ကြိုးဖြတ်ပြီး လွှတ်လိုက်လို့ ပူဖောင်းဟာ တဖြည်းဖြည်း
မိုးပေါ်ပျံတက်သွားတယ်။ အနားတစ်ဝိုက်က ကလေးတွေဟာ သဘောကျလို့
သူ့ဆီပြေးလာကြပြီး ပူဖောင်းတွေကို အလုအယက်ဝယ်ကြတယ်။ သူဟာ ကလေးတွေ
ဝိုင်းအုံလာတိုင်း ပူဖောင်း အနီ၊ အပြာ၊ လိမ္မော်ရောင် စတာတွေကို
လွှတ်တင်ပေးနေတယ်။ ပူဖောင်းတစ်လုံး လွှတ်တင်လိုက်တိုင်း ကလေးတွေက သူ့ဆီက ပူဖောင်းတွေ ၀ယ်ကြတယ်။
ပူဖောင်းရောင်းသူဟာ ပူဖောင်းတစ်လုံးကို ဓာတ်ငွေ့ဖြည့်သွင်းနေတုန်းမှာ
သူ့ပုဆိုးစကို တစ်ယောက်ယောက်က လာဆွဲနေလို့ ငုံကြည့်လိုက်တယ်။ (၆)နှစ်အရွယ်
ကလေးမလေးတစ်ယောက် ဖြစ်နေတယ်။ သူက ဘာလဲလို့ မေးလိုက်တော့ ကလေးမလေးက သူ့ကို
မော့ကြည့်ရင်း “ ဦးကြီး အမဲရောင် ပူဖောင်းကို ကြိုးဖြတ်ပြီး
လွှတ်လိုက်ရင်ရော မိုးပေါ်ပျံတက်နိုင်သလား” လို့ မေးလိုက်တယ်။
ပူဖောင်းသည်က “ ပျံတက်နိုင်တာပေါ့ ကလေးရယ်။ ပူဖောင်းထဲမှာရှိတဲ့ ဓာတ်ငွေ့က မိုးပေါ်ကို ပျံတက်စေတာပါ။ အရောင်နဲ့ မဆိုင်ပါဘူး“လို့ ပြောလိုက်တယ်။
ထိုနည်းတူပါပဲ။ အောင်မြင်ကြီးပွားတယ်ဆိုတာ အသားဖြူတာ၊ မည်းတာ၊ ဘွဲ့ရတာ၊ မရတာ၊ ရုပ်ချော ရုပ်ဆိုးတာ စတဲ့ အပြင်ပန်းနဲ့မဆိုင်ပါဘူး။ ရင်ထဲမှာ ကြီးပွားအောင်မြင်ချင်တဲ့ လိုအင်ဆန္ဒ ဘယ်လောက်ပြင်းပြသလဲဆိုတာအပေါ် မူတည်ပါတယ်။ အဲဒီ လိုအင်ဆန္ဒမရှိရင် အမြင့်ကို ပျံမတက်နိုင်ပါဘူး။
Credit to original writer
📖📖#ခွန်သူရိန်မင်း(လမ်းပြကြယ်)📖
📖📖📖📖📖📖📖📖📖📖📖📖📖
တောမြို့လေးတစ်မြို့ရဲ့ လမ်းမပေါ်မှာ ပူဖောင်းရောင်းတဲ့ လူတစ်ယောက်ဟာ အ၀ါရောင်ပူဖောင်းတစ်လုံးကို
ပူဖောင်းရောင်းသူဟာ ပူဖောင်းတစ်လုံးကို ဓာတ်ငွေ့ဖြည့်သွင်းနေတုန်းမ
ပူဖောင်းသည်က “ ပျံတက်နိုင်တာပေါ့ ကလေးရယ်။ ပူဖောင်းထဲမှာရှိတဲ့ ဓာတ်ငွေ့က မိုးပေါ်ကို ပျံတက်စေတာပါ။ အရောင်နဲ့ မဆိုင်ပါဘူး“လို့ ပြောလိုက်တယ်။
ထိုနည်းတူပါပဲ။ အောင်မြင်ကြီးပွားတယ်ဆိုတာ အသားဖြူတာ၊ မည်းတာ၊ ဘွဲ့ရတာ၊ မရတာ၊ ရုပ်ချော ရုပ်ဆိုးတာ စတဲ့ အပြင်ပန်းနဲ့မဆိုင်ပါဘူး။ ရင်ထဲမှာ ကြီးပွားအောင်မြင်ချင်တဲ့ လိုအင်ဆန္ဒ ဘယ်လောက်ပြင်းပြသလဲဆိုတာအပေ
Credit to original writer
📖📖#ခွန်သူရိန်မင်း(လမ်းပြကြယ်)📖
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။