Rich Dad ရှင်းပြတဲ့ စီးပွားရေးပညာသင်ကျောင်း အမျိုးအစား ၄ မျိုး
၁။ #ထုံးတမ်းစဉ်လာစီးပွားရေးပညာသင်ကျောင်း။
ဒီကျောင်းတွေကတော့ နာမည်ကြီးကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ စီးပွားရေးပညာတွေဖြစ်ပါတယ်။ စာတွေဖတ်မှတ်လေ့လာ၊ စာမေးပွဲတွေဖြေရ၏။ ဘွဲ့တွေ၊ ဒီပလိုမာတွေ ပေး၏။
၂။ #မိသားစုစီးပွားရေးပညာသင်ကျောင်း။
မိသားစုပိုင်လုပ်ငန်းများဟာ မိသားစုဝင်တွေအတွက်တော့ စီးပွားရေးပညာသင်ရန် အကောင်းဆုံးကျောင်းတွေပဲဖြစ်ပါတယ်။ ဥပမာ မိဘတွေ တည်ထောင်ထားတဲ့ မိသားစုပိုင်လုပ်ငန်းတွေမှာ သားသမီးတွေ ဝင်ရောက်ဆက်ခံလုပ်ဆောင်အောင် သင်ပေးကြတဲ့ စီးပွားရေးပညာသင်ကျောင်းမျိုးပါ။
၃။ #ကော်ပိုရိတ်စီးပွားရေးပညာသ င်ကျောင်း။
လုပ်ငန်းအတော်များများမှာ အလားအလာကောင်းတဲ့ သူတွေကို ကုမ္ပဏီက သင်တန်းတွေပေးတယ်။ ကုမ္ပဏီ စရိတ်နဲ့ ပညာသင်ခွင့်တွေရတယ်။ သင်တန်းတတ်ပြီးသူတွေကို ကုမ္ပဏီရဲ့ ဌာနအသီးသီးမှာ လှည့်ပတ် တာဝန်ထမ်းစေပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လုပ်ငန်းသဘာဝကို သိစေသလို လက်တွေ့ လုပ်ငန်းအတွေ့အကြုံတွေလည်း ရစေတဲ့ ကျောင်းမျိုးဖြစ်ပါတယ်။
၎။ #ဘဝပေးစီးပွားရေးပညာသင်ကျော င်း။
စာသင်ကျောင်း၊ မိသားစုလုပ်ငန်း နဲ့ ကုမ္ပဏီရဲ့ အရိပ်အာဝါသအောက်မှ ထွက်လာသော စီးပွားရေးစွမ်းဆောင်ရှင်များရဲ့ ဘဝပေး စီးပွားရေးပညာကျောင်းဖြစ်ပါ တယ်။ အခက်ခဲ အပင်ပန်းဆုံး စီးပွားရေးပညာသင်ကျောင်းဖြစ်ပါတယ်။
ကြောက်စရာ လန့်စရာကောင်းပြီး စိန်ခေါ်မှုအပြည့် ၊ စွန့်စားမှု အပြည့်ရှိနေတဲ့
ကျောင်းကြီးပါ။ တော်တော်ကြမ်းလှတဲ့ ဆရာလည်းဖြစ်ပါတယ်။ စာမေးပွဲတွေကလည်း
အမြဲတမ်း အချိန်ပြည့် အရည်အချင်းစမ်းသတ်နေသလို အောင်မှတ်ပေးဖို့လည်း
တွန့်တိုတဲ့ ကျောင်းဖြစ်တယ်။ အောင်မှတ်တွေကို အေအဆင့်၊ ဘီအဆင့်များနဲ့
သတ်မှတ်တာမဟုတ်ပါဘူး။ ဒီ ဘဝပေးသင်တန်းကျောင်းက ရရှိတဲ့ အဆင့်တွေကတော့
ရှာဖွေလို့ရတဲ့ အမြတ်ငွေတွေ၊ ဆုံးရှုံးသွားမယ့် ငွေတွေ နဲ့ တိုင်းတာ
သတ်မှတ်ပါတယ်။ ဒီကျောင်းက ပညာတွေဟာ ဘဝအတွက် အထူးတလည် လိုအပ်တဲ့
ပညာရပ်တွေကို အပြတ်မောင်းနှင် သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ်။
ကျောင်းလေးမျိုးစလုံးတွင် သူ့ကောင်းမြတ်ခြင်းနဲ့သူရှိ ကြပါတယ်။
အားနည်းချက်တွေရှိသလို အားသာချက် ကိုယ်စီလည်းရှိကြပါတယ်။ လက်ရှိမှာ သင့်
စီးပွားရေးပညာတွေအတွက် ဘယ်ကျောင်းတွေကနေ စီးပွားရေးပညာတွေ သင်ယူနေပါသလဲ။
ဘယ်ကျောင်းတွေကနေ ဘာတွေပဲ သင်ယူ သင်ယူ အရည်အချင်းစစ် စီးပွားရေး စာမေးပွဲတိုင်းကို အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Phoo Kyaw Zin (Future Wave)
Author & Motivational Speaker
Founder of Future Wave
#PKZ_Article
၁။ #ထုံးတမ်းစဉ်လာစီးပွားရေးပည
ဒီကျောင်းတွေကတော့ နာမည်ကြီးကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ စီးပွားရေးပညာတွေဖြစ်ပါတယ်။
၂။ #မိသားစုစီးပွားရေးပညာသင်ကေ
မိသားစုပိုင်လုပ်ငန်းများဟာ
၃။ #ကော်ပိုရိတ်စီးပွားရေးပညာသ
လုပ်ငန်းအတော်များများမှာ အလားအလာကောင်းတဲ့ သူတွေကို ကုမ္ပဏီက သင်တန်းတွေပေးတယ်။ ကုမ္ပဏီ စရိတ်နဲ့ ပညာသင်ခွင့်တွေရတယ်။ သင်တန်းတတ်ပြီးသူတွေကို ကုမ္ပဏီရဲ့ ဌာနအသီးသီးမှာ လှည့်ပတ် တာဝန်ထမ်းစေပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လုပ်ငန်းသဘာဝကို သိစေသလို လက်တွေ့ လုပ်ငန်းအတွေ့အကြုံတွေလည်း ရစေတဲ့ ကျောင်းမျိုးဖြစ်ပါတယ်။
၎။ #ဘဝပေးစီးပွားရေးပညာသင်ကျော
စာသင်ကျောင်း၊ မိသားစုလုပ်ငန်း နဲ့ ကုမ္ပဏီရဲ့ အရိပ်အာဝါသအောက်မှ ထွက်လာသော စီးပွားရေးစွမ်းဆောင်ရှင်မျ
ကျောင်းလေးမျိုးစလုံးတွင် သူ့ကောင်းမြတ်ခြင်းနဲ့သူရှိ
ဘယ်ကျောင်းတွေကနေ ဘာတွေပဲ သင်ယူ သင်ယူ အရည်အချင်းစစ် စီးပွားရေး စာမေးပွဲတိုင်းကို အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Phoo Kyaw Zin (Future Wave)
Author & Motivational Speaker
Founder of Future Wave
#PKZ_Article
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။