[Zawgyi]
လူတစ္ေယာက္ခ်င္းစီမွာ ၂၄နာရီအတူတူရေနေပမယ့္ ဆင္းရဲခ်မ္းသာ ကြဲျပားေနရတဲ့ အဓိကအေၾကာင္းအခ်က္ကေတာ့ ေငြေၾကးကိစၥစီမံခန္႔ခြဲပုံ မတူညီၾကတဲ့အတြက္ျဖစ္ပါတယ္။ ဥပမာ- ကုိယ့္လစာက ၃သိန္းရတယ္။ တစ္လ၁သန္း စုမိတယ္။ ဗီယက္နမ္ကုိ အပန္းေျဖထြက္လုိက္တာ ၆သိန္းကုန္သြားတယ္။ ဆုိေတာ့ ကုန္သြားတဲ့၆သိန္းျပန္ရဖုိ႔ ၆လစုရမယ္ဆုိတာ မေမ့ပါနဲ႔။ ကုိယ့္မွာရွိတဲ့အက်င့္စရုိက္ေတြက ေအာက္မွာေဖာ္ျပတဲ့အတုိင္းရွိေနရင္ ဘယ္ေတာ့မွမႀကီးပြားဘူးဆုိတာ ေျပာခ်င္ပါတယ္။
၁။ လုံေလာက္တဲ့ဝင္ေငြမရွိဘဲနဲ႔ စုဖို႔ပဲအာရုံစုိက္လြန္းတယ္။
ဒီကိစၥက ရွင္းပါတယ္။ လူတုိင္းက ခ်မ္းသာခ်င္တယ္၊ ပုိက္ဆံစုခ်င္တယ္ ဒါေပမယ့္ လုံေလာက္တဲ့ဝင္ေငြရွိမွ ျဖစ္မွာေလ။ တစ္လကုိ ၁သိ္န္းေလာက္ပဲ ဝင္ၿပီး ၃သိန္းေလာက္စုခ်င္ရင္ ဘယ္ျဖစ္မတုန္း။ အဲဒီေတာ့ ပုိက္ဆံခ်မ္းသာခ်င္ရင္ လုံေလာက္တဲ့ ဝင္ေငြရွိဖုိ႔လည္း လုိအပ္ေသးတယ္။ အရင္ဆုံး ဝင္ေငြေကာင္းေအာင္လုပ္။
၂။ စုေပမယ့္ ရင္းႏွီးျမွဳပ္ႏွံမႈ မရွိေသးဘူး။
ထားပါေတာ့ ဝယ္ခ်င္တဲ့ တုိက္ခန္းေစ်းက သိန္း၂၅ဝ။ တုိက္ခန္းဝယ္ဖုိ႔ တစ္လကုိ ၁ဝသိန္းစုတယ္၊ ၂ႏွစ္ျပည့္ေတာ့ သိန္း ၂၅ဝ ရသြားၿပီ။ ဒါေပမယ့္ ဝယ္ခ်င္တဲ့တုိက္ခန္းေစ်းက သိန္း၅ဝဝတက္သြားတယ္။ လုိက္ေလ ေဝးေလျဖစ္ေနတာ။ တကယ္တမ္းေတာ့ လစဥ္စုထားတဲ့ ပုိက္ဆံေတြကုိေပါင္းၿပီး လုပ္ငန္းတစ္ခုခုကုိ ရင္းႏွီးထားသင့္တာ။ ဆုိင္ဖြင့္ထားတာပဲျဖစ္ျဖစ္ေပါ့။ ဒါမွပဲ စုထားတဲ့ေငြေတြက တုိးပြားလာမွာ။ အဲဒီေတာ့ ပုိက္ဆံစုၿပီးရင္ အရင္းအႏွီးရတာနဲ႔ ကုိယ္ပုိင္စီးပြားေရးပဲ လုပ္။ လုပ္ငန္းေသးေနလည္း ကိစၥမရွိဘူး။ ေညာင္ပင္ႀကီးဆုိတာ ေညာင့္ေစ့ကပဲ ျဖစ္လာတာ။
၃။ မတတ္ႏုိင္ေသးတာကုိ ဝယ္တယ္။
လူတစ္ေယာက္က ကုိယ့္ဝင္ေငြနဲ႔ သင့္တင့္ေလ်ာက္ပတ္တဲ့ အသုံးအေဆာင္ကုိပဲ ဝတ္ဆင္သင့္တယ္။ ဘီလ်ံနာတစ္ေယာက္က ၿပိဳင္ကားစီးတာက ျပႆနာမဟုတ္ေပမယ့္ သိန္း၁ဝဝေလာက္ပဲ ခ်မ္းသာတဲ့သူက ၿပိဳင္ကားစီးမယ္ဆုိရင္ အဆင္မေျပေတာ့ဘူး။ ႀကိဳးစားေနတုန္းခဏမွာ တပ္မက္မႈေတြကုိ ခ်ိဳးႏွိမ္ထားလုိက္စမ္းပါ။
၄။ သူမ်ားဘဝကုိ အားက်ေနတယ္။
ဆရာဝန္လုပ္ေနတဲ့ လူတစ္ေယာက္ အဆင္ေျပေနတာ ျမင္ရေတာ့ ကုိယ္လည္း ဆရာဝန္လုပ္ခ်င္ေရာ။ အင္ဂ်င္နီယာလုပ္ေနတဲ့ လူတစ္ေယာက္ ခ်မ္းသာေနတာ ျမင္ရေတာ့ ကုိယ္လည္း အင္ဂ်င္နီယာျဖစ္ခ်င္ျပန္ေရာ။ လူဆုိတာ ကုိယ့္ဘဝနဲ႔ကုိယ္ပါ။ ကုိယ္ပုိင္အိပ္မက္ကုိပဲ အေကာင္အထည္ေဖာ္သင့္တာ။ ကုိယ္ဘာျဖစ္သလဲသိေအာင္လုပ္၊ ျဖစ္ေအာင္ အေကာင္အထည္ေဖာ္စမ္းပါ။
၅။ ဆင္ေသေကာင္စားတဲ့ က်ီးမုိက္မျဖစ္ေစနဲ႔။
လူ႕ဘဝတစ္ေလ်ွာက္လုံးမွာ မေအာင္ျမင္ခင္ ႀကိဳးစားထားမွ ေတာ္ကာက်တာ။ ထားလုိက္ပါေတာ့ဗ်ာ။ ကုိယ္လုပ္တဲ့အလုပ္က သူမ်ားေတြလုိ မပင္ပန္းဘူး။ ပညာလည္း ဒီေလာက္မရဘူး။ သက္သက္သာသာနဲ႔ အခ်ိန္တန္ရင္ လစာရတာပဲ။ ဒါကုိပဲ အေနေခ်ာင္လုိ႔ သာယာေနရင္ အဆင္မေျပဘူး။ အခ်ိန္တန္ရင္ ဆင္ေသေကာင္စားတဲ့ က်ီးမုိက္လုိပဲ ျဖစ္သြားမွာ။ ဘယ္ေတာ့မွ ေရသာမခုိေလနဲ႔။
၆။ ဝယ္ခ်င္တာ ဝယ္ၿပီးမွ စုေနတယ္။
ျဖစ္ႏုိင္ရင္ ဝင္ေငြရဲ႕ ၃၅ရာခုိင္ႏႈန္းေလာက္ အနည္းဆုံးထားၿပီး စုသင့္တယ္။ လစာထုတ္ရင္ ဝယ္ခ်င္တာကုိ ဝယ္တယ္။ ပုိတဲ့ပုိက္ဆံကုိမွ စုေဆာင္းတယ္ဆုိရင္ နည္းနည္းပဲစုျဖစ္မွာပါ။ လစာထုတ္ကတည္းက ဘယ္ေလာက္စုမယ္လုိ႔ ႀကိဳတင္သတ္မွတ္ထားသင့္တယ္။
ကဲ . . . လူဆင္းရဲေတြမွာရွိတဲ့ အက်င့္စရုိက္ေတြကုိ တက္ႏုိင္သေလာက္ စုတည္းေဖာ္ျပထားပါတယ္။ အခုေဖာ္ျပထားတဲ့အခ်က္ (၆) ခ်က္က ကုိယ့္မွာရွိေနတယ္ဆုိရင္ အခ်ိန္မီသာ ေဖ်ာက္ပစ္လုိက္ပါ။ ေနာက္က်သြားရင္္ မေကာင္းဘူးေနာ္။ ကဲ . . . အားလုံးအဆင္ေျပေခ်ာေမြ႕ၾကပါေစ။
ေက်ာ္စုိးေအာင္ (အခရာ)
www.akhayar.com
[Unicode]
လူတစ်ယောက်ချင်းစီမှာ ၂၄နာရီအတူတူရနေပေမယ့် ဆင်းရဲချမ်းသာ ကွဲပြားနေရတဲ့ အဓိကအကြောင်းအချက်ကတော့ ငွေကြေးကိစ္စစီမံခန့်ခွဲပုံ မတူညီကြတဲ့အတွက်ဖြစ်ပါတယ်။ ဥပမာ- ကိုယ့်လစာက ၃သိန်းရတယ်။ တစ်လ၁သန်း စုမိတယ်။ ဗီယက်နမ်ကို အပန်းဖြေထွက်လိုက်တာ ၆သိန်းကုန်သွားတယ်။ ဆိုတော့ ကုန်သွားတဲ့၆သိန်းပြန်ရဖို့ ၆လစုရမယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်မှာရှိတဲ့အကျင့်စရိုက်တွေက အောက်မှာဖော်ပြတဲ့အတိုင်းရှိနေရင် ဘယ်တော့မှမကြီးပွားဘူးဆိုတာ ပြောချင်ပါတယ်။
၁။ လုံလောက်တဲ့ဝင်ငွေမရှိဘဲနဲ့ စုဖို့ပဲအာရုံစိုက်လွန်းတယ်။
ဒီကိစ္စက ရှင်းပါတယ်။ လူတိုင်းက ချမ်းသာချင်တယ်၊ ပိုက်ဆံစုချင်တယ် ဒါပေမယ့် လုံလောက်တဲ့ဝင်ငွေရှိမှ ဖြစ်မှာလေ။ တစ်လကို ၁သိန်းလောက်ပဲ ဝင်ပြီး ၃သိန်းလောက်စုချင်ရင် ဘယ်ဖြစ်မတုန်း။ အဲဒီတော့ ပိုက်ဆံချမ်းသာချင်ရင် လုံလောက်တဲ့ ဝင်ငွေရှိဖို့လည်း လိုအပ်သေးတယ်။ အရင်ဆုံး ဝင်ငွေကောင်းအောင်လုပ်။
၂။ စုပေမယ့် ရင်းနှီးမြှုပ်နှံမှု မရှိသေးဘူး။
ထားပါတော့ ဝယ်ချင်တဲ့ တိုက်ခန်းဈေးက သိန်း၂၅ဝ။ တိုက်ခန်းဝယ်ဖို့ တစ်လကို ၁ဝသိန်းစုတယ်၊ ၂နှစ်ပြည့်တော့ သိန်း ၂၅ဝ ရသွားပြီ။ ဒါပေမယ့် ဝယ်ချင်တဲ့တိုက်ခန်းဈေးက သိန်း၅ဝဝတက်သွားတယ်။ လိုက်လေ ဝေးလေဖြစ်နေတာ။ တကယ်တမ်းတော့ လစဉ်စုထားတဲ့ ပိုက်ဆံတွေကိုပေါင်းပြီး လုပ်ငန်းတစ်ခုခုကို ရင်းနှီးထားသင့်တာ။ ဆိုင်ဖွင့်ထားတာပဲဖြစ်ဖြစ်ပေါ့။ ဒါမှပဲ စုထားတဲ့ငွေတွေက တိုးပွားလာမှာ။ အဲဒီတော့ ပိုက်ဆံစုပြီးရင် အရင်းအနှီးရတာနဲ့ ကိုယ်ပိုင်စီးပွားရေးပဲ လုပ်။ လုပ်ငန်းသေးနေလည်း ကိစ္စမရှိဘူး။ ညောင်ပင်ကြီးဆိုတာ ညောင့်စေ့ကပဲ ဖြစ်လာတာ။
၃။ မတတ်နိုင်သေးတာကို ဝယ်တယ်။
လူတစ်ယောက်က ကိုယ့်ဝင်ငွေနဲ့ သင့်တင့်လျောက်ပတ်တဲ့ အသုံးအဆောင်ကိုပဲ ဝတ်ဆင်သင့်တယ်။ ဘီလျံနာတစ်ယောက်က ပြိုင်ကားစီးတာက ပြဿနာမဟုတ်ပေမယ့် သိန်း၁ဝဝလောက်ပဲ ချမ်းသာတဲ့သူက ပြိုင်ကားစီးမယ်ဆိုရင် အဆင်မပြေတော့ဘူး။ ကြိုးစားနေတုန်းခဏမှာ တပ်မက်မှုတွေကို ချိုးနှိမ်ထားလိုက်စမ်းပါ။
၄။ သူများဘဝကို အားကျနေတယ်။
ဆရာဝန်လုပ်နေတဲ့ လူတစ်ယောက် အဆင်ပြေနေတာ မြင်ရတော့ ကိုယ်လည်း ဆရာဝန်လုပ်ချင်ရော။ အင်ဂျင်နီယာလုပ်နေတဲ့ လူတစ်ယောက် ချမ်းသာနေတာ မြင်ရတော့ ကိုယ်လည်း အင်ဂျင်နီယာဖြစ်ချင်ပြန်ရော။ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါ။ ကိုယ်ပိုင်အိပ်မက်ကိုပဲ အကောင်အထည်ဖော်သင့်တာ။ ကိုယ်ဘာဖြစ်သလဲသိအောင်လုပ်၊ ဖြစ်အောင် အကောင်အထည်ဖော်စမ်းပါ။
၅။ ဆင်သေကောင်စားတဲ့ ကျီးမိုက်မဖြစ်စေနဲ့။
လူ့ဘဝတစ်လျှောက်လုံးမှာ မအောင်မြင်ခင် ကြိုးစားထားမှ တော်ကာကျတာ။ ထားလိုက်ပါတော့ဗျာ။ ကိုယ်လုပ်တဲ့အလုပ်က သူများတွေလို မပင်ပန်းဘူး။ ပညာလည်း ဒီလောက်မရဘူး။ သက်သက်သာသာနဲ့ အချိန်တန်ရင် လစာရတာပဲ။ ဒါကိုပဲ အနေချောင်လို့ သာယာနေရင် အဆင်မပြေဘူး။ အချိန်တန်ရင် ဆင်သေကောင်စားတဲ့ ကျီးမိုက်လိုပဲ ဖြစ်သွားမှာ။ ဘယ်တော့မှ ရေသာမခိုလေနဲ့။
၆။ ဝယ်ချင်တာ ဝယ်ပြီးမှ စုနေတယ်။
ဖြစ်နိုင်ရင် ဝင်ငွေရဲ့ ၃၅ရာခိုင်နှုန်းလောက် အနည်းဆုံးထားပြီး စုသင့်တယ်။ လစာထုတ်ရင် ဝယ်ချင်တာကို ဝယ်တယ်။ ပိုတဲ့ပိုက်ဆံကိုမှ စုဆောင်းတယ်ဆိုရင် နည်းနည်းပဲစုဖြစ်မှာပါ။ လစာထုတ်ကတည်းက ဘယ်လောက်စုမယ်လို့ ကြိုတင်သတ်မှတ်ထားသင့်တယ်။
ကဲ . . . လူဆင်းရဲတွေမှာရှိတဲ့ အကျင့်စရိုက်တွေကို တက်နိုင်သလောက် စုတည်းဖော်ပြထားပါတယ်။ အခုဖော်ပြထားတဲ့အချက် (၆) ချက်က ကိုယ့်မှာရှိနေတယ်ဆိုရင် အချိန်မီသာ ဖျောက်ပစ်လိုက်ပါ။ နောက်ကျသွားရင် မကောင်းဘူးနော်။ ကဲ . . . အားလုံးအဆင်ပြေချောမွေ့ကြပါစေ။
ကျော်စိုးအောင် (အခရာ)
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။