ပဲ့တင်သံ
---------
တစ်ခါက သားအဖနှစ်ယောက် တောတွင်း တောင်ကြားလမ်းလေးအတိုင်း လမ်းလျှောက်ထွက်ခဲ့ကြတယ်။တေ နရာအရောက်မှာ သားဖြစ်သူက ခလုတ်တိုက်မိပြီး အရမ်းနာသွားတဲ့အတွက် “အား ” လို့အော်လိုက်တယ်။
အဲ့မှာတင် ကောင်လေး အရမ်းအံ့သြသွားတာက တစ်ခြားဖက်ကလည်း သူအော်သလို “ အား ” လို့ ပြန်အော်လာတာကြား လိုက်ရလို့။ ဒါနဲ့ ကောင်လေးက “ မင်းဘယ်သူလဲ” လို့ပြန်မေးလိုက်တယ်။
ဒါပေမဲ့ ပြန်ဖြေလာတာကလည်း မင်းဘယ်သူလဲ တဲ့။
ဒါနဲ့ ကောင်လေးလည်း နည်းနည်း ဒေါသထွက်လာပြီး “ ငကြောက် ငါမေးတာ ဘာလို့ ပြန်မဖြေတာလဲကွ ” လို့ အားကုန် အော်လိုက်တယ်။
အဲ့ဒီအသံရှင်ကလည်း “ ငကြောက် ငါမေးတာ ဘာလို့ ပြန်မဖြေတာလဲကွ ” လို့ပြန်အော်လာပြန်ရော။
ကောင်လေးဟာ တဖြည်းဖြည်းနဲ့ ဒေါသပိုထွက်လာတာနဲ့ “မင်းကဘာကောင်လဲ ဘယ်လောက်မိုက်လို့လဲ ”ဆိုတော့
ဟိုကလည်းပြန်ဖြေလာတာ “မင်းကဘာကောင်လဲ ဘယ်လောက်မိုက်လို့လဲ ” တဲ့။
ဒါနဲ့ သူ့အဖေကို မျက်လုံးအပြူးသားလေးနဲ့မော့ ကြည့်ပြီး “ အဖေ အဲ့ဒါဘာဖြစ်တာလဲ ” တဲ့။
အဖေက သူ့သားကို ပြုံးပြ ပြီး “သားလေးကို အဖေပြမယ် ကြည့် ” ဆိုပြီးတော့ တောင်နံရံဖက်ကိုလှည့်ပြီး
“ ကျွန်တော်သင့်ကို နှစ်သက်ပါတယ် ” လို့ အော်တယ်။
အဲ့ဒီ အသံ ကလည်း
“ ကျွန်တော်သင့်ကို နှစ်သက်ပါတယ် ” လို့ ပြန်အော်လာတယ်။
ကောင်လေးရဲ့ အဖေကလည်း ထပ်ပြီးတော့
“ သင်ဟာ အရမ်းတော်ပါတယ် ”ဆိုတော့
အဲ့ဒီ အသံ ကလည်း
“သင်ဟာ အရမ်းတော်ပါတယ် ” လို့
့ပြန်အော်လာတာကို နားထောင်ပြီး ကောင်လေးဟာ အူကြောင်ကြောင်ဖြစ်နေတယ်။
ပြီးမှ အဖေလုပ်တဲ့သူက သူ့သားလေးမျက်နှာကို ကြည့်ပြီးတော့ ရှင်းပြတယ်။
လူတွေက အဲ့ဒါကို ပဲ့တင်သံလို့ခေါ်တယ်သားရဲ့။ ကိုယ့်ရဲ့အသံက ဟိုးက တောင်နဲ့တိုက်ပြီး ကိုယ့်ဆီပြန်လာတာ။
ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒါဟာ “ ဘဝ ” ပါပဲ။
ဘဝဆိုတာ ကိုယ်ပေးလိုက်တဲ့ အရာတွေကို ကိုယ့်ဆီပြန်ပေးလာတာပါပဲ။
ဘဝဆိုတာ ကိုယ်လုပ်လိုက်သမျှ ပြန်လိုက်လုပ်တတ်တဲ့ ရောင်ပြန်မှန်လိုပါပဲတဲ့။
အကယ်၍သားက လူတွေရဲ့ချစ်ခြင်းကို လိုချင်တယ်ဆိုရင် ကိုယ့်ဆီကချစ်ခြင်းတွေ များများထုတ်ဖော်ပြီးပေးရမယ်။
သားက မေတ္တာ ဂရုဏာတွေရရှိချင်တယ်ဆိုရင် လူတွေအပေါ် မေတ္တာများများထားပေးရမယ်။
သားကို လူတွေကနားလည်ပေးပြီး လူတကာကလေးစားစေချင်ရင် ...သားလည်းလူတကာ ကိုအရင်ဆုံး နားလည်ပေးတတ် ပြီး လေးစားတတ်ရမယ်။
ဒီ အချက်တွေဟာဘဝရဲ့ ဘယ်အပိုင်းမှာမဆို သုံးလို့ ရတယ်ကွယ့်။
သားသေသေချာချာ မှတ်ထားရမှာက လောကကြီးဟာ ကိုယ်ကပေးလိုက်တဲ့ အရာတွေကို ကိုယ့်ဆီကို အစီစဉ်တကျ ပြန်ပေးတတ်တယ် ဆိုတာပါပဲ။
ဘဝမှာဖြစ်ပျက်လာသမျှတွေဟာ တိုက်ဆိုင်လို့ မတော်တဆဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်ပြုခဲ့ဖူးတဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေ အားလုံး ကိုယ့်ဆီပဲ့တင်ပြန်လာတာတွေ ချည်းပါပဲ။
ဒီကနေ့ မအောင်မြင်သေးတာ အရင်က သေသေချာချာ မကြိုးစားခဲ့လို့ပဲ လို့ မှတ်ရမယ်။
ဒါဟာလုံးဝ မအောင်မြင်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင်ပြုပြင်ပြီး သေချာပြန်ကြိုးစားလိုက်တာနဲ့  ရလာဒ်အားလုံး ပြောင်းပြန် ပြန်ဖြစ်သွားမှာပါ။
အားလုံးပဲ အောင်မြင်သောနေ့ရက်များစွာ ပိုင်ဆိုင်နိုင်ကြပါစေ။
#KO LATT.
မေတ္တာဖြင့်
ကျော် ကျော်ခိုင်
---------
တစ်ခါက သားအဖနှစ်ယောက် တောတွင်း တောင်ကြားလမ်းလေးအတိုင်း လမ်းလျှောက်ထွက်ခဲ့ကြတယ်။တေ
အဲ့မှာတင် ကောင်လေး အရမ်းအံ့သြသွားတာက တစ်ခြားဖက်ကလည်း သူအော်သလို “ အား ” လို့ ပြန်အော်လာတာကြား လိုက်ရလို့။ ဒါနဲ့ ကောင်လေးက “ မင်းဘယ်သူလဲ” လို့ပြန်မေးလိုက်တယ်။
ဒါပေမဲ့ ပြန်ဖြေလာတာကလည်း မင်းဘယ်သူလဲ တဲ့။
ဒါနဲ့ ကောင်လေးလည်း နည်းနည်း ဒေါသထွက်လာပြီး “ ငကြောက် ငါမေးတာ ဘာလို့ ပြန်မဖြေတာလဲကွ ” လို့ အားကုန် အော်လိုက်တယ်။
အဲ့ဒီအသံရှင်ကလည်း “ ငကြောက် ငါမေးတာ ဘာလို့ ပြန်မဖြေတာလဲကွ ” လို့ပြန်အော်လာပြန်ရော။
ကောင်လေးဟာ တဖြည်းဖြည်းနဲ့ ဒေါသပိုထွက်လာတာနဲ့ “မင်းကဘာကောင်လဲ ဘယ်လောက်မိုက်လို့လဲ ”ဆိုတော့
ဟိုကလည်းပြန်ဖြေလာတာ “မင်းကဘာကောင်လဲ ဘယ်လောက်မိုက်လို့လဲ ” တဲ့။
ဒါနဲ့ သူ့အဖေကို မျက်လုံးအပြူးသားလေးနဲ့မော့
အဖေက သူ့သားကို ပြုံးပြ ပြီး “သားလေးကို အဖေပြမယ် ကြည့် ” ဆိုပြီးတော့ တောင်နံရံဖက်ကိုလှည့်ပြီး
“ ကျွန်တော်သင့်ကို နှစ်သက်ပါတယ် ” လို့ အော်တယ်။
အဲ့ဒီ အသံ ကလည်း
“ ကျွန်တော်သင့်ကို နှစ်သက်ပါတယ် ” လို့ ပြန်အော်လာတယ်။
ကောင်လေးရဲ့ အဖေကလည်း ထပ်ပြီးတော့
“ သင်ဟာ အရမ်းတော်ပါတယ် ”ဆိုတော့
အဲ့ဒီ အသံ ကလည်း
“သင်ဟာ အရမ်းတော်ပါတယ် ” လို့
့ပြန်အော်လာတာကို နားထောင်ပြီး ကောင်လေးဟာ အူကြောင်ကြောင်ဖြစ်နေတယ်။
ပြီးမှ အဖေလုပ်တဲ့သူက သူ့သားလေးမျက်နှာကို ကြည့်ပြီးတော့ ရှင်းပြတယ်။
လူတွေက အဲ့ဒါကို ပဲ့တင်သံလို့ခေါ်တယ်သားရဲ့။ ကိုယ့်ရဲ့အသံက ဟိုးက တောင်နဲ့တိုက်ပြီး ကိုယ့်ဆီပြန်လာတာ။
ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒါဟာ “ ဘဝ ” ပါပဲ။
ဘဝဆိုတာ ကိုယ်ပေးလိုက်တဲ့ အရာတွေကို ကိုယ့်ဆီပြန်ပေးလာတာပါပဲ။
ဘဝဆိုတာ ကိုယ်လုပ်လိုက်သမျှ ပြန်လိုက်လုပ်တတ်တဲ့ ရောင်ပြန်မှန်လိုပါပဲတဲ့။
အကယ်၍သားက လူတွေရဲ့ချစ်ခြင်းကို လိုချင်တယ်ဆိုရင် ကိုယ့်ဆီကချစ်ခြင်းတွေ များများထုတ်ဖော်ပြီးပေးရမယ
သားက မေတ္တာ ဂရုဏာတွေရရှိချင်တယ်ဆိုရင် လူတွေအပေါ် မေတ္တာများများထားပေးရမယ်။
သားကို လူတွေကနားလည်ပေးပြီး လူတကာကလေးစားစေချင်ရင် ...သားလည်းလူတကာ ကိုအရင်ဆုံး နားလည်ပေးတတ် ပြီး လေးစားတတ်ရမယ်။
ဒီ အချက်တွေဟာဘဝရဲ့ ဘယ်အပိုင်းမှာမဆို သုံးလို့ ရတယ်ကွယ့်။
သားသေသေချာချာ မှတ်ထားရမှာက လောကကြီးဟာ ကိုယ်ကပေးလိုက်တဲ့ အရာတွေကို ကိုယ့်ဆီကို အစီစဉ်တကျ ပြန်ပေးတတ်တယ် ဆိုတာပါပဲ။
ဘဝမှာဖြစ်ပျက်လာသမျှတွေဟာ တိုက်ဆိုင်လို့ မတော်တဆဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်ပြုခဲ့ဖူးတဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေ အားလုံး ကိုယ့်ဆီပဲ့တင်ပြန်လာတာတွေ ချည်းပါပဲ။
ဒီကနေ့ မအောင်မြင်သေးတာ အရင်က သေသေချာချာ မကြိုးစားခဲ့လို့ပဲ လို့ မှတ်ရမယ်။
ဒါဟာလုံးဝ မအောင်မြင်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင်ပြုပြင်ပြီး သေချာပြန်ကြိုးစားလိုက်တာနဲ
အားလုံးပဲ အောင်မြင်သောနေ့ရက်များစွာ ပိုင်ဆိုင်နိုင်ကြပါစေ။
#KO LATT.
မေတ္တာဖြင့်
ကျော် ကျော်ခိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။