Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 18, 2017

ဘဝမှာ အောင်မြင်ချင်ရင် S (၁၅)လုံး နဲ့ပြည့်စုံရပါမယ်။

ဘဝမှာ အောင်မြင်ချင်ရင်
S (၁၅)လုံး နဲ့ပြည့်စုံရပါမယ်။
📖📖📖📖📖📖📖📖📖

Style- ရှိရမယ်။
Smart-ကျရမယ်။
Smile-ပြုံးရွှင်နေရမယ်။
Solemn-ကိုယ်ကျင့်သိက္ခာရှိရမယ်။
Seek -ကြိုးစားအားထုတ်ရမယ်။
Sate-စိတ်ထားပြည့်ဝရမယ်။
Say-ပြောဆိုတတ်ရမယ်။
Secret-လျှို့ဝှက်တတ်ရမယ်။
Save-စုဆောင်းတတ်ရမယ်။
Ship-အခြေအနေကို သိတတ်ရမယ်။
Sacrifice-အနစ်နာခံနိုင်ရမယ်။
Salvation-ခွင့်လွှတ်တတ်ရမယ်
Shame-ရှက်တတ်ရမယ်။
Sane-ဆင်ခြင်နိုင်စွမ်းရှိရမယ်။
Sage-ပညာရှိရမယ်။

@@@ အရှင်စန္ဒဇောတိ သာသနာနွယ်
============

Style ရှိရမယ်...
စတိုင်ဆိုတာ မရှိတာကို ရှိအောင် ၊ မလှတာကို လှပအောင်
ကြွားဝါနေတာမျိုးမဟုတ်ပါဘူး။ ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘဝကို
ယုံကြည်ချက်ရှိရှိနဲ့ တည်ဆောက်တာမျိုးပါ။

Smart ကျရမယ်....
Smart ကျတယ်ဆိုတာက ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်း
သပ်ရပ် စနစ်ကျနေရမယ်။ အပေါ်ယံသကာရည် လောင်းပြီး
အတွင်းပုပ်သိုးနေရင်တော့ မျက်နှာမှာ "သနပ်ခါး ပေါင်မှာ သေးစီးကြောင်း"ဖြစ်နေပါလိမ့်မယ်။

Smile ပြုံးရွှင်နေရမယ်.....
လူမှုဆက်ဆံရေးမှာ အဓိကလိုအပ်ချက်က ဖော်ရွေပြုံးရွှင်မှုပါ
ပိုက်ဆံရှိတဲ့ လူကို ပြုံးပြပြီး ဆင်းရဲသားကို နှာခေါင်းရှုံ့နေတာမျိုးဆိုရင်
တော့ အသက်ပါတဲ့ အပြုံးမဟုတ်ဘဲ ပကာသနအပြုံးပဲ
ဖြစ်နေပါလိမ့်မယ်။

Solemn ကိုယ်ကျင့်သိက္ခာရှိရမယ်....
ကိုယ်ကျင့်သိက္ခာဆိုတာ ကိုယ်ကျင့်တရားကောင်းပြီး ပကာသနနဲ့
ဘဝကိုမဖြတ်သန်းဘဲ "သမာဓိ"နဲ့ ဘဝကိုတည်ဆောက်ခြင်းပါ။
တာဝန်ယူတတ်ပြီး ကတိတည်သူက လူအများလေးစားခံရပြီး
ယုံကြည်မှုကို ရထားသူကို ဆိုလိုပါတယ်။

Seek ကြိုးစားအားထုတ်မှုရှိရမယ်....
ဘဝတစ်ခုကို တည်ဆောက်ရာမှာ ကြိုးစားမှုက နံပါတ်တစ်ပါ
မှန်ကန်သော ကြိုးစားမှု ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

Sate စိတ်ထားပြည့်ဝရမယ်......
စိတ်ထားပြည့်ဝတယ်ဆိုတာက အခြားသူကို မတရားမလုပ်ဘဲ
ကိုယ်ချင်းစာတတ်သူကို ဆိုလိုတာပါ။ စေတနာကောင်းပြီး
သည်းခံတတ်သူကို ဆိုလိုတာပါ။

Say ပြောဆိုတတ်ရမယ်......
"မုသားမပါရင် လင်္ကာမချောဘူး”ဆိုပေမယ့် မုသားနည်းအောင်
အတတ်နိုင်ဆုံးကြိုးစားပြီး အမှန်တရားပြောရင်တောင်
အခြားသူ လက်ခံနိုင်အောင် ပြောဆိုတတ်ခြင်းပါ။
ကိုယ့်စကားကြောင့် အခြားသူကို မထိခိုက်စေသလို ကိုယ့်ကိုလည်း
မထိခိုက်အောင် လိမ္မာပါးနပ်ဖို့ လိုပါတယ်။

Secret လှို့ဝှက်တတ်ရမယ်.....
ကိုယ့်ရဲ့ အကြံအစည်ကောင်းတွေကို
တတ်နိုင်သမျှ လှို့ဝှက်သင့်သလို
အခြားသူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မည့် အပြုအမူများကိုလည်း
ထိန်းချုပ်သင့်ပါတယ်။ ကိုယ့်မှာ ရှိတာကို လူအများသိအောင်
ထုတ်ကြွားနေရင်တော့ မနာလိုဖြစ်ခံရပြီး တိုက်ခိုက်ခံရမှာဖြစ်ပါတယ်။
မပြည့်သေးရင် ဘောင်ဘင်မခတ်တာ အကောင်းဆုံးပါ။
လှို့ဝှက်သင့်သည်ကို လှို့ဝှက်ထားတာ အကောင်းဆုံးပါ။

Save စုဆောင်းတတ်ရမယ်.....
နေရာတကာ လက်မဖွာသင့်သလို ​နေရာတကာမှာ လူမှုရေးပျက်လောက်
အောင် ကပ်စေးမနှဲသင့်ပါ။ အသုံးနဲ့ အဖြုန်းကိုနားလည်တတ်ဖို့
လိုပါတယ်။ ကိုယ်ပိုင်သမျှကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကိုယ့်ဝမ်းကိုယ်တောင် နှမျောနေရင်လည်း အချိန်တန်ရင် ဆေးရုံဆေးခန်းမှာ
အလှူ ပေးရတတ်ပါတယ်။

Ship အခြေအနေကို သိတတ်ရမယ်....
အခြေအနေနဲ့ အချိန်အခါကို နားမလည်ရင် ခုခေတ်စကားအရ
အထူအပါးနားမလည်တာကို ဆိုလိုတာပါ။ အခြေအနေနဲ့
အချိန်အခါအရ အလုပ်တစ်ခုကို တိုးချဲ့သင့်/မသင့်ကလည်း
အရေးကြီးပါတယ်။

Sacrifice အနစ်နာခံနိုင်ရမယ်.....
နေရာတကာမှာ ကိုယ်အသာရဖို့ ဘယ်တော့မှ မတွေးပါနဲ့
"အနာခံနိုင်မှ အသာစံ "ရမှာပါ။

Salvation ခွင့်လွှတ်တတ်ရမယ်.....
သည်းခံခြင်းက အောင်မြင်ခြင်း ဆိုသလို သည်းခံနိုင်မှ ရင့်ကျက်လာမှာပါ
မအောင်မြင်ခင်အချိန်မှာ သည်းခံခဲ့သလို အောင်မြင်သွားချိန်မှာလည်း
သည်းခံဖို့ လိုအပ်ပါတယ်။ လူတစ်ချို့က အလုပ်မဖြစ်ခင် အချိန်မှာ
အောက်ကျို့ခဲ့ကြပေမယ့် အလုပ်လည်း အဆင်ပြေလာရော
မာန်တက်နေတတ်ကြတယ်။ သည်းခံနိုင်မှ ဘဝလည်း ချောမောလာမှာပါ။
ကိုယ့်အပေါ်ကို နစ်နာအောင် လုပ်သွားသူကိုလည်း ခွင့်လွှတ်သင့်ရင်
ခွင့်လွှတ်တတ်ရတယ်။ ခွင့်လွှတ်နိုင်ခြင်းဆိုတာ ပူလောင်မှုကို
ငြိမ်းချမ်းစေပြီး ကိုယ့်ရဲ့ ဒေါသစိတ်ကို အောင်နိုင်ခြင်းပါပဲ။
နာကျည်းမုန်းတီးခြင်းဆိုတာ ဘဝတစ်ခုအောင်မြင်ဖို့ တွန်းအား
ဖြစ်စေတယ် ဆိုပေမယ့် နာကျင်မှုတွေကြောင့်ပဲ လှပတဲ့ဘဝကို
အမည်းရောင်စွန်းထင်းစေပြီး ဘဝတက်လမ်းကို မှုန်ဝါးစေပါတယ်။

Shame ရှက်တတ်ရမယ်.....
လူ့စိတ်ဆိုတာ ရှက်တတ်မှ မခံချင်စိတ်ဖြစ်လာတာမျိုးပါ
ရှက်တတ်ခြင်းက အောင်မြင်မှုရဖို့ "အား "တစ်ခုပါ။ မနာတတ်ရင်
ရှက်စိတ်ပျောက်ပြီး ငပေါကြီးဖြစ်ကာ အစွန်းအစ ပျောက်သွားတတ်တယ်။ ရှက်တတ်မှ အောင်မြင်လာသလို ကိုယ့်ဘဝကို
အနှိမ်မခံရအောင် ကြိုးစားလာတာမျိုးပါ။

Sane ဆင်ခြင်နိုင်စွမ်းရှိရမယ်.....
ဆင်ခြင်သုံးသပ်နိုင်မှုဆိုတာ အတွေ့အကြုံကလာပြီး အမှားနည်းအောင်
ကြိုတင်ပြင်ဆင်မှုပါ။ လူတစ်ချို့က လုပ်ချင်တာကို ဇွတ်လုပ်ပြီး
မှားရင် မှောက်အိပ်မယ်ဆိုတဲ့ ပညာသားမပါတဲ့ မိုက်ရူးရဲ ဆန်ဆန်
လုပ်တတ်ကြတယ်။ မိုက်ရူးရဲ ဆန်ခြင်းက တစ်ခါတစ်လေမှာ
အမြင့်ဆုံး ရောက်သွားတတ်ပေမယ့် အဲ့ဒီမိုက်ရူးရဲဆန်မှုကြောင့်ပဲ
အောက်ဆုံးအဆင့်အထိ ထိုးဆင်းသွားတတ်တယ်။ လူတစ်ချို့ကတော့
ဆင်ခြင်သုံးသပ်ရင်း အချိန်တွေကုန်လာပြီး တွေဝေလာကာ
အရှေ့မရောက် အနောက်မရောက်နဲ့ အလယ်မှာ ကန့်လန့်ကြီး
ဖြစ်နေတတ်တယ်။ ဆင်ခြင်သုံးသပ်တာနဲ့ တွေဝေမှုဆိုတာ မတူညီပါဘူး။ တွေဝေတယ်ဆိုတာက သတ္တိကြောင်လာပြီး မပြတ်သားခြင်းကို ဆိုလိုတာပါ။

Sage ပညာရှိရမယ်......
ပညာရှိရမယ်ဆိုတာက အတန်းပညာအပြင် အကောင်းအဆိုးခွဲခြားနိုင်
တဲ့ အသိပညာ၊ အတတ်ပညာ တစ်ခုခုတတ်မြောက်သင့်ပါတယ်။
အသိပညာရဖို့ စာများများဖတ်ရသလို အတွေ့အကြုံနဲ့ အသိပညာ
ကို ပေါင်းစပ်တတ်လာရင် အလုပ်အောင်မြင်ဖို့ မြန်မြန်နီးလာလေပါ။
ပညာရှိလာခြင်းအားဖြင့် ယဉ်ကျေးသိမ်မွေ့လာပြီး စိတ်ရှည်သည်းခံနိုင်လာကာ လူချစ်လူခင်များလာပါလိမ့်မယ်။ အမှားနည်းလာပြီး
အောင်မြင်သောဘဝကို ရေရှည်ထိန်းနိုင်လာပါလိမ့်မယ်။

အတိုဆုံးနဲ့ အထိမိဆုံး ရင်ဘတ်ထဲရောက်အောင် တင်ပြပေးခြင်းပါ
အချက်အားလုံးပြည့်စုံဖို့
မလွယ်ကူပေမယ့် အတတ်နိုင်ဆုံး ကြိုစားလိုက်နာမယ်ဆိုရင် အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာသေချာသလောက်
ရှိပါတယ်။

Credit to original writer
📖📖#ခွန်သူရိန်မင်း(လမ်းပြကြယ်)📖

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။