နာကျင်ခြင်းတွေပြီးသွားတဲ့အ ခါ
ရင့်ကျက်ခြင်းတွေ စတင်လာပါလိမ့်မယ်။
💔💔💔💔💔💔💔💪💪⏰⏰⏰✅✅✅✅
(ကျွန်တော် အရမ်းကြိုက်တဲ့ စာတစ်ပုဒ်)
အချစ်ဆိုတာ မူးယစ်ဆေးတစ်မျိုးနဲ့ တူတယ်။ ထိတွေ့နေရတဲ့အချိန်မှာ ပျော်ရွှင်ယစ်မူးစေတဲ့အစွမ်း ရှိပေမယ့်
အာနိသင်ပြယ်သွားတဲ့အခါမှာတော့ နှလုံးသားတစ်ခုလုံးကို နာကျင်ကိုက်ခဲစေတယ်။
.
အချစ်ရှိနေတဲ့အချိန်မှာ အရာတိုင်းဟာ ပြီးပြည့်စုံနေတယ်လို့ ခံစားရပေမယ့် အချစ်မရှိတော့တာနဲ့ တစ်ပြိုင်နက်
ကိုယ့်မှာရှိသမျှအရာအားလုံး ရုတ်ချည်းပျောက်ကွယ်သွားသလိုပါပဲ။
.
ပင်ပန်းတယ်။
နာကျင်တယ်။
ဝမ်းနည်းစရာကောင်းတယ်။
ဘာဆိုဘာမှမရှိတော့သလို ခံစားချက်တွေနဲ့
ရင်ထဲ ဗလာဖြစ်နေတယ်။
ကိုယ့်ဘေးနားက ကိုယ်ပွားလေးပျောက်သွားတယ်ဆိုတဲ့အသိကလည်း ကိုယ့်ကို
အထီးကျန်စေတယ်။
.
တစ်ချို့လူတွေက ဖြစ်မှဖြစ်ရလေဆိုတဲ့ အကြည့်မျိုးနဲ့ သနားကြတယ်။
တစ်ချို့လူတွေကတော့ မကြာခင် အဆင်ပြေသွားမှာပါဆိုပြီး
နှစ်သိမ့်ကြတယ်။
တစ်ချို့ကတော့ ရူးလိုက်တာဆိုပြီး မှတ်ချက်ချကြတယ်။
ဒါပေမယ့် သေချာတယ်။ ကိုယ့်ရဲ့နားထဲမှာ
ပတ်ဝန်းကျင်ကစကားတွေအစား အတိတ်တုန်းက သူပြောခဲ့တဲ့ စကားချိုတွေပဲ တဝဲလည်လည် ကြားယောင်နေတယ်။
🌷🌲🌳☃️🌳🌲🌷☃️🌳🌲🌷⏱⏱⏰
အချိန်တွေ ကြာလာတော့ လက်မခံချင်တဲ့ အမှန်တရားတစ်ခုကို ကိုယ်လက်ခံခဲ့ရတယ်။
သူ မရှိတော့ဘူး။ သူ ပြန်မလာတော့ဘူး။ သူ မေ့ပျောက်သွားပြီ။ ခါးလွန်းပေမယ့် လက်ခံလိုက်ရတယ်။
သူမရှိတော့ပေမယ့် ကိုယ်ကတော့ ရှိနေတုန်း။
.
သူမပါတော့တဲ့ ကိုယ့်ဘဝကို တည့်မတ်အောင် ပြင်ဆင်ရတယ်။
လဲပြိုခဲ့တဲ့ ခြေလှမ်းတွေကို အားတင်းပြီး ဆက်လျှောက်ရတယ်။
သူဆိုတဲ့သူက ကိုယ့်ဘဝရဲ့အတိတ်မှာကျန်ခဲ့ ပေမယ့် ကိုယ်ကတော့ ရပ်တန့်လို့မရခဲ့ဘူး။
အရှိန်မပြတ်ခုတ်မောင်းနေတဲ့ ဘဝထဲမှာပဲ
အလိုက်သင့် စီးမြောခဲ့ရပြန်တယ်။
.
နောက်တော့ “သိပ်ချစ်တယ်’ ဆိုတဲ့ အတွဲလေးတွေ မြင်ရင် ခပ်ထွေထွေလေး ငေးမောတတ်လာတယ်။
သိပ်နာကျင်တယ်ဆိုပြီး အသည်းကွဲတဲ့သူတွေ တွေ့ရင် ခပ်မဲ့မဲ့လေး ပြုံးတတ်လာတယ်။
ဒီလိုပါပဲ.. နာကျင်မှုတွေ ခံစားပြီးတဲ့နောက်ပိုင်းမှာ တော့ ရင့်ကျက်ခြင်းအတွေးတွေကို ပိုင်ဆိုင်လာတတ်ပါတယ်။
Credit
ပေးပါတယ်
ပေတူး
📌📌📌📌📌📌📌
ရာမညမြေ
ရင့်ကျက်ခြင်းတွေ စတင်လာပါလိမ့်မယ်။
💔💔💔💔💔💔💔💪💪⏰⏰⏰✅✅✅✅
(ကျွန်တော် အရမ်းကြိုက်တဲ့ စာတစ်ပုဒ်)
အချစ်ဆိုတာ မူးယစ်ဆေးတစ်မျိုးနဲ့ တူတယ်။ ထိတွေ့နေရတဲ့အချိန်မှာ ပျော်ရွှင်ယစ်မူးစေတဲ့အစွမ်း
အာနိသင်ပြယ်သွားတဲ့အခါမှာတေ
.
အချစ်ရှိနေတဲ့အချိန်မှာ အရာတိုင်းဟာ ပြီးပြည့်စုံနေတယ်လို့ ခံစားရပေမယ့် အချစ်မရှိတော့တာနဲ့ တစ်ပြိုင်နက်
ကိုယ့်မှာရှိသမျှအရာအားလုံး
.
ပင်ပန်းတယ်။
နာကျင်တယ်။
ဝမ်းနည်းစရာကောင်းတယ်။
ဘာဆိုဘာမှမရှိတော့သလို ခံစားချက်တွေနဲ့
ရင်ထဲ ဗလာဖြစ်နေတယ်။
ကိုယ့်ဘေးနားက ကိုယ်ပွားလေးပျောက်သွားတယ်ဆ
အထီးကျန်စေတယ်။
.
တစ်ချို့လူတွေက ဖြစ်မှဖြစ်ရလေဆိုတဲ့ အကြည့်မျိုးနဲ့ သနားကြတယ်။
တစ်ချို့လူတွေကတော့ မကြာခင် အဆင်ပြေသွားမှာပါဆိုပြီး
နှစ်သိမ့်ကြတယ်။
တစ်ချို့ကတော့ ရူးလိုက်တာဆိုပြီး မှတ်ချက်ချကြတယ်။
ဒါပေမယ့် သေချာတယ်။ ကိုယ့်ရဲ့နားထဲမှာ
ပတ်ဝန်းကျင်ကစကားတွေအစား အတိတ်တုန်းက သူပြောခဲ့တဲ့ စကားချိုတွေပဲ တဝဲလည်လည် ကြားယောင်နေတယ်။
🌷🌲🌳☃️🌳🌲🌷☃️🌳🌲🌷⏱⏱⏰
အချိန်တွေ ကြာလာတော့ လက်မခံချင်တဲ့ အမှန်တရားတစ်ခုကို ကိုယ်လက်ခံခဲ့ရတယ်။
သူ မရှိတော့ဘူး။ သူ ပြန်မလာတော့ဘူး။ သူ မေ့ပျောက်သွားပြီ။ ခါးလွန်းပေမယ့် လက်ခံလိုက်ရတယ်။
သူမရှိတော့ပေမယ့် ကိုယ်ကတော့ ရှိနေတုန်း။
.
သူမပါတော့တဲ့ ကိုယ့်ဘဝကို တည့်မတ်အောင် ပြင်ဆင်ရတယ်။
လဲပြိုခဲ့တဲ့ ခြေလှမ်းတွေကို အားတင်းပြီး ဆက်လျှောက်ရတယ်။
သူဆိုတဲ့သူက ကိုယ့်ဘဝရဲ့အတိတ်မှာကျန်ခဲ့
အရှိန်မပြတ်ခုတ်မောင်းနေတဲ့
အလိုက်သင့် စီးမြောခဲ့ရပြန်တယ်။
.
နောက်တော့ “သိပ်ချစ်တယ်’ ဆိုတဲ့ အတွဲလေးတွေ မြင်ရင် ခပ်ထွေထွေလေး ငေးမောတတ်လာတယ်။
သိပ်နာကျင်တယ်ဆိုပြီး အသည်းကွဲတဲ့သူတွေ တွေ့ရင် ခပ်မဲ့မဲ့လေး ပြုံးတတ်လာတယ်။
ဒီလိုပါပဲ.. နာကျင်မှုတွေ ခံစားပြီးတဲ့နောက်ပိုင်းမှာ
Credit
ပေးပါတယ်
ပေတူး
📌📌📌📌📌📌📌
ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။