Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 17, 2017

စိုင်းခမ်းလိတ် ရဲ့ သီချင်းများကပြောသောစရိုက်

စိုင်းခမ်းလိတ် ရဲ့ သီချင်းများကပြောသောစရိုက်
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

==================
၁။ သကြားချိုချို အတိတ်အို
==================
စကားပင်တို့၏ ယဉ်နွဲ့သောရနံ့၊ ဖြူသန့်သောအဆင်က
ကြည်နူးချမ်းမြေ့ဖွယ်ရာ၊ လတ်ဆတ်ဝင်းမှည့်နေသော
သပြေသီးတွေကို ကောက်ယူစားလိုက်တိုင်း နှုတ်ခမ်းတွေ
ပြာနှမ်းသွားတတ်တာကလည်း ပျော်ရွှင်စရာ။ သရက်
ကုက္ကို၊ မာလကာ စသဖြင့် သစ်ရိပ်ခြံရံလျက် ကျွန်တော်
တို့၏ ကျောင်းတော်သည် စာထဲတွင် ဖတ်ခဲ့ဖူးသော
တဂိုး၏ သျှန်တိနိကေတန် ကျောင်းတော်ပမာ သာယာ
ကြည်နူးဖွယ် ရှိလှသည်။ အနုပညာ၊ အားကစား၊
ပညာရေး အားလုံးပေါင်းစုံသည့် ကျောင်းတော်။

ထိုကျောင်းတော်တွင် ကျွန်တော်လူပျိုပေါက်စအရွယ်
ရှစ်တန်းနှစ်စမှာ သီချင်းဆန်းတစ်ပုဒ်ကို ကြားရသည်။

🎶 တက္ကသိုလ်ရောက်တိုင်းလည်း မိန်းမလှလေးတွေက
ပြုံးစိစိနဲ့ ကြည့်ကြတယ်...ဆေးရုံရောက်တိုင်းလည်း
နပ်စ်မလေးတွေက ခပ်မာမာနဲ့ ဟောက်ထုတ်တယ် 🎶
တဲ့...။ သံစဉ်က ယဉ်သည်။ နားဝင်လွယ်သည်။
စာသားတွေက ထိထိမိမိ လက်တွေ့ဆန်သည်။
ရှမ်းသံဝဲဝဲနှင့် သီဆိုဟန်က မန္တလေးမြို့တော်ကြီးသို့
ပညာသင်ရန်ရောက်လာသော တိုင်းရင်းသားလေး
တစ်ယောက်၏ မအူမလည် ငေါင်စင်းစင်းနိုင်လှပုံ
ပေါ်သည်။ ကြည့်လေ..မြင်းလှည်းသမားတွေကလည်း
မန္တလေးသားမဟုတ်မှန်း သိကြသည်။ ဘုရားကြီး
လား...တဲ့။ လက်ဖက်ရည်ဆိုင်ကလည်း သိကြသည်။
သကြားချိုချိုနဲ့လား..တဲ့။ ခံစားစာနာမိစေသည့်စရိုက်
အလွန်ပေါ်သော သီချင်းလေး။ သို့သော်....
မန်းပျိုဖြူတစ်ယောက်ကို ရှမ်းအချစ်လည်း ဗမာထက်
မလျော့တာ တကယ်တမ်း ပြခဲ့တယ်.......ဟူသော
စာသားကိုတော့ ထိုစဉ်ကတည်းက ဘဝမကျမိခဲ့။
အချစ်ကြီးပုံကို အခြားနည်းဖြင့် ဖော်ပြလို့ရပါသည်။
သို့သော် ထိုအရာသည်ပင် စရိုက်တစ်ခု ဖြစ်နေ
ပြန်ပါသည်။

===============
၂။ သီချင်းထဲက ဒဿန
===============
ဝတ္ထုတွေ၊ ဇာတ်လမ်းတွေမှာသား စရိုက်အဖွဲ့ရှိသည်
မဟုတ်။ ကဗျာတွေ သီချင်းတွေမှာလည်း စရိုက်အဖွဲ့
ရှိကြသည်။ အထူးသဖြင့် စတီရီယိုဂီတသစ်မှာ
စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေက စရိုက်အဖွဲ့များပြား
လှသည်။ စရိုက်မျိုးစုံ၊ အလွှာမျိုးစုံ၊ ကျင်လည်
လှုပ်ရှားမှုမျိုးစုံ၊ အတ္တရုပ်ပုံလွှာမျိုးစုံ။

ကြည့်ပါ။ အစောဆုံး သီချင်းတစ်ပုဒ်ပါပဲ။

" ကွဲနေသော မှန်စများ " တဲ့ ။

လမ်းပေါ်က အရက်သမားရယ်၊ နံပတ်ဖိုးစွဲနေတဲ့
ကျောင်းသားရယ်၊ ပရိယေသနပြဿနာကြုံနေသူ
သူတောင်းစားရယ်၊ ဒီသုံးဦးရဲ့ စရိုက်တွေကို ဖွဲ့ဆို
သွားချက်ဟာ လှပလိုက်တာ။ မန္တလေးကျုံးရေရယ်၊
အမေ့မျက်ရယ်ရည်၊ ဗုဒ္ဓတရားရေရယ်၊ တစ်ဆင့်ထက်
တစ်ဆင့် မြင့်သွားပုံ၊ တန်ဖိုးကြီးသွားပုံတွေက
ဝတ္ထုရေးဆရာတစ်ဦးထက် ပိရိသေသပ်နေသေး
တော့သည်။

နောက်ပြီး ဘာသာခြား ချစ်သူနှစ်ဦးရဲ့ မေတ္တာ
ပေါင်းကူးရေး အခက်အခဲကို "သိပ်သိပ်ချစ်ရတယ်
နွဲ့တင်ရယ်" မှာ တွေ့ရပြန်ပါတယ်။ ဇာတ်လမ်း
တစ်ပုဒ်လို သူ့ရဲ့အခန်းဆက်ကို ခံစားကြည့်ဦးမည်
ဆိုလျှင် "တို့နှစ်ယောက်ရဲ့အချစ်" ကို တွေ့နိုင်
ပြန်ပါသည်။

နောက် "နမ်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်" ။

🎶 ကြွေနေတဲ့ ပန်းကလေးများ လိုက်ကောက်ရင်းမှာ
ပျော်တတ်တဲ့ ရိုးသားမှုကို ချစ်သမီးလေးရယ်.....
ဘယ်လို လူ့လောကစည်းစိမ်အတွက်မှ...
မစတေးနဲ့..🎶 တဲ့။ ဒီသီချင်းဟာ အကြိုက်ဆုံး
ဒဿန သီချင်းတစ်ပုဒ်ပါပဲ။ နောက်...
"ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ" သီချင်းကလည်း
ဖွဲ့ဆိုပုံတွေ၊ စကားလုံးတွေသာ ကွာသည်။
ဦးတည်ချက်(Theme) ကတော့ အတူတူပင်။
အသက်ကြီးလာတာနှင့်အမျှ အလိုရမ္မက်တွေ၊
စိတ်သောကတွေ၊ အရောင်းအဆင်းတွေ များပြား
ထူပြောလာသည်လိုပင် ဖွဲ့ဆိုထားသည် မဟုတ်ပါလား။

=====================
၃။ ရွှေဟင်္သာနှင့် ဘီးကလေးများ
=====================
"ရွှေဟင်္သာနားခိုက်" မှာ သမိုင်းရှိပါတယ်။ တေးရေး
သူ့ရဲ့ ငယ်စဉ်ဘဝက အလွန်နွမ်းပါးတယ်။ ဒါကြောင့်
ပညာသင်ကြားပေးရန် ဆွေမျိုးနီးစပ်တော်တဲ့
ချမ်းသားကြွယ်ဝသူတွေက ခေါ်ယူစောင့်ရှောက်
ထားတယ်။ အဲဒီ တိုက်ကြီးတာကြီးပေါ်မှာ
နေထိုင်ရင်း ဒီသီချင်းကို ရေးဖွဲ့တယ်......လို့
သိရပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို သိမထား
သူတွေလည်း အချစ်ဖွဲ့သီချင်းတစ်ပုဒ်လိုပဲ
ခံစားလို့ရပါတယ်။ မိမိထက်မြင့်မားသော ချစ်သူနှင့်
ဆုံဆည်းရလို့ စိုးထိတ်ရင်ခုန်မိတဲ့ ခံစားမှုပေါ့။
မည်သို့ပင်ဖြစ်စေ၊ ရေးဖွဲ့သူ၏ ဘဝအမော
အရိပ်တွေ အမူအကျင့် စရိုက်တွေကတော့
ပါဝင်နေစမြဲပါပဲ။

"ပျံသာပျံပါ ရွှေဟင်္သာ" က သူ့ရဲ့အဆက်ဖြစ်သည်။
🎶 သစ်ငုတ်တို ရွှေချလို့လှမလာတော့ .....
မင်းလေးသာခြစားလို့ အသားလေးတွေပွန်းကုန်မယ့်
အရေးဖြစ်တယ်...ပျံပါ ရွှေဟင်္သာရယ် 🎶 ..တဲ့။
ချစ်သူကို ညှာတာစွာ စွန့်ခွာဖို့အရေးဆိုတဲ့ စကား
ဖြစ်ပါသည်။ သို့သော်လည်း "ရွှေဟင်္သာပျံမှာစိုး"
ဆိုပြီး၊ ဦးနှောက်ရဲ့ ဆင်ခြင်မှုကို နှလုံးသားရဲ့
ခံစားမှုနှင့်ထပ်ဆင့် ရေးဖွဲ့လိုက်ပြန်သည်။
ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေရသည့်ဗျာပါဒ
အမောကို ရွှေဟင်္သာသီချင်းမှားမှ ခံစားစာနာလို့
ရပါသည်။ တေးရေးသူ၏ ဘဝစရိုက်ကိုလည်း
နားလည် စာနာနိုင်ပါသည်။

နောက် ဘီးကလေးများ။ "ဘီးကလေးကိုစီး" ၊
"ကယ်ရီယာမပါတဲ့ဘီး" ၊ "ဘီးနံပါတ် OK 0122L"၊
စိုင်းခမ်းလိတ်သည် ပုဂ္ဂလဓိဌာန်ကို ဓမ္မဓိဌာန်
ဖြစ်အောင် အနုပညာမြောက်စွာ ရေးဖွဲ့နိုင်စွမ်းသည်။
ပျောက်ဆုံးသွားသော ဘီးကလေးအပေါ်မှာ
လူနှစ်ဦးရဲ့အချစ်တွေ ဝန်းကျင်ရဲ့စရိုက်တွေ
အများကြီး တွေ့ရသည်။

ဘီးကလေးများက သည်မှာတင် ရပ်တံ့မသွား။
"ကိုယ်တို့ သိပ်ချစ်တဲ့ဘီး" ဆိုပြီး အောင်မြင်စွာ
ဆက်ဖွဲပပြန်သည်။ "ဘီးနံပါတ် OK 0122L"
ကဲ့သို့ပင်၊ Round Chord ပုံစံလေးနှင့်
စာသားလေးတွေ လှပစွာ ရေးဖွဲ့သွားပုံမှာ
အံ့သြစရာ။

🎶 မှောင်ခိုသည်ရဲ့ဘီး...ဆိုင်ထိုင်တွေရဲ့ဘီး
စတီရီယိုဆိုင်ကဘီ...ကျူရှင်ဆရာရဲ့ဘီး
ဘယ်မှာရှာရှာ ဒါလောက် ပေါလှတဲ့ကြား...
ဘယ်လိုရန်ငြိုးနဲ့... ရှားရှားပါးပါး....
ကိုယ်တို့ဘီးမှ ရွေးခိုးတာလဲ 🎶

ပျောက်ဆုံးသွားသော ဘီးပိုင်ရှင်အစား
ရင်နင့်မိသည်။ ပြီးတော့ အစစအရာရာ အဆင်ပြေ
ချောမွေ့နေသူတွေကိုလည်း သူ့ကိုယ်စား
မနာလို ဖြစ်ရမလိုလိုပင်။

🎶 မုံရွာမှာ ခြေနင်း..ရန်ကုန်မှာချိန်းကြိုး
Handle က မန္တလေးထင်တယ်
ကိုယ်ထည်ကတခြား ဘီးတစ်ခု ဖြစ်ရော့မယ် 🎶

သည်မှာ ဘီးသူခိုးတွေရဲ့စရိုက်၊ ခြေရာလက်ရာ
မမိအောင် အစဖျောက်ပုံတွေကို တွေ့ရပြန်သည်။
ပြီးတော့ ဘီးကလေး၏ အဖြစ်သနှစ်နှင့်တူညီစွာ၊
လောကဓံတရားက တစ်စဖြုတ်ပစ်လိုက်လို့...
သူတို့ The Wild Ones အဖွဲ့သားတွေ
တစ်မြို့စီ တစ်နယ်စီ ရောက်နေရပုံကိုလည်း
ထိထိမိမိ ခိုင်းနှိုင်းသွာသည်။ ဝါသနာနှင့် ဝမ်းရေး
သည်နှစ်ခုကြားမှာ လှုပ်ရှားရုန်းကန်ရသော
အနုပညာသမားတို့၏ စရိုက်ကို တွေ့ရပြန်ပါသည်။
သည်လိုနှင့် တချို့လည်း အနုပညာနယ်မှ ဝေးလွင့်
ပျောက်ကွယ်သွားခဲ့ရသည်။

ဘီးကလေးများကား သည်မှာတင် ရပ်တ့ပြီးဆုံးခြင်း
မရှိသေးပါ။ "ပန်းမပေးပါဘူး ဘီးကလေးရယ်" ဆိုပြီး
စုံတွဲသီချင်းတစ်ပုဒ် ရေးဖွဲ့ဖြစ်အောင် ဖွဲ့လိုက်
ပြန်ပါသေးသည်။ စိုင်းခမ်းလိတ်သည် သူ၏
ဘီးကလေးကို တော်တော်ချစ်ပုံ ရပါသည်။

======================
၎။ အကြည့်တန် လမ်းကလေးများ
======================
လိမ္မော်ကုန်ကူးသည့် မရှိမဲ့မရှိမဲ့ကုန်သည်အငယ်စား
ကလေးရဲ့ ဘဝကို "လိမ္မော်ချိန်" မှာ တွေ့ရသည်။
ချစ်သူနှင့် ပေါင်းဖက်ရန် ကြံစည်ပြီးမှ ကားပျက်
ကုန်ရှုံးပြီး ဝမ်းနည်းပက်လက်ဖြစ်၊ တစ်နှစ်တာ
ဝေးကြရပြန်ပြီ။ နောက်တစ်နှစ် လိမ္မော်ချိန်ထိ
စောင့်ပါဦးဟု ချစ်သူကို ကြေကြေကွဲကွဲ .....
တိုင်တည်ရွတ်သံ။ မဖွံ့ဖြိုးသေးသော လူနေမှု
စရိုက်များ။ သည်လိုပါပဲ။ "ဖြည်းဖြည်းဟမ်းငိုင်းလမ်း"
မှာလည်း အချိန်လွန်ရှပ်ကျိုး ဘီးပေါက်တာတွေ၊
မိုင်တစ်ရာစာလောက် ခရီးလေးကိုတောင် တခါတလေ
တစ်ပတ်လုံး ကြာတာတွေ၊ ဆုံးပါးသွားတဲ့ စရိတ်တွေနဲ့
သည်လမ်းကလေးကို ရွှေချလို့ရလောက်မယ်
ဆိုတာတွေ အခက်အခဲဒုက္ခ လူနေမှုစရိုက်များကို
တွေ့ရပြန်ပါသည်။

ကဗျာဆရာတွေ၊ ဒါရိုက်တာတွေနဲ့ သီချင်းစပ်ဆရာတွေ
စာရေးဆရာတွေ .. မြင်တာတွေ ပြန်ပြန်ပြီး ပြောပြ
သံတွေက တောင်ပေါ်မြေရဲ့ အလှအပများပါပဲ။
ဒါပေမယ့် တောင်ပေါ်မြေရဲ့ အခြားတစ်ဖက်
မျက်နှာမှာ လောင်ရာတွေနဲ့ ရုပ်ပျက်နေတာတွေ၊
အကျဉ်းတန်နေတာ တာဝန်ကျေပွန်စွာ ရေးဖွဲ့
သွားခဲ့သည်။

=============
၅။ အနုပညာအမော
=============
အနုပညာသမားတွေရဲ့ မွန်းကြပ်မှု စရိုက်တွေကို
"နောက်ဆုံးသီချင်းး" ၊ "နွေနံနက်ခင်း" ၊ "ဥပေက္ခာ
လောကသား" တို့မှာ တွေ့နိုင်ပါသည်။

အဘိုးအိုတစ်ယောက်ရယ်၊ ပြည့်တန်ဆာ တစ်ယောက်
ရယ် ဂုဏ်ရည်တူစပ်တူပြု၍ စရိုက်ဖွဲ့သွားသည်။
အနုပညာအသီးအပွင့်တွေ အောင်မြင်နေတုန်း၊
ကျော်ကြားနေတုန်း အခိုက်မှာပဲ လူတွေက သတိ
ထားကြသည်။ နောင်ကျတော့ အိုမင်းမစွမ်း
ဖြစ်သွား ဖြစ်သွားရသည့် အဘိုးအိုတစ်ယောက်၊
ပြည့်တန်ဆာတစ်ယောက်လိုပဲ ဥပေက္ခာပြု
ခုံလိုက်ရရုံသာ။

🎶 အောင်မြင်မှုရယ် မနေ့က ကျန်ခဲ့ပြီ..တဲ့။
ရှင်သန်ခြင်းရယ် သိပ်အဓိပ္ပာယ်မရှိပြီ...တဲ့။
အမှန်တရားရယ် အတွေးထဲ ကျန်ခဲ့ပြီ..တဲ့။
လူ့ဘဝကြီးရဲ့ တရားအရသာ ခါးသီးလှတော့..
အရက်ဖြူ နှစ်ပက်နဲ့ ဇွတ်မြိုချရ...🎶 တဲ့။
နောက်ဆုံး...နောက်ဆုံး ထွက်ပေါက်ကို
ယိုင်ယိုင်နဲ့နဲ့ ရှာဖွေမှီတွယ် လိုက်ရှာရသည့်
ဘဝများ၊ စရိုက်များ ခံစားနိုင်လေ စာနာ
နိုင်လေပါပဲ။

==========
၆။ မင်းသားများ
==========
"လူကြမ်းမင်းသား" ၊ "ပလက်ဖောင်းမင်းသား"
တို့သည်လည်း စရိုက်အဖော်ဆုံး သီချင်းများ
ဖြစ်ကြပါသည်။ လူကြမ်းမင်းသားမှာ ဇာတ်တွေ၊
ရုပ်ရှင်တွေထဲက လူကြမ်းသရုပ်ဆောင်ဘဝကို
ဖွဲ့ဆိုထားသည့်အတွက် ရှင်းပါသည်။
ပလက်ဖောင်းမင်းသား...ကတော့ လူ့အလွာစုံသည်။
စရိုက်စုံသည်။ ပြီးတော့ စိတ်ကူးနှင့် လုပ်ယူ
လုပ်ရေး၍မရ။

🎶 ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
ဘရားသားရယ် ဇေပါတယ်
ငွေသာ အရင်မ,စပါ 🎶

စကား,အသုံးအနှုန်းတွေကလည်း ပလက်ဖောင်း
ပေါ်က စရိုက်ကို အလွန်ပေါ်လွင်စေသည်။
ညအချိန်မတော် ပလက်ဖောင်းပေါ်ဖြတ်သန်းရင်း
ကြားနေကျ၊ မြင်နေကျ စကားသံတွေ၊ မြင်ကွင်းတွေ။

နောက်တစ်ပုဒ် "ဈေးမင်းသား" ဆိုပြီး ထပ်ရေး
လိုက်ပြန်သေးသည်။

==============
၇။ အရွှန်းဖောက်အဖွဲ့
==============
ဈေးဆိုမှ သတိရသည်။ "တရုတ်တန်းဈေးက
အဖြစ်အပျက်ကလေး" သည်လည်း လူ့စရိုက်
အလွန်စုံလင်လှပါသည်။ ဂဏန်းခြောက်လုံးချီပြီး
ချမ်းသာလှသည့် ပွဲရုံမှ ပွဲကတော်ကြီးက အစ၊
ခြေလက်အင်္ဂါ စုံလင်ကောင်းမွန်ပြီး အလွယ်
လမ်းကိုလိုက်၍ တောင်းစားနေသူအဆုံး၊
လူ့စရိုက်စုံစွာ ပြောင်ပြောင်မြောက်မြောက်
ရေးဖွဲ့သွားသည်။ အဖွဲ့အနွဲ့ကလည်း ခပ်မြူးမြူး
ခပ်သွက်သွက် Satire မြောက်သည်။ အလွန်
စည်ကားရှုပ်ထွေးသော တရုတ်တန်းဈေးကို
မျက်စိထဲ မြင်ယောင်လာစေသည်။
တရုတ်တန်းဈေးမှသည် လူ့ဘဝ၊ လူ့စရိုက်ကို
ကျယ်ပြန့်စွာ မြင်ယောင်လာစေသည်။

သည်လို Satire ဆန်သော အဖွဲ့အနွဲ့ကို
"လိုချင်တာမိဖုရား၊ ညားတော့ဘုရင်မ" မှာလည်း
တွေ့နိုင်သည်။

🎶 မင်္ဂလာဆောင် အလှူနဲ့ပွဲလမ်းဖိတ်စာ
နှိပ်ပုံတွေ လက်ဖျားခါ..ဒေါ်ဘယ်သူနဲ့ခင်ပွန်းတဲ့
အံသြစရာ (လုပ်လိုက်ဟ)x3 🎶

ဂုဏ်ကို ရှေ့တန်းတင်သော အလွှာစရိုက်ကို
တွေ့ရသည်။ သည်လို အိမ်ထောင်ရေးမျိုးကတော့
စိတ်ဆင်းရဲစရာ ကောင်းမည်။

=====
၈။ နိဂုံး
=====
စိုင်းခမ်းလိတ်၏ သီချင်းများမှာ စရိုက်အဖွဲ့
စုံလင်လှပေသည်။ အခြားသော စရိုက်ဖွဲ့
သီချင်းများလည်း ရှိနေပေသေးသည်။
ယခု သီချင်းတွေမှာ သိသာစေသော စရိုက်
အဖွဲ့များဟု ယူဆမိ၍ ရေးရခြင်းပင်။ ပြီး.....
သူ့သီချင်းတွေမှာ သူ့ဝါသနာ၊ သူ့စရိုက်၊
သူ့အာရုံ ခံစားမွေ့လျောမှုတွေကို တွေ့ရပြန်သေးသည်။

"စတုတ္ထ နိဗ္ဗာန်ကအပြန်" လို သီချင်းမျိုး။

"ဟန်နီချို" ၊ "အပြာရောင်မျက်ရည်" ၊
"တို့နှစ်ယောက်ရဲ့ည" ၊ "မျဉ်းကျား" လိုသီချင်းမျိုး..။

ထိုကြောင့် သီချင်းတွေမှာလည်း စရိုက်အဖွဲ့
ရှိသည်ဟု ဆိုခဲ့ရခြင်းပင် ဖြစ်ပါသည်။

********************
ဆွေကောင်း
ပိတောက်ပွင့်သစ်
၁၉၉၅၊ စက်တင်ဘာ
********************

ကွဲနေသောမှန်စများ
https://my.pcloud.com/publink/show?code=XZeBeJ7ZAG8QyOyj5MyrceCvrvy5FJ1jj1mX

ကိုယ်တို့ ချစ်တဲ့ဘီး
https://my.pcloud.com/publink/show?code=XZMBeJ7ZqqyOuyor9EbLDr6MxxuQnB7csXsX

စတုတ္ထနိဗ္ဗာန်ဘုံကအပြန်
https://my.pcloud.com/publink/show?code=XZxBeJ7Z94L4KbzIRbhkaF68tFeHifOCi9F7

တရုပ်တန်းဈေးက အဖြစ်အပျက်ကလေး
https://my.pcloud.com/publink/show?code=XZqBeJ7ZEfck2TB0Ud5h5M38834KA5cwf0kk

နန်ခမ်းနွဲ့ အတွက်သီချင်းတစ်ပုဒ်
https://my.pcloud.com/publink/show?code=XZABeJ7ZOPzyw8qi9uu1czyI6Lkd5HSc5lSX

ပလက်ဖောင်းမင်းသား
https://my.pcloud.com/publink/show?code=XZ3BeJ7ZbTTF2vnX21miq9myHYxi9BUVx4Ky

ပျံသာပျံပါရွှေဟင်္သာ
https://my.pcloud.com/publink/show?code=XZcBeJ7ZwPV3zMnN6xQhaC1jdTx71jYp0m1V

ဘီးကလေးကိုစီး
https://my.pcloud.com/publink/show?code=XZJ2eJ7Z3mRVhjKuEeJ8jnnpAucWtuy2s2d7

ဘီးကလေးသီချင်းများ
https://my.pcloud.com/publink/show?code=XZEseJ7ZK6KbL1QJi60Vw7psBAqqYQt9mTF7

ဘီးနံပါတ် OK 0122 L
https://my.pcloud.com/publink/show?code=XZs2eJ7ZruBw41JBT0XnIOznPmcUU0UqiDNV

မျဉ်းကြား
https://my.pcloud.com/publink/show?code=XZe2eJ7ZoDUgoyg6cBVcd40ptz9Cj5FgeQIk

မန္တလေးရောက်ရှမ်းတစ်ယောက်
https://my.pcloud.com/publink/show?code=XZHDeJ7ZLJuEFBTE08jjwuv1qCV1lyuqkQ37

လိုချင်တာမိဖုရားညားတော့ဘုရင်မ
https://my.pcloud.com/publink/show?code=XZSDeJ7Z3daklMYlMQHwNujgBnCl858cE2HX

လိမ္မော်ချိန်
https://my.pcloud.com/publink/show?code=XZIDeJ7ZqibY94g3RaysYVrkOPdYjYzHJ08X

လူကြမ်းမင်းသား
https://my.pcloud.com/publink/show?code=XZk1eJ7Z5gksH0ySBKRNUa03KtsbCyjUqBpX

သိပ်သိပ်ချစ်ရတဲ့နွဲ့တင်ရယ်
https://my.pcloud.com/publink/show?code=XZm1eJ7ZCFoimqqIrgmr6ymMTuEvwbch7kdk

အပြာရောင်မျက်ရည်
https://my.pcloud.com/publink/show?code=XZB1eJ7ZNSDEODIGI2hgK9sRLWT1fRyc3bX7

ဥပေက္ခာလောကသား
https://my.pcloud.com/publink/show?code=XZl1eJ7ZlwYUjTU3rlHSvu9WUIh5YSxeVi17

နောက်ဆုံးသီချင်း
https://my.pcloud.com/publink/show?code=XZ5eeJ7ZATcYICXXXFV19XNUuE13UVo7Uwlk

ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ
https://my.pcloud.com/publink/show?code=XZreeJ7Z6CRvxvxPqd4TGbTjM15YjfFEfnvy

ရွှေဟင်္သာသီချင်း
https://my.pcloud.com/publink/show?code=XZdneJ7ZMJB5GQQhuM4CXMDVIrcrkXjtEwak

နွေနံနက်ခင်း
https://my.pcloud.com/publink/show?code=XZDMeJ7Zqp9Gw50Byb02jGWQ1es0DbUuCXPy

အကြောင်းအရာစုံလင်အောင် ရေးဖွဲ့နိုင်သော ဆရာစိုင်းခမ်းလိတ်၏ သီချင်းများကို ဆောင်းပါးပါသီချင်းများထဲမှ တတ်နိုင်သလောက်ရှာကြံပေးလိုက်ပါသည်။ (မည်သူမျှနစ်နာလိုစိတ်မရှိပါ လေ့လာချင်သူလူငယ်များအတွက် ရည်ရွယ်ပါသည်) ...

Bro Mg Mg Tin တင်ထားသော မဂ္ဂဇင်းဓါတ်ပုံအား ဖတ်၍အဆင်ပြေအောင် စာစီ၍တင်ပေးပါသည်။
#KoNaing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။