မျှော်လင့်ချက် အလွဲများ
**************
ရှေးတစ်ခါ က ပိုက်ဆံချမ်းသာတဲ့
သူဌေးကြီး တစ်ဦး ဟာ
မြင်း ၆ ကောင် ဆွဲတဲ့ မြင်းလှည်းကြီး
စီးကာ ခရီးတစ်ခု ထွက်လာခဲ့ပါတယ်။
နောက်မှာ လည်း အခြွေအရံတွေက
မြင်းကိုယ်စီ နဲ့ ပေါ့ ခရီးက အပြန်မှာလည်း
ကုန်ပစ္စည်းတင်ဖို့ မြင်းလှည်း အလွတ်တွေ
လည်း ပါပါတယ်။
ခရီးလမ်းတစ်နေရာ အရောက်မှာတော့
လမ်းဘေး မှာ မြက်ပင်တွေကို
ကိုက်ဖြတ်စားသောက်နေတဲ့  လူ ၂ ယောက်
ကို မြင်တဲ့အခါ မြင်းလှည်း ကို
ရပ်တန့်ပြီး စူစမ်း ဖို့ အတွက်
အနားကို သွားခဲ့ပါတယ်။
" အို အသင်တို့ အဘယ်ကြောင့်
မြက် တွေကို စားနေကြပါသလဲ? "
လို့ သူဌေးကြီးက မေးမြန်းတော့
" အို သူဌေးမင်း ကျနော်တို့မှာ
စားစရာ မရှိ ဝယ်စားဖို့ရန်လည်း
အသပြာ မရှိသည့် အတွက်ကြောင့်
ဒီ မြက်ပင်များကို ကြိတ်ဝါး ရင်း
ဆာလောင်မှုကို ဖြေဖျောက်နေရခြင်း
ဖြစ်ပါတယ် "
လို့ မြက်ပင်စားသူတစ်ယောက်က
ပြန်လည်ဖြေကြား လေသတဲ့
ဒီ အခါမှာ သူဌေးကြီးက
" ကဲ အသင်တို့ ငါနောက်သာ
လိုက်ခဲ့ကြပါတော့ " လို့
စကားဆိုတော့ မြက်စားသူက
တစ်ယောက်က
" သူဌေးကြီး ခင်မျာ
ကျနော်မှာ ဇနီး နဲ့ ကလေး ၂ ယောက်
ရှိပါသေး တယ် ခင်မျာ "
" မင်း မိန်းမ နဲ့ ကလေး ၂ ယောက်ပါ
အမြန်ခေါ် လိုက်ခဲ့ပါကွာ "
ထိုအခါ ကျန်တဲ့ လူကလည်း
" သူဌေးကြီး ကျနော်မှာတော့
ညီမ ၂ ယောက်နဲ့ သေဆုံးသွားတဲ့
မိန်းမ နဲ့ ရတဲ့ ကလေး ၄ ယောက်
ရှိပါသေးတယ် ခင်မျ "
" အို အားလုံး ခေါ်ခဲ့ ကွာ "
ဒီလိုနဲ့ မြင်းလှည်းအလွတ်တွေ အပေါ်
မိသားစု ၂ စုကို တင်ဆောင်ရင်း
ခရီးဆက်လက် ထွက်ခွာခဲ့ပါတယ်။
ဒီလိုနဲ့ အနားယူရန်အချိန်ကျရောက် တော့
အရိပ်ကောင်းတဲ့ သစ်ပင်တွေအောက်
အမောအပန်း ဖြေနေကြတုန်း
ခုန မြက်စားတဲ့ လူ ၂ယောက်က
သူဌေးကြီး အနား မဝံ့မရဲကပ်ခါ
" သူဌေးကြီး ရဲ့ စေတနာ လွန်စွာ
ကြီးမားလှပါတယ် ခင်မျာ
အခု ကျနော်တို့ ဘယ်အထိ ခရီးဆက်
ဘာတွေ လုပ်ရမယ် ဆိုတာ
သိချင်လို့ ပါ ခင်မျ "
" အော် ဒါလား
ဒီလိုကွ ရှေ့မဝေးတော့တဲ့ မြို့ မှာ
ငါ့ ဝယ်ထားတဲ့ ခြံကြီးတစ်ခြံ ရှိတယ်ကွ
တစ်လောက ခြံစောင့်က
အကြောင်းကြားတယ်
သူဌေးကြီးရဲ့ ခြံထဲက မြက်ပင်တွေ
လူတစ်ရပ် ကျော်နေလို့ လာရောက်
ရှင်းလင်း ပါ ဆို လို့ ခုလိုထွက်လာ
ခဲ့တာ ကွဲ့
ခုလို မင်းတို့ မိသားစု ၂ စု နဲ့ ဆို
အမြန်ဆုံး ရှင်းလင်း နိုင်လိမ့် လို့
ယုံကြည်မိလို့ ခေါ်လာတာလေကွာ
မကြာတော့ပါဘူး ရောက်တော့မှာပါ
ဟိုကျမှ မင်းတို့ တစ်တွေ မြက်တွေ
တစ်ဝကြီး စားကြတာပေါ့ "
" ဗျာ " :'(
#kazaw
မှ တ် စု ကြ မ်း
အမှန်ကတော့ ဟာသဆန်ဆန်ရေးမိချင်
ပေမယ့် ရေးမိရင်း တစ်ခုခု တွေးမိလာတယ်
ဒါက ဘာလည်းဆိုတော့
ဘဝ မှာ အလွဲတွေကြုံ တွေ့ ဘူးကြမှာပါ
ဘယ်လောက်ပဲ လွဲပါစေလေ
ဒီလို အလွဲမျိုး ကတော့ အတော်ဆိုးတယ်လို့
မှတ်ယူ မိပါတယ်။
မိမိရဲ့ မျှော်လင့်ချက်က ပြည့်လာခဲ့တယ်
ဒါပေမယ့် ပြည့်လာတဲ့ မျှော်လင့်ချက်က
အလွဲ မျှော်လင့်ချက် ဖြစ်လာခဲ့မယ်ဆိုရင်
ကျနော်တို့ ရီရမှာလား ငိုရမှာလား
ဖြစ်မိမှာ အမှန်ပါပဲ ဗျာ
" လူသားတိုင်း မျှော်လင့်ချက် အလွဲ
မတွေ့ကြ ပါစေနဲ့ လို့
ဆန္ဒမွန် ပြု မိပါတယ် ဗျာ ။
**************
ရှေးတစ်ခါ က ပိုက်ဆံချမ်းသာတဲ့
သူဌေးကြီး တစ်ဦး ဟာ
မြင်း ၆ ကောင် ဆွဲတဲ့ မြင်းလှည်းကြီး
စီးကာ ခရီးတစ်ခု ထွက်လာခဲ့ပါတယ်။
နောက်မှာ လည်း အခြွေအရံတွေက
မြင်းကိုယ်စီ နဲ့ ပေါ့ ခရီးက အပြန်မှာလည်း
ကုန်ပစ္စည်းတင်ဖို့ မြင်းလှည်း အလွတ်တွေ
လည်း ပါပါတယ်။
ခရီးလမ်းတစ်နေရာ အရောက်မှာတော့
လမ်းဘေး မှာ မြက်ပင်တွေကို
ကိုက်ဖြတ်စားသောက်နေတဲ
ကို မြင်တဲ့အခါ မြင်းလှည်း ကို
ရပ်တန့်ပြီး စူစမ်း ဖို့ အတွက်
အနားကို သွားခဲ့ပါတယ်။
" အို အသင်တို့ အဘယ်ကြောင့်
မြက် တွေကို စားနေကြပါသလဲ? "
လို့ သူဌေးကြီးက မေးမြန်းတော့
" အို သူဌေးမင်း ကျနော်တို့မှာ
စားစရာ မရှိ ဝယ်စားဖို့ရန်လည်း
အသပြာ မရှိသည့် အတွက်ကြောင့်
ဒီ မြက်ပင်များကို ကြိတ်ဝါး ရင်း
ဆာလောင်မှုကို ဖြေဖျောက်နေရခြင်း
ဖြစ်ပါတယ် "
လို့ မြက်ပင်စားသူတစ်ယောက်က
ပြန်လည်ဖြေကြား လေသတဲ့
ဒီ အခါမှာ သူဌေးကြီးက
" ကဲ အသင်တို့ ငါနောက်သာ
လိုက်ခဲ့ကြပါတော့ " လို့
စကားဆိုတော့ မြက်စားသူက
တစ်ယောက်က
" သူဌေးကြီး ခင်မျာ
ကျနော်မှာ ဇနီး နဲ့ ကလေး ၂ ယောက်
ရှိပါသေး တယ် ခင်မျာ "
" မင်း မိန်းမ နဲ့ ကလေး ၂ ယောက်ပါ
အမြန်ခေါ် လိုက်ခဲ့ပါကွာ "
ထိုအခါ ကျန်တဲ့ လူကလည်း
" သူဌေးကြီး ကျနော်မှာတော့
ညီမ ၂ ယောက်နဲ့ သေဆုံးသွားတဲ့
မိန်းမ နဲ့ ရတဲ့ ကလေး ၄ ယောက်
ရှိပါသေးတယ် ခင်မျ "
" အို အားလုံး ခေါ်ခဲ့ ကွာ "
ဒီလိုနဲ့ မြင်းလှည်းအလွတ်တွေ အပေါ်
မိသားစု ၂ စုကို တင်ဆောင်ရင်း
ခရီးဆက်လက် ထွက်ခွာခဲ့ပါတယ်။
ဒီလိုနဲ့ အနားယူရန်အချိန်ကျရောက်
အရိပ်ကောင်းတဲ့ သစ်ပင်တွေအောက်
အမောအပန်း ဖြေနေကြတုန်း
ခုန မြက်စားတဲ့ လူ ၂ယောက်က
သူဌေးကြီး အနား မဝံ့မရဲကပ်ခါ
" သူဌေးကြီး ရဲ့ စေတနာ လွန်စွာ
ကြီးမားလှပါတယ် ခင်မျာ
အခု ကျနော်တို့ ဘယ်အထိ ခရီးဆက်
ဘာတွေ လုပ်ရမယ် ဆိုတာ
သိချင်လို့ ပါ ခင်မျ "
" အော် ဒါလား
ဒီလိုကွ ရှေ့မဝေးတော့တဲ့ မြို့ မှာ
ငါ့ ဝယ်ထားတဲ့ ခြံကြီးတစ်ခြံ ရှိတယ်ကွ
တစ်လောက ခြံစောင့်က
အကြောင်းကြားတယ်
သူဌေးကြီးရဲ့ ခြံထဲက မြက်ပင်တွေ
လူတစ်ရပ် ကျော်နေလို့ လာရောက်
ရှင်းလင်း ပါ ဆို လို့ ခုလိုထွက်လာ
ခဲ့တာ ကွဲ့
ခုလို မင်းတို့ မိသားစု ၂ စု နဲ့ ဆို
အမြန်ဆုံး ရှင်းလင်း နိုင်လိမ့် လို့
ယုံကြည်မိလို့ ခေါ်လာတာလေကွာ
မကြာတော့ပါဘူး ရောက်တော့မှာပါ
ဟိုကျမှ မင်းတို့ တစ်တွေ မြက်တွေ
တစ်ဝကြီး စားကြတာပေါ့ "
" ဗျာ " :'(
#kazaw
မှ တ် စု ကြ မ်း
အမှန်ကတော့ ဟာသဆန်ဆန်ရေးမိချင်
ပေမယ့် ရေးမိရင်း တစ်ခုခု တွေးမိလာတယ်
ဒါက ဘာလည်းဆိုတော့
ဘဝ မှာ အလွဲတွေကြုံ တွေ့ ဘူးကြမှာပါ
ဘယ်လောက်ပဲ လွဲပါစေလေ
ဒီလို အလွဲမျိုး ကတော့ အတော်ဆိုးတယ်လို့
မှတ်ယူ မိပါတယ်။
မိမိရဲ့ မျှော်လင့်ချက်က ပြည့်လာခဲ့တယ်
ဒါပေမယ့် ပြည့်လာတဲ့ မျှော်လင့်ချက်က
အလွဲ မျှော်လင့်ချက် ဖြစ်လာခဲ့မယ်ဆိုရင်
ကျနော်တို့ ရီရမှာလား ငိုရမှာလား
ဖြစ်မိမှာ အမှန်ပါပဲ ဗျာ
" လူသားတိုင်း မျှော်လင့်ချက် အလွဲ
မတွေ့ကြ ပါစေနဲ့ လို့
ဆန္ဒမွန် ပြု မိပါတယ် ဗျာ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။