Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 24, 2017

" သတ္တိရှိရင် တစ်ယောက်ချင်းထိုးမလား ''

" သတ္တိရှိရင် တစ်ယောက်ချင်းထိုးမလား ''
*************************************

စိန်ခေါ်ခံရတဲ့လူငယ်ဟာ ကွက်ခနဲ မျက်နှာပျက်
သွားတယ်....စိတ်ထဲမှာလည်း ပူကနဲရှက်သွားတယ်...
လူမိုက်အဖြစ် ထင်ရှားသူ၊ လက်သွက်သူ လက်ရဲသူ
အဖြစ် ထင်ရှားသူတစ်ယောက်ကို ယှဉ်ထိုးဖို့ 
နိုင် နိုင်ချေက နည်းပါးလွန်းတယ်...
ရှောင်ထွက်ဖို့ ကလည်း ခက်နေတယ်...
ကြောက်ရွံ့ နေသလိုလည်း ခံစားရတယ်...
ဒေါသလည်း ထွက်တယ်...
" ဟေ့ကောင် ငါပြောတာကြားလား။ ငါမင်းကို မျှမျှ
တတ စိန်ခေါ်တာ...မထိုးရဲဘူးလား...
မင်းအခြောက်လား”

အဲ့ဒိအချိန်မှာ လူတစ်ယောက်က ဝင်ပါလာတယ်..

" စိန်ခေါ်တဲ့ညီလေး...မိတ်ဆက်ရ ဦးမယ်....
ကိုယ်က ဒီက နယ်ထိန်းပါ”

စကားမဆုံးခင် လူမိုက်ဆိုသူ မျက်နှာ အမူအရာပြောင်းသွားတယ်...
”မကြောက်ပါနဲ့ ကွ....အရေးယူဖို့ မဟုတ်ဘူး...
ညှိုနှိုင်းပေးမလို့ ...တားတာမျိုးမဟုတ်ဘူး...
မင်းက ပြောတယ်.....သတ္တိရှိရင် တစ်ယောက်ချင်း
ထိုးမလား....မင်းဆိုလိုတာက သတ္တိရှိသူက
တစ်ယောက်ချင်းထိုးတယ်ပေါ့...အဲ့ဒါ မျှတမှုမဟုတ်ဘူး
ငါ့စကားနွားရပြောနည်း လို့ ခေါ်တယ်....
မင်းက ချီးကြိုက်တယ် ဆိုပါတော့ကွာ...
သတ္တိရှိရင် ချီးပြိုင်စားမလားလို့ ...စိန်ခေါ်တာ
မျှတရဲ့လား...ရန်ဖြစ်တယ်ဆိုတာလည်း မင်းလုပ်
နေကြအလုပ်တစ်ခု...မင်းကျွမ်းကျင်တဲ့အရာ တစ်ခု..
မင်းစိန်ခေါ်တဲ့လူက ကျွမ်းချင်မှ ကျွမ်းမှာပေါ့...
ယဉ်ပါးချင်မှ ယဉ်ပါးမှာ ပေါ့....မင်းနယ်ထဲမင်းဆွဲ
ခေါ်ပြီး မျှတတယ်လို့  မထင်နဲ့....

" ကဲ ဟိုညီလေး မင်းကျွမ်းကျင်တဲ့ အားကစားဘာရှိလဲ''

”ကျနော် စစ်တုရင် ကောင်းကောင်းထိုးတတ်ပါတယ်”

”ကဲ ဒီညီလေးဘက်ကငါနေမယ်ကွာ..စစ်တုရင် ပြိုင်
ထိုးကြ....မျက်နှာကို သုံးချက်ထိုးကြေးလောင်းမယ်...
၅မိနစ်အမြန်ပွဲကွာ”

လူမိုက်ဆိုသူ က ခေါင်းရမ်းတယ်...

”ကျနော်စစ်တုရင် မထိုးတတ်ဘူး’
" သတ္တိရှိရင် ထိုးလေကွာ...တစ်ယောက်ချင်းထိုး
ရတာပဲကို”
”ဘာဆိုင်လို့ လဲဗျ”

”ဒါမင်းပြောတဲ့ လောဂျစ်ပဲလေ...သတ္တိရှိရင်ဆိုတဲ့
စကားခံပြီး စိန်ခေါ်တာ မျှတရဲ့လား...
မင်းသိလား....ငါလည်း လူမိုက်ဆိုတဲ့သူတွေနဲ့ 
ပတ်သတ်နေရတဲ့ ရဲတစ်ယောက်...လူမိုက်တွေကို
အပြစ်မြင်တာထက် သနားတာက ပိုတယ်...
လူအထင်ကြီးခံစရာ အခြားအစွမ်းအစမရှိတော့
မိုက်ဂုဏ်လေးပြချင်ကြတယ်....
တောတွင်းဥပဒေဆန်ဆန် ဖြေရှင်းကြတာကို
အမှန်လို့  ထင်နေကြတယ်....တကယ်တော့ မင်းတို့ 
လက်သီးချက်တွေမှာ ခံရသူဟာ ပြင်ပဒဏ်ရာ
တင်မက သိက္ခာတွေပါ အလွှာလိုက်ကွာကျတာကို
မင်းတို့  သတိမထားမိဘူး....မင်းတို့ ကတော့
ငါဆော်လိုက်တာ ငါတီးလိုက်တာဆိုပြီး ဂုဏ်ယူ
ချင်ကြတယ်....ထိုးရဲကြိတ်ရဲတာ သတ်ရဲဖြတ်ရဲ
တာကို ယောကျာ်းတစ်ယောက်ရဲ့ စံလို့  တော့
လာမသတ်မှတ်နဲ့ ...တိရိစ္ဆာန်တွေမှာတောင်
အဲ့ဒိစိတ်ရှိတယ်....သတ္တိတော့မဟုတ်ဘူး...အဲ့ဒါ
ကြီးနိုင်ငယ်ညှင်းစိတ်...ယောကျာ်းရယ်လို့ 
gender ခွဲမနေတော့ဘူး...လူမှန်ရင် ထားရှိရမယ့်
စိတ်က တာဝန်ယူမှု၊ တာဝန်ခံမှုပဲ...
အေး....ငါလေကြောရှည်နေရတာ ဒီနယ်ရဲ့
နယ်ထိန်းအဖြစ် လာထိန်းတဲ့ သဘောပဲ…
ထောင်ထဲသွားမလားလို့  ငါမခြောက်ချင်ဘူး....
ထောင်ဆိုတာဆုံးမတဲ့နေရာမဟုတ်ပဲ လူမိုက်
ဖြစ်ကြောင်း certificate ထုတ်ပေးတဲ့နေရာဖြစ်နေပြီ..
ထောင်ထွက်ကွဆိုရင် တရားဝင် မိုက်ခွင့်ပေးထားတာလိုလိုနဲ့ ....ငါသိတယ် အခုငါပြောတဲ့စကားတွေ
မင်းနားဝင်ဦးမှာ မဟုတ်ဘူး...မင်းကို သုံးသပ်ဖို့ ပဲ
ငါတောင်းဆိုတယ်...အကယ်၍များ မင်းက
one by one ထိုးတာကိုမှ သတ္တိလို့ ထင်ရင်
မင်းနဲ့ ငါထိုးမယ်....လက်ဗလာနဲ့ ထိုးမယ်...
အထိအခိုက်နည်းတာပေါ့...အနိုင်အရှုံးအဖြေပေါ်ရင်
ရပ်မယ်....တစ်လအတွင်း မင်းထိုးချင်တဲ့အချိန်
ဖုန်းခေါ်လိုက်....ရိုးရာလက်ဝှေ့ ထိုးမယ်...
ဖုန်းနံပါတ်ပေးထားခဲ့မယ်....အဲ… သတ္တိရှိလို့ 
စိန်ခေါ်တာတော့ မဟုတ်ဘူး...
ငါနိုင်မယ်ထင်လို့ ”

****************************

သူရဲကောင်းဝါဒ စံလွဲတဲ့ခေတ်မို့  နိုင်ငံအနှံ ကမ္ဘာအနှံ့ မှာ လူငယ်တွေရဲ့ရင်ထဲ ဒီလိုလက်နဲ့  ရှင်းတာကို
အမှန်တရားလို့ ထင်နေကြတယ်...
ရန်ပွဲတွေ ဖြစ်ခဲ့တယ်...
ဖြစ်နေကြဆဲ...
ဖြစ်လိမ့်ဦးမယ်....
ဒီအတွေးအခေါ်တွေရှိနေသမျှတော
ရန်ပွဲတွေမှာ အောင်နိုင်သူတွေ လက်မထောင်ကြ
လိမ့်မယ်.....
အနိုင်ကျင့်တယ်လို့ ပဲခေါ်ရမယ်...
အနိုင်ကျင့်တာနည်းအမျိုးမျိုးပေါ့...
ကာယသာသူက ကာယဗလနဲ့  အနိုင်ကျင့်တယ်...
ဥာဏသာသူက ဥာဏဗလနဲ့  အနိုင်ကျင့်တယ်..
ငွေရှိသူက ဘောဂဗလနဲ့ အနိုင်ကျင့်တယ်...
အာဏာရှိသူက မိတ္တဗလနဲ့  အနိုင်ကျင့်တယ်..

ကြောက်ရွံ့ တတ်သူတွေရယ်
အားနည်းသူတွေရယ်ဟာ
အနိုင်ကျင့်ခံရတတ်တယ်
ချစ်သူက ဆုံရှုံးရမှာကြောက်လွန်းတော့
ချစ်သူက အနိုင်ကျင့်တယ်
ကျနော်ကတော့ အနိုင်ကျင့်တာတို့ 
အကျပ်ကိုင်တာတို့ ကို သိပ်မုန်းတဲ့ လူတန်းစားပေါ့..
မကြောက်ချင်ပေမယ့် အားနည်းလို့ 
ခံခဲ့ရတာတွေရှိတယ်...
ဒီဇာတ်လမ်းမှာ လူငယ်နှစ်ယောက် ဘာကြောင့်
ပြဿနာဖြစ်လဲဆိုတာကို မဖော်ပြထားဘူး...
ဝင်ထိန်းသူကိုကျတော့ ရဲအဖြစ်ထား တာက
ရဲမှသာ ဒီစကားတွေ ဖော်ပြဖို့  အဆင်ပြေမှိာမို့ပါ...
စကားပြောခန်းလေးနဲ့  ကျနော့်အတွေးကို
မျှဝေခြင်းမျှသာ..
ပြောနေကျအတိုင်း ကျနော်လွဲနိုင်ပါတယ်...

crd မသိ

ကျွန်​​တော့်​ Page ရဲ့ ရည်​ရွယ်​ချက်​နဲ့ မသက်
ဆိုင်​​ပေမယ့်​ ယ​နေ့မျက်​​မှောက်​​ခေတ်​ဖြစ်​ပျက်​​နေတဲ့
လူငယ်​​တွေကြားထဲ အသိဉာဏ်​နဲ့ ကိုယ်​ကျင့်​တရား
တွေ ​ပျောက်​ဆုံးလာ​နေတာ ​တွေ့ရတယ်​...

အင်​အားကြီးသူက အင်​အားနည်းသူကို
အနိုင်​ကျင့်​တယ်​....
ငွေ​ကြေးချမ်းသာတဲ့ လူက ​ငွေ​ကြေးဆင်းရဲတဲ့ လူကို
ငွေ​ကြေးနဲ့ အနိုင်​ယူတယ်​....
အာဏာရှိသူက အာဏာမဲ့သူကို အာဏာနဲ့
ခြိမ်း​ခြောက်​တယ်​...

ဆင်းရဲတဲ့ နိုင်​ငံ​တွေမှာ လူငယ်​​တွေရဲ့ အား​တွေ
ပျောက်​ဆုံး​နေကြတယ်​...ကျွန်​​တော်​တို့ နိုင်​ငံအပါအဝင်
ဒီလိုကိစ္စ​တွေက ရှိ​နေဆဲပါ...
လူငယ်​​တွေရဲ့ အ​တွေးအ​ခေါ်နဲ့ အယူအဆ​တွေ
ပိတ်​ဆို့ခံထား​နေရတယ်​...
လူငယ်​​တွေရဲ့ အရည်​အချင်း​တွေ
ထုတ်​​ဖော်​ခွင့်​မရကြဘူး....

ပြောချင်​တာ ​လောကမှာ ကိုယ်​ကျင့်​တရားနဲ့
စာနာစိတ်​​လေး ရှိကြမယ်​ဆိုရင်​ လှပတဲ့
လောကတစ်​ခု၊ ပတ်​ဝန်းကျင်​တစ်​ခုကို ဖန်​တီးနိုင်​ပါ
လိမ့်​မယ်​...
အဲ့​တော့ ကျွန်​​တော်​တို့​တွေ....
ကြိုးစားရမယ်​....
လူငယ်​​တွေကို လမ်းပြ​ပေးကြရမယ်​...
လူငယ်​​တွေကို ထုတ်​​ဖော်​ခွင့်​ပြုကြရမယ်​...
စိတ်​ဓာတ်​​တွေ ဝါးလုံး​ခေါင်းထဲက မထွက်​သ​ရွေ့​တော့
ဝါးလုံး​ခေါင်းထဲကပဲ လသာ​နေရဦးမှာပဲ...
အမှား​တွေ ပြင်​နိုင်​ကြပါ​စေ...
ကိုယ်​ကျင့်​တရားနဲ့ စာနာမှု​တွေ ဖြစ်​တည်​လာပါ​စေ...
ချစ်​ခြင်းနဲ့ ​မေတ္တာတရား​တွေ ​ပေါက်​ဖွားလာကြပါ​စေ..
ပြီး​တော့ အားလုံး​သော လူငယ်​၊ လူရွယ်​၊ လူကြီး​တွေ
အတူယှဉ်​တွဲ​နေထိုင်​ပြီး သာယာလှပတိုးတက်​​သော
နိုင်​ငံတစ်​ခုဆီကို ​လျှောက်​လှမ်းနိုင်​ပါ​စေလို့ ဆန္ဒပြုရင်း
ဒီစာ​လေးကို ပြန်​လည်​မျှ​ဝေလိုက်​ပါတယ်​....

#Biography & History.com.mm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။