Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Friday, December 15, 2017

ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္းသံုးတဲ့အခါ မ်က္စိမထိခိုက္ေအာင္ ကာကြယ္ႏိုင္မယ့္နည္းလမ္း၆ခု


ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္းသံုးတဲ့အခါ မ်က္စိမထိခိုက္ေအာင္ ကာကြယ္ႏိုင္မယ့္နည္းလမ္း၆ခု
စမတ္ဖုန္း မ်က္ႏွာျပင္ေတြဟာတျဖည္းျဖည္း ၾကီးမားက်ယ္ျပန္႕လာေပမယ့္ လူသံုးနည္းေနေသးသလို ေသးငယ္ၿပီးစမတ္က်က်ကိုင္လို႔ရတဲ့ မ်က္ႏွာျပင္ေသးတဲ့ဖုန္းေတြက ယေန႔ထိတိုင္လူႀကိဳက္မ်ားတဲ့စာရင္းထဲမွာပါဝင္ေနပါေသးတယ္။ Screen ေသးတဲ့ဖုန္းေတြ အျမင္က်ဥ္းေျမာင္းတဲ့ဖုန္းေတြကို ေန႕စဥ္အခ်ိန္မ်ားစြာအသံုးျပဳတဲ့ခါ ေရရွည္မွာသင့္ရဲ႕မ်က္လံုးကိုမ်ားစြာထိခိုက္ေစပါတယ္။ အခုေဖာ္ျပမယ့္နည္းလမ္းေလးေတြကေတာ့ လြယ္ကူရိုးရွင္းၿပီးသင့္ရဲ႕မ်က္လံုးက်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစမယ့္နည္းလမ္း ၆မ်ိဳးပဲျဖစ္ပါတယ္။

#1 အလင္းမျပန္တဲ့ Anti-Glare Screen Protector မ်ိဳးကိုအသံုးျပဳပါ။
ယခုေနာက္ပိုင္းထြက္တဲ့ အလတ္တန္း ဒါမွမဟုတ္ တန္ဖိုးျမင့္စမတ္ဖုန္းေတြေတာ္ေတာ္မ်ားမ်ားမွာေတာ့ အလင္းမျပန္တဲ့ Display မ်ိဳးကိုထည့္သြင္းအသံုးျပဳေပးလာၾကပါတယ္။ အကယ္၍မ်ားသင့္ရဲ႕ဖုန္းဟာ အဲ့လို မ်က္ႏွာျပင္အမ်ိဳးအစားမဟုတ္ပဲ အရမ္းအလင္းျပန္ေနတယ္ဆိုရင္ေတာ့ ေရရွည္အတြက္တစ္ခုခုလုပ္ဖို႔စဥ္းစားသင့္ပါၿပီ။ ဒီျပႆနာကိုေျဖရွင္းရမယ့္နည္းလမ္းကေတာ့ အလင္းမျပန္တဲ့ Screen Protector ( မွန္ကပ္ ) မ်ိဳးကိုတပ္ထားေပးသင့္ပါတယ္။ ေစ်းကြက္မွာရွာရမလြယ္ကူရင္ေတာင္ အြန္လိုင္းမွာသီးသန္႔ရွာၿပီးဝယ္ယူတာမ်ိဳးေတြလုပ္ထားသင့္ပါတယ္။ အကယ္၍ ဝယ္ယူဖို႔မလြယ္ကူဘူးဆိုရင္ေတာ့ Bluelight Filter for Eye Care ဆိုတဲ့ Application ကိုအသံုးျပဳၿပီးအေတာ္အသင့္ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ဒီမွာ Download ရယူႏိုင္ပါတယ္။
#2 ကြန္ပ်ဴတာ (သို႔) ဖုန္းၾကည့္ေနတဲ့အခ်ိန္မွာမၾကာခဏ မ်က္ေတာင္ခတ္ေပးပါ။
အေၾကာင္းအရာတစ္ခုကို ကိုယ္စိတ္ဝင္တစားၾကည့္ေနတဲ့အခါမွာ မ်က္ေတာင္မခတ္ပဲၾကည့္တဲ့အခ်ိန္ က ပိုမ်ားေနပါတယ္။ မ်က္ေတာင္ခတ္ဖို႔ေတာင္ေမ့ေနတတ္တာမ်ိဳးေပါ့။ ဖန္သားမ်က္ႏွာျပင္ကို မ်က္ေတာင္မခတ္ပဲအခ်ိန္ၾကာၾကာၾကည့္ေနမယ္ဆိုရင္ေတာ့ မ်က္လံုးမ်ားစပ္လာတာ နီရဲလာတာ နဲ႔ မ်က္ရည္ပူေတြက်လာတာမ်ိဳးေတြျဖစ္လာပါလိမ့္မယ္။ ဒီလိုေတြျဖစ္လာရင္ေတာ့ ေရရွည္မွာသင့္မ်က္လံုးအတြက္မေကာင္းေတာ့ပါဘူး ။ သတိထားၿပီး မ်က္ေတာင္ခတ္ေပးပါ။ ကြန္ပ်ဴတာ ဒါမွမဟုတ္ ဖုန္းမ်က္ႏွာျပင္ကို အခ်ိန္ျပည့္ၾကည့္မေနပဲ နာရီဝက္တစ္ခါေလာက္ အျမင္လႊဲၿပီးၾကည့္ပါ ၊ လမ္းထေလွ်ာက္ေပးပါ။ ေနာက္တစ္နည္းကေတာ့ မ်က္ႏွာကိုေရထဲမွာစိမ္ၿပီး မ်က္လံုးကိုဖြင့္လိုက္ပိတ္လိုက္ လုပ္ေပးပါ။
#3 20/20/20 နည္းလမ္းကိုက်င့္သံုးပါ။
လုပ္ငန္းခြင္မွာကြန္ပ်ဴတာကိုအခ်ိန္အၾကာႀကီးအသုံးျပဳရတယ္ဆိုရင္ ဒီနည္းလမ္းကို မျဖစ္မေနအသံုးျပဳသင့္ပါတယ္။ 20/20/20 ဆုိတာကေတာ့ ေမာ္နီတာမ်က္ႏွာျပင္ ကို မိနစ္၂၀ၾကည့္ၿပီးရင္ ခဏနားပါ ေပ၂၀ အကြာအေဝးရွိမယ့္ျမင္ကြင္းကို အနည္းဆံုး စကၠန္႔ ၂၀ၾကည့္ေပးပါ။
တစ္ကယ္လို႔ ေမာ္နီတာကိုၾကည့္တဲ့အခ်ိန္ဟာ မိနစ္ေလးဆယ္ ဒါမွမဟုတ္ မိနစ္ငါးဆယ္ေလာက္ၾကာခဲ့မယ္ဆိုရင္ေတာ့ မ်က္လံုးကို ၁၀ မိနစ္ဒါမွမဟုတ္ ၁၅ မိနစ္ေလာက္ အနားျပန္ေပးသင့္ပါတယ္။
#4 မ်က္ႏွာျပင္ Brightness ၊ Contrast နဲ႔ Text size တို႔ကိုခ်ိန္ညွိပါ။
Screen မ်က္ႏွာျပင္ဟာအရမ္းလင္းေနတဲ့အခါ မ်က္စိကိုထိခိုက္ေစႏိုင္သလို မွိန္လြန္းရင္လည္း အားစိုက္ထုတ္မႈအမ်ားႀကီးလုပ္ရပါတယ္။ ဒါေၾကာင့္မ်က္ႏွာျပင္ Display ကို သင့္ေတာ္ေအာင္သတိျပဳၿပီးခ်ိန္ညွိသင့္ပါတယ္။ Brightness အတိုးအေလွ်ာ့လုပ္ရာမွာ ပတ္ဝန္းက်င္ရဲ႕အလင္းအေမွာင္ေပၚအမ်ားႀကီးမူတည္ေသးတာေၾကာင့္အေျခအေနနဲ႔အခ်ိန္အခါအေပၚ လိုက္ေလွ်ာညီေထြေအာင္ဂရုစိုက္ဖို႕လည္းလိုပါမယ္။ Contrast ( ရုပ္ထြက္ ) ကလည္းအရမ္းမ်ားေနမယ္ဆိုရင္ အေရာင္ေတြ လိုတာထက္ပိုၿပီးေတာက္ေနတာမ်ိဳး ၊ မဲေနတာမ်ိဳးေတြျဖစ္တဲ့အတြက္အျမင္အာရံုကိုထိခိုက္ေစပါတယ္။ မ်ားေသာအားျဖင့္ေတာ့ Contrast ကိုအထူးတလည္ခ်ိန္ညွိေနစရာမလိုပဲ Default အတိုင္းထားထားေပးရင္အဆင္ေျပပါတယ္။
Text Size (စာလံုးဆိုဒ္) ဆိုတာကေတာ့ ဖုန္းမွာပါတဲ့ စာလံုးေတြ အႀကီးအေသးေျပာင္းလဲတာပဲျဖစ္ပါတယ္။ စမတ္ဖုန္းသံုးသူအမ်ားစုဟာ စာဖတ္တဲ့အလုပ္ကိုအမ်ားဆံုးလုပ္ၾကတာျဖစ္တဲ့အတြက္ မိမိအျမင္နဲ႔သင့္ေတာ္မယ့္ စာလံုးဆိုဒ္ကို ေရြးခ်ယ္သင့္ပါတယ္။ ဒီလိုခ်ိန္ညွိတာမ်ိဳးေတြကိုလုပ္ဖို႔အတြက္ Play store မွာ Adjust Brightness လို႔ရိုက္ၿပီးသင့္ေတာ္မယ့္ App ေတြကိုေရြးခ်ယ္အသံုးျပဳလို႔ရပါတယ္။
#5 မ်က္ႏွာျပင္ Screen ကိုသန္႔ရွင္းေနေအာင္ထားပါ။
ဖုန္းရဲ႕မ်က္ႏွာျပင္ကို လက္နဲ႔ထိေတြ႔အသံုးျပဳတာမ်ားေနတယ္ဆိုရင္ လက္ကအဆီေတြ ၊ ေခြ်းနဲ႔ဖုန္ေတြေရာၿပီး အဆီေဝ့ေနမွာျဖစ္ပါတယ္။ဒီလိုေတြျဖစ္လာရင္ေတာ့ ျမင္ကြင္းမရွင္းလင္းေတာ့ပဲ မ်က္လံုးအျမင္အာရံုကိုသာမက စိတ္ကိုပါ အေႏွာင့္အယွက္ျဖစ္စပါတယ္။ ဒါေၾကာင့္ ဖုန္းရဲ႔မ်က္ႏွာျပင္ကိုအျမဲၾကင္လင္သန္႔ရွင္းေနေအာင္ထားပါ။ မွန္ကပ္ေတြမေကာင္းေတာ့ရင္လည္း လဲေပးပါ။

#6 မွန္ကန္တဲ့အကြာအေဝးမွအသံုးျပဳပါ။
သင့္ရဲ႕မ်က္လံုးေတြက လက္မခံခ်င္ဆံုးျမင္ကြင္းမ်ိဳးကေတာ့ဖုန္းမ်က္ႏွာျပင္ကို လိုတာထက္ပိုၿပီးနီးနီးကပ္ကပ္ထားၾကည့္ျခင္းပဲျဖစ္ပါတယ္။သင့္အေနန႔ဲလည္း ဖုန္းမ်က္ႏွာျပင္ကို သင္နဲ႔အနီးဆံုးကပ္ၾကည့္တာဟာ သင့္အတြက္အေကာင္းဆံုးနဲ႔ အဆင္အေျပဆံုးလို႔ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒီအခ်က္ကေတာ့သင့္အတြက္အႀကီးမားဆံုးမွားယြင္းတဲ့ဆံုးျဖတ္ခ်က္တစ္ခုသာျဖစ္ၿပီး သင့္မ်က္လံုးကို ႏွိပ္စက္ရာေရာက္လြန္းပါတယ္။ဖုန္းကိုသင့္မ်က္လံုးကေန အကြာအေဝး ၆လက္မကေန ၈လက္မ အတြင္းထားၿပီးအသံုးျပဳမယ္ဆိုရင္ေတာ့ အသင့္ေတာ္ဆံုး အေနအထားတစ္ခုျဖစ္ပါလိမ့္မယ္။
အခုေဖာ္ျပခဲ့တဲ့နည္းလမ္းေတြကေတာ့ ဖုန္းပဲၾကည့္ၾကည့္ ကြန္ပ်ဴတာပဲသံုးသံုး သိထားသင့္သလို တစ္ကယ္လည္းလိုက္နာဖို႔လိုအပ္တဲ့နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။ Akhayar ရဲ႕ပရိတ္သတ္ႀကီးေရာ ဒီနည္းလမ္းေတြထဲက အသံုးျပဳေနတဲ့နည္းလမ္းေတြရွိေနၿပီလား ။ သူငယ္ခ်င္းေတြထဲမွာ ဒီလိုသံုးေနတဲ့သူေတြရွိရင္ေခၚၿပီးသတိေပးလိုက္ပါဦး
Ref;maketecheasier
Phone Hay Ko ( Akhayar )
Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[ Unicode ]

ကွန်ပျူတာနဲ့ စမတ်ဖုန်းသုံးတဲ့အခါ မျက်စိမထိခိုက်အောင် ကာကွယ်နိုင်မယ့်နည်းလမ်း၆ခု

စမတ်ဖုန်း မျက်နှာပြင်တွေဟာတဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပေမယ့် လူသုံးနည်းနေသေးသလို သေးငယ်ပြီးစမတ်ကျကျကိုင်လို့ရတဲ့ မျက်နှာပြင်သေးတဲ့ဖုန်းတွေက ယနေ့ထိတိုင်လူကြိုက်များတဲ့စာရင်းထဲမှာပါဝင်နေပါသေးတယ်။ Screen သေးတဲ့ဖုန်းတွေ အမြင်ကျဉ်းမြောင်းတဲ့ဖုန်းတွေကို နေ့စဉ်အချိန်များစွာအသုံးပြုတဲ့ခါ ရေရှည်မှာသင့်ရဲ့မျက်လုံးကိုများစွာထိခိုက်စေပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ လွယ်ကူရိုးရှင်းပြီးသင့်ရဲ့မျက်လုံးကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေမယ့်နည်းလမ်း ၆မျိုးပဲဖြစ်ပါတယ်။
#1 အလင်းမပြန်တဲ့ Anti-Glare Screen Protector မျိုးကိုအသုံးပြုပါ။
ယခုနောက်ပိုင်းထွက်တဲ့ အလတ်တန်း ဒါမှမဟုတ် တန်ဖိုးမြင့်စမတ်ဖုန်းတွေတော်တော်များများမှာတော့ အလင်းမပြန်တဲ့ Display မျိုးကိုထည့်သွင်းအသုံးပြုပေးလာကြပါတယ်။ အကယ်၍များသင့်ရဲ့ဖုန်းဟာ အဲ့လို မျက်နှာပြင်အမျိုးအစားမဟုတ်ပဲ အရမ်းအလင်းပြန်နေတယ်ဆိုရင်တော့ ရေရှည်အတွက်တစ်ခုခုလုပ်ဖို့စဉ်းစားသင့်ပါပြီ။ ဒီပြဿနာကိုဖြေရှင်းရမယ့်နည်းလမ်းကတော့ အလင်းမပြန်တဲ့ Screen Protector ( မှန်ကပ် ) မျိုးကိုတပ်ထားပေးသင့်ပါတယ်။ ဈေးကွက်မှာရှာရမလွယ်ကူရင်တောင် အွန်လိုင်းမှာသီးသန့်ရှာပြီးဝယ်ယူတာမျိုးတွေလုပ်ထားသင့်ပါတယ်။ အကယ်၍ ဝယ်ယူဖို့မလွယ်ကူဘူးဆိုရင်တော့ Bluelight Filter for Eye Care ဆိုတဲ့ Application ကိုအသုံးပြုပြီးအတော်အသင့် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီမှာ Download ရယူနိုင်ပါတယ်။
#2 ကွန်ပျူတာ (သို့) ဖုန်းကြည့်နေတဲ့အချိန်မှာမကြာခဏ မျက်တောင်ခတ်ပေးပါ။
အကြောင်းအရာတစ်ခုကို ကိုယ်စိတ်ဝင်တစားကြည့်နေတဲ့အခါမှာ မျက်တောင်မခတ်ပဲကြည့်တဲ့အချိန် က ပိုများနေပါတယ်။ မျက်တောင်ခတ်ဖို့တောင်မေ့နေတတ်တာမျိုးပေါ့။ ဖန်သားမျက်နှာပြင်ကို မျက်တောင်မခတ်ပဲအချိန်ကြာကြာကြည့်နေမယ်ဆိုရင်တော့ မျက်လုံးများစပ်လာတာ နီရဲလာတာ နဲ့ မျက်ရည်ပူတွေကျလာတာမျိုးတွေဖြစ်လာပါလိမ့်မယ်။ ဒီလိုတွေဖြစ်လာရင်တော့ ရေရှည်မှာသင့်မျက်လုံးအတွက်မကောင်းတော့ပါဘူး ။ သတိထားပြီး မျက်တောင်ခတ်ပေးပါ။ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းမျက်နှာပြင်ကို အချိန်ပြည့်ကြည့်မနေပဲ နာရီဝက်တစ်ခါလောက် အမြင်လွှဲပြီးကြည့်ပါ ၊ လမ်းထလျှောက်ပေးပါ။ နောက်တစ်နည်းကတော့ မျက်နှာကိုရေထဲမှာစိမ်ပြီး မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက် လုပ်ပေးပါ။
#3 20/20/20 နည်းလမ်းကိုကျင့်သုံးပါ။
လုပ်ငန်းခွင်မှာကွန်ပျူတာကိုအချိန်အကြာကြီးအသုံးပြုရတယ်ဆိုရင် ဒီနည်းလမ်းကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။ 20/20/20 ဆိုတာကတော့ မော်နီတာမျက်နှာပြင် ကို မိနစ်၂၀ကြည့်ပြီးရင် ခဏနားပါ ပေ၂၀ အကွာအဝေးရှိမယ့်မြင်ကွင်းကို အနည်းဆုံး စက္ကန့် ၂၀ကြည့်ပေးပါ။
တစ်ကယ်လို့ မော်နီတာကိုကြည့်တဲ့အချိန်ဟာ မိနစ်လေးဆယ် ဒါမှမဟုတ် မိနစ်ငါးဆယ်လောက်ကြာခဲ့မယ်ဆိုရင်တော့ မျက်လုံးကို ၁၀ မိနစ်ဒါမှမဟုတ် ၁၅ မိနစ်လောက် အနားပြန်ပေးသင့်ပါတယ်။
#4 မျက်နှာပြင် Brightness ၊ Contrast နဲ့ Text size တို့ကိုချိန်ညှိပါ။
Screen မျက်နှာပြင်ဟာအရမ်းလင်းနေတဲ့အခါ မျက်စိကိုထိခိုက်စေနိုင်သလို မှိန်လွန်းရင်လည်း အားစိုက်ထုတ်မှုအများကြီးလုပ်ရပါတယ်။ ဒါကြောင့်မျက်နှာပြင် Display ကို သင့်တော်အောင်သတိပြုပြီးချိန်ညှိသင့်ပါတယ်။ Brightness အတိုးအလျှော့လုပ်ရာမှာ ပတ်ဝန်းကျင်ရဲ့အလင်းအမှောင်ပေါ်အများကြီးမူတည်သေးတာကြောင့်အခြေအနေနဲ့အချိန်အခါအပေါ် လိုက်လျှောညီထွေအောင်ဂရုစိုက်ဖို့လည်းလိုပါမယ်။ Contrast ( ရုပ်ထွက် ) ကလည်းအရမ်းများနေမယ်ဆိုရင် အရောင်တွေ လိုတာထက်ပိုပြီးတောက်နေတာမျိုး ၊ မဲနေတာမျိုးတွေဖြစ်တဲ့အတွက်အမြင်အာရုံကိုထိခိုက်စေပါတယ်။ များသောအားဖြင့်တော့ Contrast ကိုအထူးတလည်ချိန်ညှိနေစရာမလိုပဲ Default အတိုင်းထားထားပေးရင်အဆင်ပြေပါတယ်။
Text Size (စာလုံးဆိုဒ်) ဆိုတာကတော့ ဖုန်းမှာပါတဲ့ စာလုံးတွေ အကြီးအသေးပြောင်းလဲတာပဲဖြစ်ပါတယ်။ စမတ်ဖုန်းသုံးသူအများစုဟာ စာဖတ်တဲ့အလုပ်ကိုအများဆုံးလုပ်ကြတာဖြစ်တဲ့အတွက် မိမိအမြင်နဲ့သင့်တော်မယ့် စာလုံးဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။ ဒီလိုချိန်ညှိတာမျိုးတွေကိုလုပ်ဖို့အတွက် Play store မှာ Adjust Brightness လို့ရိုက်ပြီးသင့်တော်မယ့် App တွေကိုရွေးချယ်အသုံးပြုလို့ရပါတယ်။
#5 မျက်နှာပြင် Screen ကိုသန့်ရှင်းနေအောင်ထားပါ။
ဖုန်းရဲ့မျက်နှာပြင်ကို လက်နဲ့ထိတွေ့အသုံးပြုတာများနေတယ်ဆိုရင် လက်ကအဆီတွေ ၊ ချွေးနဲ့ဖုန်တွေရောပြီး အဆီဝေ့နေမှာဖြစ်ပါတယ်။ဒီလိုတွေဖြစ်လာရင်တော့ မြင်ကွင်းမရှင်းလင်းတော့ပဲ မျက်လုံးအမြင်အာရုံကိုသာမက စိတ်ကိုပါ အနှောင့်အယှက်ဖြစ်စပါတယ်။ ဒါကြောင့် ဖုန်းရဲ့မျက်နှာပြင်ကိုအမြဲကြင်လင်သန့်ရှင်းနေအောင်ထားပါ။ မှန်ကပ်တွေမကောင်းတော့ရင်လည်း လဲပေးပါ။

#6 မှန်ကန်တဲ့အကွာအဝေးမှအသုံးပြုပါ။
သင့်ရဲ့မျက်လုံးတွေက လက်မခံချင်ဆုံးမြင်ကွင်းမျိုးကတော့ဖုန်းမျက်နှာပြင်ကို လိုတာထက်ပိုပြီးနီးနီးကပ်ကပ်ထားကြည့်ခြင်းပဲဖြစ်ပါတယ်။သင့်အနေနဲ့လည်း ဖုန်းမျက်နှာပြင်ကို သင်နဲ့အနီးဆုံးကပ်ကြည့်တာဟာ သင့်အတွက်အကောင်းဆုံးနဲ့ အဆင်အပြေဆုံးလို့ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒီအချက်ကတော့သင့်အတွက်အကြီးမားဆုံးမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ပြီး သင့်မျက်လုံးကို နှိပ်စက်ရာရောက်လွန်းပါတယ်။ဖုန်းကိုသင့်မျက်လုံးကနေ အကွာအဝေး ၆လက်မကနေ ၈လက်မ အတွင်းထားပြီးအသုံးပြုမယ်ဆိုရင်တော့ အသင့်တော်ဆုံး အနေအထားတစ်ခုဖြစ်ပါလိမ့်မယ်။
အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကတော့ ဖုန်းပဲကြည့်ကြည့် ကွန်ပျူတာပဲသုံးသုံး သိထားသင့်သလို တစ်ကယ်လည်းလိုက်နာဖို့လိုအပ်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ Akhayar ရဲ့ပရိတ်သတ်ကြီးရော ဒီနည်းလမ်းတွေထဲက အသုံးပြုနေတဲ့နည်းလမ်းတွေရှိနေပြီလား ။ သူငယ်ချင်းတွေထဲမှာ ဒီလိုသုံးနေတဲ့သူတွေရှိရင်ခေါ်ပြီးသတိပေးလိုက်ပါဦး 🙂
Ref;maketecheasier
Phone Hay Ko ( Akhayar )
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။