💦ကိုယ့်ကိုကိုယ်ပူဇော်နိုင်ရ မယ်💦
💐💐💐
စိတ်နေသဘောထား ပိုပြီးမြင့်မားလာလေလေ အများအတွက်အကျိုးရှိမယ့်အလု ပ်ကို ပိုပြီးလုပ်ချင်လေလေပဲ။ Personality ကောင်းတဲ့လူတစ်ယောက် ဖြစ်လာပြီဆိုရင် ကိုယ့်အတွက်အကျိုးရှိပြီးတော့ အများအတွက်အကျိုးထိခိုက်တာမျိုးကို လုပ်ချင်စိတ်မရှိတော့ဘူး။ ပိုက်ဆံသာရပြီးတော့ ကိုယ့်အရည်အချင်းကောင်းတွေကို သုံးခွင့်၊ထုတ်ဖော်ခွင့်မရတဲ့အလုပ်မျိုးကို မလုပ်ချင်တော့ဘူး။
💦အလုပ်ဟာ ကိုယ့်ရဲ့စိတ်ထားမြင့်မြတ်မှုကိုထုတ်ဖော်ဖို့အခွင့်အရေးတစ်ခုပဲ။💦
💐💐💐
ကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့ သူဟာ လုပ်နေတဲ့အလုပ်ကို ကောင်းသထက်ကောင်းအောင် လုပ်ချင်တယ်။ လုပ်ရကျိုးနပ်တဲ့အလုပ်၊ အရေးပါတဲ့အလုပ်၊ အဓိပ္ပာယ်အနှစ်သာရရှိတဲ့အလုပ်မျိုးကို
လုပ်ချင်တယ်။ အလုပ်လုပ်ရင်းနဲ့ စိတ်ထားကောင်းတဲ့သူတွေ
အရည်အချင်းရှိတဲ့သူတွေနဲ့ သိကျွမ်းရတာကို ကျေနပ်တယ်။ အလုပ်လုပ်တဲ့နေရာမှာ
တစ်ဖက်သားကိုမလေးမစားပြောရတာ မလုပ်ချင်ဘူး။ တဖက်သားရသင့်တဲ့အခွင့်အရေး မပေးတာမျိုးလည်း မလုပ်ချင်ဘူး။
💐💐💐
အလုပ်နဲ့ပတ်သက်ပြီးတော့ ငွေကြေးရရုံနဲ့မကျေနပ်ဘူး။ ပညာဗဟုသုတမြင့်မားဖို့၊ စိတ်နေသဘောထားမြင့်မြတ်ဖို့ ၊ မိတ်ဆွေကောင်းတိုးဖို့၊ မိတ်ဆွေကောင်းတိုးဖို့၊ အများအကျိုးဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲအလုပ်လုပ်တ ယ်။
ကျော်ကြားဖို့၊ လူအထင်ကြီးခံရဖို့၊ ဂုဏ်ရှိဖို့၊ နောက်လိုက်များဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့မလုပ်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ကိုကိုယ်လေးစားမှုရှိေ ကြာင်း ဖော်ပြနိုင်တဲ့အလုပ် ဖြစ်ရမယ်။ ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ် မိမိလုပ်တဲ့အလုပ်ကြောင့် မိမိကိုယ်ကိုမိမိ ပူဇော်နိုင်ရမယ်။ လေးစားနိုင်ရမယ်။
💐💐💐
သတိနဲ့နေ၊ သတိနဲ့လုပ်တဲ့သူဟာ လုပ်သမျှကိစ္စအားလုံးကို လေးလေးစားစားလုပ်တယ်။ ဒီနည်းနဲ့ မိမိကိုယ်ကိုပူဇော်တယ်။ ကိုယ့်ကိုကိုယ် အပေါစား အညံ့စား လူတစ်ယောက်ဖြစ်အောင် မလုပ်ဘူး။ တကယ် Personality ကောင်းတဲ့သူဆိုရင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ အများအကျိုးများမယ့်အလုပ်ကို လုပ်တယ်။ ဥာဏ်ပညာနည်းတဲ့သူဟာ ကိုယ်ကျိုးကိုဦးစားပေးတယ်။ ဥာဏ်ပညာကြီးတဲ့သူဟာ အများအကျိုးကိုဦးစားပေးတယ် ။ စိတ်ကျန်းမာရေးတကယ်ကောင်းတဲ့သူ၊ ဘဝကို အကျေနပ်ဆုံး အအောင်မြင်ဆုံး နေနိုင်ကြတဲ့သူတွေအားလုံးဟာ စေတနာအပြည့်နဲ့ ကိုယ်တတ်နိုင်သလောက် အများအကျိုးကိုဆောင်ရွက်တတ် တဲ့သူတွေပဲ ဖြစ်ကြတယ်။
💐💐💐
တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ သူတစ်ပါးအကျိုး ထိခိုက်အောင်လုပ်ပြီးတော့ ကိုယ်ကျိုးရှာတဲ့သူဟာ စိတ်မကျန်းမာတဲ့သူဖြစ်တယ်။ ပိုပြီးတော့ဥာဏ်ပါပါနဲ့လုပ် ရတဲ့အလုပ်မျိုး၊ ပိုပြီးတော့အဆင့်မြင့်တဲ့ မိမိရဲ့အရည်အချင်းကောင်းတွေ ကို ပိုပြီးသုံးရတဲ့အလုပ်မျိုးကို လုပ်နိုင်ပါရဲ့နဲ့မလုပ်ဘဲနေ တာ၊ အဆင့်နိမ့်တဲ့ သက်သာတဲ့အလုပ်မျိုးကို လုပ်နေတာဟာ ကိုယ့်ကိုကိုယ် အဆင့်အတန်းနှိမ့်လိုက်တာပဲ။ အဲဒီလိုလူဟာ ကိုယ့်ကိုကိုယ် တကယ်လေးစားတဲ့စိတ် မရှိတော့ဘူး။ ကိုယ့်အဆင့်အတန်းကို ကိုယ်နှိမ့်တဲ့သူဟာ ကိုယ့်ကိုယ်ကိုရက်စက်တဲ့သူပဲ။
💐💐💐
ပိုကောင်းတာကိုလုပ်နိုင်ပါလျှက်နဲ့ မလုပ်တဲ့သူဟာ စိတ်ကျန်းမာရေးထိခိုက်နိုင် တယ်။ ကိုယ့်ကိုယ်ကို တကယ်လေးစားတဲ့စိတ် မရနိုင်တော့ဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှုအပြည့် မရနိုင်တော့ဘူး။ ပိုပြီးတော့ကောင်းတာကိုလုပ် ရမှာ လူ့သဘာဝရဲ့တောင်းဆိုမှု ဖြစ်တယ်။
☄You must do the best that you can.☄
ပိုကောင်းတာကို တတ်နိုင်ပါရဲ့နဲ့မလုပ်တဲ့သူ ၊ ကိုယ်တကယ်မလုပ်ချင်ဘဲနဲ့ သူများအထင်ကြီးခံရဖို့ ဦးစားပေးပြီးလုပ်တဲ့သူ၊ သူများကိုတုပပြီးလုပ်တဲ့သူဟာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို
မရဘူး။ ကျေနပ်မှုကို မရဘူး။ အဓိပ္ပာယ်အနှစ်သာရ ပြည့်စုံတဲ့ဘဝကို မရဘူး။
အသက်ကြီးတဲ့အခါ ဘာမှအဖတ်မတင် ဘာမှပြောစရာပြစရာ မရှိ။ အချည်းနှီးအလဟသ
ဘဝကိုဖြုန်းခဲ့တဲ့သူအဖြစ်နဲ့  နေရမယ်။ အဲဒီလိုလူဟာ ဥာဏ်ကိုထုတ်ပြီးတော့ ကောင်းသထက်ကောင်းအောင်လုပ်ရ တဲ့အရသာကို မသိနိုင်ဘူး။ သမရိုးကျ လုပ်ရိုးလုပ်စဉ်လုပ်တာမဟုတ် ဘဲနဲ့ ဥာဏ်ပါပါ ပိုကောင်းအောင်လုပ်ရတဲ့အရသာ ကို မသိနိုင်ဘူး။ စိတ်ရွှင်လန်းမှု၊ အားတက်မှု၊ တက်ကြွမှု မရှိဘူး။ ဘဝရဲ့အလှ၊ အလုပ်ရဲ့အလှကို မခံစားနိုင်ဘူး။🌪🌪🌪
💦ကိုယ့်ဝါသနာနဲ့ကိုက်တာကိုလု ပ်ရမှာပဲ💦
💐💐💐
ကလေးတွေကိုလည်း ငယ်ငယ်ကတည်းက သူတို့ဝါသနာပါတာကိုအားပေးပြီး ထူးထူးချွန်ချွန်လုပ်နိုင်တဲ့သူတွေဖြစ်အောင်
မြေတောင်မြှောက်ပေးရမယ်။ တချို့ကလေးတွေဟာ ငယ်ငယ်ကတည်းက
စာသင်ပေးတာဝါသနာပါတယ်။ သိတဲ့ကလေးတစ်ယောက်ရှိတယ်။ အသက် (၅)နှစ်မပြည့်သေးဘူး။
ကျောင်းမနေရသေးဘူး။ သူ့သူငယ်ချင်းကို သူက စာသင်ပေးနေပြီ။
သူ့ထက်ကြီးတဲ့ကလေးလေးတွေကို ခေါ်ခေါ်ပြီးတော့ စာသင်ပေးတယ်။ သူ့အိမ်မှာ ထမင်းချက်ဖို့ခေါ်ထားတဲ့ကလေး တစ်ယောက်က ဆင်းရဲလို့ကျောင်းမနေနိုင်ဘူး။ မြန်မာစာ နည်းနည်းတော့တတ်တယ်။ ဂဏန်းအပေါင်းအနုတ်ကို မတတ်ဘူး။ (၅) နှစ်တောင်မပြည့်သေးတဲ့ ကလေးက အဲဒီကလေးမလေးကိုခေါ်ပြီးတော့ လာ… လာဆိုပြီး အတင်းထိုင်ခိုင်းပြီးတော့ နှစ်နဲ့သုံးပေါင်းရင် သုံးကိုစိတ်ထဲမှာမှတ် လက်နှစ်ချောင်းထောင်ဆိုပြီး တော့
ပေါင်းခိုင်းတယ်။ သူ သင်ပေးလိုက်တာကိုလက်မခံရင် မကြိုက်ဘူး။
စာသင်ပေးချင်တဲ့ ဝါသနာပါတယ်။ သူ ကြီးလာရင် ဆရာမကြီးတစ်ယောက်
ကောင်းကောင်းဖြစ်နိုင်တယ်။
ဒီလိုကလေးကို ငယ်ငယ်ကတည်းက ကောင်းကောင်းပြုစုစောင့်ရှောက်ရင် အရည်အသွေးပြည့်ဝတဲ့သူတစ်ယော က် ဖြစ်နိုင်တယ်။ မိဘတွေက ငေါက်မယ်၊ အော်မယ်၊ ရိုက်မယ်၊ သူ မလုပ်ချင်တာတွေအတင်းအကြပ်ခိုင်းမယ်၊
သူ့ဝါသနာနဲ့ကိုက်တာကို လုပ်ခွင့်မပေးဘူးဆိုရင် သူဟာ အကောင်းဆုံး
အတော်ဆုံးသူတစ်ယောက် ဖြစ်မလာနိုင်တော့ဘူး။ တချို့ကလေးတွေက
ဆေးကုသပေးချင်တဲ့ဝါသနာပါတယ် ။ ပြုစုချင်တဲ့ဝါသနာပါတယ်။ နေမကောင်းတဲ့သူကို ပြုစုချင်တယ်။ ဒီဝါသနာကိုကြည့်ပြီးတော့ ဒီကလေးက ကြီးလာရင်ဆရာဝန်ဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့ရတယ်။ ထို့အတူပဲ တချို့ကလေးတွေက စက်ပစ္စည်းတွေနဲ့ကစားတတ်တယ်။ စက်ပစ္စည်းဆိုရင် စိတ်ဝင်စားတယ်။ ဖြုတ်ချင်တယ်၊ တပ်ချင်တယ်။ ဒီလိုကလေးဟာ ကြီးလာရင် အင်ဂျင်နီယာကောင်းတစ်ယောက်ြ ဖစ်နိုင်တယ်။
တချို့ကလေးတွေဟာ စာဖတ်တတ်တဲ့အချိန်ကစပြီး နေ့တိုင်းစာဖတ်တယ်။
အဲဒီကလေးဟာလည်း တစ်နေ့ စာပေပညာရှင်ဖြစ်လာမယ်။ သူ့ကို စာအုပ်ကောင်းတွေ
များများရှာပေးရမယ်။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
💐💐💐
ဘုန်းကြီးငယ်ငယ်တုန်းကလည်း တရားစာပေကို ဝါသနာပါတယ်။ တရားထိုင်ချင်တယ်။ ပါဠိစာပေတွေဖတ်ရရင် အရသာရှိတယ်။ အသံလေးတွေထွက်နေရတာကိုက ပါးစပ်ထဲမှာအရသာရှိတယ်။ ကိုယ်ကသာဝါသနာပါနေတာ၊ မိဘတွေကတော့ လောကီပညာရေးကြီးပွားအောင်မြ င်အောင်
သူတို့တတ်နိုင်သလောက် သူတို့မေတ္တာ သူတို့စေတနာတွေနဲ့ အထောက်အပံ့ပေးပါတယ်။
ပေးပေမယ့်လည်း နောက်ဆုံးကျတော့ ငါနဲ့အကိုက်ဆုံးဟာဒါပဲဆိုတာ ဆုံးဖြတ်လိုက်တယ်။ မိဘတွေကအတင်းခိုင်းလို့ သူတို့လုပ်ခိုင်းတဲ့ကိစ္စတွေ ကို လုပ်ရတဲ့အခါတွေလည်းရှိပါတယ် ။
အခြေအနေအရ လုပ်ခဲ့ရတာတွေလည်းရှိတယ်။ မသိလို့လုပ်မိတာတွေလည်း ရှိပါတယ်။
နောက်ဆုံးကျတော့ ငါနဲ့အကိုက်ဆုံးက အခုငါလုပ်နေတဲ့အလုပ်ပဲလို့ ကိုယ့်ဟာကိုယ်
ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်လိုက်တယ်။ ကိုယ်နဲ့အကိုက်ဆုံးဖြစ်တာကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်နိုင်ရမယ်။ ဒါ ကိုယ့်ကိုယ်ကိုသစ္စာရှိတာပဲ။
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို လုပ်ရရင် ဘယ်လောက်ပင်ပန်းပင်ပန်း စိတ်ချမ်းသာနေတယ်။ ဒီတရားအားထုတ်တဲ့အလုပ်ကိုလု ပ်ရလို့
ဆင်းရဲတယ် စိတ်ညစ်သွားတယ်လို့ မရှိဘူး။ တစ်ခါတလေ နေမကောင်းဘူး၊
အစားအစာလည်း မစားနိုင်ဘူး။ အနားမှာပြုစုပေးမယ့်သူလည်း တစ်ယောက်မှ မရှိဘူး။
လှဲအိပ်ပြီး နေတာပဲ။ လှဲအိပ်ပြီးတရားရှုမှတ်နေရတာ ကိုလည်း
ကျေနပ်နေတာပဲ။ ဒီလိုအခြေအနေမျိုးမှာလည်း တရားအားထုတ်ဖို့ ဘုရားကမှာထားတယ်။
ဒါလည်း ဖြစ်အောင်လုပ်မှာပဲ။ မတော်တဆသေသွားရင်လည်း
မတတ်နိုင်ဘူးလို့တွေးပြီး တရားအားထတ်နေလိုက်တာပါပဲ။
ကိုယ်တကယ်တန်ဖိုးထားတဲ့အလုပ်ကို လုပ်နေတဲ့အခါမှာ စိတ်ရောကိုယ်ပါလုပ်နိုင်တယ် ။
တော်ပြီလို့ မရှိဘူး။ အနားယူတဲ့အချိန်လည်း မရှိဘူး။ အချိန်ရှိသမျှ
ဒါပဲလုပ်နေတယ်။ သတိပဌာန်တရားက အချိန်မရွေး၊ နေရာမရွေးဘူး။
ဒါကြောင့်အကြိုက်ဆုံးဖြစ်သွားတာ။ ဒီအလုပ်က အချိန်ပြည့်လုပ်လို့ရတယ်။ တခြားအလုပ်တွေက တကယ်အချိန်ပြည့် လုပ်လို့မရဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလု ပ်နေရတာကိုပဲ ဘဝကို ကြာလေကျေနပ်လေ ပျော်လေပဲ။ အဲဒီလို ကိုယ့်ဝါသနာအထုံဗီဇနဲ့ ကိုက်တဲ့အလုပ်ကိုလုပ်ရမှပဲ အားသွန်ခွန်စိုက်နဲ့လုပ်လို့ ရတယ်။
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃
၏
💧ကိုယ်ရည်ကိုယ်သွေးမြင့်မားေ စရန်💧
📖 စာအုပ်မှ 📖
✍🏼ကူးယူဖော်ပြပါသည်၊၊✍🏼
💐💐💐
စိတ်နေသဘောထား ပိုပြီးမြင့်မားလာလေလေ အများအတွက်အကျိုးရှိမယ့်အလု
💦အလုပ်ဟာ ကိုယ့်ရဲ့စိတ်ထားမြင့်မြတ်မ
💐💐💐
ကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့
💐💐💐
အလုပ်နဲ့ပတ်သက်ပြီးတော့ ငွေကြေးရရုံနဲ့မကျေနပ်ဘူး။ ပညာဗဟုသုတမြင့်မားဖို့၊ စိတ်နေသဘောထားမြင့်မြတ်ဖို
💐💐💐
သတိနဲ့နေ၊ သတိနဲ့လုပ်တဲ့သူဟာ လုပ်သမျှကိစ္စအားလုံးကို လေးလေးစားစားလုပ်တယ်။ ဒီနည်းနဲ့ မိမိကိုယ်ကိုပူဇော်တယ်။ ကိုယ့်ကိုကိုယ် အပေါစား အညံ့စား လူတစ်ယောက်ဖြစ်အောင် မလုပ်ဘူး။ တကယ် Personality ကောင်းတဲ့သူဆိုရင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ အများအကျိုးများမယ့်အလုပ်ကိ
💐💐💐
တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ သူတစ်ပါးအကျိုး ထိခိုက်အောင်လုပ်ပြီးတော့ ကိုယ်ကျိုးရှာတဲ့သူဟာ စိတ်မကျန်းမာတဲ့သူဖြစ်တယ်။ ပိုပြီးတော့ဥာဏ်ပါပါနဲ့လုပ်
💐💐💐
ပိုကောင်းတာကိုလုပ်နိုင်ပါလ
☄You must do the best that you can.☄
ပိုကောင်းတာကို တတ်နိုင်ပါရဲ့နဲ့မလုပ်တဲ့သူ
💦ကိုယ့်ဝါသနာနဲ့ကိုက်တာကိုလု
💐💐💐
ကလေးတွေကိုလည်း ငယ်ငယ်ကတည်းက သူတို့ဝါသနာပါတာကိုအားပေးပြ
ဒီလိုကလေးကို ငယ်ငယ်ကတည်းက ကောင်းကောင်းပြုစုစောင့်ရှေ
💐💐💐
ဘုန်းကြီးငယ်ငယ်တုန်းကလည်း တရားစာပေကို ဝါသနာပါတယ်။ တရားထိုင်ချင်တယ်။ ပါဠိစာပေတွေဖတ်ရရင် အရသာရှိတယ်။ အသံလေးတွေထွက်နေရတာကိုက ပါးစပ်ထဲမှာအရသာရှိတယ်။ ကိုယ်ကသာဝါသနာပါနေတာ၊ မိဘတွေကတော့ လောကီပညာရေးကြီးပွားအောင်မြ
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို
ကိုယ်တကယ်တန်ဖိုးထားတဲ့အလုပ
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃
၏
💧ကိုယ်ရည်ကိုယ်သွေးမြင့်မားေ
📖 စာအုပ်မှ 📖
✍🏼ကူးယူဖော်ပြပါသည်၊၊✍🏼
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။