ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း
========================== ==========
သူ့လောက် ငါမတော်ဘူးလို့…ဘယ်တော့မှ မတွေးပါနဲ့
========================== ============
“ ငါက နင့်လောက်မှ မတော်တာ…“ ဆိုတဲ့စကားမျိုး။
“ကျနော်က သူတို့လောက် မတော်ဘူးလေ“ ဆိုတာမျိုး။
“ကျမက အစ်မလောက်မှ မတော်တာ“ ဆိုတဲ့စကားမျိုး
ကြားရတိုင်း အဲလိုပြောတဲ့သူတွေကို နားလည်အောင် အမြဲရှင်းပြမိပါတယ်။
ပြီးတော့ဘယ်တော့မှ မပြောပါနဲ့၊ မတွေးပါနဲ့ လို ဆိုမိပါတယ်။
တကယ်လည်း အဲဒီလို မပြောသင့်၊ မတွေးသင့်ပါဘူး။
ကျွန်မအနေနဲ့လည်း ငယ်တုန်းကတော့ သူများနဲ့နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်လည်း ၀င်ဖူးတယ်၊ ကိုယ့်ကိုယ်ကိုလည်း ဘ၀င်မြင့်ပြီး နေခဲ့ဖူးပါတယ်။ ဒါဟာ အသက်ကြီးတဲ့အထိ အရိုးစွဲသွားရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းသွားနိုင်သလို၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ သူ မျိုးလည်း ဖြစ်သွားတတ်ပါတယ်။
ဒီသဘောတရားကို သိလာတဲ့အခါ ကျွန်မအနေနဲ့ ကို်ယ့်ကိုယ်ကို
ဘယ်သူနဲ့မှ မနှိုင်းယှဉ်ခဲ့ပါဘူး။
အခြားတစ်ယောက်က နှိုင်းယှဉ်သလို လာပြောရင်လည်း ပြုံးသာနေလိုက်တယ်။ဒါကို စိတ်ထဲလည်း မထည့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို သိလို့၊ ကိုယ့်ကိုယ်ကို ယုံကြည်လို့ပါ။
ပတ်ဝန်းကျင်က ကိုယ့်ကို တော်တယ်လို့ ပြောရုံနဲ့ကိုယ်က တကယ်တော်သွားတာမဟုတ်သလို ၊ ပတ်ဝန်းကျင်က ကိုယ့်ကို ညံ့တယ်လို့ ပြောရုံနဲ့လည်း ကိုယ်က လူညံ့တစ်ယောက်ဖြစ်သွားနို် င်တာမှ
မဟုတ်တာ။ ကမ္ဘာမှာ အတော်ဆုံး၊ အပြည့်စုံဆုံး လူ ဆိုတာ လုံးဝ
မရှိသလို၊ အညံ့ဆုံး၊ အသုံးမကျဆုံး သူဆိုတာလည်း လုံးဝ မရှိပါဘူး။
ဘာကြောင့်လဲ ဆိုတော့လူတိုင်းလူတိုင်း မှာ အားနည်းချက် တွေရှိသလို၊ ကိုယ့်မှာ လည်း သူများမှာ မရှိတဲ့အားသာချက်တွေလည်း ရှိကြတာပါပဲ။
ဖြစ်သင့်တာက ကိုယ့်ရဲ့အားသာချက်ကို သိအောင် လုပ်ပါ၊ အဲဒီ အားသာချက်နဲ့ စွမ်းရည်ကို အသုံးပြုပြီး စွမ်းဆောင်ရည် မြှင့်တက်လာအောင် ကြိုးစားအားထုတ်ပါ။
ဥပမာ ကိုယ်က အလုပ်ထဲမှာ စကားပြောမကောင်းဘူး။ဒါပေမဲ့
အလုပ်လုပ်တဲ့အခါမှာ တိကျသေသပ်ပြီး အမှားနည်းတယ်ဆိုရင် ဒါဟာ
ကိုယ့်ရဲ့အားသာချက်ပါ။ အဲဒီ အားသာချက်ကို ပိုကောင်းလာအောင် အလုပ်ကို
အာရုံစိုက်ပြီး သေသေချာချာလုပ်ပါ။ ဒါဆို အလုပ်ရဲ့စွမ်းရည်တက်လာပါမယ်။ ကိုယ့်ကိုလည်း လူကြီးတွေက အနှေးနဲ့အမြန်သတိပြုမိလာမယ် ။ လုပ်ငန်းဆိုင်ရာ အခွင့်အလန်းကောင်းတွေ ပေါ်လာနိုင်ပါတယ်။
အဲလိုမှ မဟုတ်ပဲနဲ့စကားပြောမကောင်း လို့၊ ကိုယ့်ကိုတော့ လူကြီးတွေ သတိမထားမိပါဘူး ဆိုတဲ့သိမ်ငယ်စိတ်မျိုးနဲ့ စိတ်ပျက်လက်ပျက် လုပ်ကိုင်နေမယ်ဆိုရင်တော့  လုပ်ငန်းဆိုင်ရာ တိကျသေချာမှု စွမ်းရည်ပို်င်းမှာတော့လျော့ကျသွားနိုင်ပါတယ်။ ပြောချင်တာက စိတ်ပျက်လက်ပျက်လုပ်ကိုင် နေခြင်းအားဖြင့် ကိုယ့်မှာ ရှိနေတဲ့ရှိရင်းစွဲအရည်အသွေးကိုတောင် ထိခိုက်နိုင်ပါသေးတယ်။
ကို်ယ့်ရဲ့သူများနဲ့နှိုင်းယှဉ်တတ်တဲ့စိတ်ကို ဆုံးမပါ၊ ဖျောက်ပစ်ပါလို့ဆိုချင်တော့တယ်။ လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အချက်တွေအများကြီး ရှိကြပါတယ်။ ဒါကြောင့်သူများနဲ့နှိုင်းယှဉ်တယ်ဆိုကတည်းက မဟုတ်တော့ဘူးလို့ဆိုချင် ပါတယ်။
ကိုယ်က သူများနဲ့ မနှိုင်းယှဉ်မိပါစေနဲ့တကယ်တ မ်း
ဖြစ်သင့်တာက ကိုယ့်ကိုယ်ကိုသာ ပြိုင်ရမှာ၊ မနေ့က ကိုယ့်ရဲ့စွမ်းရည်နဲ့
ဒီကနေ့ စွမ်းရည်ကိုသာ နှိုင်းယှဉ်ရမှာ။ အဲဒါကို သဘောမပေါက်တဲ့ သူ
အများစုက ကိုယ့်ကိုယ်ကို မမြင်ဘဲနဲ့သူများနဲ့နှိုင်း ကြပါတယ်။
ပြီးတော့ကိုယ့်ကို မဖြစ်မရှိဘူး၊ မတော်ဘူး။ ညံ့တယ်ဆိုတဲ့ အတွေးဝင်ပြီး အားမလိုအားမရ ဖြစ်တယ်။ အားမလို အားမရ ဖြစ်ပြီး ကြိုးစားတယ်ဆိုရင်တော့ကို ယ့်အတွက်
အကျိုးရှိနိုင်ပါသေးတယ်။ အဲလို မဟုတ်ဘဲနဲ့ စိတ်ဓါတ်ကျတာမျိုးတွေ
ဖြစ်လာတယ်ဆိုရင်တော့ ကိုယ့်မှာ စိတ်ကျရောဂါရှိလာပြီး အောင်မြင်အောင်
လုပ်နိုင်စွမ်းမရှိဘူးလို့ ထင်မြင်လာတတ်ပါတယ်။
ဒါကြောင့် သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်ကိုယ်ကို မနေ့ကနဲ့ဒီကနေ့၊ မနှစ်ကနဲ့ဒီနှစ် နှိုင်းယှဉ်ကြည့်သင့်ပါတယ် ။
အရေးကြီးတာက ကိုယ့်စွမ်းရည်ကို ကိုယ်သိဖို့နဲ့ကိုယ့်ရဲ့ အသုံးဝင်မှုကို လောကအတွက် အကျိုးရှိအောင် အသုံးပြုဖို့ပါပဲ။
Credit :::::
မေသင်္ကြန်ဟိန်း(မြစ်မခ)
==========================
သူ့လောက် ငါမတော်ဘူးလို့…ဘယ်တော့မှ မတွေးပါနဲ့
==========================
“ ငါက နင့်လောက်မှ မတော်တာ…“ ဆိုတဲ့စကားမျိုး။
“ကျနော်က သူတို့လောက် မတော်ဘူးလေ“ ဆိုတာမျိုး။
“ကျမက အစ်မလောက်မှ မတော်တာ“ ဆိုတဲ့စကားမျိုး
ကြားရတိုင်း အဲလိုပြောတဲ့သူတွေကို နားလည်အောင် အမြဲရှင်းပြမိပါတယ်။
ပြီးတော့ဘယ်တော့မှ မပြောပါနဲ့၊ မတွေးပါနဲ့ လို ဆိုမိပါတယ်။
တကယ်လည်း အဲဒီလို မပြောသင့်၊ မတွေးသင့်ပါဘူး။
ကျွန်မအနေနဲ့လည်း ငယ်တုန်းကတော့ သူများနဲ့နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်လည်း ၀င်ဖူးတယ်၊ ကိုယ့်ကိုယ်ကိုလည်း ဘ၀င်မြင့်ပြီး နေခဲ့ဖူးပါတယ်။ ဒါဟာ အသက်ကြီးတဲ့အထိ အရိုးစွဲသွားရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းသွားနိုင်သလို၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ သူ မျိုးလည်း ဖြစ်သွားတတ်ပါတယ်။
ဒီသဘောတရားကို သိလာတဲ့အခါ ကျွန်မအနေနဲ့ ကို်ယ့်ကိုယ်ကို
ဘယ်သူနဲ့မှ မနှိုင်းယှဉ်ခဲ့ပါဘူး။
အခြားတစ်ယောက်က နှိုင်းယှဉ်သလို လာပြောရင်လည်း ပြုံးသာနေလိုက်တယ်။ဒါကို စိတ်ထဲလည်း မထည့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို သိလို့၊ ကိုယ့်ကိုယ်ကို ယုံကြည်လို့ပါ။
ပတ်ဝန်းကျင်က ကိုယ့်ကို တော်တယ်လို့ ပြောရုံနဲ့ကိုယ်က တကယ်တော်သွားတာမဟုတ်သလို
ဘာကြောင့်လဲ ဆိုတော့လူတိုင်းလူတိုင်း
ဖြစ်သင့်တာက ကိုယ့်ရဲ့အားသာချက်ကို သိအောင် လုပ်ပါ၊ အဲဒီ အားသာချက်နဲ့ စွမ်းရည်ကို အသုံးပြုပြီး စွမ်းဆောင်ရည် မြှင့်တက်လာအောင် ကြိုးစားအားထုတ်ပါ။
ဥပမာ ကိုယ်က အလုပ်ထဲမှာ စကားပြောမကောင်းဘူး။ဒါပေမဲ့
အဲလိုမှ မဟုတ်ပဲနဲ့စကားပြောမကောင်း
ကို်ယ့်ရဲ့သူများနဲ့နှိုင်
ကိုယ်က သူများနဲ့ မနှိုင်းယှဉ်မိပါစေနဲ့တကယ်တ
ပြီးတော့ကိုယ့်ကို မဖြစ်မရှိဘူး၊ မတော်ဘူး။ ညံ့တယ်ဆိုတဲ့ အတွေးဝင်ပြီး အားမလိုအားမရ ဖြစ်တယ်။ အားမလို အားမရ ဖြစ်ပြီး ကြိုးစားတယ်ဆိုရင်တော့ကို
ဒါကြောင့် သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်ကိုယ်ကို မနေ့ကနဲ့ဒီကနေ့၊ မနှစ်ကနဲ့ဒီနှစ် နှိုင်းယှဉ်ကြည့်သင့်ပါတယ်
အရေးကြီးတာက ကိုယ့်စွမ်းရည်ကို ကိုယ်သိဖို့နဲ့ကိုယ့်ရဲ့
Credit :::::
မေသင်္ကြန်ဟိန်း(မြစ်မခ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။