Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 16, 2017

လမ်းမပေါ်ကအနမ်းများ

လမ်းမပေါ်ကအနမ်းများ

ဒီစာဟာကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုနဲ့နည်းနည်းလေး အံမဝင်မဲ့စာမျိုးပါ။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုဆိုတာကို တစ်ဘက် တစ်လမ်းကနေမီးမောင်းထိုးပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ Sex ကိစ္စမှ ကျွန်တော်တို့မြန်မာယဉ်ကျေးမှုအရ ရိုင်းတယ်လို့မြင် နေတာတွေရှိပါတယ်။ သို့တည်းမဟုတ်ရှက်စရာလို့မြင်နေတာတွေရှိပါတယ်။ ဒါကြောင့်မို့မမြင်ကွယ်ရာမှာလုပ်ဆောင်ရမယ့်အရာလို့ သတ်မှတ်ထားပါတယ်။ ဒါဟာလည်းဖြစ်သင့်ပါတယ်။ လူ့ရှေ့သူရှေ့မှာ ကိုယ်တုံးလုံးချွတ်တွေနဲ့ တစ်ဦးနဲ့တစ်ဦး ပွတ်သပ်နှီးနှောနေ တာဟာမဖြစ်သင့်ပါဘူး။

ဒါပေမယ့် Sex ကိစ္စဟာလူတိုင်းရှောင်လွှဲလို့ရတာမဟုတ်ပါဘူး။ ဒါကြောင့် Sex ကိစ္စကိုလူကြားသူကြားမလုပ်တာနဲ့ လူကြားသူကြား မပြောတာကိုကွဲပြားနားလည်ရမှာပါ။ Sex နဲ့နှီးနွယ်ပြီးနောက်ဆက်တွဲ ကိစ္စတွေ၊ ဆိုးကျိုးတွေများလာနိုင်ပါတယ်။ ဒါဟာလည်း Sex ကိုနားမလည်တာ၊ နားလည်မှုလွဲတာ၊ ရှက်စရာလို့ထင်တာ၊ အပုတ်ချစရာလို့ထင်တာပေါ်မှာမူတည်ပြီးပြုမူဆက်ဆံနေလို့ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဆီမှာ လိင်ပညာပေးဆိုတာ အားနည်းမှုဖြစ်နေပါတယ်။ ဒီအပေါ်မှာမူတည်ပြီး အရှက်ရစရာ၊ အရှက်ခွဲစရာလို့ မြင်နေပါတယ်။

နောက်ပြီးကျွန်တော်တို့နိုင်ငံမှာလိင်စိတ်နဲ့ချစ်ခြင်းမေတ္တာနဲ့ကိုအင်မတန်မှရောထွေးနေကြပါတယ်။ ဒါကြောင့်ချစ်ခြင်းမေတ္တာကိုလည်း နားမလည်၊ လိင်စိတ်ကိုလည်းနားမလည်ဖြစ်နေပါတယ်။ ဒီတော့လိင်အုံ့ပုန်းစိတ်တွေ၊ လိင်စိတ်မရင့်ကျက်မှုတွေ ရှိနေတာကြောင့် ဆန့််ကျင်ဘက်လိင်နဲ့မနီးစပ်တော့ပါဘူး။ ဒီလိုပဲလက်တွေ့ကြုံလာတဲ့အခါမှာ လိင်စိတ်ကြွလာမှုကိုမထိန်းသိမ်းနိုင်ပါဘူး။ သွေးမ တော်သားမစပ်ဆိုတာနဲ့အမျှ လိင်စိတ်နဲ့ကပ်ကြည့်တဲ့စိတ်မျိုးတွေဝင်နေကြပါတယ်။

ဥပမာ- အနောက်နိုင်ငံလိုနေရာမျိုးမှာ ယောကျာင်္းလေးနဲ့မိန်းကလေး လမ်းမပေါ်မှာနမ်းနေတာဟာ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် ရုရှားနိုင်ငံမှာကျောင်းတက်နေတုန်းက လမ်းပေါ်မှာ၊ ကျောင်းကော်ရစ်တာမှာ နမ်းနေတဲ့စုံတွဲလေးတွေ အများကြီးတွေ့ဖူးပါတယ်။ သတိထားမိတာတစ်ခုဟာ သူတို့နမ်းနေတဲ့ပုံစံဟာ တစ်ဦးနဲ့တစ်ဦးချစ်ကြင်နာလို့နမ်းနေတဲ့ပုံစံပါ။ လိင်စိတ်ကြွပြီးနမ်းနေတာမဟုတ် ပါဘူး။ စာဖတ်သူလည်းနမ်းဖူးတယ်ဆိုရင်၊ သို့တည်းမဟုတ် ချစ်ခြင်းမေတ္တာနဲ့ပြောဆိုဆက်ဆံဖူးတယ်ဆိုရင် ချစ်လို့နမ်းနေတာနဲ့၊ လိင်စိတ်ကြွပြီးနမ်းတာကိုကွဲပြားမှာပါ။

ကျွန်တော်တို့ မြန်မာကျောင်းသားတွေအတွက် လမ်းမပေါ်မှာနမ်းနေတာဟာ တော်တော်ထူးဆန်းပါတယ်။ ၂၀၀၃-၄ ခုနှစ်လောက် တုန်းကဖြစ်တာမို့ မြန်မာနိုင်ငံမှာလည်း အခုအချိန်လောက် Sex ကိစ္စမှာပွင့်လင်းမှုမရှိသေးဘူးပေါ့။ ဒီနေရာမှာဘာကိုသတိထားမိ သလဲဆိုတော့ မြန်မာကျောင်းသားတွေဟာ သူများစုံတွဲနမ်းနေတာတွေ့ရင် ပြုံးစိစိနဲ့ ရပ်ပြီးကြည့်ပါတယ်။ ပထမတော့ နမ်းနေတဲ့ စုံတွဲရောပတ်ဝန်းကျင်ကလူတွေရောသတိမထားမိပါဘူး။ နောက်တော့ နမ်းတဲ့စုံတွဲကသတိထားမိတော့ နမ်းတာရပ်သွားပါတယ်။ ပြီးတော့ မနှစ်မြို့တဲ့မျက်လုံးနဲ့ကြည့်ပါတယ်။ ပတ်ဝန်းကျင်ကလူတွေဟာလည်းသတိထားမိသွားတော့ ကျွန်တော်တို့ ကိုရွှေမြန်မာ တွေကိုအထင်သေးတဲ့အကြည့် မနှစ်မြို့တဲ့အကြည့်နဲ့ကြည့်ပါတယ်။ အတော်ရှက်စရာကောင်းခဲ့ပါတယ်

မြန်မာ့ယဉ်ကျေးမှုအရဆိုရင် လမ်းပေါ်မှာနမ်းနေတဲ့သူက အရှက်မရှိတာ။ ကြည့်တဲ့သူတားမြစ်တဲ့သူအမှန်။ ဘုရားပေါ်မှာလာနမ်း နေရင် ယဉ်ကျေးမှုအရဆိုပြီး အော်ငေါက်တားသူကအမှန်ဖြစ်နေပါတယ်။ ဒါပေမယ့် သူများနိုင်ငံမှာတော့ ရပ်ကြည့်ခြင်း၊ ပြုံးစိစိလုပ် ခြင်း၊ ဒီလိုလမ်းပေါ်မှာနမ်းနေတာကို ပျက်ရယ်ပြုခြင်းဟာလိင်စိတ်မပြည့်ဝပြီး ယဉ်ကျေးမှုအားနည်းတာပါ။ ဒီလိုလူကပိုရှက်ဖို့ကောင်း တာကိုတွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ရုရှားနိုင်ငံမှာပဲ ဗီယက်နမ်နိုင်ငံကလာရောက်ပညာသင်တဲ့ ကျောင်းသူကျောင်းသားစုံတွဲဟာ ရထားပေါ်မှာ နမ်းကြပါတယ်။ သူတို့နိုင်ငံဟာလည်း မြန်မာနိုင်ငံနဲ့သိပ်မကွာတဲ့အတွက် နမ်းရာမှာလိင်စိတ်ကြွလာကြပါတယ်။ ဒီတော့ ရထားပေါ် မှာ နမ်းရင်းနဲ့ကုတ်ကပ်တွယ်ဖက်ကြပါတယ်။ ဒီအချိန်မှာဘဲ ရထားပေါ်က လူအားလုံးဟာသူတို့နှစ်ဦးကို စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းကြတာကိုတွေ့ရပါတယ်။ အချို့တွေကတော့ ပြုံးရယ်ကြပါတယ်။ ဒါမျိုးဟာလည်းလူမြင်ကွင်းမှာသိပ်မကောင်းတဲ့ အရာပါ ပဲ။ ဒါပေမယ့် နားလည်မှုပေးကြတာကိုတွေ့ရပါတယ်။ ဘယ်သူမှတော့ အထူးတစ်ဆန်းကြီးငေါက်ငမ်းနေတာမျိုးတော့မရှိပါဘူး။

ဒီတော့လမ်းမပေါ်မှာနမ်းတာဟာကောင်းတယ်ဆိုးတယ်ပြောနေတာမဟုတ်ပါဘူး။ နမ်းသူရော၊ ကြည့်သူပါသတိထားဆင်ခြင်ရမယ့် အချက်ကိုပေါ်လွင်စေချင်တာပါ။ လမ်းပေါ်မှာမနမ်းရဘူးမဟုတ်ပါဘူး။ နမ်းပါ။ ချစ်ခြင်းကိုပုံဖေါ်စေနိုင်တဲ့ ကြင်နာတဲ့အကြည့်၊ ချစ်တဲ့ အကြည့်လေးတွေနဲ့ဖြူဖြူစင်စင်ဆိုရင် အင်မတန်ချစ်စရာကောင်းတယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးလို့သိပါတယ်။ ဒီလိုပါပဲ လမ်းမပေါ် မှာ ဘုရားမှာ လိင်စိတ်လျှံဖိတ်နေတဲ့ အနမ်းမျိုးဟာလည်း မကောင်းပါဘူး။ ထူးခြားတာဟာ လိင်စိတ်အုံ့ပုန်းဖြစ်နေတဲ့သူတွေ၊ လိင် စိတ်မရင့်ကျက်တဲ့သူတွေမှာပဲ နမ်းတဲ့အခါလိင်စိတ်ကြွလာတာပဲဖြစ်ပါတယ်။ ပွင့်လင်းရင်းနှီးမှုမရှိတဲ့ ကျွန်တော်တို့နိုင်ငံမှာပိုမိုဆိုးဝါး ပါတယ်။

အင်တာနက်စာမျက်နှာမှာ အတွဲတွေနမ်းနေတဲ့ပုံတွေတက်လာရင် များသောအားလိင်စိတ်ကြွနေတာကိုမြင်တွေ့ရမှာပါ။ ဒီလိုပဲ ဗီဒီယိုခိုးရိုက်ပြီး တင်တဲ့သူတွေရဲ့ လိင်စိတ်မပြည့်ဝမှု၊ ယဉ်ကျေးမှုအားနည်းမှု၊ ကိုယ်ချင်းမစာမှု၊ စိတ်ထားနိမ့်ကျမှုကပိုမိုဆိုးဝါးပါ တယ်။ ဒါအပြင်ဒီလို ဗီဒီယိုမျိုးကို ရှယ်ပေးတဲ့သူတွေဟာလည်း ခိုးရိုက်သူနဲ့တမ်းတူစိတ်ဓာတ်အဆင့်အတန်းရှိတာပါပဲ။ ဖိုမထိတွေ့ ဆက်ဆံရာမှာ Sex education နည်းပါးတဲ့အတွက် ပွင့်လင်းရင်းနှီးမှုမရှိတဲ့အတွက် ငယ်ရွယ်သူစုံတွဲတွေမှာ လိင်စိတ်ကြွပြီးနမ်းတာ ဟာ နားလည်ပေးလို့ရပါတယ်။ ဒါကိုမြန်မာ့ယဉ်ကျေးမှုဆိုတဲ့ပေတံနဲ့တိုင်းပြီး စိတ်နေစိတ်ထား မရင့်ကျက်၊ ကိုယ်ချင်းစာမှုမရှိ၊ အောက်တန်းကျတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။

နောက်ဥပမာတစ်ခုက- ကျွန်တော်တို့မြန်မာ့လူ့ယဉ်ကျေးမှုပတ်ဝန်းကျင်မှာ တရားဝင်လက်ထပ်မထားရသေးတဲ့မိန်းကလေး အသက် ၂၅ နှစ် ၊ အပျိုစင်စစ်ဖြစ်ပါတယ်ဆိုရင် ဒီမိန်းကလေးရဲ့ ထိန်းသိမ်းနိုင် မှုရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ အပျိုမဟုတ်တော့ ဘူးဆိုရင် ယောကျာင်္းလေးတွေကြားမှာလည်း အပျိုစစ်တယ်မစစ်ဘူးမှာပဲ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါဟာလည်း ဥပါဒါန် တစ်မျိုးပါ။ ဥရောပရဲ့လူငယ်များကြားမှာတော့ မိန်းကလေးအသက် ၂၅ နှစ် ရှိနေတဲ့အရွယ် လက်ရှိတရားဝင်လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ၊ အတူနေရီးစားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပျိုစင်စစ်ဖြစ်ပါတယ်လို့ဆိုလာရင်တော့ ဒီမိန်းကလေး သည် ရုပ်ပိုင်းဆိုင်ရာပြဿနာ၊ သို့တည်းမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေပြီလို့သတ်မှတ်ခံရပါတယ်။ အပျိုစစ၊် မစစ်ဆိုတာ ကပြဿနာမဟုတ်ပါဘူး။ ကြီးပြင်းရာပတ်ဝန်းကျင်မတူတဲ့အတွက် အခြေခံအတွေးမတူတာကိုတင်ပြချင်တာပါ။ လက်ထပ်တဲ့အခါမှာ တော့သစ္စာရှိဖို့ကို အရှေ့တိုင်းရောအနောက်တိုင်း ရောတန်ဖိုးထားကြပါတယ်။

တိုင်ဝမ်အမျိုးသမီး အပျိုကြီးသမ္မတဝမ် ရဲ့ ဝက်အူချောင်းစားဖို့ဝက်တစ်ကောင်လုံးဝယ်စရာမလိုပါဘူးဆိုတဲ့စကားကို သတိရကြမှာပါ။ ဒီစကားဟာသူမသည် လိင်ဆက်ဆံဖူးကြောင်း စိတ်ပိုင်းဆိုင်ရာပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာမရှိဘဲ သူသူ ကိုယ်ကိုယ်ခံစားမှုရှိကြောင်း စိတ်ကျန်းမာရေးနဲ့ ရုပ်ကျန်းမာရေးကောင်းမွန်ကြောင်း အထိရောက်ဆုံးတုံ့ပြန်တဲ့စကားပဲဖြစ်ပါ တယ်။ ဒါကြောင့် အပျိုစင်ဘဝကိုတန်ဖိုးထားတာသင့်လျော်ပေမယ့် မိန်းကလေးတစ်ဦးရဲ့တန်ဖိုးကို အပျိုစင်ဖြစ်ခြင်းမဖြစ်ခြင်း အပေါ်မှာ ဆုံးဖြတ်မယ်ဆိုရင် ကိုယ်ချင်းမစာရာရောက်ပါတယ်။ တာဝန်ယူလိုစိတ်နဲ့ ကိုယ်ချင်းစာတရားမရှိခြင်းကြောင့် ဒီပြဿနာ ပေါ်ပေါက် ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုကို Sex နဲ့တွဲဘက်မြင်တာဟာ အနာဂါတ်မှာသိပ်ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒီ Sex ကိစ္စ ဟာလူတွေရဲ့သဘာဝပါ။ ဒါကိုနားလည်ပြီး ပွင့်လင်းစွာနဲ့ဘေးထွက်ဆိုးကျိုးနည်းပါးအောင်ဆောင်ရွက်ပေးနိုင်တာက ယဉ်ကျေးမှုမြင့် တယ်လို့သတ်မှတ်ရမှာပါ။ ဒါကြီးကို အရှက်ရစရာ၊ အရှက်ကွဲစရာ၊ အရှက်ခွဲစရာလို့မြင်နေတာကပဲ သဘာဝကိုနားမလည်ဘူးလို့ ယူဆစရာဖြစ်နေပါတယ်။ နိုင်ငံတကာအတွေးအမြင်နဲ့ကြည့်ရင် သဘာဝကြီးကိုရှက်စရာလို့မြင်ပြီး နောက်ဆက်တွဲဆိုးကျိုးများကို မကာကွယ်နိုင်ခြင်း၊ အရှက်ခွဲခြင်း၊ အရှက်ရစရာမြင်နေကြသူများပုံစံဖြစ်နေပါတယ်။

လိင်စိတ်မပြည့်ဝကြရင် လိင်ပညာပေးများမရှိကြရင် လူငယ်တွေဟာ နှစ်ဦးတည်းဆိတ်ကွယ်ရာဒဏ်ကိုမခံနိုင်တာမျိုး၊ သို့တည်း မဟုတ် တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာနဲ့မဆက်ဆံတတ်တာမျိုး၊ မိန်းမနဲ့ယောကျာင်္းဟာ Sex ကိစ္စဆက်ဆံရေးအမြင်မျိုး တွေရှိနေပြီး နှစ်ဦးတည်းတွေ့လိုက်တာနဲ့ လိင်စိတ်ကြွနေတဲ့အဖြစ်မျိုးကိုရှောင်ရှားလာနိုင်မှာဖြစ်ပါတယ်။ Sex ကိစ္စဟာ အနောက်နိုင်ငံများ လောက် မပွင့်လင်းတော့ လူငယ်များ လမ်းမပေါ်မှာ နမ်းခွင့်မရှိ၊ နမ်းတာဟာရှက်စရာလို့မြင်၊ ဒီလိုနဲ့ထိတွေ့မှုအားနည်းလာ၊ တကယ် တမ်းချစ်လို့နမ်းရင်း ဖိုမထိတွေ့မိတော့ အနမ်းတွေမှာ လိင်စိတ်ကြွလာ ဘေးအမြင်မှာ မတင့်တယ်တဲ့နမ်းခြင်းတွေဖြစ်နေပါတယ်။

သမီးရည်းစားဆိုတဲ့အဆင့်ဟာ ရှေ့ဆက်လျှောက်လှမ်းမယ့် အိမ်ထောင်သည်ဘဝအတွက် အချင်းချင်းလေ့လာရတဲ့အနေအထား တစ်ခုပါ။ စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရား၊ အရည်အချင်း၊ နှစ်ဘက်သူငယ်ချင်း၊ နှစ်ဘက်မိဘဆွေမျိုးပေါင်းစပ်နိုင်မှု၊ ရေရှည် အဆင်ပြေနိုင်မှု ဒီလိုမျိုးပြင်ဆင်လေ့လာရတဲ့အဆင့်ပါ။ Sex ကိစ္စကိုစူးစမ်းတဲ့အဆင့်မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ခေတ်ကာလ အရ Sex ကိုစူးစမ်းချင်ရင်တောင် ဘေးထွက်ဆိုးကျိုးများကောင်းကျိုးများကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

ဒီလိုမျိုး လူငယ်များကို လက်ဆင့်ကမ်းသင်ကြားပေးမှသာလျှင် မိမိတို့ အမျိုးကိုစောင့်ရှောက်စောင့်ထိန်းရာရောက်ပါတယ်။ ဒါမှ လူငယ်များ အမှားမလုပ်မိစေဘဲ ပိုမိုကောင်းမွန်တဲ့ ချစ်သူသမီးရည်းစားဆက်ဆံရေးကိုတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ဒါမျိုးမှ မဟုတ်ဘဲ လူငယ်များ ချိန်းတွေ့နေတာကို ဗီဒီယိုခိုးရိုက် FB ပေါ်တင်။ ယဉ်ကျေးမှုကိုဘန်းပြ၊ စိတ်ဓာတ်အောက်တန်းကျမှုတွေဟာ လူငယ်တွေကိုယ်စား စိတ်မသက်သာမိပါဘူး။ လူငယ်များအပေါ် မှန်မှန်ကန်ကန်ထိန်းကြောင်းကိုယ်ချင်းစာမှုရှိစေရန်ရည်ရွယ်ရင်း၊ လူငယ်များဟာလည်း ချစ်ခြင်းနဲ့လိင်စိတ်ကွဲပြားစွာနားလည်ပြီး လူမြင်ကွင်းမှာ ချစ်ခြင်းသာပါတဲ့ဆက်ဆံရေးမျိုးဖြစ်စေပြီး၊ လိင်စိတ် ကြွနေတဲ့ အပြုအမူမျိုးကိုလည်းရှောင်ရှားပါလို့ တင်ပြလိုက်ရပါတယ်။

- မှတ်စုကြမ်း

#ကိုမင်းမောင်

Photo : Credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။