သူ့ကျွန်မခံပြီ
----------------
တစ်နေ့က ရုံးတစ်ရုံးတွင် သူဌေးအခန်းထဲမှ ဖိုင်တစ်ထပ်ကိုင်ပြီး ထွက်လာသော စာရေးမကလေးတစ်ဦး၏ မကြားတကြားရေရွတ်သံကို ကြားလိုက်ရသည်။ “တစ်နေ့တစ်နေ့ သူ့အလုပ်တွေချည်းပဲ။ ဝဋ်ရှိလို့သာ ကျွန်ခံနေရတယ်” ဟူ၏။
ထိုစကားသည် ယခုဆောင်းပါးအဖြစ် ငွေခင့် ကို အတွေးပွားစေခဲ့သည်။ မိမိတာဝန်၊ မိမိအလုပ်ကို လုပ်ခြင်းသည် ကျွန်ခံခြင်းလား။ ဟုတ်သည်ဆိုလျှင် ဘာကြောင့် ကျွန်ခံရမည်နည်း။ အလုပ်လုပ်ရခြင်းကို ငွေလို၍ဟု လူတိုင်းနီးပါးဖြေပါမည်။ ငွေဆိုသည်မှာ အမြဲလိုအပ်နေမည်ဖြစ်သဖြင့် ငွေလိုတိုင်းသာ ကျွန်ခံရမည်ဆိုလျှင် ငွေခင်တို့ တစ်လောကလုံးတွင် ကျွန်ပြုသူနှင့် ကျွန်ခံသူ လူတန်းစားနှစ်ရပ်ပဲ ရှိတော့မည်။ ဘယ်သူက ကျွန်ပြုသူ၊ ဘယ်သူက ကျွန်ခံသူ ဖြစ်မည်နည်း။
ကျွန်ခံသည်ဟုဆိုလျှင် ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ်ဟူသော အခြေအနေတစ်ရပ်ကို မြင်ယောင်မိကြမည်။ ကိုယ့်အတွက်မဟုတ်၊ သူများအတွက် သူများအလုပ်ကို လုပ်ပေးရခြင်းဟု အချို့ကလည်းပြောမည်။ ငွေခင်တို့ နေ့စဉ်ကြုံတွေ့နေရသော ခေတ်သစ်လုပ်ငန်းခွင်အခြေအနေ များသည် ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုစလုံးအတွက် ပြဿနာရှိသည်။
စက်ရုံအလုပ်သမားဆိုပါဆို့။ မိမိ၏ ကျွမ်းကျင်မှုအလိုက် ကျရာနေရာတွင် သတ်မှတ်ပေးသည့်တာဝန်ကို လုပ်ရပေမည်။ ခိုင်းတာလုပ်ရသည့်သဘော။ မနက်စာ၊ နေ့လယ်စာ စက်ရုံကစီစဉ်ပေးမည်။ ကျွေးတာစားရသည့်သဘော။ စေလွှတ်သော နေရာသို့သွား တာဝန်ထမ်းဆောင်ရမည်။ စေရာသွားရခြင်း။ ထိုအခါ စက်ရုံအလုပ်သမား (ပညာရှင်ဖြစ်စေ၊ တံခါးစောင့်ဖြစ်စေ) ၏ မိမိတတ်သည့်ပညာဖြင့် လုပ်ကိုင်နေခြင်းသည် အသက်မွေးရန် အလုပ်လုပ်နေခြင်းလား၊ ကျွန်ခံနေခြင်းလား။ အလုပ်သမားလား၊ ကျွန်လား။ စက်ရုံဝန်ထမ်းမှမဟုတ်၊ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းလည်း ထိုနည်းလည်းကောင်း။ ဝန်ထမ်းလား၊ ကျွန်လား။
ထိုမေးခွန်းကို လုပ်ငန်းရှင်သူဌေးတစ်ယောက်က ယခုလိုဖြေသည်။ “ငွေခင်ရယ်၊ ဒီလုပ်ငန်းကို ကိုယ့်ဝန်ထမ်းတွေ လုပ်နေကြတာပါ။ သူတို့တွေ ဒီအလုပ်မှာ ကျွမ်းကျင်အထာကျနေပြီဆိုတော့ 
တခြားအလုပ်ရှာရ၊ အလုပ်ပြောင်းရနဲ့ မဖြစ်ရအောင် ဆက်လုပ်နေမိတယ်။ တကယ်တော့
သူတို့စီစဉ်ပေးတဲ့ သူတွေနဲ့တွေ့၊ သူတို့စီစဉ်တဲ့ပွဲကိုတက်။
ငွေအရင်းအနှီးလိုလို့၊ လုပ်ငန်းအဆက်အသွယ်လိုလို့၊
ဈေးကွက်အရောင်းမြှင့်တင်ဖို့ ၊ လုပ်ပုံကိုင်နည်းသစ်လိုလို့ ၊
ကိစ္စများစွာမှာ သူတို့လိုသမျှ ပါဝင်ဖြည့်ရတာ။ စဉ်းစားကြည့်ရင် ငါက
ကျွန်ပါ” တဲ့။ သူဌေးလား၊ ကျွန်လား။ ကြည့်ရသလောက် အလုပ်လုပ်သူတိုင်း
ကျွန်ဖြစ်သွားနိုင်တဲ့သဘြော ဖစ်သည်။
တစ်ခါက အိမ်အကူအဒေါ်ကြီးနှင့် စကားစမြည်ပြောရင်း သူကညည်းသည် ။ “အဒေါ်တို့က ကံမပါတော့ ဒီလိုပဲသူများဆီ ကျွန်ခံရတာပေါ့တူမရယ်” ဟူ။ ငွေခင် ဘဝင်ကမကျ။ အိမ်မှုကိစ္စကျွမ်းကျင်မှု အတတ်ပညာကိုသုံးပြီး အလုပ်လုပ် အသက်မွေးဝမ်းကျောင်းခြင်းကို
ကျွန်ခံသည်ဟု မမြင်မိ။ သူကတော့မြင်သည်။ အိမ်သန့်ရှင်းရေးမှအစ
အိမ်မှုကိစ္စဆောင်ရွက်ခြင်း အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အနေနှင့်
ဝန်ဆောင်မှုပေးနေသောလုပ်ငန်း များ
အခြားနိုင်ငံများတွင် ကြုံဖူးသည်။ ကောင်းမွန်သော ဝန်ဆောင်မှုအတွက်
ကျေးဇူးတင်ရဖူးသည်။ အလုပ်လုပ်နေသော ထိုသူတို့၏မျက်နှာတွင်
ရည်မွန်ယဉ်ကျေးခြင်း၊ ဖော်ရွေခြင်းမှလွဲ၍ သိမ်ငယ်သည့်အရိပ်အရောင်မတွေ့ ရ။
သူတို့၏ အလုပ်ကျွမ်းကျင်မှု ပြီးမြောက်မှုကို ဂုဏ်ယူနေသည့်ဟန်ရှိသည်။
တာဝန်မကျေဟုထင်လျှင်၊ စိတ်တိုင်းမကျလျှင်၊ လိုအပ်ချက်ရှိလျှင်
တိုင်ကြားနိုင်သည်။ ပြောပြနိုင်သည်။ မိမိအလုပ်ကို အပြည့်အဝလုပ်သော်လည်း
မိမိအလုပ်မဟုတ်သည့် ဘောင်ကျော်ခြင်း၊ စည်းကျော်ခြင်းတို့ကို
ငြိမ်ခံနေမည့်သူများလည်း မဟုတ်။
အဆိုးဆုံးကတော့ ငွေကို ဦးစားပေးသော အတွေးအခေါ်ဖြစ်သည်။ ‘ပညာမတတ်လည်း ငွေရှိရင်သူဌေးဖြစ်တယ်။ ပညာတတ်လို့ ဝန်ထမ်းလုပ်ရင် သူဌေးကျွန်ပဲဖြစ်မယ်’ ဟူသောစကား။ ပညာမတတ်သူ၊ ပညာကို အားမပေးသူရဲ့ အတွေးမှန်းသိသာပါသည်။ သို့သော် ထိုသူများ သူဌေးနေရာရောက်လာသောအခါ ပြဿနာတွေရှိလာသည်။ ဝန်ထမ်းလား၊ ကျွန်လား အလုပ်ရှင်ကလည်း မကွဲပြား၊ အလုပ်သမားကလည်း မကွဲပြားသည့်အတွက် ကျွန်ပြုမှုများ အဓွန့်ရှည်ကုန်တော့သည်။
ဝဋ်ရှိလို့ ကျွန်ခံရသည်ဆိုသော မိန်းကလေးမမှားပါ။ ကိုယ့်အလုပ်သမားများထံတွင် ကျွန်ခံနေရသည်ဆိုသော သူဌေးလည်းမမှား။ ကံနည်း၍ ကျွန်ဖြစ်ရတယ်ဟူသော အိမ်အကူအဒေါ်ကြီးလည်းမမှား။ မည်သူမဆို မလုပ်ချင်သည့်အလုပ်ကို မလုပ်ချင်သည့်အတိုင်းအတာအထိ မဖြစ်မနေလုပ်ရသည့်အခါ ကျွန်ခံနေရသည်ဟုပင် ခံစားတွေးတောပါလိမ့်မည်။ ထိုသို့ တွေးမိနေသမျှလည်း ဆက်လက်ကျွန်ခံနေဦးမည်ဖြစ်သည်။
လုပ်ငန်းခွင်တစ်ခုတွင် အသက်မွေးပညာသည် အလုပ်သမားများနည်းလာပြီး ထိုသို့
ကျွန်ပြုသူနှင့် ကျွန်ခံသူများ အရေအတွက်များလာလျှင်
နှစ်ဦးနှစ်ဖက်စလုံးအတွက် အလားအလာမကောင်း၊ အနာဂတ်ကောင်းမရှိနိုင်။
အလုပ်လုပ်ရခြင်းကို ကျွန်ခံရသည်ဟု မြင်သောလူများတွင် တူညီသည့်တစ်ချက်ရှိသည်ကို မြင်ရသည်။ မိမိတို့လုပ်နေသောအလုပ်၏ ကျေးဇူးနှင့်တန်ဖိုးကို အပြည့်အစုံမမြင်ခြင်း။ အလုပ်လုပ်ခြင်းမှ မိမိရရှိသမျှအရာများကို လျှော့မတွက်ဖို့လိုသည်။ ထမင်းချက်ရောင်းသည် ဆိုပါစို့။ သန့်ရှင်းသောဈေးနှုန်း၊ မှန်ကန်သော အစားအစာကို ဝယ်ယူစားသုံးနိုင်သူလည်း အကျိုးရသည်။ မိမိလည်း ငွေကြေးအမြတ်ရသည်။ ကုမ္ပဏီစာရေးဆိုပါစို့။ မိမိ၏ အလုပ်ကောင်းကြောင့် ကုမ္ပဏီလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ရသည်။ မိမိလည်း လစာရသည်။ လုပ်ခွင့်ရသည့် အရာတိုင်းအတွက် အတွေ့အကြုံနှင့်ပညာရသည်။ အလုပ်ရှင်အပါအဝင် လုပ်ဖော်ကိုင်ဖက်များပါ မိမိအလုပ်ကြောင့် ကျေနပ်ပျော်ရွှင်ရသည်ဆိုလျှင် အပိုဆုလဒ်ရသလို ဖြစ်မည်။ ကျွန်ခံသူများသည် ထိုအရာများကို မမြင်နိုင်သူများဖြစ်သည်။ အလုပ်လုပ်သူများသာ မြင်သည်။
ခေတ်သစ်လုပ်ငန်းခွင်တွင် တစ်ဦးတစ်ယောက်ကောင်း လုပ်၍ရသော လုပ်ငန်းမျိုးမရှိတော့ပြီ။ လူများစွာ စုပေါင်းလုပ်ဆောင်ရသည်။ သူဌေး၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မန်နေဂျာ၊ အရာရှိ၊ စာရေး၊ အလုပ်သင်မှ တံမြက်လှည်းသမားအထိ သူ့ကဏ္ဍနှင့်သူ၊ သူ့တာဝန်နှင့်သူ၊ သူ့ကျွမ်းကျင်မှုနှင့်သူ ကျရာတာဝန်ထမ်းရသူများဖြစ်သည်။
ကိုယ့်ကဏ္ဍ သူ့ကဏ္ဍ၊ ကိုယ့်တာဝန် သူ့တာဝန်၊ ကိုယ့်အသုံးဝင်မှု၊
ကိုယ့်အသုံးဝင်မှု ခွဲခြားသိလျှင် တစ်ဦးတစ်ယောက်အတွက်
အနစ်နာခံနေရခြင်းမဟုတ်၊ ကိုယ်စီအကျိုးအတွက် စုပေါင်းညှိနှိုင်းလုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း
သဘောပေါက်နိုင်ပါသည်။ ဤလုပ်ငန်းခွင်မျိုးတွင် အောင်မြင်လိုသောလုပ်ငန်း၊
အောင်မြင်လိုသော အဖွဲ့အစည်း၊ အောင်မြင်လိုသော နိုင်ငံတွင် ကျွန်ပြုမည့်သူ
ကျွန်ခံမည့်သူများမလို၊ အလုပ်လုပ်သူများသာ လိုပါသည်။
မိမိ၏ အသိပညာ၊ အတတ်ပညာကိုအသုံးချကာ ငွေရှာ၊ အသက်မွေးဝမ်းကျောင်းနေခြင်း သည်
အလုပ်လုပ်ခြင်းသာဖြစ်သည်။ မည်သူ့ကျွန်မျှမဖြစ်နိုင်။ မည်သူ့ထက်မျှ
ပိုမနိမ့်ကျ။ ယခုခေတ်တွင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်သူများကို
အသက်မွေးပညာသည်များ (Professionals) ဟု ခေါ်ကြသည်။ အသက်မွေးပညာသည်၏
အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ထိုအတိုင်း ရိုးရိုးရှင်းရှင်းဖြစ်သည်။ မိမိတတ်မြောက်သော ပညာကိုအသုံးချ၍ လုပ်ကိုင်ဆောင်ရွက်မှုအတွက် လူအများမှ ကျေနပ်စွာပေးသော အခကြေးငွေဖြင့် အသက်မွေးသူဟူ၏။
ထို့ကြောင့် မည်သည့်အလုပ်အကိုင်မျိုးဖြစ်စေ မိမိအလုပ်ကြောင့် အကျိုးကျေးဇူးရရှိသူများက ကျေနပ်စွာ ငွေကြေးချီးမြှင့်ပြီး၊ ထိုငွေကြေး ဖြင့် အသက်မွေးနေထိုင်နိုင်ပြီဆို လျှင်ဟုတ်ပြီ။
စက်ရုံအလုပ်ရုံတွင်ပဲ လုပ်လုပ်၊ အစိုးရဝန်ထမ်းပဲ လုပ်လုပ်၊
ကုမ္ပဏီဝန်ထမ်းပဲ ဖြစ်ဖြစ်၊ မည်သည့်ရာထူး တာဝန်ယူထား ယူထား၊
ကိုယ်လုပ်သည့်အလုပ်တွင် ကျွမ်းကျင်မည်၊ သူများအတွက် လုပ်ခြင်းမဟုတ်
ကိုယ့်အတွက်လုပ်သော ကိုယ့်အလုပ်ဖြစ်ကြောင်း သဘောပေါက်လျှင် ဟုတ်ပြီ။
ကိုယ့်အတွက်လုပ်ခြင်းမှန်လျှင် တတ်ကျွမ်းသည့်ပညာ၊ သိသည့်သုတ၊ ဝါသနာပါသည့်လုပ်ငန်းကို တဖြည်းဖြည်း ရွေးချယ်လုပ်ကိုင်လာနိုင်မည်လည်းဖြစ်သည်။ ကျွန်ပြု ကျွန်ခံအဖွဲ့အစည်းများမှ ရှောင်ခွာနိုင်လာမည်။
ကျွန်ခံရခြင်းမှ လွတ်မြောက်ရန် တစ်နည်းသာရှိပါသည်။ သူ့ကျွန်မခံပြီဟုစိတ်ပိုင်း ဖြတ်ကာ ယနေ့မှစ၍ ကိုယ့်အလုပ်ကိုယ် ပီပီပြင်ပြင် လုပ်ရန်သာ။
#ငွေခင်
The Voice Weekly Journal Vol .13/ No.39 တွင် ပုံနှိပ်ဖော်ပြခဲ့သည့် ငွေခင်၏ ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။
Credit #စီးပွားရှင်
#Future_Wave
----------------
တစ်နေ့က ရုံးတစ်ရုံးတွင် သူဌေးအခန်းထဲမှ ဖိုင်တစ်ထပ်ကိုင်ပြီး ထွက်လာသော စာရေးမကလေးတစ်ဦး၏ မကြားတကြားရေရွတ်သံကို ကြားလိုက်ရသည်။ “တစ်နေ့တစ်နေ့ သူ့အလုပ်တွေချည်းပဲ။ ဝဋ်ရှိလို့သာ ကျွန်ခံနေရတယ်” ဟူ၏။
ထိုစကားသည် ယခုဆောင်းပါးအဖြစ် ငွေခင့် ကို အတွေးပွားစေခဲ့သည်။ မိမိတာဝန်၊ မိမိအလုပ်ကို လုပ်ခြင်းသည် ကျွန်ခံခြင်းလား။ ဟုတ်သည်ဆိုလျှင် ဘာကြောင့် ကျွန်ခံရမည်နည်း။ အလုပ်လုပ်ရခြင်းကို ငွေလို၍ဟု လူတိုင်းနီးပါးဖြေပါမည်။ ငွေဆိုသည်မှာ အမြဲလိုအပ်နေမည်ဖြစ်သဖြင့် ငွေလိုတိုင်းသာ ကျွန်ခံရမည်ဆိုလျှင် ငွေခင်တို့ တစ်လောကလုံးတွင် ကျွန်ပြုသူနှင့် ကျွန်ခံသူ လူတန်းစားနှစ်ရပ်ပဲ ရှိတော့မည်။ ဘယ်သူက ကျွန်ပြုသူ၊ ဘယ်သူက ကျွန်ခံသူ ဖြစ်မည်နည်း။
ကျွန်ခံသည်ဟုဆိုလျှင် ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခိုင်းတာလုပ်ဟူသော အခြေအနေတစ်ရပ်ကို မြင်ယောင်မိကြမည်။ ကိုယ့်အတွက်မဟုတ်၊ သူများအတွက် သူများအလုပ်ကို လုပ်ပေးရခြင်းဟု အချို့ကလည်းပြောမည်။ ငွေခင်တို့ နေ့စဉ်ကြုံတွေ့နေရသော ခေတ်သစ်လုပ်ငန်းခွင်အခြေအနေ
စက်ရုံအလုပ်သမားဆိုပါဆို့။ မိမိ၏ ကျွမ်းကျင်မှုအလိုက် ကျရာနေရာတွင် သတ်မှတ်ပေးသည့်တာဝန်ကို လုပ်ရပေမည်။ ခိုင်းတာလုပ်ရသည့်သဘော။ မနက်စာ၊ နေ့လယ်စာ စက်ရုံကစီစဉ်ပေးမည်။ ကျွေးတာစားရသည့်သဘော။ စေလွှတ်သော နေရာသို့သွား တာဝန်ထမ်းဆောင်ရမည်။ စေရာသွားရခြင်း။ ထိုအခါ စက်ရုံအလုပ်သမား (ပညာရှင်ဖြစ်စေ၊ တံခါးစောင့်ဖြစ်စေ) ၏ မိမိတတ်သည့်ပညာဖြင့် လုပ်ကိုင်နေခြင်းသည် အသက်မွေးရန် အလုပ်လုပ်နေခြင်းလား၊ ကျွန်ခံနေခြင်းလား။ အလုပ်သမားလား၊ ကျွန်လား။ စက်ရုံဝန်ထမ်းမှမဟုတ်၊ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းလည်း ထိုနည်းလည်းကောင်း။ ဝန်ထမ်းလား၊ ကျွန်လား။
ထိုမေးခွန်းကို လုပ်ငန်းရှင်သူဌေးတစ်ယောက်က
တစ်ခါက အိမ်အကူအဒေါ်ကြီးနှင့် စကားစမြည်ပြောရင်း သူကညည်းသည် ။ “အဒေါ်တို့က ကံမပါတော့ ဒီလိုပဲသူများဆီ ကျွန်ခံရတာပေါ့တူမရယ်” ဟူ။ ငွေခင် ဘဝင်ကမကျ။ အိမ်မှုကိစ္စကျွမ်းကျင်မှု အတတ်ပညာကိုသုံးပြီး အလုပ်လုပ် အသက်မွေးဝမ်းကျောင်းခြင်းကိ
အဆိုးဆုံးကတော့ ငွေကို ဦးစားပေးသော အတွေးအခေါ်ဖြစ်သည်။ ‘ပညာမတတ်လည်း ငွေရှိရင်သူဌေးဖြစ်တယ်။ ပညာတတ်လို့ ဝန်ထမ်းလုပ်ရင် သူဌေးကျွန်ပဲဖြစ်မယ်’ ဟူသောစကား။ ပညာမတတ်သူ၊ ပညာကို အားမပေးသူရဲ့ အတွေးမှန်းသိသာပါသည်။ သို့သော် ထိုသူများ သူဌေးနေရာရောက်လာသောအခါ ပြဿနာတွေရှိလာသည်။ ဝန်ထမ်းလား၊ ကျွန်လား အလုပ်ရှင်ကလည်း မကွဲပြား၊ အလုပ်သမားကလည်း မကွဲပြားသည့်အတွက် ကျွန်ပြုမှုများ အဓွန့်ရှည်ကုန်တော့သည်။
ဝဋ်ရှိလို့ ကျွန်ခံရသည်ဆိုသော မိန်းကလေးမမှားပါ။ ကိုယ့်အလုပ်သမားများထံတွင် ကျွန်ခံနေရသည်ဆိုသော သူဌေးလည်းမမှား။ ကံနည်း၍ ကျွန်ဖြစ်ရတယ်ဟူသော အိမ်အကူအဒေါ်ကြီးလည်းမမှား။ မည်သူမဆို မလုပ်ချင်သည့်အလုပ်ကို မလုပ်ချင်သည့်အတိုင်းအတာအထိ
အလုပ်လုပ်ရခြင်းကို ကျွန်ခံရသည်ဟု မြင်သောလူများတွင် တူညီသည့်တစ်ချက်ရှိသည်ကို မြင်ရသည်။ မိမိတို့လုပ်နေသောအလုပ်၏ ကျေးဇူးနှင့်တန်ဖိုးကို အပြည့်အစုံမမြင်ခြင်း။ အလုပ်လုပ်ခြင်းမှ မိမိရရှိသမျှအရာများကို လျှော့မတွက်ဖို့လိုသည်။ ထမင်းချက်ရောင်းသည် ဆိုပါစို့။ သန့်ရှင်းသောဈေးနှုန်း၊ မှန်ကန်သော အစားအစာကို ဝယ်ယူစားသုံးနိုင်သူလည်း အကျိုးရသည်။ မိမိလည်း ငွေကြေးအမြတ်ရသည်။ ကုမ္ပဏီစာရေးဆိုပါစို့။ မိမိ၏ အလုပ်ကောင်းကြောင့် ကုမ္ပဏီလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ရသည်။ မိမိလည်း လစာရသည်။ လုပ်ခွင့်ရသည့် အရာတိုင်းအတွက် အတွေ့အကြုံနှင့်ပညာရသည်။ အလုပ်ရှင်အပါအဝင် လုပ်ဖော်ကိုင်ဖက်များပါ မိမိအလုပ်ကြောင့် ကျေနပ်ပျော်ရွှင်ရသည်ဆိုလျှင
ခေတ်သစ်လုပ်ငန်းခွင်တွင် တစ်ဦးတစ်ယောက်ကောင်း လုပ်၍ရသော လုပ်ငန်းမျိုးမရှိတော့ပြီ။ လူများစွာ စုပေါင်းလုပ်ဆောင်ရသည်။ သူဌေး၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မန်နေဂျာ၊ အရာရှိ၊ စာရေး၊ အလုပ်သင်မှ တံမြက်လှည်းသမားအထိ သူ့ကဏ္ဍနှင့်သူ၊ သူ့တာဝန်နှင့်သူ၊ သူ့ကျွမ်းကျင်မှုနှင့်သူ ကျရာတာဝန်ထမ်းရသူများဖြစ်သည
မိမိ၏ အသိပညာ၊ အတတ်ပညာကိုအသုံးချကာ ငွေရှာ၊ အသက်မွေးဝမ်းကျောင်းနေခြင်း
ထို့ကြောင့် မည်သည့်အလုပ်အကိုင်မျိုးဖြစ
ကျွန်ခံရခြင်းမှ လွတ်မြောက်ရန် တစ်နည်းသာရှိပါသည်။ သူ့ကျွန်မခံပြီဟုစိတ်ပိုင်း
#ငွေခင်
The Voice Weekly Journal Vol .13/ No.39 တွင် ပုံနှိပ်ဖော်ပြခဲ့သည့် ငွေခင်၏ ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။
Credit #စီးပွားရှင်
#Future_Wave
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။