ကလေးနှင့်သံဓာတ်၏အရေးပါမှု
❓သံဓာတ်က ကလေးအတွက်ဘာလို့အရေးပါတာလည်း?
✅ခန္ဒာကိုယ်၌စွမ်းအင်ထုတ်လုပ်ဖို့ အောက်ဆီဂျင်လိုသည်။ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတာက သွေးနီဥများဖြစ်၏။ သွေးနီဥများပြုလုပ်ဖို့ သံဓာတ်လိုသည်။
✅သံဓာတ်ချို့တဲ့ပါက ကလေး၏ဦးနှောက်နှင့်ဥာဏ်ရည်ဖွံဖြိုးမှုကို ထိခိုက်နိုင်သည်။
✅သံဓာတ်ချို့တဲ့သောကလေးများက မောလွယ်। ခေါင်းကိုက်တတ်၍ အိပ်ကောင်းခြင်းမရှိတတ်ကြ။ အသားရောင်ဖျော့၍ လှုပ်ရှား। ကစားခြင်းကို မမက်မောပေ။
✅သံဓာတ်သည် ကလေးငယ်၏ရောဂါခုခံအားအတွက်လည်းအရေးပါသည်။
🛑အစားအသောက်ကရသော သံဓာတ်(၂)မျိုး
🥩၁။ အရည်အသွေးမြင့်သံဓာတ် (Haem-Iron)
နီသောအသား (red meat )မှရသည်။ အမဲသား।ဆိတ်သား।သိုးသား।ကြက်।ဝက်
စသဖြင့်။ နီရဲလေလေ သံဓာတ်ကြွယ်ဝလေလေ ဖြစ်၏။ ဖြူဖျော့လေလေ
သံဓာတ်နည်းလေလေဖြစ်၏။ အဲလောက်သိလျှင် ခန့်မှန်းလို့ရပြီ။ အမဲသားက
ကြက်သားထက် သံဓာတ်ပိုပါ၏။ အရည်အသွေးမြင့်သံဓာတ်တို့ကို အူလမ်းကြောင်းက လွယ်လင့်တကူ စုပ်ယူနိုင်၏။
🍞၂။ အရည်အသွေးနိမ့် သံဓာတ်(Non Heam-Iron )
အပင်မှရသည်။ wholegrain breads( wholegrain ပေါင်မုန့်)। ပဲအမျိုးမျိုး। ပဲသီး।သံဓာတ်ထဲ့ထားသော cereal များ စသဖြင့်။ အရည်အသွေးနိမ့်သံဓာတ်တို့ကို အူလမ်းကြောင်းမှ အလွယ်တကူ မစုပ်ယူနိုင်။ အလွယ်တကူ စုပယူနိုင်ရန် ဗီတာမင်-C၏ အကူအညီကိုယူရ၏။ ထို့ကြောင့်အသားမစားသောသူများက
အစာစားတိုင်း ဗီတာမင်-C ပါသောအစားအစာများကို အတူတူတွဲစားပေးရသည်။
ဗီတာမင်-စီ ကြွယ်ဝသော အစားအစာများက အရည်ရွှမ်းသော အချဉ်သီးများ।
ခရမ်းချဉ်သီး। ကီဝီသီး। ဂေါ်ဖီ ပန်းစိမ်း। ဂေါ်ပီပန်းဖြူစသဖြင့်။
ကြက်ဥမှာပါသော သံဓာတ်ကလည်း အရည်အသွေးနိမ့်၍ ခန္ဒာကိုယ်က အလွယ်တကူစုပ်ယူ၍မရပါ။
ကလေးများက သံဓာတ်အရမ်းလိုအပ်၍ စားသော အဓိကအစာကျွေးချိန်တိုင်းတွင်
သံဓာတ်ပါဖို့ လိုအပ်သည်။ ဖြစ်နိုင်လျှင် နံနက်ခင်း। နေ့လယ်ခင်း အစာပြေ
အနည်းငယ် စားချိန်တိုင်းတွင်လည်း သံဓာတ်ပါသောအစားအစာကို
ရွေးချယ်ကျွေးသင့်သည်။
📕သံဓာတ်မချို့တဲ့စေရန်
♻️နီသောအသား(red meat ) ကို ၂-ပတ်လျှင် ၆-ကြိမ်အနည်းဆုံကျွေးပါ။
♻️ပေါင်မုန့်ကျွေးလျှင် wholegrain bread ကိုရွေးပါ။ သံဓာတ်များ အပိုအဆောင်းထဲ့ထားသော ပေါင်မုန့်। cereal များကျွေးလျှင် ပိုကောင်း၏။
♻️ဂျုံနှင့်ပတ်သက်သော အစာစားသူများကလည်း wholemeal ဂျုံကိုရွေးပါ။
♻️ပဲသီးမျိုးစုံ। ပဲမျိုးစုံကို အလှည့်ကျ ကျွေးပါ။
♻️အသားမပါသော
အစားအစာစားသည့်နေ့တွင် ဗီတာမင်-စီပါသော အစားအစာကို အတူတူကျွေးဖို့
မမေ့ပါနှင့်။ အရည်အသွေးနိမ့် သံဓာတ်များကို အူလမ်းကြောင်းမှ အလွယ်တကူ
စုပ်ယူနိုင်ရန်ဖြစ်သည်။ ဗီတာမင်-စီတို့သည် အပူချိန်မြင့်မြင့်ကိုကြာကြာထိလျှင်
ပျက်စီးသွားကြ၏။ ဥပမာ- ခရမ်းချဉ်သီးသုပ်တွင် ဗီတာမင် စီပါပေမဲ့
ခရမ်းသီးဖြင့် ကျက်ကျက်ကလေးချက်ထားသော ဟင်းတွင်တော့ ဗီတာမင်စီများ
ပါချင်မှပါတော့ပါမယ်။
♻️အချို့အသီးခြောက်များတွင် သံဓာတ်ပါသည်။ ဥပမာ- စွံပလွံသီး। စပျစ်ခြောက်। apricot ခြောက်। sultanas စသဖြင့်။
♻️သန်ရှိသောကလေးကလည်း သံဓာတ်ချို့တဲ့နိုင်၍ ၆-လ တစ်ကြိမ် သန်မှန်မှန်ချပေးပါ။
♻️တိုက်သော ကလေးအားဆေးထဲတွင် သံဓာတ် နှင့် ဗီတာမင်-စီထဲ့ထားလျှင်လည်းကောင်းပါသည်။
♻️အသက် ၁-နှစ်အထက်ကလေးများကို နွားနို့စတိုက်နိုင်၍ တစ်ရက် ၅၀၀-ml ထက်မပိုပါနဲ့။ ပိုပါက သံဓာတ်ချို့တဲ့နိုင်သည်။
မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )
Ref: NSW Health, Australia
Photos: Google
www.childhealthmyanmar.com







နီသောအသား (red meat )မှရသည်။ အမဲသား।ဆိတ်သား।သိုးသား।ကြက

အပင်မှရသည်။ wholegrain breads( wholegrain ပေါင်မုန့်)। ပဲအမျိုးမျိုး। ပဲသီး।သံဓာတ်ထဲ့ထားသော cereal များ စသဖြင့်။ အရည်အသွေးနိမ့်သံဓာတ်တို့ကိ
ကြက်ဥမှာပါသော သံဓာတ်ကလည်း အရည်အသွေးနိမ့်၍ ခန္ဒာကိုယ်က အလွယ်တကူစုပ်ယူ၍မရပါ။
ကလေးများက သံဓာတ်အရမ်းလိုအပ်၍ စားသော အဓိကအစာကျွေးချိန်တိုင်းတွင










မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )
Ref: NSW Health, Australia
Photos: Google
www.childhealthmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။