@@@ "တန်ဖိုးထားသူကို မဆုံးရှုံးချင်ရင်" @@@᠌᠌᠌
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲ ချစ်ချစ်
ယုံကြည်မှုမရှိရင် ဝေးသွားမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲနားလည် နားလည်
လေးစားမှုမရှိရင် နားလည်မှုပြိုကွဲမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ
လက်တွဲခဲ့ ပွင်လင်းမှု မရှိရင်တော့
ကြိတ်လုံးတွေ ထပေါက်ကွဲမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲ သံယောဇဉ်ကြိုး
ခိုင်မာတယ်ပြောပြောပါ…
သံသယစိတ် ဝင်လာရင်တော့လေ
အနေနီးပေမယ့် ရင်ခုန်သံတွေ ဝေးကွာနေရအုံးမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲ မေတ္တာတွေ
နက်ရှိုင်းခဲ့ကြပါစေ…
အချင်းချင်း တန်ဖိုးမထားတတ်ခဲ့ရင်တော့
တစ်ယောက်ကိုတစ်ယောက် ဆုံးရှုံးခံရမှာပဲ …
လူတစ်ယောက်နဲ့ တစ်ယောက်
စိတ်ချင်းဘယ်လောက်ပဲ
ထပ်တူကျတယ်ပြောပြော
အမှတ်အတေးထားခဲ့ရင်တော့
နီးလျက်နဲ့ ဝေးနေကြအုံးမှာပဲ…
ကိုယ်တန်ဖိုးထားရသူတွေကို
မဆုံးရှုံးချင်ရင် ယုံကြည်ပေးပါ…
လေးစားပါ… ပွင့်လင်းမှုရှိပါ…
သံသယစိတ်တွေကို မောင်းထုတ်ပါ…
တန်ဖိုးထားပါ… အမှတ်အတေးမထားဘဲ
အမြန်ဆုံး ဖျောက်ပစ်ပါ…
ချစ်သူဆိုတာ ချစ်နေရုံနဲ့ မပြီးဘဲ
သူ့ဘက် ကိုယ့်ဘက် မျှတွေးပြီး
အချင်းချင်း နားလည် တန်ဖိုးထားတတ်မှ
ထာဝရ တည်မြဲမှာပါ…
Credit : Ko Naing
(ပြန်လည်မျှဝေပါသည်)
Ever Smile Es
Ever Smile ES
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲ ချစ်ချစ်
ယုံကြည်မှုမရှိရင် ဝေးသွားမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲနားလည် နားလည်
လေးစားမှုမရှိရင် နားလည်မှုပြိုကွဲမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ
လက်တွဲခဲ့ ပွင်လင်းမှု မရှိရင်တော့
ကြိတ်လုံးတွေ ထပေါက်ကွဲမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲ သံယောဇဉ်ကြိုး
ခိုင်မာတယ်ပြောပြောပါ…
သံသယစိတ် ဝင်လာရင်တော့လေ
အနေနီးပေမယ့် ရင်ခုန်သံတွေ ဝေးကွာနေရအုံးမှာပဲ…
လူတစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ပဲ မေတ္တာတွေ
နက်ရှိုင်းခဲ့ကြပါစေ…
အချင်းချင်း တန်ဖိုးမထားတတ်ခဲ့ရင်တော့
တစ်ယောက်ကိုတစ်ယောက် ဆုံးရှုံးခံရမှာပဲ …
လူတစ်ယောက်နဲ့ တစ်ယောက်
စိတ်ချင်းဘယ်လောက်ပဲ
ထပ်တူကျတယ်ပြောပြော
အမှတ်အတေးထားခဲ့ရင်တော့
နီးလျက်နဲ့ ဝေးနေကြအုံးမှာပဲ…
ကိုယ်တန်ဖိုးထားရသူတွေကို
မဆုံးရှုံးချင်ရင် ယုံကြည်ပေးပါ…
လေးစားပါ… ပွင့်လင်းမှုရှိပါ…
သံသယစိတ်တွေကို မောင်းထုတ်ပါ…
တန်ဖိုးထားပါ… အမှတ်အတေးမထားဘဲ
အမြန်ဆုံး ဖျောက်ပစ်ပါ…
ချစ်သူဆိုတာ ချစ်နေရုံနဲ့ မပြီးဘဲ
သူ့ဘက် ကိုယ့်ဘက် မျှတွေးပြီး
အချင်းချင်း နားလည် တန်ဖိုးထားတတ်မှ
ထာဝရ တည်မြဲမှာပါ…
Credit : Ko Naing
(ပြန်လည်မျှဝေပါသည်)
Ever Smile Es
Ever Smile ES
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။