Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 5, 2017

အာရှရဲ့ထိပ်ဆုံးမှရပ် တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး ကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ)


Jet_Li ( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ်ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ်တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူးကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ
. “လူတွေကိုရယ်အောင်လုပ်နေတဲ့လူတယောက်ရဲ့နောက်မှာမျက်ရည်တွေပေးဆပ်ထားရတယ်။ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်ရတဲ့အလုပ်လောက်လောကမှာခက်တာမရှိဘူး”ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့ ။အခြေအနေရော အချိန်အခါရောအဆိုးဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမူ
ကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်ရုန်းကုန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့စွန် စစ်တပ်ကချပေးထားတဲ့ကျူးကျော်တွေအတွက်ရက်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူကုန်ထမ်းသမား
ဆိုင်းဘုတ်စာလုံးရေးသတယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေရေးကိုမနည်းဖြေရှင်းရဖို့ကတော်ရုံတော့မလွယ်ကူလှဘူး။
ဒီလိုနဲ့သူ
့ကိုမွေးပြီး၂နှစ်အကြာမှာပဲဖခင်ဖြစသူဟာအသက်ကြီးရတဲ့အထဲအလုပ်ပင်ပန်းမူဒဏ်တွေကြောင့်နာမကျန်းဖြစ်ရာကနေဆေးရုံကိပို့ခဲ့ရပါတယ်။
ဆေးရုံရောက်ချိန်ဆေးဖိုးအတွက်မိခင်ဖြစ်သူဟာလူမမယ်သမီး၂ယောက်လက်ကိုဆွဲပြီးအသိတွေအိမ်ပိုက်ဆံလိုက်ချေးနေချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာကွယ်လွန်သွားခဲ့ပါတယ်။
သားသမီး၅ယောက်နဲ့ယောကျာ်းသေသွားတဲ့မိန်းမအဖို့ကတော့ကမ္ဘာပျက်တာကမှပိုခံသာဦးမယ်။ သူ့ အသက်၂နှစ်ပြည့်မွေးနေ့မှာပဲဖခင်ဖြစ်သူကွယ်လွန်ခဲ့တယ်။
သူကတော့တခြားသူမဟုတ်ဘူး။ ကျူးကျော်ရပ်ကွက်ကနေ မုဆိုးမမိခင်ရဲ့သားဘဝကနေ ကမ္ဘာ့ရုပ်ရှင်လောကရဲ့သြဇာအရှိဆုံးသရုပ်ဆောင်အယောက်၁၀၀ထဲ
အာရှရုပ်ရှင်လောကရဲ့အတော်ဆုံးမင်းသား၅ယောက်စာရင်းထဲကို ၂၁ရာစုမှာဝင်လာမယ့် ဂျက်လီဆိုတဲ့လူပါပဲ။
” သုညနဲ့စတာ ဝမ်းနည်းစရာလူမဟုတ်ဘူး။သုညနဲ့စတယ်ဆိုပြီးထိုင်ငိုကြွေးနေမှ ဝမ်းနည်းစရာလူ”ဂျက်လီ” အဖေ့မျက်နှာကိုကျတော်မမှတ်မိဘူး။ အဖေဘယ်လိုလူမှန်းလဲကျတော်မသိဘူး။
ဒါပေမယ့်အဖေဟာကျတော့်အတွက်တော့ ကိုယ်တိုင်မမြင်ဖူးပေမယ့် အမြဲရင်ထဲမှာကိန်းအောင်းနေတဲ့ဘုရားတဆူလိုပဲ။
ဒါတခြားလူတွေအတွက်တော့မနှိုင်းစရာလို့မြင်လိမ့်မယ်။ ကျတော့အတွက်တော့အဖေ့ဓာတ်ပုံက ဒုတိယဘုရားပါပဲ။ ”ဂျက်လီ
သူ့ အသက်၆နှစ်မှာကျောင်းတက်ချင်ခဲ့လို့ အမေ့ကိုပူဆာရာကအမေခိုးငိုခဲ့တဲ့အဖြစ်ကိုမြင်ပြီး သူကျောင်းတက်ပါရစေအမေလို့ဘယ်တော့မှမပြောခဲ့တော့ဘူး။
သူတို့မိသားစုနေထိုင်တဲ့ကျူးကျော်တွေအဖျက်ခံရတော့ရတဲ့လျော်ကြေးငွေတချို့နဲ့ပေကျင်းတန်းလျားတခုမှာနေခွင့်ရခဲ့တယ်။ ရက်ကွက်ထဲကစီးပွားရေးချောင်လည်တဲ့သူနဲ့သက်တူရွယ်တူသူငယ်ချငိးတွေကျောင်းဝတ်စုံဝတ်နေချိန်
သူကဈေးထဲကဈေးသည်တွေကိုတောက်တိုမယ်ရဝယ်ပေးရတဲ့ကလေးတယောက်ဘဝကိုဖြတ်သန်းခဲ့ရတယ်။ဒါပေမယ့်သူမညံ့ဘူး။ရက်ကွက်ထဲကစာသင်ဝိုင်းကိုသူအမြဲသွားနားထောင်တတ်သလို
သူ့အသက်၇နှစ်မှာမူလတန်းဖတ်စာအုပ်အကုန်လုံးကိုသူအလွှတ်ရနေပြီ။ သားဖြစ်သူစာတော်တာသိပေမယ့်မိခင်ဖြစ်သူဟာကျောင်းမထားနိုင်တဲ့အတွက်ရင်နာရတာကလွဲရင်ဘာမှမတတ်နိုင်ခဲ့ဘူး
။ဒါကြောင့်သူ့သားကိုဘာမှမလုပ်ပေးနိုင်မယ့်အစားဘာသာရေးအဆုံးအမတွေကိုမိခင်ဖြစ်သူဟာညတိုင်းဖတ်ပြခဲ့ပါတယ်။ ဒါကြောင့်လဲသူဟာကျောင်းမနေရပေမယ့်ကျောင်းနေရတဲ့ကလေးတွေထက်ပိုသိပိုတော်ခဲ့တယ်။
သူကဟာသဥာဏ်လဲအရမ်းရွှင်တယ်။သူကရပ်ကွက်ထဲမှာလူချစ်လူခင်ပေါသလိုသူ့ရဲ့အမြဲပြုံးနေတတ်တဲ့သူ့မျက်နှာလေးကိုချစ်လို့သူ့ကိုအမြဲစားစရာဝတ်စရာတွေပေးတတ်ကြတယ်။ဒါကြောင့်လဲသူ့မိသားစုဟာအစားအ
သောက်ချောင်လည်ခဲ့သလိုမိခင်ဖြစ်သူရဲ့အပ်ချုပ်လို့ရတဲ့ငွေကလဲအိမ်အတွက်အထောက်အကူဖြစ်ခဲ့တယ်။သူကထူးခြားတယ်။ သု့ထက်အင်အားကြီးတဲ့သူတွေသူ့ကိုအနိုင်ကျင့်ရင်တောင်အပြုံးနဲ့အမြဲတုန့်ပြန်တတ်တယ်။
သူကျောင်းမနေရပေမယ့်သူ့ညီမတွေကိုကျောင်းတက်ခွင့်ရဖို့ဒီအသက်၁၀နှစ်ကောင်လေးကရုန်းကန်ခဲ့တယ်။သူ့မောင်နှမတွေကျောင်းတက်ခဲ့ရတယ်။
သူမနေရပေမယ့်သူ့ညီမလေးတွေကျောင်းတက်ရလို့သူအမြဲပျော်ပြီးရပ်ကွက်ထဲသူ့ညီမစာတော်တဲ့အကြောင်းအမြဲကြွားလုံးထုတ်တတ်တဲ့ ကိုလေလုံးပေါ့။ ဒီလိုသူပျော်နေလေမိခင်ဖြစ်သူကခံစားရလေ။
နောက်ဆုံးသူ့ ကိုမိခင်ဖြစ်သူကဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုပို့ခဲ့ပါတော့တယ်။
” မိသားစုထက် နင့်ကိုယ်နင်လဲဘဝမှာပျော်အောင်ရုန်းကန်ရမယ်။နင်လူတော်မဖြစ်ရင်တောင်လူဆိုးတယောက်တော့ငါအဖြစ်မခံနိုင်ဘူး။
နင့်အတွက်ပဲနင်တွေးပါ။”” အမေ့ရဲ့ အဲ့ဒီအချိန်ကစကားကိုကျတော်ခုထပ်ထိမှတ်မိသေးတယ်။ မှတ်မှတ်ရရ ကျတော်ဆရာတော်ဆီမရောက်ခင်ညမှာပေါ့။ အမေကသူငိုတာကိုသားသမီးတွေကိုဘယ်တော့မှမသိစေချင်တဲ့လူ
သားသမီးတွေရှေ့မှာအမေကအမြဲတမ်းရှေ့တန်းကစစ်သူကြီးတယောက်လိုမျက်နှာထားနဲ့ပဲဆုံးမပေးတတ်တယ်ဗျ။ ကျတော်မြင်ဖူးသမျှမိန်းမထဲမှာ
အမေကအရဲရင့်ဆုံးပါပဲဗျာ”သူဘုန်းကြီးကျောင်းကိုရောက်ချိန်မှာတော့ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ကိုယ်ခံပညာကျောင်းကိုပါသူတက်ခွင့်ရခဲ့တယ်။ဒီကျောင်းကကောင်းတယ်။
သင်တန်းမှာတော်တဲ့ကလေးတွေရဲ့မိသားစုကိုပါထောက်ပံ့ပေးတယ်။ဂျက်လီ
ဟာသိုင်းပညာမှငယ်စဉ်ထဲကထူးချွန်ခဲ့သလိုသူ့လက်ဦးဆရာတော်ကြီးကပါအံ့သြခဲ့ရတဲ့ကလေးတယောက်ပါ။ ၁၃နှစ်သားမှာအလတ်တန်းသိုင်းကျမ်းစာအုပ်၁၈အုပ်ကိုသူတတ်ခဲ့ပြီ။ဒါကကလေးတယောက်အဖို့တော်တော်မလွယ်တဲ့ကိ
စ္စကြီးပါ။ညီမဖြစ်သူကိုကျောင်းကောင်းကောင်းပြောင်းထားချင်လို့ ဂျက်လီဟာသိုင်းသင်တန်းကခွင့်မပြုတဲ့သိုင်းပြိုင်ပွဲတွေကိုဝင်ပြိုင်ခဲပါတယ်။သူဆုတွေရတယ်။ဒါကြောင့်လဲဆရာတော်ရြဲ့
ကိမ်လုံးကသူ့အတွက်မိတ်ဆွေဖြစ်ခဲ့သလို ဆရာတော်ကမနိုင်တဲ့အဆုံးသိုင်းပြကွက်ပြိုင်ပွဲတွေကိုဂျက်လီအားဝင်ပြိုင်ခိုင်းစေခဲ့ပါတော့တယ်။သူအဲ့မှာလဲဆုတွေရတ
ယ်။ ဒါကြောင့်သူ့အသက်၁၅နှစ်မှာပဲ သိုင်းသင်တန်းကျောင်းရဲ့နည်းပြနေရာကိုအသက်ငယ်ငယ်နဲ့ပေးအပ်ခြင်းခံခဲ့ရပါတော့တယ်။
ဒီလိုနဲ့တရက်…………… သူတို့ဘုန်းကြီးကျောင်းကိုရုပ်ရှင်အဖွဲ့တွေလာရိုက်ကြတယ်။နဂိုထဲကဟာသဥာဏ်ရွှင်တဲ့ဂျက်လီကအပြေးအ
လွှားကြည့်ခဲ့တယ်။ သူဘာဖြစ်ချင်မှန်းသူ့ကိုယ်သူမသိတဲ့ဂျက်လီဟာ ဟာသသရုပ်ဆောင်တယောက်အိမ်မက်ကိုမက်ခဲ့ပါတော့တယ်။သူဟာသမင်းသားအရမ်းဖြစ်ချင်ခဲ့ပြီ။
ချာလီချာပလင်နဲ့နေးမတ်ကိုအရမ်းရူးသွပ်တဲ့သူက ရုပ်ရှင်ပိုးထည့်ပေးဖို့ဒီရိုက်ကွင်းကစတင်ခဲ့ပါတော့တယ်။ဒီအချိန်မှာဟောင်ကောင်မှာသူအရမ်းအားကျတဲ့သူတယောက်က
လဲလူမသိသူမသိနေရာကနေဟာသအက်ရှင်လေးတွေပါနေရပြီ။ သူအားကျတဲ့သူကကတော့တခြားသူမဟုတ်ဘူး ဂျက်ကီချမ်းဆိုတဲ့ရိုက်ကွင်းကတောက်တိုမယ်ရကောင်အဆင့်ပဲရှိသေးတဲ့သူပါပဲ။
ဂျက်ကီချမ်းဆိုတာဘာကောင်မှန်းလူတွေမသိသေးခင်အတိုအစဘဝထဲကဂျက်ကီချမ်းက ဂျက်လီရဲ့ Idolတယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲဂျက်လီဟာ
ရုပ်ရှင်လောကထဲကိုတိုးဖို့ဆရာတော်နဲ့မိခင်အတွက်စာတစောင်ချန်ပြီး ဘုန်းကြီးကျောင်းကနေခိုးထွက်ခဲ့ပါတော့
တယ်။
………………………………………
” အမေ
သားအတွက်မစိုးရိမ်ပါနဲ့သားဘာဖြစ်ချင်လဲသိပြီအမေပြောတဲ့လူကောင်းတယောက်ဖြစ်တဲ့တနေ့အမေ့ကိုကျတော်လာရှာပါ့မယ်”
ဒီစာလေးဟာယနေ့အချိန်ထိအမေရိကကဂျက်လီရဲ့နေအိမ်မှာကပ်ထားဆဲပါ။သူစပြီးရောက်လာတာက ဟောင်ကောင်မြို့ပေါ်။သူဘာလုပ်လဲဆို ရုပ်ရှင်အဖွဲ့တခုကစက်အထမ်းသမားဒီကနေ
စတန့်အစားထိုးသမားတယောက်အဖြစ်သူနေရာရလာခဲ့တယ်။ သူ့ရဲ့Talentကိုမြင်သွားတဲ့သူက သိုင်းကားတွေရိုက်တဲ့ချောင်ရှီရန်ဆိုတဲ့ဒါရိုက်တာတယောက်။ ဒီအချိန်မှာသူ့အသက်၁၇ပဲရှိသေးတယ်။
ဒီလိုနဲ့ဗီဒီယိုကား၂ကားကိုသူနဲ့ရိုက်ခဲ့တယ်။ ဒါပေမယ့်ရာဇဝင်ကား။လူမသိပဲပြီးသွားတယ်။ ဒါပေမယ့်ချောင်ရှီရန်ကဇွဲမလျော့ဘူး။ ဘာကြောင့်လဲဆို
သူ့ကိုကန်ထုတ်လိုက်ပြီးတခြားဒါရိုက်တာတယောက်နဲ့မင်းသားတယောက်ကိုနေရာပေးခဲ့တဲ့ Shoungshimဆိုတဲ့ထုတ်လုပ်ရေးကိုသူအနိုင်ရချင်တယ်။ဒါကြောင့်ဂျက်လီကိုပဲသူမင်းသားတယောက်အဖြစ်တင်ပြီးThe
Shaolin Temple ဆိုတဲ့ကားကိုရိုက်ခဲ့ပါတော့တယ်။ဒါကဂျက်လီရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်လာသလို ဟောင်ကောင်ဒေါ်လာ ၁၇သန်းအထိရခဲ့တဲ့ရှောင်လင်သိုင်းကားပါပဲ။ ဒီကားဟာဟောင်ကောင်Film
ဆု၂ဆုရခဲ့သလိုဘယ်မင်းသားမှရိုက်ဖို့ငြင်းဆန်ထားတဲ့ပင်ပန်းလွန်းတဲ့သိုင်းကားပါ။ဒါပေမယ့်ဂျက်လီနဲ့ရိုက်ခဲ့ချိန်မှာတော့နာမည်ကြီးထုတ်လုပ်ရေးတွေကဟာခနဲဟင်ခနဲဖြစ်ခဲ့ရပါတယ်။ ဒီကားရိုက်တော့ဂျက်လီအသက်၁၉နှစ်ပဲရှိပါသေးတယ်။
ဒီသတင်းကတရုတ်ပြည်မကြီးအထိတက်ခဲ့သလို မိခင်ဖြစ်သူဟာလဲအံ့သြခဲ့ရပါတယ်။ ဒီကားကရတဲ့ငွေနဲ့မခင်ဖြစ်သူကို
TV တလုံးဝယ်ပေးခဲ့သလိုအိမ်ခန်းခအကြွေးတွေကိုလဲသူဆပ်ပေးနိုင်ခဲ့ပါတယ်။
” ဘာဖြစ်လာမှန်းမသိတာကိုကြိုတွေးပြီးကြောက်နေတာထက်စာရင် အဆိုးဆုံးဖြစ်လာမှာတွေကိုစာရွက်ပေါ်ချရေးပြီးရင်ဆိုင်လိုက်ပါ။ ”
ဂျက်လီ
ဒီကားအပြီးမှာပဲ ချောင်ရှီရန်ကဂျက်လီကိုဒုတိယကားဆက်ရိုက်ဖို့လုပ်ပြန်တယ်။ဂျက်လီကဟာသမင်းသားပဲဖြစ်ချင်တာ။ဒါပေမယ့်သူရတဲ့နေရာကနေဘယ်လိုcharacterဖြစ်ဖြစ်သရုပ်ဆောင်နိုင်ရမယ်လို့ သူ့ဆရာချောင်ရှီရန်ကအမြဲ
ဆုံးမလေ့ရှိတယ်။
” မင်းသားဖြစ်ဖို့ကလွယ်တယ်သရုပ်ဆောင်ဖြစ်ဖို့ကခက်တယ်။က်ဆံ+ရုပ်+အဓိကနေရာ
ဒီ၃ခုပေါင်းရင်မင်းသားဖြစ်နိုင်ပေမယ့်
သရုပ်ဆောင်ဖြစ်ဖို့ကတော့ဒီထက်အဆ၁၀၀မကတဲ့အချက်တွေလိုအပ်တယ်။မင်းသားတွေပေါတဲ့ခေတ်မှာသရုပ်ဆောင်တယောက်ပဲဖြစ်ချင်ပါသား”
ချောင်ရှီရန်
” ဒီစကားက ကျတော်ဒီနေ့ဂျက်လီဖြစ်လာဖို့ အရေးပါဆုံးဆိုမမှားဘူးဗျ။ ဆရာ့ရဲ့စကားကကျတော် ဟာသ အရံ ဇာတ်ပို့ ဗီလိန်ဘယ်နေရာဖြစ်ဖြစ်သရုပ်ဆောင်ရဲဖို့ အားဖြစ်စေခဲ့တယ်။ဟုတ်တယ်
ကျတော်မင်းသားဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ကျတော့်မှာမင်းသားဖြစ်ဖို့အချက်တွေအစထဲကမရှိဘူး။ ဒါပေမယ့်သရုပ်ဆောင်တယောက်ဖြစ်ဖို့တော့ ယုံကြည်မူအမြဲရှိခဲ့တယ်။”
ဂျက်လီ
ဒုတိယကား Kids From Shoalinကို၁၉၈၄ခုနှစ်
ဇန်နဝါရီလမှာရုံတင်ခဲ့ပါတယ်။ဟောင်ကောင်ဒေါ်လာ၂၂သန်းအထိရရှိခဲ့သလိုဂျက်လီဟာလဲ
ရှောင်လင်ဘုန်းကြီးတယောက်ဇာတ်ရုပ်နဲ့လူသိများခဲ့ပါတယ်။ ဒီကားအပြီးမှာတော့ဂျက်လီဟာ ရုပ်ရှင်ကား၎ကားကိုစာချုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဒီကားတွေအပြီး TheMaster
ကားရုံတင်အပြီးမှာတော့အဖြူအမည်းခေတ်ကတရုတ်မှာအောင်မြင်ခဲ့တဲ့ OnceUpon A Time In China ကားကြီးကိုရိုက်ဖို့လူရွေးပွဲမှာဂျက်လီကိုအားလုံးကထောက်ခံခဲ့ကြပါတယ်။
ဒီအချိန်မှာတဖက်မှာလဲဂျက်ကီချမ်းကဟာသစတန့်တွေနဲ့အာရှမှာနာမည်ကြီးနေချိန်ဂျက်လီကလဲ သိုင်းကားနယ်ပယ်မှာအာရှရဲ့Kingဖြစ်လာဖို့  OUATIC ကားကြီးကို ၁၉၉၁ခုနှစ်မှာရုံတင်ခဲ့ပါတယ်။
အရမ်းအောင်မြင်ခဲ့သလိုOne Upon A Time In Chinaရဲ့နောက်ဆက်တွဲကားတွေကိုရိုက်ဖို့အထိပါစာချုပ်ချုပ်ခွင့်ရခဲ့ပါတော့တယ်။OUATIC
၃ကားအပြီးမှာတော့ဂျက်လီကို Hollywoodထိတက်စေဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Once Upon A TimeIn China and America ကားကြီးပါပဲ။အမေရိကအထိသွားရိုက်ခဲ့သလို
ဟောင်ကောင်ရုပ်ရှင်ဆုတွေပါရခဲ့ပါတယ်။ဒီကားအပြီးမှာတော့ဂျက်လီအာကျရတဲ့မင်းသားတယောက်ဖြစ်တဲ့စတီပင်ချောင် စီစဉ်တဲ့ Hit Man ကားကိုရိုက်ခွင့်ရခဲ့ပါတော့တယ်။
ဒီကားအပြီးမှာတော့ဂျက်လီကိုHollywoodကကမ်းလှမ်းလာတဲ့TheOne ကားကြီးကိုရိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ဒီကားဟာ ဂျက်လီအဖို့အခက်ခဲဆုံးကားတကားလို့ပြောထားသလို
အောင်မြင်မူကလဲအမေရီကန်ဒေါ်လာ ၇၅သန်းနီးပါးရခဲ့တဲ့ကားကြီးပါ။ ဒီကား
ဟာ ဂျက်လီကို အာရှမှာရော Hollywoodမှာပါထိပ်တန်းမင်းသားတယောက်ဖြစ်စေဖို့ စတင်ခဲ့
ပါတော့တယ်။
ဖြစ်ချင်တာကိုထိုင်မစောင့်နဲ့အိမ်မက်တွေကိုအိပ်ချိန်မှာပဲမမက်နဲ့ဖြစ်ချင်တာကိုလုပ်ရမှာပျင်းတဲ့လူတွေကဖြစ်သင့်တာကိုလုပ်ကြသလိုအိမ်မက်ရှိတယ်ပြောပြောနေတတ်ပြီး အဲ့ဒီအိမ်မက်ကမနိုးရင်တော့ကိုယ်ဘာမှဖြစ်မလာနိုင်ဘူး ”
ဂျက်လီ
ဒီကားအပြီးမှာတော့ဂျက်လီဟာတကမ္ဘာလုံးကိုအာရှသားတယောက်ကကိုင်လှုပ်ဖို့စတင်လာခဲ့ပါတော့ယ်Hollywoodမှာအာရှသားတွေအတွက်နေရာမပေးချင်ပေမယ့်အာရှကနေHollywoodကိုတက်လာတဲ့ဂျက်ကီချမ်းလိုရှာရွှတ်ခန်းလို
ဂျက်လီလိုမင်းသားတွေပေါ်ပေါက်လာခဲ့မူဒဏ်ကိုတော့ Hollywoodကမခံနိုင်ခဲ့ပါဘူး။ Hollywoodမှာနေရာရလာတဲ့အချိန်ပဲရှိသေးတယ်။ Hero ကားကြီးကို၂၀၀၂ခုနှစ်မှာရုံတင်လာခဲ့တယ်။
Hollywoodပြာသွားတယ်။ ဒေါ်လာသန်း ၁၇၇သန်းကျော်တဲ့အထိဝင်ငွေကမရပ်ဘူး။ ဒီပုပုကောင်ကဘာလဲဟပေါ့။သန်း၃၀လောက်ရင်းပြီးအသားတင်အမြတ်သန်း၁၄၀လောက်ရသွားတယ် Heroကားက။
ထူးခြားမူကဒီကားက Best ForeignLanguageFilm ဆိုတဲ့Oscar ဆုကြီးကိုရခဲ့သလို ဆုကြီး
၇ဆုအပြင်
အင်္ဂလန်ကရုပ်ရှင်တက္ကသိုလ်ကြီးကနေသင်ရိုးအဖြစ်ပါယူခဲ့ပါတော့တယ်။ဒါကအာရှရဲ့ပထမဆုံးအနောက်တိုင်းတက္ကသိုလ်တွေကနေသင်ရိုးတောင်ယူရတဲ့အထိဖြစ်စေခဲ့တဲ့ကားပါ။ရှာရွတ်ခန်း
ဂျက်ကီချမ်းတောင်မလုပ်ပြနိုင်သေးတဲ့စံချိန်တခုကို ဂျက်လီကလုပ်ပြသွားတယ်။ဒီကားအပြီးမှာတော့ဂျက်လီကိုHollywoodမင်းသားတွေနဲ့တွဲရိုက်ဖို
EuropaCropကနေစာချုပ်ချုပ်ခဲ့ပြန်ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာတော့ဂျက်လီကိုလုံးဝမထင်ထားတဲ့အကွက်ကြီးနဲ့ကာရိုက်တာအဆန်းတခုနဲ့ Unleashed
ကားကြီးရုံတင်လာတယ်။ မိခင်မုဒိန်းကျင့်ခံရအသတ်ခံရတဲ့ကလေးတယောက်ဟာစိတ္တဇဖြစ်သွားပြီးအတိတ်မေ့Fighterတကောင်အသွင်အပြင်
နဲ့ခွေးတကောင်လိုသရုပ်ဆောင်ခဲ့တဲ့ကားပေါ့။လည်ပတ်ဖြုတ်ပေးမှခိုင်းစေလို့ရသလိုလူဆိုတာဘာမှန်းမသိတဲ့Psychoသမားတယောက်ဘဝကိုပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို
ဂီတကလူအရိုင်းအစိုင်းတွေကိုတောင်ယဉ်ကျေးသွားစေတယ်ဆိုတာကိုချပြထားတဲ့ကား။ ဒီကားဟာလဲအောင်မြင်မူကမသေးသလို ဂျက်လီရဲ့သြဇာကြီးမားမူကိုမရပ်တန့်စေခဲ့တဲ့ကားပါ။
တကားပြီးတကားထွက်လာတယ်။ထွက်လာတိုင်းလဲပေါ့သေးသေး
တကားမှမပါဘူး။ဂျက်လီဆိုရင် မကောင်းပါဘူးကွာလို့ပြောမယ့်သူမရှိသလောက်ပဲ။
” အထီးကျန်တာပြသနာမဟုတ်ဘူးအထီးကျန်တာကိုအကြောင်းပြပြီးဘာမှမလုပ်ချင်ရင် မင်းအကျည်းတန်သွားလိမ့်မယ်။ ”ဂျက်လီ
ဒီကားအပြီးမှာတော့ ဂျက်လီဟာသူ့idolကြီးဂျက်ကီချန်းနဲ့ရိုက်ဖို့ဖြစ်လာခဲ့တဲ့ TheForbidden Kingdom ကားကြီးကို ၂၀၀၈ခုနှစ်မှာရုံတင်လာခဲ့ပါတယ်။ အမေရီကန်ဒေါ်လာသန်း၁၅၀ကျော်ရခဲ့သလို
ဒီပမာဏကမသေးလှပါဘူး။ Mummy : ဒီကားကနာမည်ရမင်းသားတယောက်က ဗီလိန်လုပ်ဖို့ဆိုလုပ်ချင်ကြမှာမဟုတ်ဘူး။ ဒါပေမယ့်ဂျက်လီဟာ Mummy ရဲ့ကားအဆက်တကားဖြစ်တဲ့ Tomb of
theDragon Emperro ကားကြီးမှာလူဆိုးနေရာကနေပါခဲ့ပါတယ်။ သန်း၄၀၀ကျော်ရခဲ့ပြီးဒီကားဟာအာရှမင်းသားတွေထဲ ဝင်ငွေအမြင့်ဆုံးရကားတကားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
” ဗီလိန်နေရာကိုကျတော်ကြိုက်တယ်။ဗီလိန်သရုပ်ဆောင်တွေကိုလဲကျတော်လေးစားမိတယ်။ဘာကြောင့်လဲဆို ရုပ်ရှင်ကားတကားမှာဗီလိန်နေရာကပညာအပေးနိုင်ဆုံးနေရာပဲ”
ဒီလိုဗီလိန်တွေ သိုင်းကားတွေအက်ရှင်တွေ အသတ်အပုတ်တွေချည်းရိုက်နေလို့အငိုအလွမ်းအဆွေးမိဘသရုပ်ဖော်မေတ္တာသရုပ်ဖော်နေရာရော ?Ocean Heaven
: သမုဒ္ဒရာထက်ကြီးတဲ့မိဘရဲ့မေတ္တာတရားကိုချပြထားတဲ့ဂျက်လီ အထိုးအသတ်တကွက်မှမပါတဲ့အဖေတယောက်ရဲ့ဇာရုပ်။ အသည်းကင်ဆာဖြစ်နေတဲ့အဖေနေရာကနေ
စိတ်မနှံ့တဲ့သားတို့ရဲ့ဘဝ
လောကဓံကိုထိုးသတ်ပြထားတဲ့ကားပါ။သူသေသွားရင်
စိတ်မနှံ့တဲ့သားတယောက်လောကကြီးထဲဘယ်လိုနေထိုင်မလဲဆိုတဲ့ဖခင်တယောက်ရဲ့သားအပေါ်ချစ်တဲ့အချစ်ကိုပြသထားတဲ့ကားပါ။ဒီကားဟာဂျက်လီကိုမထင်ထားစေတဲ့သရုပ်ဆောင်ချက်တွေမြင်ခဲ့ရသလို
တော်တော်လဲခွဲထွက်ထားတဲ့ကားပါ။ ဂျက်လီကားတွေတကားချင်းပြောနေရင်ပြီးမယ်တောင်မထင်ဘူး။ TheExpendables မှာလဲHollywoodရဲ့ဒိတ်ဒိတ်ကြဲကြီးတွေဖြစ်တဲ့အာနိုး
ရမ်ဘိုတို့နဲ့တွဲသရုပ်ဆောင်ထားတာကြည်ရုံနဲ့ဂျက်လီရဲ့ဖြစ်တည်မူကိုသိနိုင်ပြီပေါ့။နောက်လမှာထွက်မယ့် Leagueof Gods ကားကလဲရုံမတင်ရသေးဘူးဟောင်
ကောင်မှာပွဲဆူနေပြီ။ ဂျက်ကီချန်းနဲ့IP manကြီးတို့နဲ့တွဲရိုက်ထားတဲ့ကားကြီးကလဲမကြာခင်လာတော့မယ်။ ဒါတင်မကသေးဘူး။ ၂၀၁၈မှာရိုက်မယ့် Fatherless Childကားကလဲသန်း၁၀၀အထိအကုန်ကျခံရိုက်ကူးနေပြီ။
xXx ရဲ့အဆက်မှာလဲ F&F ရဲ့ဂတုံးကြီး ဗင်ဒီဇယ်ရဲ့ရန်သူနေရာကနေပါဝင်လာတော့မယ် ။ ဂျက်လီဆိုရင်ဘာကားဖြစ်ဖြစ်စောင့်ကြည့်ရတဲ့အထိ ဒီကျူးကျော်ရပ်ကွက်ကကလေးတယောက်ကဖြစ်စေခဲ့ပါပြီ။
ဒီလျိုလျှင်ဂျီ ဆိုတဲ့ကောင်လေးတဖြစ်လဲဂျက်လီဆိုတဲ့မင်းသားဟာလက်ရှိအချိန်မှာအာရှရဲ့ထိပ်တန်းမင်းသားတယောက်ဖြစ်လာသလိုH
ollywood မင်းသားတွေထဲလဲအနေအထားမသေးတဲ့မင်းသားတယောက်ဖြစ်နေပါပြီ။ဒါတင်မကပါဘူး Asia ကိုယ်စားလှယ် WHO ရဲ့သံတမန်ဖြစ်သလို
အာရှသိုင်းအဖွဲ့အစည်းရဲ့အနောက်နိုင်ငံသံတမန်တယောက်လဲဖြစ်ပါတယ်။ဂျက်လီFoundationကနေနှစ်စဉ်ပညာရေးထောက်ပံ့မူတွေ မိဘမဲ့ကလေးများစွာကိုပါထောက်ပံ့ပေးထားခဲ့ပါပြီ။ဂျက်လီဟာ ဗုဒ္ဓဘာသာတယောက်ပီပီ
အာရှနိုင်ငံတချို့မှာသူလှူထားခဲ့တဲ့ဘုန်းကြီးကျောင်းပေါင်း၂၀၀ကျော်အထိရှိထားသလိုဂျက်ကီချန်းလိုပဲအာရှရဲ့ထိပ်တန်းမင်းသားကြီးတယောက်ဖြစ်နေပါပြီ။
” ဘာသာတရားတိုင်းမှာမကောင်းတဲ့အချက်ဆိုတာလိုအပ်ချက်ဆိုတာမရှိဘူးဘာသာတရားကိုမကောင်းစေတာ
ဘာသာရေးခေါင်းဆောင်နဲ့ဘာသာရေးဗန်းပြလူတချို့ကြောင့်ပဲ”ဂျက်လီ“ကျတော်တို့ရဲ့ ကံတွေကပဲ
ကျတော်တို့လူသားတွေကိုဆုံးဖြတ်ပေးတာပါ
Our actions determine
Our distiny ‘”
ဂျက်လီ
တချိန်က ကျူးကျော်ရပ်ကွက်ကမုဆိုးမသားတယောက် မောင်နှမတွေအတွက်ကိုယ့်ဘဝကိုအနစ်မွန်းခံပံ့ပိုးပေးခဲ့တဲ့ကောင်လေးတယောက် ဘုန်းကြီးကျောင်း
သိုင်းသင်တန်းကနေမအူမလည်နဲ့မင်းသားဖြစ်ချင်လို့မိုက်မိုက်ကမ်းကမ်းနဲ့မြို့ပေါ်ကလူလည်တွေကြားတက်လာခဲ့တဲ့လူငယ်တယောက်က လက်ရှိမှာကမ္ဘာ့သြဇာအရှိဆုံး ၂၁ရာစု သရုပ်ဆောင်မင်းသား၁၀၀ထဲပါသွားခဲ့ပါပြီ။သုညကစပေမယ့်
လက်ရှိမှာတော့ဂျက်လီဟာ တန်ဖိုးကြီးသရုပ်ဆောင်တယောက်
ဖြစ်နေပါပြီ။
REF : Jet Li Documentries
Twitter
[ ဖြေရှင်းချက် – ထုံးစံအတိုင်းပြောပါရစေ။Metal
ဖက်ကဖြစ်တဲ့အတွက် Movieဖက်ကခုလိုidol
တယောက်အကြောင်းကိုရေးတဲ့နေရာမှာလိုအပ်
ချက်များရှိနိုင်ပါတယ်ဂျက်လီရဲ့အမာခံပရိတ်သတ်
များနားလည်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်]
 http://pwintsan.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။