အောင်မြင်ချင်ရင် ဒါတွေကိုရပ်လိုက်ပါ..
==========================
သင့်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ဒီအမူအကျင့်လေးတွေကို ရပ်တန့်ပစ်ဖို့လိုပါလိမ့်မယ်။ ဒီအကျင့်လေးတွေက မသိမသာတစ်မျိုး၊
သိသိသာသာတစ်ဖုံနဲ့ သင့်ရဲ့အောင်မြင်မှုတွေကို အနှောင့်အယှက်ပေးပါလိမ့်မယ် ။
.
(၁) ပြီးပြည့်စုံချင်တဲ့အကျင့်။
ပြီးပြည့်စုံချင်တာ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားဆိုတာ ဝေခွဲရခက်ပါတယ်။ တစ်ခါတစ်လေမှာ ပြီးပြည့်စုံချင်လွန်းတာကြောင့်
အလုပ်မတွင်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် လူတိုင်း ပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို လက်ခံရပါမယ်။ ဒီတော့ အကောင်းဆုံးကြိုးစားပါ။
ဒီ့ထက်ပိုပြီးတော့ ပြီးပြည့်စုံစရာမလိုပါဘူး။ အကောင်းဆုံးကြိုးစားဖို့သာ သေချာပါစေ။
.
(၂) အားနာတတ်တဲ့အကျင့်တွေ။
အားနာတတ်တဲ့အကျင့်တွေက သင့်ကို ကောင်းကောင်းကြီး အနှောင့်အယှက်ပေးနိုင်ပါတယ် ။ လူမှုရေးမှာ အားနာတတ်တာတောင် တော်တော်ဒုက္ခရောက်နေပါပြီ။
စီးပွားရေးမှာ အားနာမယ်ဆိုရင်တော့ သင် ကျရှုံးဖို့တောင် ပြင်ဆင်သင့်နေပါပြီ။
.
(၃) ကိုယ့်ကိုယ်ကို အထင်သေးခြင်း။
စိတ်ကြီးဝင်တဲ့အကျင့်က မကောင်းပါဘူး။ ဒါပေမယ် စိတ်ကြီးဝင်တာကမှ အောင်မြင်ချင် အောင်မြင်နိုင်ပါသေးတယ်။ ကိုယ့်ကိုယ်ကို အထင်သေးပြီဆိုရင်ောတ့
အောင်မြင်မှုလမ်းကို လက်ပြနှုတ်ဆက်လိုက်သလိုပါပဲ။ ကိုယ့်ကိုယ်ကို အထင်သေးမယ့်အစား အမြဲတမ်းအားပေးပါ။ သန်မာနေအောင် လေ့ကျင့်ယူပါ။
အရည်အချင်းတွေ မလုံလောက်သေးဘူးဆိုရင် ထပ်ပြီးတော့ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုတော့ အထင်မသေးလိုက်ပါနဲ့။
.
(၄) အနာဂတ်မရှိခြင်း။
အနာဂတ်ကို မပြင်ဆင်တတ်ရင် သင်အောင်မြင်ဖို့မလွယ်ပါဘူး ။ နောက် လာမယ့်အပတ်မှာ ဘာတွေလုပ်မယ်လို့ သင့်မှာ Plan ချထားတာရှိသလား?
လာမယ့် လမှာကော? လာမယ့် နှစ်? အောင်မြင်ချင်ရင် အနာဂတ်မရှိတဲ့ဘဝကို ရပ်တန့်ပစ်လိုက်ပါ။
.
(၅) ရည်မှန်းချက်ပျောက်ခြင်း။
တစ်ခါတစ်လေမှာ ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့အချိန်ေ တွ ရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ စိတ်ဓါတ်တွေကျပြီး ဖြစ်ချင်စိတ်တွေ
ပျောက်သွားတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒီလိုမျိုး ရည်မှန်းချက်တွေဝေဝါးတတ်တဲ့ အကျင့်ကို ရပ်ဖို့လိုပါမယ်။
.
(၆) လူတွေနဲ့ သဟဇာတမဖြစ်ခြင်း။
လူတွေနဲ့ နေရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်ဘူးဖြစ်စေ လိုက်လျောညီထွေဖြစ်အောင်တော့  နေရမှာပါ။ အခွင့်အလမ်းနဲ့ သင်ယူမှုဆိုတာ
လူတွေကြားထဲမှာပဲ ရှာဖွေလို့ရတာပါ။ လူတွေကို မျက်ကွယ်ပြုလိုက်ရင် အခွင့်အလမ်းတွေလည်း ရှားပါးသွားပါလိမ့်မယ်။
.
(၇) သူများနဲ့ နှိုင်းယှဉ်ခြင်း။
ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်လိုက်တာဟာ အရမ်းဆိုးတဲ့အမူအကျင့်ပါပဲ။ ဒီအကျင့်ကြောင့် ကိုယ့်ထက်နိမ့်တဲ့သူနဲ့တွေ့ ရင် အောက်ခြေလွတ်သွားတတ်သလို
ကိုယ့်ထက်သာတဲ့သူနဲ့တွေ့တဲ့ အခါမှာတော့ သိမ်ငယ်တဲ့စိတ်၊ အားငယ်တဲ့စိတ်တွေ ဖြစ်သွားတတ်ပါတယ်။
.
(၈) အတိတ်ကိုစွဲလန်းခြင်း။
အတိတ်က အောင်မြင်မှုမှာပဲ သာယာမိန်းမောနေမယ်ဆိုရင်.. အတိတ်က နာကျင်မှုတွေမှာပဲ ထိခိုက်ခံစားနေဦးမယ်ဆိုရင်
အနာဂတ်မှာရှိနေတဲ့ အောင်မြင်မှုတွေဟာ သင့်အတွက်မဟုတ်ဘူးလို့ ပြောပါရစေ။
____________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
==========================
သင့်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ဒီအမူအကျင့်လေးတွေကို ရပ်တန့်ပစ်ဖို့လိုပါလိမ့်မယ
သိသိသာသာတစ်ဖုံနဲ့ သင့်ရဲ့အောင်မြင်မှုတွေကို အနှောင့်အယှက်ပေးပါလိမ့်မယ်
.
(၁) ပြီးပြည့်စုံချင်တဲ့အကျင့်။
ပြီးပြည့်စုံချင်တာ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားဆိုတာ ဝေခွဲရခက်ပါတယ်။ တစ်ခါတစ်လေမှာ ပြီးပြည့်စုံချင်လွန်းတာကြေ
အလုပ်မတွင်တာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် လူတိုင်း ပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို လက်ခံရပါမယ်။ ဒီတော့ အကောင်းဆုံးကြိုးစားပါ။
ဒီ့ထက်ပိုပြီးတော့ ပြီးပြည့်စုံစရာမလိုပါဘူး။ အကောင်းဆုံးကြိုးစားဖို့သာ သေချာပါစေ။
.
(၂) အားနာတတ်တဲ့အကျင့်တွေ။
အားနာတတ်တဲ့အကျင့်တွေက သင့်ကို ကောင်းကောင်းကြီး အနှောင့်အယှက်ပေးနိုင်ပါတယ်
စီးပွားရေးမှာ အားနာမယ်ဆိုရင်တော့ သင် ကျရှုံးဖို့တောင် ပြင်ဆင်သင့်နေပါပြီ။
.
(၃) ကိုယ့်ကိုယ်ကို အထင်သေးခြင်း။
စိတ်ကြီးဝင်တဲ့အကျင့်က မကောင်းပါဘူး။ ဒါပေမယ် စိတ်ကြီးဝင်တာကမှ အောင်မြင်ချင် အောင်မြင်နိုင်ပါသေးတယ်။ ကိုယ့်ကိုယ်ကို အထင်သေးပြီဆိုရင်ောတ့
အောင်မြင်မှုလမ်းကို လက်ပြနှုတ်ဆက်လိုက်သလိုပါပဲ။
အရည်အချင်းတွေ မလုံလောက်သေးဘူးဆိုရင် ထပ်ပြီးတော့ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုတော့ အထင်မသေးလိုက်ပါနဲ့။
.
(၄) အနာဂတ်မရှိခြင်း။
အနာဂတ်ကို မပြင်ဆင်တတ်ရင် သင်အောင်မြင်ဖို့မလွယ်ပါဘူး
လာမယ့် လမှာကော? လာမယ့် နှစ်? အောင်မြင်ချင်ရင် အနာဂတ်မရှိတဲ့ဘဝကို ရပ်တန့်ပစ်လိုက်ပါ။
.
(၅) ရည်မှန်းချက်ပျောက်ခြင်း။
တစ်ခါတစ်လေမှာ ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့အချိန်ေ
ပျောက်သွားတဲ့အချိန်တွေလည်း
.
(၆) လူတွေနဲ့ သဟဇာတမဖြစ်ခြင်း။
လူတွေနဲ့ နေရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်ဘူးဖြစ်စေ လိုက်လျောညီထွေဖြစ်အောင်တော
လူတွေကြားထဲမှာပဲ ရှာဖွေလို့ရတာပါ။ လူတွေကို မျက်ကွယ်ပြုလိုက်ရင် အခွင့်အလမ်းတွေလည်း ရှားပါးသွားပါလိမ့်မယ်။
.
(၇) သူများနဲ့ နှိုင်းယှဉ်ခြင်း။
ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်လိုက်တာဟာ အရမ်းဆိုးတဲ့အမူအကျင့်ပါပဲ။
ကိုယ့်ထက်သာတဲ့သူနဲ့တွေ့တဲ့
.
(၈) အတိတ်ကိုစွဲလန်းခြင်း။
အတိတ်က အောင်မြင်မှုမှာပဲ သာယာမိန်းမောနေမယ်ဆိုရင်.. အတိတ်က နာကျင်မှုတွေမှာပဲ ထိခိုက်ခံစားနေဦးမယ်ဆိုရင်
အနာဂတ်မှာရှိနေတဲ့ အောင်မြင်မှုတွေဟာ သင့်အတွက်မဟုတ်ဘူးလို့ ပြောပါရစေ။
____________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။