Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 9, 2018

ဆံသဆိုင် တဆိုင်တွင်

ဆံသဆိုင် တဆိုင်တွင်
ဆံပင်ညှပ်သူများနှင့် စည်ကားနေ၏။

ဆံပင်ညှပ်ဆရာတစ်ယောက်မှ လွဲပြီး ကျန်ဆံသဆရာ
အားလုံးမှာ ဆံသပေးနေကြလေသည်။

ထို ဆံသဆရာလူငယ်လေးတစ်ဦးသည်
စိတ်လှုပ်ရှားခြင်းများစွာဖြင့် ဆံပင်လာညှပ်မည့်
ဧည့်သည်ကို မျှော်နေမိ၏ ။

ယနေ့မှစကာ ဆိုင်ပိုင်ရှင်က သူ့ကို ဆံသခွင့် ပေးလိုက်သည်။

သူသည် ထိုဆိုင်တွင် အောက်ခြေ သိမ်းအလုပ်များနှင့်
ခေါင်းလျှော်သည့် အလုပ်တွေ၂ နှစ်လုပ်ရင်း
ဆံပင်ညှပ်ပညာကို သင်ယူခဲ့ရပြီး

ယနေ့သည် သူ၏ပထမဆုံးသော ဧည့်သည်ကို
ဆံသပေးရမည့် နေ့ ဖြစ်နေလေသည်။

သူတို့ဝန်ထမ်းအချင်းချင်း ဆံသပေးဖူးသော်လည်း
သူ၏ပထမဆုံးသော ဧည့်သည်ကို ဆရာမကူဘဲ
ညှပ်ရတော့မည် ဖြစ်သောကြောင့် သူ၏ ရင်ထဲတွင်
ကြောက်သလိုလို၊ပျော်သလိုလို ဖြစ်နေလေသည်။

သူတွေးနေစဉ် ဧည်သည့်နှစ်ဦးက ဆိုင်ထဲ ဝင်လာကြသည်။

“မင်္ဂလာပါခင်ဗျာ….
ဆံပင်ညှပ်မှာလားဆရာ”
“အေး အာကာ အားပြီးလား။”

“ဦးမိုးရေ ခဏစောင့်ပါဦး။ ဒီတစ်ယောက်ပြီးရင် ရပါပြီ”
သူပင် မဖြေလိုက်ရ။ အာကာ က ဆံသနေရင်း လှမ်းအော်သည်။

ဆံပင်လာညှပ်သည့် လူအားလုံးက သူတို့ညှပ်နေကျ
လူတွေနှင့်သာ စောင့်ညှပ်ကြသည်။

“ဆရာ ကြွပါခင်ဗျာ”
သူ တွေးနေတုန်း လူတစ်ယောက်ဝင်လာ၍ ပြောနေကျ
စကားက အလိုလို ထွက်သွားသည်။

“မင်္ဂလာပါခင်ဗျာ….
ဆံပင်ညှပ်မှာလားဆရာ”

“အင်း”
သူ၏စိတ်ထဲတွင် ထိုလူ့၌ ညှပ်နေကျ ဆံသဆရာ
မရှိပါစေနှင့်ဟု ဆုတောင်းနေမိသည်။

“ညှပ်လို့ ရပြီလား။စောင့်ရဦးမှာလား”

“ရပါပြီဆရာ”

ဆံပင်ညှပ်မည့်နေရာကို ဦးဆောင်ခေါ်သွားရင်း
သူ၏ စိတ်ထဲ ပျော်ရွှင်နေမိသည်။

“ဆရာ ထိုင်ပါခင်ဗျာ”

ဧည့်သည်၏ ကိုယ်ပေါ်တွင် ခြုံလွှာလွှားရင်း
“ဆရာ ဘယ်လိုကေ ညှပ်မလဲဗျ”

“ဒီပုံအတိုင်းပဲ။ တိုပေး။ ပါးပေး”

“ဟုတ်ကဲ့ဆရာ”

“သေချာ ညှပ်နော်။ ဧည့်သည် မကြိုက်ရင်
မင်း နောက်နေ့ မညှပ်ရဘူး”

ဆံပင်ညှပ်ဆရာ အကြီးတစ်ယောက်က သူ့ကို လှမ်းအော်သည်။

ဧည့်သည်ရှေ့တွင် လှမ်းအော်သော အကြီးကို စိတ်ထဲက
ကျိန်ဆဲမိသည်။

ဘာကြောင့်များ ဧည့်သည်ကွယ်ရာမှာ မပြောပါလိမ့်။

ဧည့်သည်၏ မျက်ဝန်းတွေကို ကြည့်မိတော့
သူ့ကို အထင်သေးသည့် အရိပ်တွေ မတွေ့ရ၍
တော်ပါသေးရဲ့ဟု တွေးလိုက်မိသည်။

သူ၏ လက်တွေက ဆံသပစ္စည်း တချို့နှင့် ရောထွေးကာ
ကချေသည်လို လှုပ်ရှားနေမိသည်။

စိတ်လှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း
ညှပ်စတွင် လက်တွေက တုန်ယီနေမိသည်။

သူ ကြိုးစားညှပ်သော်လည်း ဘယ်နှင့်ညာဘက်ခေါင်းက
ဆံပင်တွေက မညီ ။
သိသာလောက်အောင် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်။

ဧည့်သည်က မှန်တွင်ကပ်ထားသော “ဝန်ထမ်းများ
ဆက်ဆံရေး မပြေပြစ်ပါက ဖုန်းဆက် တိုင်နိုင်ပါသည်”ဟူသော
စာတမ်းကို ကြည့်နေသည်။

သူ၏ ဆံပင်ညှပ်ပုံ မကောင်းကြောင်း အတိုင်ခံရလျှင်
ဆိုင်ပိုင်ရှင်က သူ့ကို ခေါင်းလျှော်သည့်နေရာကို ပြန်ပို့မှာ
သူ ကြောက်မိသည်။

“ဆရာ ပြီးပါပြီခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ”

နောက်ကြည့်မှန်နှင့် ခေါင်းအနောက်ဘက်ကို ပြရင်း
သူမေးတော့ ဧည့်သည်က

“မလျှော်တော့ဘူး ညီလေး။ ကျေးဇူးပဲ။
ဆံပင်ညှပ်တာ ပုံစံလေးကောင်းတယ်”

ဧည့်သည်က ကျသင့်ငွေ ရှင်းပြီး ပြန်သွားတော့မှ
ရင်ထဲက အပူလုံးကြီးကို ဟူး…ခနဲ မှုတ်ထုတ် လိုက်ရသည်။

“ငါ လုပ်နိုင်တယ်ကွ” ဟုတွေးကာ ပျော်ရွှင်သွားမိသည်။

နောက် တစ်နှစ် ခန့်ကြာသော်……..။
“မင်္ဂလာပါခင်ဗျာ….
ဆံပင်ညှပ်မှာလားဆရာ”
သူ၏ အသံတွေထဲတွင် ယုံကြည်ချက်တွေ
အပြည့်ပါနေလေသည်။

တစ်နှစ်အတွင်း သူ ကိုင်ခဲ့ရသည့် ခေါင်းတွေက
များခဲ့သောကြောင့် ဆံပင်ညှပ်သည့်ကိစ္စက
သူ့အတွက် အကျွမ်းတဝင် ဖြစ်နေပေပြီ။

ဧည့်သည် တစ်ဦး၏ ဆံပင်ကို ကျွမ်းကျင်စွာ ညှပ်နေရင်း
ထိုဧည့်သည်ကို မြင်ဖူးသလို ရှိ၍ စဉ်းစားနေမိသည်။

‘ဟာ ဒီဆရာက ငါပထမဆုံး ဆံသပေးခဲ့တဲ့လူပဲ’
သူ၏ စိတ်ထဲသာ ပြောနေမိသည်။

“ဆရာ ပြီးပါပြီခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ”

နောက်ကြည့်မှန်နှင့် ပြရင်း သူမေးတော့
ဧည့်သည်ကပြန်ပြောသော စကားကြောင့် သူ အံ့ဩသွားမိ၏။

“ငါ့ညီလေးတောင် ဆံပင်ညှပ်တာ ကျွမ်းကျင်သွားပြီပဲ”

“ဟာ ဆရာက ကျတော့်ကို မှတ်မိတယ်ပေါ့”

“မှတ်မိတာပေါ့ကွ။ အဲ့ဒီနေ့က ငါ တခြားဆိုင်မှာ
ပြန်ပြင်လိုက်ရသေးတယ်။”

သူ အံ့သြ သွားမိသည်။ သူညှပ်ပေးသည့် ဆံပင် မညီတာ
သိလျက်နှင့် အဘယ်ကြောင့် ပြဿနာ မရှာရတာလဲ
ဆိုတာကို သူ သိချင်မိသည်။

“ဆရာ က အဲဒီနေ့က ဆံပင် မညီတာသိပေမဲ့
ကျွန်တော်ကို ဘာလို့ ကျေးဇူးပဲ။
ဆံပင်ညှပ်တာပုံစံလေးကောင်းတယ် လို့ ပြောသွားရတာလဲ”

ဧည့်သည် ပြန်ပြောလာမည့် စကားကို မျှော်လင့်ရင်း
ဧည့်သည်၏ မျက်ဝန်းတွေကို ငေးမောနေမိသည်။

“ငါ အဲဒီနေ့က မင်းကို ယုံကြည်မှုတွေ ပေးလိုက်တာပါ။
အဲဒီယုံကြည်မှုက အခု မင်းကို အများကြီး အထောက်အကူ
ပေးနေမယ်လို့ ငါထင်တယ်။
မင်း စိတ်လှုပ်ရှားနေမှန်း ငါသိပါတယ်။
ငါသာ တစ်ခုခုပြောလိုက်ရင် မင်းရဲ့ စိတ်ထဲ ရမဲ့ ဒဏ်ရာက
သေအထိ ပျောက်မယ် မထင်ဘူး။
မင်းက ဆံပင်ညှပ်တတ်ပါတယ်။
စိတ်လှုပ်ရှားပြီး လက် အနည်းငယ် တုန်နေလို့သာ
မညီမညာ ဖြစ်ခဲ့ရတာ။
အလွန်ဆုံး ငါ ကတုံးတုံးရရုံပေါ့ကွာ။
ငါ့အတွက် ကြီးကြီးမားမား မထိခိုက်နိုင်ပါဘူး။ ဟားဟား……။
မှတ်ထား ညီလေး။ အလုပ်မှာ မှားမှာ မကြောက်နဲ့။
မမှားဖူးတဲ့ လူဟာ အလုပ် မလုပ်ဖူးတဲ့ လူပဲ။
ဒါပေမဲ့ ထပ်ခါထပ်ခါ မမှားစေနဲ့ပေါ့ကွာ။
အဲတာတော့ မှတ်ထား”

“အစ်ကိုက ဘာလို့ အဲလို လုပ်ရတာလဲဟင်”

အံ့သြကြီးစွာ သူမေးမိတော့
ဧည့်သည်က သူ နားမလည်သော စကားကို ဆိုသည်။

“ငါ့ယုံကြည်မှုတွေ အသတ်ခံခဲ့ရဖူးလို့ပါကွာ”

Credit ကိုဟမ်စိုင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။