#မျက်စေ့ တစ်ထောက်စာသာ
---------------------
မြင်တတ်သူ မဟုတ်ပဲ . .
------------------------
မျက်စိတစ်ဆုံး ကြည့်တတ်သူ ဖြစ်ပါစေ . .
-------------------------- ----
ကိုယ်ဟာ ဘယ်လောက်
အဆင်း လှသူဖြစ်ပါစေ
ကျန်းမာသူဖြစ်ပါစေ
ရာထူးကြီးသူ ဖြစ်ပါစေ
ချမ်းသာသူဖြစ်ပါစေ
အောင်မြင်ကျော်ကြားသူ ဖြစ်ပါစေ
ထိုအရာတွေကို ထားခဲ့ပြီး
သေသွားရမယ့် လူတစ်ယောက်သာ
ဖြစ်တယ် . .
ထိုအရာတွေကို ကိုယ်မသေခင်
ခဏတာ ထိန်းသိမ်းထားရတဲ့
အထိန်းတော်မျှသာဖြစ်တယ် . .
ကိုယ်သေရာနောက် တပါတည်း
ယူဆောင်သွားလို့ မရမယ့်အရာ
ထားခဲ့ရမယ့် အရာတွေအတွက်နဲ့
မတရားလောဘ မထားပါနဲ့
ငါဆိုတဲ့ အတ္တစိတ် အစွဲမထားပါနဲ့
•ကိုယ့် ထက်နိမ့်ကျသူတို့ အပေါ်
မြေနိမ့်ရာ လှံစိုက်သူ အနေနဲ့
မရှင်သန်ပဲ . .
သူတို့ဘဝကို ကူညီမြှင့်တင်ပေးသူ
အနေနဲ့ပဲ ရှင်သန်လိုက်ပါ . .
•ကိုယ်နဲ့ တန်းတူရည်တူရှိသူတို့ အပေါ်
ခြေထိုးလဲကျစေသူ ကလိမ်ကျသူ
အနေနဲ့ မရပ်တည်ပဲ . .
ဘဝတူတွေ အဆင်ပြေစေသူ
အနေနဲ့ပဲ ရပ်တည်နိုင်အောင်
ကြိုးစားနေပါ . .
•ကိုယ့်ထက်သာသူ ကိုယ်ထက်ရှေ့
ရောက်သူတို့အပေါ် အမှောင်ထဲကနေ
အကောက်ကြံသူ အနေနဲ့ မရှင်သန်ပဲ . .
သူတို့ အောင်မြင်မှုအတွက်
မုဒိတာပွားနိုင်သူ သူတို့နဲ့ ထပ်တူ
ကြည်နိုးနိုင်သူ ဖြစ်အောင်သာ
ကြိုးစား ကျင့်ကြံပါ . .
ကိုယ့်မှာ ငါ ဆိုတဲ့ အတ္တစိတ်တွေ
အာဏာရှင် စိတ်ဓာတ်တွေ
ကြီးနိုင် ငယ်ညှင်း စိတ်ဓာတ်တွေ
မာန်မာနာတွေ ကြီးထွားနေမိပြီဆိုရင် . .
အိမ်မှာဖြစ်စေ အလုပ်မှာဖြစ်စေ
ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ
မဆိုင်သည်ဖြစ်စေ
လိုအပ်သည်ဖြစ်စေ
မလိုအပ်သည်ဖြစ်စေ
အောက်ခြေသိမ်း အလုပ်လေးတွေ
လုပ်ကြည့်ရင်း . .
ကိုယ်ချင်းစာစိတ် စာနာစိတ်
ရို့ကျိုးနှိပ်ချတတ်တဲ့ စိတ်အလှ
လေးတွေကို ရှာဖွေကြည့်လိုက်ပါ . .
လုပ်ဆောင်ချက်လေးတွေ
အရင်ကထက် မှန်ကန်လာမယ်
တည့်မတ်လာလိမ့်မယ်လို့
ယုံကြည်မိပါတယ် . .
လေးစားလျက်
#credit_MaPui (ဇလပ်မြေ)
---------------------
မြင်တတ်သူ မဟုတ်ပဲ . .
------------------------
မျက်စိတစ်ဆုံး ကြည့်တတ်သူ ဖြစ်ပါစေ . .
--------------------------
ကိုယ်ဟာ ဘယ်လောက်
အဆင်း လှသူဖြစ်ပါစေ
ကျန်းမာသူဖြစ်ပါစေ
ရာထူးကြီးသူ ဖြစ်ပါစေ
ချမ်းသာသူဖြစ်ပါစေ
အောင်မြင်ကျော်ကြားသူ ဖြစ်ပါစေ
ထိုအရာတွေကို ထားခဲ့ပြီး
သေသွားရမယ့် လူတစ်ယောက်သာ
ဖြစ်တယ် . .
ထိုအရာတွေကို ကိုယ်မသေခင်
ခဏတာ ထိန်းသိမ်းထားရတဲ့
အထိန်းတော်မျှသာဖြစ်တယ်
ကိုယ်သေရာနောက် တပါတည်း
ယူဆောင်သွားလို့ မရမယ့်အရာ
ထားခဲ့ရမယ့် အရာတွေအတွက်နဲ့
မတရားလောဘ မထားပါနဲ့
ငါဆိုတဲ့ အတ္တစိတ် အစွဲမထားပါနဲ့
•ကိုယ့် ထက်နိမ့်ကျသူတို့ အပေါ်
မြေနိမ့်ရာ လှံစိုက်သူ အနေနဲ့
မရှင်သန်ပဲ . .
သူတို့ဘဝကို ကူညီမြှင့်တင်ပေးသူ
အနေနဲ့ပဲ ရှင်သန်လိုက်ပါ . .
•ကိုယ်နဲ့ တန်းတူရည်တူရှိသူတို့ အပေါ်
ခြေထိုးလဲကျစေသူ ကလိမ်ကျသူ
အနေနဲ့ မရပ်တည်ပဲ . .
ဘဝတူတွေ အဆင်ပြေစေသူ
အနေနဲ့ပဲ ရပ်တည်နိုင်အောင်
ကြိုးစားနေပါ . .
•ကိုယ့်ထက်သာသူ ကိုယ်ထက်ရှေ့
ရောက်သူတို့အပေါ် အမှောင်ထဲကနေ
အကောက်ကြံသူ အနေနဲ့ မရှင်သန်ပဲ . .
သူတို့ အောင်မြင်မှုအတွက်
မုဒိတာပွားနိုင်သူ သူတို့နဲ့ ထပ်တူ
ကြည်နိုးနိုင်သူ ဖြစ်အောင်သာ
ကြိုးစား ကျင့်ကြံပါ . .
ကိုယ့်မှာ ငါ ဆိုတဲ့ အတ္တစိတ်တွေ
အာဏာရှင် စိတ်ဓာတ်တွေ
ကြီးနိုင် ငယ်ညှင်း စိတ်ဓာတ်တွေ
မာန်မာနာတွေ ကြီးထွားနေမိပြီဆိုရင် . .
အိမ်မှာဖြစ်စေ အလုပ်မှာဖြစ်စေ
ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ
မဆိုင်သည်ဖြစ်စေ
လိုအပ်သည်ဖြစ်စေ
မလိုအပ်သည်ဖြစ်စေ
အောက်ခြေသိမ်း အလုပ်လေးတွေ
လုပ်ကြည့်ရင်း . .
ကိုယ်ချင်းစာစိတ် စာနာစိတ်
ရို့ကျိုးနှိပ်ချတတ်တဲ့ စိတ်အလှ
လေးတွေကို ရှာဖွေကြည့်လိုက်ပါ . .
လုပ်ဆောင်ချက်လေးတွေ
အရင်ကထက် မှန်ကန်လာမယ်
တည့်မတ်လာလိမ့်မယ်လို့
ယုံကြည်မိပါတယ် . .
လေးစားလျက်
#credit_MaPui (ဇလပ်မြေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။