🔸ကောင်းလိုက်တဲ့ ဆုတောင်း🔸
**************************
🖌တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်...
🖌 ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်...
🖌ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်...
ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါ တယ်။ ကျန်တစ်ယောက်ကတော့ သစ်သီးပင်မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်...
🖌နောက်နေ့မှာ ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ဆုတောင်းတော့
သင်္ဘောပျက်ပေါ်က အမျိုးသမီးတစ်ယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။ အဲလိုပဲ
အ၀တ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်...
နောက်ဆုံးတော့ သူက သင်္ဘောတစ်စီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။ သင်္ဘောတစ်ကယ်ပဲရောက်လာတော့ သူရယ် သူ့အဖော်အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်...
🖌အဲဒီအချိန်မှာ သိကြားမင်းပေါ်လာပြီး မေးပါတယ်။
☞"ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားဘူးလဲ ဆိုတော့ သူကဖြေပါတယ်သူက ကံမကောင်းဘူးလေ။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာလားတောင်မသိဘူး။ ဒါကြောင့် ဒီတစ်ခါတော့ သူကို ကျွန်တော် ထားခဲ့တော့မယ်"...
🖌သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်းဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတစ်ခုထဲကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ပါဘူး"...
🖌ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ" လို့မေးလိုက်တော့...
⚘"သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများအားလုံး ပြည့်ပါစေတဲ့"... အဲ့ဆုတောင်းကိုပဲ ငါဖြည့်စည်းပေးခဲ့တာပါ⚘
⚘လောကမှာလည်း ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦးတစ်ယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါဝင်နိုင်တယ်ဆိုတာကိုတော့ မမေ့သင့်ပါ။.....
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။ #AZM #Credit to original
Jobs4U
**************************
🖌တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်...
🖌 ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်...
🖌ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်...
ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါ
🖌နောက်နေ့မှာ ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ဆ
နောက်ဆုံးတော့ သူက သင်္ဘောတစ်စီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။ သင်္ဘောတစ်ကယ်ပဲရောက်လာတော့ သူရယ် သူ့အဖော်အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်...
🖌အဲဒီအချိန်မှာ သိကြားမင်းပေါ်လာပြီး မေးပါတယ်။
☞"ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားဘူးလဲ ဆိုတော့ သူကဖြေပါတယ်သူက ကံမကောင်းဘူးလေ။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာလားတောင်မသိဘူး။
🖌သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်းဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတစ်ခုထဲကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ပါဘူး"...
🖌ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ" လို့မေးလိုက်တော့...
⚘"သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများအားလုံး ပြည့်ပါစေတဲ့"... အဲ့ဆုတောင်းကိုပဲ ငါဖြည့်စည်းပေးခဲ့တာပါ⚘
⚘လောကမှာလည်း ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦးတစ်ယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါဝင်နိုင်တယ်ဆိုတာကိုတော့
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။ #AZM #Credit to original
Jobs4U
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။