အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....
ရူပဗေဒဆိုင်ရာအာကာသပညာရှင် Chandrasekhar ချန်ဒရာရှက်ခါဟာ သူ့ရဲ့ဘာသာရပ်ကိုသိပ်ချစ်မြ တ်နိုးတယ်။ သူ့အတွေးအခေါ်တွေဟာ သိပ်ထူးဆန်းတဲ့အတွက် တခြားပညာရှင်တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ
သူ့ရဲ့အတွေးအခေါ်တွေကို လက်မခံခဲ့ကြဘူး။ သူဟာ သူစိတ်ဝင်စားတဲ့
အာကာသသိပ္ပံဘာသာရပ်ကို အထူးတလည်လေ့လာရင်း သူ့ဘဝကို
မှေးမှိန်စွာဖြတ်သန်းနေခဲ့ပါတယ်။
တနေ့မှာတော့ ချန်ဒရာရှက်ခါဟာ သူအလုပ်လုပ်လေ့လာနေတဲ့ တက္ကသိုလ်ကနေ မိုင် (၈၀) ဝေးတဲ့နေရာကို သွားပြီး ရူပဗေဒ အာကာသပညာကို သင်ကြားပေးဖို့ စေလွှတ်ခြင်းခံရတယ်။ သူ့အနေနဲ့ကလဲ ပထမဆုံးအတန်းဖြစ်တာမို့ သူစာသင်ရမယ့်နေရာကို မျှော်လင့်ချက်အများကြီးထား ပြီး
သွားရောက် ခဲ့တာပေါ့ ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့
သူ့မျှော်လင့်ချက်တွေနဲ့ တခြားစီဖြစ်နေတာကို တွေ့ရပါတော့တယ်။ သူ့အတန်းကို
တက်မယ့်ကျောင်းသားက စုစုပေါင်းမှ (၂) ယောက်ပဲရှိတယ်။
အဲ့ဒီခေတ်အခါက ဆရာတစ်ယောက်အောင်မြင်မမြင်ဆိုတာကို လာတက်တဲ့ ကျောင်းသားအရေအတွက်နဲ့ ဆုံးဖြတ်တာမျိုးဆိုတော့ ချန်ဒရာရှက်ခါဟာ သူ့သူငယ်ချင်းဆရာတွေကြားထဲမှာ အဟားခံရတော့တယ်။ အစကတော့ သူဟာ အဲ့ဒီအတန်းကို ဖျက်ပစ်မယ်လုပ်လိုက်သေးတယ်။ ကျောင်းသားနှစ်ယောက်ကို သူစာသင်ချိန်တစ်ချိန်ပေးဖို့ အတွက်ဆို
အသွားအပြန် မိုင်(၁၆၀)ကို အသွားအလာလုပ်နေရတာကိုး။ ဒါပေမယ့်
တကယ့်တကယ်မှာတော့ သူဟာ ဒီအတန်းကို မဖျက်ပစ်ရက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့
ဒီဘာသာရပ်ရယ်၊ ဒီအတန်းလေးရယ်ကို သူ သိပ်ချစ်မြတ်နိုးမိလို့ပါတဲ့ ။
သူနဲ့ သူ့ကျောင်းသားနှစ်ယောက်ဟာ အတွေးအခေါ်တွေ၊ အယူအဆတွေကို ဆွေးနွေးဖလှယ်ကြတယ်။ တစ်ယောက်ရဲ့အတွေးအခေါ်ကို တစ်ယောက်ကဆန်းစစ်ဝေဖန်မှုတွေ ပြုလုပ်ရင်းနဲ့
သူတို့ရဲ့ နေ့ရက်တွေကို ကုန်မှန်းမသိပဲ ကုန်လွန်စေခဲ့ကြတယ်။
နောက်ဆုံးမှာတော့ ဆရာတပည့်(၃)ယောက်ဟာ အယူအဆသစ်တစ်ရပ်ကို
သက်သေပြဖော်ထုတ်နိုင်တဲ့အထိ ခရီးရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ဒီအတန်းလေးဟာ တက္ကသိုလ်ရဲ့ သမိုင်းတစ်လျှောက်မှာ အသေးငယ်ဆုံးအတန်းလေးဆိုပြီး လှောင်ရယ်စရာအတန်းလေး ဖြစ်ခဲ့တာပေါ့။
သိပ်မကြာပါဘူး။ ဒီအတန်းလေးထဲက ကျောင်းသားနှစ်ယောက်ဟာ နောက်နှစ်အနည်းငယ်အတွင်းမှာ ပဲ
ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးရရှိတော့တယ်။
သူ့တပည့်တွေဆုရရှိပြီး နောက်မှာ ချန်ဒရာရှက်ခါဟာလည်း နိုဘယ်ဆုကို
ရူပဗေဒပညာရပ်နဲ့ ရရှိခဲ့ပြန်တယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ရယ်မောသံကို
တစ်ကမ္ဘာလုံးက အားကျစွာ နားထောင်ခဲ့ကြရပါပြီ။
လူတွေလှောင်ပြောင်ရယ်မောခဲ့ ကြတဲ့ ဆရာတပည့်(၃)ယောက်သာရှိတယ်လို့ သမိုင်းတွင်ခဲ့တဲ့ ဒီအသေးငယ်ဆုံးအတန်းလေးကပဲ ကမ္ဘာပေါ်မှာ ဆရာကျောင်းသားအားလုံး နိုဘယ်ဆုရရှိခဲ့တဲ့ အအောင်မြင်ဆုံးအတန်းဆိုပြီး သမိုင်းတွင်ခဲ့ပါတော့တယ်။
အများနဲ့ဆန့်ကျင်ဖက်ဖြစ်ခဲ့ တဲ့ ချန်ဒရာရှက်ခါရဲ့ stellar evolution ဟာလဲ နာမည်ကျော် Black Hole သီအိုရီရဲ့ အခြေခံအကျဆုံးယူဆမှုအဖြစ် နာမည်ကျော်ခဲ့ပါတယ်။
-မှတ်စုကြမ်း #nayaung
ရူပဗေဒဆိုင်ရာအာကာသပညာရှင် Chandrasekhar ချန်ဒရာရှက်ခါဟာ သူ့ရဲ့ဘာသာရပ်ကိုသိပ်ချစ်မြ
တနေ့မှာတော့ ချန်ဒရာရှက်ခါဟာ သူအလုပ်လုပ်လေ့လာနေတဲ့ တက္ကသိုလ်ကနေ မိုင် (၈၀) ဝေးတဲ့နေရာကို သွားပြီး ရူပဗေဒ အာကာသပညာကို သင်ကြားပေးဖို့ စေလွှတ်ခြင်းခံရတယ်။ သူ့အနေနဲ့ကလဲ ပထမဆုံးအတန်းဖြစ်တာမို့ သူစာသင်ရမယ့်နေရာကို မျှော်လင့်ချက်အများကြီးထား
အဲ့ဒီခေတ်အခါက ဆရာတစ်ယောက်အောင်မြင်မမြင်ဆ
သူနဲ့ သူ့ကျောင်းသားနှစ်ယောက်ဟာ အတွေးအခေါ်တွေ၊ အယူအဆတွေကို ဆွေးနွေးဖလှယ်ကြတယ်။ တစ်ယောက်ရဲ့အတွေးအခေါ်ကို တစ်ယောက်ကဆန်းစစ်ဝေဖန်မှုတွေ
သိပ်မကြာပါဘူး။ ဒီအတန်းလေးထဲက ကျောင်းသားနှစ်ယောက်ဟာ နောက်နှစ်အနည်းငယ်အတွင်းမှာ
လူတွေလှောင်ပြောင်ရယ်မောခဲ့
အများနဲ့ဆန့်ကျင်ဖက်ဖြစ်ခဲ့
-မှတ်စုကြမ်း #nayaung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။