ငရဲခွေးကြီးတွေ လွတ်နေတယ်
|| ဒေါက်တာခင်မောင်ညို ||
● မလေးမစားမလုပ်ကြပါနဲ့...
ဆွေးနွေးကြသည်။ လက်ခံသည်။
ပြီးတော့မှ လုပ်ချင်ရာလုပ်သည်။ ပြောင် ပြောင်တင်းတင်းပြောသည်။ မျက်နှာပြောင် လွန်းလှသည်။ ကိုယ်ချင်းမစာသူတွေ ဒီလို ပြည်သူတွေကို အုပ်ချုပ်နေရင်တော့ ဇာတ် သိမ်းကောင်းကြမှာမဟုတ်ပါဘူး
အမှန်တရားကို ရှာဖွေခြင်းသာဖြစ်သည်။
မြန်မာပြည် ဘယ်လမ်းကို လျှောက်မည်နည်း။ မလေးမစားမလုပ်ကြပါနဲ့။
● စော်ကားကြပြန်ပြီ
၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲလုပ် ပေးသည်။ ပြီးတော့ ပြောင်ပြောင်တင်းတင်း ပဲ အာဏာကို မလွှဲဘူးလေ။ ဒါကို အမျိုးမျိုး ဖာထေးပြောနေကြသည်။ မှားလျှင်မှားကြောင်း ဝန်ခံရပါမည်။ အဲဒီကမှ သင်ခန်းစာရနိုင်ပါ သည်။ ကျွန်တော်ပြောချင်တာက ကျောင်း သားအရေးအခင်းတွေကိုပါပဲ။ ၁၉၂၀ တုန်း က ကျောင်းသားသပိတ်ပေါ့။ ကိုလိုနီခေတ်ကပါ။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၊ ကို လိုနီခေတ်ပါပဲ။
၁၉၆၂ ခုနှစ် ကျောင်းသားသပိတ်။ စစ် အစိုးရလက်ထက်။
ကျောင်းသားများ ပစ်သတ်ခံရရုံမျှမက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂပါ ဒိုင်းနမိုက်နှင့်ဖြိုခွဲခံ
တကယ်တော့ အင်မတန်အစဉ်အလာကြီးမားတဲ့ သမဂ္ဂအဆောက်အအုံပါ။ ဒီအဆောက်အအုံမှာ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဦးသန့်တို့ လှုပ်ရှားသွားကြသည်။
လွတ်လပ်ရေးအတွက် ကြိုးပမ်းသော ကျောင်းသားခေါင်းဆောင်များ၏
● အင်အားသုံးကြသည်
၂၀၁၀ ရွေးကောက်ပွဲပြီးသည့်နောက်တ
သို့သော် မီဒီယာလွတ်လပ်ခွင့် အသင့် အတင့်ရလာသောကြောင့် ဒီမိုကရေစီခရီးနီးလာပြီဟု ယူဆလာကြသည်။ စင်စစ်မှာ မီဒီ ယာများကို တရားစွဲခြင်း၊ သတင်းထောက် များကို ဖမ်းဆီးထောင်ချခြင်းနှင့် ပစ်သတ် သည်အထိ ချုပ်ချယ်နိုင်ရန် ကြိုးပမ်းနေသော် လည်း အများစုတော့ အကောင်းဆုံးကိုသာ မျှော်လင့်နေကြပါသည်။ စင်စစ်မှာ ဒီမိုကရေ စီလမ်းကြောင်းသို့ သွားနိုင်ရန်အတွက် ပွင့် လင်းမြင်သာမှုနှင့် သတင်းလွတ်လပ်ခွင့်သည် အရေးအပါဆုံးဖြစ်သည်။ ဒီအတွက် မီဒီယာများကလည်း ကျင့်ဝတ်နှင့်အညီ ရေးသားရန် လိုပြီး အစိုးရကလည်း လွတ်လပ်စွာရေးသား ခွင့်ကို လေးစားရမည်ဖြစ်သည်။ ကျောင်းသား ပြဿနာကိုဆက်ပါမည်။
ကျောင်းသားများက အချက် ၁၁ ချက် ကိုတောင်းဆိုသည်ကို အားလုံးသိကြပါသည်။ ဒါကို လွှတ်တော်က ဆုံးဖြတ်ပေးရန်လိုသည် ဟု ကျောင်းသားများက နားလည်ကြသည်။ ထို့ကြောင့် သပိတ်စစ်ကျောင်းကို ဆက်လက် ချီတက်ချင်းမပြုဘဲ လက်ပံတန်းတွင်ရပ်နား ထားပါသည်။ သို့သော် မတ်လ ၅ ရက်နေ့ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထား ပြီး မတ်လ ၅ ရက်တွင် ရန်ကုန်တွင် ဆန္ဒပြနေ သူများကို အင်အားသုံးလူစုခွဲခဲ့သည်။ နောက်တစ်ရက်တွင် လက်ပံတန်းရှိ ကျောင်းသားသပိတ်ကိုဖြိုခွဲက
● ငါ့စကားနွားရပြောဆိုကြ
ထိုသို့ ရန်ကုန်၌ အင်အားသုံးလူစုခွဲခြင်းကို တာဝန်ဟူသောလက်ပတ်နီများ ပါဝင်သည်ကိုတွေ့ရသည်။ ထိုတာဝန်လက်ပတ်နီ ပတ်ထားသူများသည် တစ်ချိန်က ပြည်သူအများ ကြောက်ရွံ့ခဲ့ရသည့် စွမ်းအားရှင်များပင် လော။ သူတို့ကို ဘယ်သူက တာဝန်ယူပေးထားပါသနည်း။ ဒေါ်စုကတော့ မီဒီယာက ထုတ်ဖော်ကြဖို့လိုကြောင်း ပြောသွားပါသည်။ မှန်ပါသည်။ မီဒီယာအင်အားကိုယူပြီး ပြည် သူများကို ကာကွယ်ရမည်။ ပြည်သူနှင့်အစိုးရ အကြား နားလည်မှုရရှိစေရန် ပေါင်းကူးပေး ရပါမည်။ ဦးသိန်းစိန်ကတော့ အရှေ့တောင် အာရှတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အရှ
သို့သော် သတင်းထောက်များကိုပါ ဆန္ဒ ပြသူများနှင့် ရောနှောရိုက်နှက်ဖမ်းဆီးသည်
စင်စစ် ယနေ့အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများတွင် အရပ်သားစစ်စစ်ဝန်ကြီးမှာ ပညာရေးဝန်ကြီးသာဖြစ်သည်။ ပညာရေးဝန် ကြီးသည် ကျောင်းသားကိစ္စကို ဦးဆောင်ဖြေ ရှင်းသင့်ပါသည်။ သို့သော် ပညာရေးဝန်ကြီး အပြင် ထွက်မလာပါ။ အိုဘားမားကတော့ ကျောင်းသားများကို ချီးကျူးသည်။ ထောင်ကျ မည့်လမ်းကိုမြင်လျက် မိမိဆန္ဒကို တောင်းဆို ရန်ဆန္ဒပြသူများကို အားပေးသွားပါသည်။
သို့သော် မတ်လ ၉ ရက်နေ့ထုတ် စံတော် ချိန် နေ့စဉ်သတင်းစာတွင် အောက်ပါအတိုင်း ဖတ်လိုက်ရသည်။ ခေါင်းစဉ်က ‘တစ်ပတ်အ တွင်း လွှတ်တော်မြင်ကွင်း’ ဖြစ်၍ ‘လက်ပတ်နီနီပိုင်ရှင် တာဝန်သိပြည်သူများနှင့် လွှတ်တော်’ဟု ခေါင်းစဉ်ထပ်ဆင့်တပ်ထားပါသည
‘ကျောင်းသားတွေတောင်းဆိုထား
‘ဥပဒေနှင့်အရေးယူဆောင်ရွက်မ
အတော်ဆိုးပါသည်။
● မတူကွဲပြားခြင်း
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေသည် မတူကွဲပြားခြင်းကို ဘယ်လိုသဘောပေါက်သည်ကို ကျွန်တော် နားမလည်နိုင်ပါ။ ထို့အပြင် ငြိမ်းချမ်းရေးကို သူ ဘယ်လိုဖြေရှင်းမလဲ။ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးမရသည်မှာ အဆိုပါ အတွေးအခေါ်များကြောင့်ဟု ဆိုနိုင်ပါသည်။ ရွှေလက်နှင့်ခေါ်နေတာကိုမလာရင
ပြည်သူ့အသံသည် လွှတ်တော်အသံဖြစ်သလို လွှတ်တော်အသံသည်လည်း ပြည်သူ့ အသံဖြစ်ရပေမည်။ လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေသူအားလုံး နားလည်သင့်ပါသည်။ သူတို့သည် ပြည်သူ့ပိုက်ဆံစားထား သူများဖြစ်သည်။ စားပြီးနားမလည်မလုပ်သင့်ပါ။
‘အင်း ဒီခေတ်မှာ အိုးဝေညိုမြရှိရင် ငရဲ ခွေးကြီးလွတ်လာပြီ ဆိုတာကို ရေးဦးမလားပဲ’ဟု သူကဆိုသည်။
‘ဟုတ်ပါရဲ့။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနု တို့ လက်ထက်က တက္ကသိုလ်မှာ ကျောင်း အုပ်ကြီးဟာ ဒီလိုပဲ ငါ့စကားနွားရတွေလုပ်ပြီး ကျောင်းသားတွေကို အပြစ်ပေးတာတွေလုပ်တယ်’
‘ဟုတ်ပါ့။ ဒါကို အိုးဝေညိုမြက ငရဲပြည် က ခွေးကြီးတစ်ကောင် လွတ်မြောက်လာပြီး ရန်ကုန်တက္ကသိုလ်ထဲကို ရောက်ရှိနေတယ်။ ဒီကောင်ဟာ အင်မတန်ဆိုးပြီး ငရဲသစ်ငုတ် အနေနဲ့ ရှိနေရမယ့်အကောင်ပါပဲ။ သူ့ကိုတွေ့ ရင် ဖမ်းဆီးပြီး ငရဲပြည်ကိုပြန်ပို့ကြပါလို့
‘ခုနေ ဦးညိုမြရှိနေရင် ငရဲခွေးဘယ်မှာ ရှိနေသလဲ လွတ်နေသလဲလို့ ရေးမယ်ထင်တယ်’
‘သူလွတ်နေတဲ့နေရာကိုတော့ အားလုံး သိကြပါတယ်ဗျာ။ အကျိုးမရှိဟုတ်မှန်စကား ကို မပြောတာပဲ ကောင်းပါတယ်’
‘ခင်ဗျားက ဟုတ်မှန်အကျိုးရှိတာကိုပဲ ပြောချင်တယ်ဆိုပါတော့’
‘ဒါပေါ့ဗျာ။ လွှတ်တော်ထဲမှာပြောကြတဲ့အခါ စကားကြီးခြောက်ခွန်းထဲက ဟုတ်မှန် အကျိုးရှိတာကိုပဲ ပြောရမှာပေါ့။ အစွန်းတစ်ဖက်ကို မရောက်အောင်ပြောဖို့အရေးကြီ
● နိဂုံး
‘တကယ်လည်း ကျောင်းသားတွေရဲ့ သ ပိတ်တွေကနေ စည်းရုံးမှုတွေကို ပြည်သူတွေ သိအောင် ပြနိုင်ပြီး လွတ်လပ်ရေးရခဲ့တာ မဟုတ်လား’
‘ဒါက ဒုတိယအကြိမ်သပိတ်နဲ့ပိုပြီး
‘ဒါနဲ့ ဦးနုကို ကျောင်းထုတ်တာပဲမဟုတ်လား’
‘မဟုတ်သေးဘူး။ ဦးနု မိန့်ခွန်းကနေ အ ရေးယူတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း
‘ခုတော့ လွှတ်တော်ထဲကနေ စော်ကား မော်ကားနဲ့’
‘အိုးဝေညိုမြကို သတိရတယ်ဗျာ’
‘ငရဲခွေးကြီးလွတ်လာပြီဆိုတာ
‘တစ်ကောင်တည်းတော့ ဟုတ်ဟန်မတူဘူး’
( ဒေါက်တာခင်မောင်ညို )
The Ladies News Journal ပါ ဆောင်းပါး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။