Mai Dawt Te
(၂၁) ရာစုအား နည်းပညာရာစုနှစ်ဟု လူအများက သတ်မှတ်ထားကြသည်။ နည်းပညာ၏ အံ့မခန်း အရှန်အဟုန်ပြင်းပြင်းနှင့် ရွေ့လျားမှုများအနောက် အမှီလိုက်ရသည်မှာလည်း မလွယ်လှသေးပေ။ ထို့ပြင် ထိုနည်းပညာများကို အမှီပြုပြီး ကြွယ်ဝချမ်းသာသူများမှာလည်း သက်ငယ်ပိုင်း တက်ကြွသော လူငယ်လူရွယ်များပင်ဖြစ်သည်။ အနီးစပ်ဆုံးစပ်ဆုံး ဥပမာအရ- Facebook တည်ထောင်သူ နှင့် Youtube
တည်ထောင်ခဲ့သူတို့မှာ လူငယ်လူရွယ်များပင် ဖြစ်သည်။
(၂၁) ရာစုအား နည်းပညာရာစုနှစ်ဟု လူအများက သတ်မှတ်ထားကြသည်။ နည်းပညာ၏ အံ့မခန်း အရှန်အဟုန်ပြင်းပြင်းနှင့် ရွေ့လျားမှုများအနောက် အမှီလိုက်ရသည်မှာလည်း မလွယ်လှသေးပေ။ ထို့ပြင် ထိုနည်းပညာများကို အမှီပြုပြီး ကြွယ်ဝချမ်းသာသူများမှာလည်း သက်ငယ်ပိုင်း တက်ကြွသော လူငယ်လူရွယ်များပင်ဖြစ်သည်။ အနီးစပ်ဆုံးစပ်ဆုံး ဥပမာအရ- Facebook တည်ထောင်သူ နှင့် Youtube
ထိုသို့ နည်းပညာ၏ လိုအပ်ချက် ကြီးမားလာသည်နှင့်အမျှ လူငယ်များ၏ အခန်းကဏ္ဍသည်လည်း ယခင်ကထက် ပိုမိုအရေးပါလာသည်။ ယခုအပတ်တွင် ချင်းဝေါလ်မီဒီယာအနေဖြင့်- ချင်းလူငယ် Cin Sian Dal အား ဆက်သွယ်ကာ စကားပြောခဲ့ပါသည်။ Cin Sian Dal သည် အသက် (၁၉) နှစ် အရွယ်သာ ရှိသေးပြီး၊ Microsoft
၏ ပြုလုပ်သော စာမေးပွဲတွင် ပထမဆုလည်း ရရှိခဲ့ဖူးသူဖြစ်သည်။
(၁)ပထမဆုံး Cin Sian
Dal ရဲ့မိဘတွေ ပြီးတော့ ချင်းပြည်နယ်က မွေးရပ်ဇာတိတွေကို ပြောပြပါဦး။
ဟုတ်ကဲ့ပါ။ အမေနာမည်က Nu.Khup Khawm Nem အဖေနာမည်က Pa.Sian Cin Mang
လို့ခေါ်ပါတယ်။ အဖက၀န်ထမ်းဆိုတော့လေ အတည်တကျဘယ်မှာနေတယ်ဆိုတာမရှိတော့ ဇာတိကတော့ပဲခူးပေါ့နော်။ ဒါပေမယ့် မိဘတွေဇာတိကတော့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဇုမ်းရွာဖြစ်ပါတယ်။
(၂)ပညာရေးဖြတ်သန်းမှုနဲ့ကော………….။
(၁၀)တန်းကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အ.လ.က(ထခွဲ) ကျောင်းကနေအောင်ခဲ့တယ်။ တက္ကသိုလ်ကျတော့ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် တတိယနှစ်တက်နေပါတယ်။
(၃) မြန်မာနိုင်ငံမှာ Microsoft ကပြုလုပ်တဲ့စာမေးပွဲမှာ ပထမရခဲ့တယ်လို့ သိရတယ်။ အဲဒီစာမေးပွဲအကြောင်းကို ပြောပြပေးပါဦး။
ဖြေတာက ၂၀၁၂ တုန်းကဖြေခဲ့ပါတယ်။ နိုင်ငံတကာစာမေးပွဲတစ်ခုဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်ကို Center ကိုသွားညှိပြီးတော့ ဖြေလို့ရတယ်။ Microsoft Certified IT Professional CMCCITP – Enterprise Administrator နဲ့ပြီးသွားတယ်။
(၄)ဒီလို ပြိုင်ပွဲဝင်ဖို့အတွက် ကွန်ပျူတာအပိုင်းပြင်ဆင်မှုတွေကိုလည်း ဝေငှပေးပါဦး။
အစကတော့ Network အပိုင်းပေါ့နော်။ အဲဒါကိုလေ့လာရင်းနဲ့ လိုအပ်ချက်အရ Microsoft Server
အပိုင်းတွေကိုလေ့လာတယ်၊ လေ့လာရင်းနဲ့ သင်တန်းတွေတက်ဖြစ်တယ် အဲဒီအကြောင်းတွေ ပိုသိလာတယ်ပေါ့။ အဲဒီစပြီး Microsoft Server အမြင်တွေရလာတယ်။ ဒီလိုနဲ့ပဲ စိတ်ဝင်စားလေလေ လေ့ကျင့်မှုများလေလေပါပဲ ၊ အမြဲတမ်းစမ်းနေရတာပေါ့။
(၅)ကွန်ပျူတာမှာဆိုရင် Hardware အပိုင်း Software
အပိုင်း Networking အပိုင်းဆိုပြီးတော့ ကဏ္ဍတွေအရမ်းများတော့ အဲဒီအထဲမှာမှ ဘယ်အပိုင်းကို အဓိကလေ့လာဖြစ်လဲ။
ကျွန်တော်က Network အပိုင်းတွေကို သင်တန်းတွေတက်ပြီးတော့ သင်ယူတယ်။ Software
အပိုင်းကိုတော့ ကိုယ့်ဟာကိုယ် လေ့လာတယ်။ Software အပိုင်းကိုလည်း ပိုပြီးတော့ စိတ်ဝင်စားတယ်လို့ပြောလို့ရမယ်။
(၆)ကွန်ပျူတာကို ဘယ်အရွယ်ကတည်းက စတင်လေ့လာတာလဲ။
ကျွန်တော် ဆယ်တန်းပြီးပြီးချင်း လေ့လာခဲ့ပါတယ်။
(၇) အခုခေတ် လူငယ်တွေက ကွန်ပြူတာနည်းပညာထက် ဂိမ်း(စ်) ကစားတာကိုပဲ ခင်တွယ်နေကြတော့ အဲဒီအပေါ်မှာကော ဘယ်လိုသုံးသပ်ပါလဲ။
ဒါကတော့ အချိန်ကုန်တာပဲ ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
ဒါကတော့ အချိန်ကုန်တာပဲ ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
(၈)ကွန်ပျူတာနဲ့ ဂိမ်းတွေကစားတာတွေပဲ အရမ်းများလာတော့ နိုင်ငံရပ်ခြားမှာဆိုရင် အသက်(၁၃)နှစ်အောက်တွေကို တစ်ပတ်မှာ (၅)နာရီပဲ ကွန်ပျူတာရှေ့မှာ ထိုင်ရမယ်ဆိုပြီး ဆရာ/မတွေက သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့ လုပ်ဆောင်တာတွေရှိနေပါတယ်။ အဲဒီလို ကန့်သတ်မှုတွေ အပေါ်မှာကော ဘယ်လိုသုံးသပ်လဲ။
အဲဒါကတော့ လေ့လာမှုနဲ့ ကျန်းမာရေးနဲ့ပဲ ဆိုင်မယ်ထင်တယ် ငယ်နေသေးတယ်ဆိုရင် လူကြီးတွေလောက် လေ့လာစရာမလိုဘူး။ ပုံမှန်လေးနဲ့ ကိုယ်နိုင်သလောက်ဆိုရပြီ။ အရမ်းကြီးတစ်ပြိုင်တည်းနဲ့ အားစိုက်စရာမလိုဘူးပေါ့။ ပုံမှန်လေးလေ့လာနိုင်ရင် အရမ်းကို လုံလောက်ပါတယ်။
(၉)ကွန်ပျူတာနည်းပညာက နိုင်ငံတစ်ခု တည်ထောင်ရာမှာ ဘယ်လောက်ထိ အရေးပါပါသလဲ။
အခုခေတ်မှာက စားသောက်ဆိုင်မှာတောင် ငွေရှင်းမယ်ဆိုရင် ကွန်ပျူတာတွေပဲ အသုံးပြုလာတာဆိုတော့ နိုင်ငံတစ်ခုတည်ထောင်ရာမှာဆိုရင် တော်တော်လေးအရေးပါတယ်။ အချိန်လည်း မကုန်ဘူး။
(၁၀) လာမယ့်အနာဂတ်မှာ အိုင်တီနဲ့ ပတ်သက်ပြီး အစ်ကို့ရဲ့ရည်မှန်းချက်တွေကကော…….။
ကျွန်တော်ကတော့ အရမ်းကို ၀ါသနာပါလို့လည်း အချိန်တွေပေးပြီး လေ့လာလာတယ်ဆိုတော့ Software ရေးသားတီထွင်နိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။
(၁၁)အိုင်တီစိတ်ဝင်စားတဲ့ လူငယ်တွေကိုကော ဘာများတိုက်တွန်းချင်လဲ။ ဘယ်လိုလမ်းညွှန်ချင်လဲ။
အိုင်တီစိတ်ဝင်စားတဲ့လူငယ်တွေကို ဘာတိုက်တွန်းချင်လဲ ဆိုတော့ အိုင်တီနည်းပညာကို လေ့လာပြီဆိုရင် အဓိကက စိတ်ရှည်ဖို့ပါပဲ၊ ဘာလို့လဲဆိုတော့ Error
(အမှား) တက်လို့ရှိရင် တော်တော်လေး အချိန်ယူပြီးတော့ ပြန်ထိန်းရတယ်ပေါ့ အဲလိုချိန်တွေမှာ လွှတ်မသွားဖို့လိုပါတယ်၊ စိတ်ရှည်ရှည်နဲ့ ဆက်လက်လေ့လာသွားမယ်ဆိုရင် အောင်မြင်မှာပါလို့ ပြောချင်ပါတယ်။
http://www.chinworld.info
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။