Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 20, 2014

iPhone 6 က ဘာတွေ ထူးခြားလာမလဲ ?


TechSpace Journal added 9 new photos.

iPhone 6 က ဘာတွေ ထူးခြားလာမလဲ ?
=======================
Apple ကုမ္ပဏီကတော့ ဒီနှစ် သြဂုတ်လလောက်မှာ iPhone မျိုးဆက်သစ်ကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အခုဆောင်းပါးမှာတော့ iPhone 6 နဲ့ ပါတ်သက်တဲ့ အချက် ၈ ချက်ကို ရေးသားထားပါတယ်။ တချက်လောက်ကြည့်ရအောင်ဗျာ…
ကုမ္ပဏီရဲ့ သတင်းတွေကို အပြင်မထွက်အောင် တင်းတင်းကျပ်ကျပ်အုပ်ချုပ်လေ့ရှိတဲ့ Apple ကုမ္ပဏီရဲ့ ထူးခြားပြောင်မြောက်လှတဲ့ ထုတ်ကုန်အသစ်များဟာ မထွက်ခင်ကတည်းက ထုတ်ကုန်သစ်များနဲ့ ပတ်သတ်တဲ့ သတင်းတွေ၊ အချက်အလက်နဲ့ ဒီဇိုင်းတွေ ပုံမှန် ပေါက်ကြားလေ့ရှိပါတယ်။ အဲ့ဒီလို သတင်းပေါက်ကြားမှုတွေထဲမှာ Wall Street ဂျာနယ်ဟာ ထိပ်ဆုံးက ဖော်ပြနေပြီး 9to5Mac လို website မျိုးက ထွက်တဲ့သတင်းတွေက ယုံကြည်ထိုက်ပါတယ်။
ထုတ်ကုန်အသစ်မထုတ်မီ ၂လ ၃ လလောက်အလိုဆို Apple ရဲ့ iDevives အသစ်တွေရဲ့ သတင်းတွေဟာ ပုံမှန်ပေါက်ကြားတာဟာ ထူးဆန်းတဲ့ကိစ္စတစ်ရပ်လို့တောင် မဆိုနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီနှစ်ပိုင်း အထူးသဖြင့် Apple CEO Tim Cook ရာထူးရယူပြီး နောက်ပိုင်း iPhone 5S လို၊ iPad Air လို ပစ္စည်းမျိုးတွေဟာ သိပ်ပြီး ထူးခြားအံ့သြဖွယ်သိပ်မကောင်းတော့သလိုပါပဲ။
စတိတ်စင်ပေါ်မှာ Tim Cook က ၄င်းရဲ့ ထုတ်ကုန်အသစ်ကို မကြေငြာမီ ရက်သတ္တပါတ်အလို၊ သို့မဟုတ်၊ လပိုင်းအလို လောက်ဆို ယင်း product နဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေဟာ အွန်လိုင်းမှာ ကြိုတင်ပေါက်ကြားလေ့ရှိပါတယ်။ အထူးသဖြင့် သြဂုတ်လမှာ မိတ်ဆက်ဖွယ်ရှိတဲ့ iPhone မျိုးဆက်အသစ်နဲ့ ပတ်သတ်တဲ့ သတင်းတွေဟာ iPhone တွေကို တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ ရှန်ကျန်းမြို့က Foxconn ထုတ်လုပ်ရေးစက်ရုံလုပ်သားတွေထံကနေ တရုတ်လူမှုကွန်ယက်တွေဖြစ်တဲ့ Weibo လို ဆိုဒ်တွေမှာ ပေါက်ကြားလေ့ရှိပါတယ်။ ယမန်နှစ်များက iPhone 5 မမိတ်ဆက်မီ ရက်သတ္တပါတ်အလိုလောက်ကတည်းက တရုတ်နာမည်ကျော်အဆိုတော်တစ်ဦးဟာ ၄င်း iPhone 5 သုံးနေတဲ့ ပုံတစ်ပုံကို Weibo ကိုတင်ခဲ့လို့ ပွတ်လောရိုက်ခဲ့ပါသေးတယ်။ အခုလည်း iPhone 6 နဲ့ ပါတ်သတ်တဲ့ သတင်းတွေ ပုံမှန်းအတိုင်း ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

Of course, nothing is certain until it’s certain, and Apple does tend to keep at least a few things hidden. But here’s the most likely and interesting of what the rumor mill is telling us about the next iPhone.
ဘယ်လိုပဲ သတင်းတွေ ပေါက်ကြားပါစေ။ သေချာမှု မရှိတာကတော့ အမှန်အကန်ပါပဲ။ Apple ဟာ ၄င်းတို့ ထုတ်ကုန်သစ်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို နောက်ဆုံးအထိ လျှိုဝှက်ထားလေ့ရှိပါတယ်။ အောက်မှာ ရေးသားထားတဲ့ အချက် (၈) ချက်ဟာ မကြာမီ မိတ်ဆက်ဖွယ်ရှိတဲ့ iPhone 6 နဲ့ ပါတ်သတ်ပြီး ပေါက်ကြားတဲ့ သတင်းအချက်အလက်တွေထဲမှ ဖြစ်နိုင်ဖွယ်ရာများကို ကောက်နုတ်ထားတာဖြစ်ပါတယ်။
နောက်မျိုးဆက်သစ် iPhone ဟာ အမျိုးအစား တစ်မျိုးထက်ပိုဖွယ်ရှိတယ်
Android ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ဈေးကွက်ထဲမှာ ကြီးမားတဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေထုတ်ပြီး အောင်မြင်မှုရတာကို Apple ကလည်း ယင်းလမ်းစဉ်ကို လိုက်ဖွယ်ရှိပါတယ်။ Apple ဟာ iPhone 6 ကို ကြီးမားတဲ့ မျက်နှာပြင် ၂မျိုး ၂စားနဲ့ မိတ်ဆက်လာဖွယ်ရှိပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ iPhone 6 ဟာ ၄.၇ လက်မအရွယ်နဲ့ ၅.၅ လက်မအရွယ်ဆိုပြီး အမျိုးအစား ၂ခုဖြင့် ထွက်ပေါ်လာဖွယ်ရှိပါတယ်။ ခန့်မှန်းထားတဲ့ ဒီဇိုင်းအသွင်အပြင်အရ iPhone 6 ဟာ 5s လို ဘေးနား လေးထောင့်ကျကျဒီဇိုင်းထက် iPod Touch နဲ့ iPad Air လို ခပ်လုံးလုံး ဒီဇိုင်းဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။
iPhone 6 ဟာ 5S ထက် ထပ်မံပါးလွှာဖွယ် ရှိပါတယ်။ (အနည်းဆုံး ၆ မီလီမီတာ အထူသာ ရှိမယ်လို့လည်း သိရပါတယ်) ရွှေရောင်၊ ငွေရောင်နဲ့ အနက်ရောင် ဆိုပြီး ပုံမှန်အတိုင်း ၃ မျိုး မိတ်ဆက်ဖွယ်ရှိပြီး အပေါ်နဲ့ အောက်ဘက်နားလောက်မှာ အစင်းကြောင်း တစ်ခုစီ ပါဖွယ်ရှိပါတယ်။
ဈေးကွက်ထဲမှာ 2K resolution (2560x1440) ရှိ Andoird ဖုန်းတော်တော်များများ ထွက်ရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် Apple ကလည်း iPhone 6 မှာ resolution မြင့်မားတဲ့ screen တပ်ဆင်မှာ အသေအချာပါပဲ။ မသေချာတဲ့ သတင်းတခုကတော့ iPhone 6 မှာ ကွေးကောက်မျက်နှာပြင် ပါဖွယ်ရှိတယ်လို့ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီသတင်းကိုတော့ ငြင်းခုံနေကြဆဲပါပဲ။ စာရေးသူကလည်း ပါဖွယ်ရှိမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ Apple ထုတ်ကုန်တွေက ရိုးရှင်းပြီး လှပတဲ့ ဒီဇိုင်းကို ဦးစားပေးတယ်။ Curve Display ပါရှိတဲ့ ဖုန်းတွေဟာ စာရေးသူမျက်လုံးမှာတော့ ရုပ်ဆိုးလွန်းလှပါတယ်။ ဒါကြောင့် ကွေးကောက်မျက်နှာပြင်ထက် resolution မြင့်တဲ့ retina display အသစ်ကိုပဲ တပ်ဆင်ဖွယ် ရှိပါတယ်။
ကြီးမားတဲ့ မျက်နှာပြင် ဖုန်းတွေကို ထုတ်ဖြစ်ခဲ့ရင်လည်း Apple ကတော့ Apple Store တွေမှာ 5S ကို နှစ်ကာလတစ်ခုထိ ရောင်းချဦးမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ တချို့သော user တွေက ကြီးမားတဲ့မျက်နှာပြင်ထက် ၄လက်မအရွယ်ရှိ iPhone 5S ကိုပဲ ပိုမိုနှစ်ခြိုက်သူတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ရောင်စုံဖုန်းဖြစ်တဲ့ 5C နဲ့ ပါတ်သက်လို့တော့ မသေချာပါဘူး။ နောက်ပြီး 5C ဟာလည်း Apple ရဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ၄င်းဖုန်းကိုတော့ free contract နဲ့ iPhone 6 မိတ်ဆက်အပြီးမှ သုံးစွဲနိုင်မယ်ထင်ပါတယ်။
ပိုပြီး ဈေးကြီးဖွယ်ရှိတယ်
-------------------------------------
ဈေးကွက်သုသေတီတစ်ဦးကတော့ Apple ဟာ ၄င်းတို့ရဲ့ မျိုးဆက်သစ် iPhone 6 ကို ၂နှစ်စာချုပ်ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းချဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။ (ယခင်မျိုးဆက်များဟာ ၂နှစ်စာချုပ်ကို ၁၉၉ ဒေါ်လာသာ ဖြစ်ပါတယ်။ Phone operator နဲ့ ချုပ်ဆိုတဲ့ဈေးဖြစ်ပြီး သီးသန့်ဆိုရင် ဒီထက်ဈေး ၃ဆလောက်ဖြစ်ဖွယ်ရှိပါတယ်) Apple ရဲ့ iPhone ထုတ်ကုန်တွေဟာ ဈေးကွက်ထဲမှာ အောင်မြင်မှုရနေတာကြောင့် Apple ဘုတ်အဖွဲ့အနေနဲ့ သုံးစွဲသူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို စမ်းသပ်တဲ့ ဈေးနှုန်းလည်း ဖြစ်ဖွယ်ရှိပါတယ်။ ဈေးဘယ်လောက်မြင့်စေကာမူ။ တချို့သော Apple ခရေဇီများကတော့ စရောင်းတဲ့နေ့မှာ Apple Store ရှေ့ ညအိပ်ပြီး တန်းစီစောင့်ဝယ်ကြဦးမှာတော့ အသေအချာပါပဲ။ ဒါကလည်း Apple ရဲ့ marketing ပညာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အမျိုးအစားသစ်တခုကို ကြိုတင်မိတ်ဆက်ဖွယ်ရှိတယ်
-----------------------------------------------------------------
Apple ရဲ့ များပြားလှတဲ့ developer တွေစုဝေးတဲ့ WWDC ကျင်းပဖို့က တစ်လပဲ လိုပါတော့တယ်။ ယခင်နှစ်များကတော့ WWDC ပွဲဆိုတာက Mac ထုတ်ကုန်နဲ့ Mac OS အသစ်၊ iOS အသစ်တွေကို မိတ်ဆက်တဲ့ ပွဲတွေသာဖြစ်ပြီး iPhone နဲ့ ပတ်သက်တဲ့ မိတ်ဆက်ပွဲတွေ လုပ်လေ့လုပ်ထ မရှိပါဘူး။ အကယ်၍ ဒီနှစ်မှာသာ iPhone 6 ကိုကြေငြာခဲ့မယ်ဆိုရင်တော့ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်မှာပါ။ တချို့သော ဆန်းစစ်သူတွေနဲ့ ထုတ်ကုန်သမားတွေ ပြောဆိုတာကတော့ WWDC ပွဲမှာ ကြောငြာဖွယ်ရှိပြီး တချို့ကလည်း လာမယ့် သြဂုတ်လမှာမှ ကြေငြာဖွယ်ရှိတယ်လို့ ပြောပါတယ်။ တချို့သောသတင်းတွေအရလည်း Apple ဟာ ကြီးမားတဲ့ မျက်နှာပြင် အမျိုးအစား ၂ခုဖုန်းထုတ်တဲ့အတွက် ထုတ်လုပ်ရေးပိုင်းဟာ ထင်ထားသလောက်မထွက်လာပဲ နှောင့်နှေးနေတာကြောင့် ဒီနှစ်ကုန် (သို့မဟုတ်) ၂၀၁၅ အစောပိုင်းမှာမှ မိတ်ဆက်ဖွယ်ရှိတယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ထဲမှာတော့ iPhone မျိုးဆက်သစ် တခုခုကိုတော့ ကျနော်တို့ မြင်တွေ့ရမှာ သေချာပါတယ်။
၎င်းကို iPhone 6 လို့ပဲ အမည်ပေးဖွယ်ရှိတယ်
-----------------------------------------------------------
iPhone 3G ကစလို့ Apple ဟာ ၄င်းတို့ရဲ့ device တွေကို နံပါတ်နဲ့ အစဉ်လိုက်သာပေးတာပဲ များပါတယ်။ ဒါပေမယ့် လွန်ခဲ့နှစ်တွေကစပြီး iPad Air လို iPad mini လို နံပါတ်နဲ့ မဟုတ်ပဲ နာမည်တခုခုထည့်ပြီး ပေးလာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဖုန်း ၂မျိုး ထုတ်ဖြစ်ခဲ့ရင် သေးတဲ့တစ်ခုကို iPhone Mini လို့တော့ နာမည်တပ်ဖွယ် မရှိလောက်ပါဘူး။ ခေါ်ရတာလည်း ဆန်းလှပါတယ်။ ဒါကြောင့် စတိတ်စင်ပေါ် Tim Cook မိတ်ဆက်တဲ့အခါ iPhone 6 လို့ပဲ ကြားဖွယ်ရှိပါတယ်။
ပိုပြီး ကောင်းမွန်ထူးခြားတဲ့ ကင်မရာအသစ်ပါဖွယ်ရှိတယ်
--------------------------------------------------------------------
ဘယ်ဖုန်းမဆို မိတ်ဆက်တဲ့အချိန်းတိုင်း user တွေက ကင်မရာကို ပိုပြီး ဂရုစိုက်လေ့ရှိပါတယ်။ Apple ကလည်း ဒီနှစ်ထုတ်ကုန်မှာ ယခင် 8 MP ကင်မရာကို ကြီးမားတဲ့ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုလုပ်ဖွယ်ရှိပါတယ်။ မကြာသေးခင်ကပဲ Apple ဟာ Nokia ရဲ့ ကင်မရာပိုင်းဆိုင်ရာ အင်ဂျင်နီယာ အရီပါတီနမ်ကို ငှားရမ်းခဲ့ပါတယ်။ ၄င်းဟာ Nokia ရဲ့ ထူးခြားတဲ့ Lumia Camera နောက်ကွယ်မှာ အဓိကကျတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တာကြောင့် ဒီနှစ် iPhone ထုတ်ကုန်သစ်မှာ ၄င်းရဲ့ နည်းပညာသစ်တွေကို မြင်တွေ့ဖွယ် ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သူရောက်လာတာက မကြာသေးတာမို့ ကြီးမားတဲ့အပြောင်းအလဲတွေလုပ်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။
သတင်းတွေအရတော့ iPhone 6 မှာ ယခင် 5S မှာ ပါရှိတဲ့ 8MP ထက်ပိုများတဲ့ Megapixel၊ sensor size တို့ ပါရှိလာဖွယ်ရှိပြီး Super Resolution Mode ဆိုတဲ့ feature အသစ်လည်း ပါဖွယ်ရှိပါတယ်။ ဖုန်းကုမ္ပဏီအများစုဟာ ၄င်းတို့ရဲ့ ဖုန်းသစ်များရဲ့ ကင်မရာကို လွန်ကဲစွာ အမွှမ်းတင်လေ့ရှိကြပြီး တင်ကြသလောက် ပုံတွေကမကောင်းတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် iPhone 6 မှာတော့ ကင်မရာပိုင်းနဲ့ ပါတ်သက်ပြီး ထူးခြားတဲ့ feature တွေပါရှိလာမှာတော့ အသေအချာပါပဲ။
လက်ဗွေစနစ်အသုံးပြုမှု ပိုပြီး ချဲ့ထွင်မယ်
---------------------------------------------
Apple မှာ iTunes account သန်း ၈၀၀ ကျော်ရှိပြီး ခရက်ဒစ်ကဒ်နဲ့ပါတ်သက်တဲ့ အချက်အလက် သန်းရာကျော်လည်း ရှိပါတယ်။ ပစ္စည်းဝယ်တာပဲ ဖြစ်ဖြစ်၊ သီချင်းဝယ်တာပဲဖြစ်ဖြစ် PayPal လို Google Wallet လို ပိုက်ဆံပေးချေတဲ့စနစ်သစ်တစ်ခုလည်း ပါရှိဖွယ်ရှိပါတယ်။ Touch ID ကလည်း ဒီစနစ်သစ်ထဲမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်ပါလိမ့်မယ်။ မည်သည့်ငွေပေးချေမှုကိုမဆို Touch ID နဲ့ အလုပ်လုပ်နိုင်ဖို့ Apple ကြိုးစားလာပါလိမ့်မယ်။
iOS ဗားရှင်းအသစ်နဲ့ လာမယ်
---------------------------------
မကြာမီပြုလုပ်မယ့် WWDC မှာ ယခင် iOS 7 ဒီဇိုင်းကိုပဲ ပြုပြင်ပြီး feature အသစ်များထည့်ထားတဲ့ iOS 8 ကိုမိတ်ဆက်ဖို့က သေချာသလောက်ရှိပါတယ်။ အဲ့ဒီအထဲကမှ Healthbook က ပိုပြီးထူးခြားတဲ့ feature အသစ်ဖြစ်ဖွယ်ရှိပြီး ၄င်းနဲ့ တွဲဖက်အသုံးပြုဖို့ sensor တွေလည်း iPhone 6 မှာ ပါလာဖွယ်ရှိပါတယ်။ သင့်ရဲ့ သွေးဖိအားကစလို့ ပတ်ဝန်းကျင် စိုထိုင်းမှုကို တိုင်းတာတဲ့ စနစ်တွေ၊ သင်ခြေဘယ်နှလှမ်း လှမ်းခဲ့တာကအစ သင့်သွေးထဲက blood-oxygen level များကိုပါ တိုင်းတာနိုင်တဲ့ sensor တွေ ပါလာဖွယ်ရှိပါတယ်။ သင်ယခု ဘယ်သီချင်းကို ဖွင့်နေပါတယ်လိုမျိုး feature အသစ်တွေ siri မှာ ပေါင်းထည့်လာနိုင်ပြီး အများသုံးပြည်သူ့ပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း Apple Map မှာ အဆင့်မြင့်တင်လာနိုင်ပါတယ်။
တခြားသော App အသစ်များများတော့ ပါလာဖွယ် မရှိပါဘူး။ text editor နဲ့ document နဲ့ ရုပ်ပုံတွေကို ကြိုတင်ဖော်ပြပေးမယ့် preview app လို app အသစ်တွေလည်း ပါနိုင်ဖွယ်ရှိပါတယ်။ Apple ရဲ့ အွန်လိုင်းဂီတဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့ iTunes Radio ကိုလည်း သီးခြား app တခုအဖြစ် ခွဲထုတ်လာဖွယ်ရှိပါတယ်။
Smartwatch နဲ့ တွဲလုပ်နိုင်ဖွယ်ရှိတယ်
-----------------------------------------
Samsung ကလည်း ၄င်းရဲ့ Galaxy S5 မျိုးဆက်သစ်ကို Galaxy Fit smartwatch နဲ့ တွဲဖက် မိတ်ဆက်ခဲ့ပါတယ်။ S5 မှာလည်း ကျန်းမာရေးနဲ့ ပါတ်သက်တဲ့အပိုင်းကို ထူးထူးခြားခြား မိတ်ဆက်ထားပြီး Apple ရဲ့ ဒီထုတ်ကုန်သစ်မှာလည်း Healthbook နဲ့ တွဲလုပ်ဖို့ smartwatch တစ်ခုကို Apple က iPhone 6 နဲ့ အတူ မိတ်ဆက်ဖွယ်ရှိပါတယ်။ ထွက်ပေါ်လာတဲ့ iOS 8 ရဲ့ screenshot တွေအရလည်း Watch Utility လို့ဆိုတဲ့ app အသစ်တစ်ခုပါရှိနေတာကြောင့် Apple ကိုယ်ပိုင် Apple smartwatch or iWatch အသစ်ပဲဖြစ်ဖြစ်၊ တခြားသော smartwatch နဲ့ တွဲလုပ်နိုင်ဖို့ပဲဖြစ်ဖြစ်တော့ သေချာနေပါတယ်။
Apple ဟာ ကြီးမားတဲ့မျက်နှာပြင်ပါရှိတဲ့ iPhone တွေထုတ်လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်တာ ကြာပါပြီ။ Apple Smartwatch ထုတ်မယ်ဆိုတဲ့သတင်းက ပိုလို့တောင် ကြာနေပါသေးတယ်။ ဒီနှစ် သြဂုတ်မှာ ပြုလုပ်မယ့် ပွဲမှာ Tim Cook ဟာ iPhone အသစ်နဲ့အတူ iWatch လို smartwatch အသစ်မိတ်ဆက်လာဖို့ကလည်း သေချာသလောက် ရှိပါတယ်။ ဒါပေမယ့် smartwatch နဲ့ ပါတ်သက်တဲ့ သတင်းတွေ၊ ရုပ်ပုံတွေ များများစားစား ထွက်ရှိမလာတာကိုတော့ တွေ့ရပါတယ်။
နောက်ဆုံးပြောလိုတာကတော့ အထက်ဖော်ပြပါအချက်တွေကလည်း မသေချာပါဘူး။ Apple ရဲ့ iPhone ထုတ်ကုန်သစ်တွေနဲ့ ပါတ်သက်လို့ ယခင်ကတည်းက ထွက်ရှိတဲ့သတင်းတွေနဲ့ တကယ်ထွက်လာတာနဲ့ ကွဲပြားနေတာကို အားလုံးသိပြီးကြမှာပါ။ ဒါပေမယ့် iPhone 5 တုန်းကတော့ သတင်းတွေက သေချာပါတယ်။ ဒါကြောင့် iPhone 6 နဲ့ ပါတ်သက်တဲ့သတင်းတွေကတော့ ဒီနှစ်လယ်မှာ ကြေငြာမယ့်ပွဲ မရောကက်မချင်း ထွက်နေဦးမှာပါပဲ။ ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ။
HAN(TechRangoon)
Ref : The Verge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။