ကမ္ဘာ့ရုပ်ရှင်လောကအား စိုးမိုးထားသည့် ဟောလိဝုဒ်ရုပ်ရှင်လောကတွင် ရုပ်ရှင်ရိုက်ကူးရာမှာ ချစ်ခင်စုံမက်ပြီး အကြောင်းပါခဲ့ကြသော စုံတွဲများအနက် အထင်ပေါ်ဆုံး စုံတွဲ (၁၀) တွဲအား Celebrity
အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့မှုအား ပြန်လည် ဖော်ပြရပါသည်။
၁၀) ဒဲနီရယ် ခရိတ်နှင့် ရာခဲလ်ဝိုက်စ် (Daniel Craig
& Rachel Weisz)
ဒီစုံတွဲကတော့ ၁၉၉၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အချစ်ဇတ်လမ်းတကယ် အစပြုတာကတော့ ၂၀၁၀ ခုနှစ်မှာ ရိုက်ခဲ့တဲ့ “Dream House
” ဆိုတဲ့ ဇတ်ကားမှာ ဖြစ်ပါတယ်။
ဒီစုံတွဲကတော့ ၁၉၉၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အချစ်ဇတ်လမ်းတကယ် အစပြုတာကတော့ ၂၀၁၀ ခုနှစ်မှာ ရိုက်ခဲ့တဲ့ “Dream House
ဒဲနီရယ်ခရိတ်ဟာ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇတ်ကားကြီးရဲ့ မင်းသားလည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခရိတ်ဟာ သူ့ရဲ့ အတူနေချစ်သူနဲ့ စေ့စပ်ထားတဲ့အချိန်ဖြစ်သလို၊ ၀ိုက်စ်ဟာလည်း အိမ်ထောင်သည်ပါ။
ဒါပေမယ့် သူတို့ (၂) ယောက်ရဲ့ အချစ်ဟာ ဆက်လက်ရှင်သန်ခဲ့ပြီး မကြာမီမှာ ဧည့်သည် (၄) ဦးပဲပါဝင်တဲ့ အကျဉ်းရုံး မင်္ဂလာပွဲကို ကျင်းပခဲ့ကြသူတွေ ဖြစ်ပါတယ်။
(၉) တွမ်ဟန့်စ် နဲ့ ရီတာဝီလ်ဆဲန် (Tom Hanks & Rita Wilson
)
တွမ်ဟန့်စ်နဲ့ ရီတာတို့ဟာ ၁၉၈၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Bosom
Buddies” ဇတ်ကားမှာ အတူတကွ သရုပ်ဆောင်ကြရင်းနဲ့ ချစ်ခင်ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ကို ဟောလိဝုဒ်ရဲ့ စံပြစုံတွဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ သူတို့ဟာ သား (၂) ယောက်ထွန်းကားထားကြပါတယ်။
တွမ်ဟန့်ဟာ နာမည်ကျော်ရုပ်ရှင်ဇတ်ကားတွေဖြစ်တဲ့ “Saving Private
Ryan”၊ “Forest Gump”၊ “Captain Phillips” အစရှိတဲ့ ဇတ်ကားတွေနဲ့ ကျော်ကြားလှပြီး ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံးထိပ်သီးမင်းသားထဲမှာ ပါသူလည်း ဖြစ်ပါတယ်။
တွမ်ဟန့်ကတော့- သူ့ဇနီးရဲ့ ပံ့ပိုးမှု မရှိရင် သူ ခုလိုအောင်မြင်မှာ မဟုတ်ဘူးလို့ မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။
တွမ်ဟန့်စ်နဲ့ ရီတာတို့ဟာ ၁၉၈၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Bosom
သူတို့ကို ဟောလိဝုဒ်ရဲ့ စံပြစုံတွဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ သူတို့ဟာ သား (၂) ယောက်ထွန်းကားထားကြပါတယ်။
တွမ်ဟန့်ဟာ နာမည်ကျော်ရုပ်ရှင်ဇတ်ကားတွေဖြစ်တဲ့ “Saving Private
တွမ်ဟန့်ကတော့- သူ့ဇနီးရဲ့ ပံ့ပိုးမှု မရှိရင် သူ ခုလိုအောင်မြင်မှာ မဟုတ်ဘူးလို့ မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။
(၈) ဇာဗီးယားဘာဒမ် နှင့် ပဲနီလို ခရု ( Javier Bardem & Penelope
Cruz)
သူတို့စုံတွဲဟာ သိုသိုသိပ်သိပ်နေလေ့ရှိသူလို့လည်း နာမည်ကြီးကြပါတယ်။ Bardem ကို မိတ်ဆက်ပေးရမယ်ဆိုရင် သူက ဂျိမ်းစ်ဘွန်း ဇတ်ကား “Skyfall
” မှာ လူဆိုးဗီလိန်အနေနဲ့ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ခရုကတော့ “Vanilla Sky” နှင့် “Volver
” ဇတ်ကားတွေမှာ အဓိကဇတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့သူပါ။ သူတို့ နှစ်ယောက်ဟာ “Jamon Jamon” ဆိုတဲ့ ဇတ်ကားကိုလည်း အတူတကွ ရိုက်ခဲ့ကြပေမယ့် အဲဒီအချိန်မှာတော့ ရင်ခုန်သံ မနီးစပ်ခဲ့ကြပါဘူး။
ဒါပေမယ့် ၂၀၀၇ မှာ အတူတကွ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ “Vicky Christina
Barcelone” မှာတော့ ရင်ခုန်သံဖလှယ်ကြရင်း ၂၀၁၀ မှာ ဘဟားမားစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အခုလက်ရှိမှာ သားသမီး (၂) ယောက် ရကြပြီ ဖြစ်ပါတယ်။
သူတို့စုံတွဲဟာ သိုသိုသိပ်သိပ်နေလေ့ရှိသူလို့လည်း နာမည်ကြီးကြပါတယ်။ Bardem ကို မိတ်ဆက်ပေးရမယ်ဆိုရင် သူက ဂျိမ်းစ်ဘွန်း ဇတ်ကား “Skyfall
ခရုကတော့ “Vanilla Sky” နှင့် “Volver
ဒါပေမယ့် ၂၀၀၇ မှာ အတူတကွ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ “Vicky Christina
(၇) ဘင်အက်ဖ်လက် နှင့် ဂျနီဖာဂါနာ (Ben Affleck & Jannifer Garner
)
Ben ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးအဆိုတော်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ ချစ်သူဟောင်းဖြစ်ပါတယ်။ ဂျနီဖာဂါနာနဲ့ ၂၀၀၅ ခုနှစ်မှာ ရုပ်ရှင်အတူတကွရိုက်ရင်း ချစ်ကြိုးသွယ်မိရာကနေ ဂျနီဖာလိုပက်ဇ်ကို ရှောင်ဖယ်ဖယ်လုပ်ခဲ့သူပါ။
လက်မထပ်ခင်မှာ (၉) လ အတူတကွ နေထိုင်ခဲ့ကြပြီး လက်ရှိမှာတော့ ခလေး (၃) ယောက် ရနေကြပါပြီ။
ဂျနီဖာလိုပက်ဇ်နဲ့ သူတို့ (၃) ဦးရဲ့ သတင်းတွေက ၂၀၀၅-၂၀၀၆ ကာလတွေမှာတော့ သတင်းစာတွေရဲ့ ထိပ်တန်းမျက်နှာဖုံး ဖြစ်ခဲ့ရပါတယ်။

(၆) တွမ်ခရု နှင့် နစ်ကိုးကစ်မင် (Tom Cruise
& Nicole Kidman)
ဒီစုံတွဲကတော့ လူအများသိကြတဲ့ ဟောလိဝုဒ်စုံတွဲတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
သူတို့ (၂) ယောက်ဟာ “Days of Thunder
” ဆိုတဲ့ ဇတ်ကားမှာ အတူတူ သရုပ်ဆောင်ကြရင်းနဲ့ သိကျွမ်းခဲ့ကြတာပါ။
အဲဒီတုန်းက နစ်ကိုးဟာ အသက် (၂၃) နှစ်ပဲ ရှိပါသေးတယ်။
တစ်နှာအကြာမှာပဲ သူတို့လက်ထပ်ခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးဟာလည်း သာသာယာယာရှိခဲ့ပါတယ်။
ဒါပေမယ့် တွမ်ခရုက ကွာရှင်းဖို့တောင်းဆိုခဲ့ပြီး၊ အခုမှာတော့ သူတို့ဟာ သက်ဆိုင်သူတွေ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ မွေးစားထားတဲ့ ခလေး (၂) ယောက်အတွက် အခုထက်ထိတော့ မိတ်ဆွေများအနေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလျက်ပါလို့ သိရပါတယ်။
သူတို့ဟာ တချိန်တခါတုန်းက ဟောလိဝုဒ်ရဲ့ ထင်ပေါ်အကျော်ကြားဆုံး စုံတွဲတစ်ခုဖြစ်ခဲ့ကြသူတွေပါ…။
ဒီစုံတွဲကတော့ လူအများသိကြတဲ့ ဟောလိဝုဒ်စုံတွဲတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
သူတို့ (၂) ယောက်ဟာ “Days of Thunder
အဲဒီတုန်းက နစ်ကိုးဟာ အသက် (၂၃) နှစ်ပဲ ရှိပါသေးတယ်။
တစ်နှာအကြာမှာပဲ သူတို့လက်ထပ်ခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးဟာလည်း သာသာယာယာရှိခဲ့ပါတယ်။
ဒါပေမယ့် တွမ်ခရုက ကွာရှင်းဖို့တောင်းဆိုခဲ့ပြီး၊ အခုမှာတော့ သူတို့ဟာ သက်ဆိုင်သူတွေ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ မွေးစားထားတဲ့ ခလေး (၂) ယောက်အတွက် အခုထက်ထိတော့ မိတ်ဆွေများအနေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလျက်ပါလို့ သိရပါတယ်။
သူတို့ဟာ တချိန်တခါတုန်းက ဟောလိဝုဒ်ရဲ့ ထင်ပေါ်အကျော်ကြားဆုံး စုံတွဲတစ်ခုဖြစ်ခဲ့ကြသူတွေပါ…။
(၅) ဖရက်ဒီပရင့်ဇီ ဂျူနီယာ နှင့် ဆာရာမီရှဲဂဲလာလ်
ပရင့်ဇီနှင့်ဂဲလာတို့သည် ၂၀၀၀ ခုနှစ်တွင် ရိုက်ကူးခဲ့သော “I Know What You
Did Last Summer” ဟူသော ရုပ်ရှင်ဇတ်ကားတွင် အတူတကွ ရိုက်ကူးခဲ့ရင်း သိကျွမ်းခဲ့ကြသူများ ဖြစ်သည်။
ယင်းဇတ်လမ်းအား ၂၀၀၀ ခုနှစ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ၊ စတင်ရင်းနှီးရင်း ၂၀၀၁ ခုနှစ်တွင် စေ့စပ်ကာ၊ ၂၀၀၂ ခုနှစ်တွင် မက္ကစီကိုနိုင်ငံ၌ လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် “Scooby-Doo”ဟူသော ဇတ်ကားတွင် ဆန့်ကျင်ဘက် ဘက်နှစ်ဖက်အဖြစ် သရုပ်ဆောင်ခဲ့ကြပြီး၊ ယင်းဇတ်ကားအား ပရိတ်သတ်များမှ အထူးနှစ်ခြိုက်အားပေးခဲ့ကြသည်။
လက်ရှိတွင် သား (၁) ဦးနှင့် သမီး (၁) ဦးထွန်းကားလျက်ရှိသည်။
သရုပ်ဆောင်မောင်နှံတို့သည် ရိုက်ကွင်းမှ ပြီးလျှင်ပြီးချင်း အိမ်သို့ပြန်ရန်သာ စိတ်အားထက်သန်ပြီး သားသမီးများနှင့် အတူတကွ အချိန်ပေးနေထိုင်လိုကြသည်ဟုလည်း သိရသည်။
(၄) အိုလီဗီယာ မာတီနက်ဇ် နှင့် ဟာလဲလ်ဘယ်ရီ
ဟာလဲလ်ဘယ်ရီမှာ အားလုံးသိသည့်အတိုင်း နာမည်ကျော် ဂျိမ်းစ်ဘွန်း ဇတ်ကားရဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်မှာ ရိုက်ခဲ့တဲ့ “Die Another
Day” ၌ ဖြစ်သည်။ သူမသည် ဟောလိဝုဒ်၏ နာမည်အကြီးဆုံး အမျိုးသမီး သရုပ်ဆောင်တစ်ဦးအဖြစ်လည်း သတ်မှတ်ထားခြင်း ခံထားရသူဖြစ်သည်။
ဟာလဲလ်ဘယ်ရီမှာ အားလုံးသိသည့်အတိုင်း နာမည်ကျော် ဂျိမ်းစ်ဘွန်း ဇတ်ကားရဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်မှာ ရိုက်ခဲ့တဲ့ “Die Another
အိုလီဗီယာမာတီနက်ဇ်မှာမူ “Unfaithful
”ဇတ်ကားတွင် ဗီလိန်လူကြမ်းအဖြစ် သရုပ်ဆောင်မှုအား ပရိတ်သတ်များ အထူးကြိုက်နှစ်သက်ခဲ့သူ ဖြစ်သည်ဟု စာဖတ်သူများအား မိတ်ဆက်ပေးလိုပါသည်။
သူတို့ (၂) ဦးသည် ၂၀၁၀ တွင် ရိုက်ကူးခဲ့သော “Dark Tide
”ဇတ်ကားတွင် အတူတကွ သရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးမှုများ အစပြုခဲ့သူ ဖြစ်သည်။
ထိုအချိန်တွင် ဟာလဲလ်ဘယ်ရီ၌ အခြား လူသိထင်ရှားစုံတွဲရှိနေသော်ငြားလည်း သူမ၏ အချစ်သည် အိုလီဗာထံ၌ ပိုမို ဆွတ်ခဲ့သည်။ ဤသို့ဖြင့် ၂၀၁၂ ခုနှစ်တွင် စေ့စပ်ခဲ့ကြပြီး၊ ၂၀၁၃ ခုနှစ်တွင် ထိမ်းမြားလက်ထပ်ခဲ့ကြသည်။ လက်ရှိတွင် သား (၁) ဦးဖွားမြင်ထားကြသည်။
(၃) လောရင့်ဇ်အိုလီဗီယာ နှင့် ဗီဗီယံလိုက်ခ်ျ
သူတို့ နှစ်ယောက် ထင်ပေါ်ကျော်ကြားချိန်တွင် ယနေ့ခေတ်၏ ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့ကဲ့သို့ လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ကြသည်။
လိုက်ခ်ျသည် ကမ္ဘာကျော် “Gone With the Wind
”ဇတ်ကားတွင် စကားလက်အိုဟာရာအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး၊ လောရင့်ဇ်၏ “Wuthering Heights”ဇတ်ကားမှာလည်း တစ်ချိန်က နာမည်ကြီးလှသည်။
သူတို့ နှစ်ဦးသည် “Fire
Over England”ဟူသော ဇတ်ကားတွင် အတူတကွ သရုပ်ဆောင်ခဲ့ကြပြီး၊ အချစ်များ အစပြုခဲ့ကြသည်။
သို့သော်လည်း သူတို့သည် အိမ်ထောင်သည်များ ဖြစ်နေကြပြီး၊ သူတို့၏ အမျိုးသားနှင့် အမျိုးသမီးများမှ လွယ်လွယ်နှင့် ကွာရှင်းခွင့် မပေးခဲ့ကြပေ။ သို့သော် နောက်ဆုံးတွင် သူတို့လိုချင်သော ကွာရှင်းခွင့်အား ရရှိခဲ့ကြသည်။
လိုက်ခ်ျမှာ ၁၉၆၇ တွင် ကွယ်လွန်ခဲ့ပြီး၊ လောရင့်ဇ်မှာ ၁၉၈၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
(၂) ဒေးဗစ် အာကွယ်တီ နှင့် ကွတ်တနီကွတ်
သူတို့ (၂) ဦးသည် ၁၉၉၅ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် “Scream
”ဇတ်ကားတွင် တွေ့ဆုံခဲ့ကြပြီး၊ သမီး (၁) ဦးမွေးဖွားခဲ့သည်အထိ တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ခြင်း မရှိခဲ့ပေ။
ထို့နောက် ထိမ်းမြားလက်ထပ်ခဲ့ကြပြီး၊ ထိုခေတ်ထိုအခါက ဟောလိဝုဒ်၏ စံပြစုံတွဲတစ်တွဲအဖြစ် သတ်မှတ်ခံရလောက်သည်အထိ ဖြစ်ခဲ့ကြသည်။
၂၀၁၀ ခုနှစ်တွင် အတူမနေထိုင်ကြတော့ဘဲ၊ ၂၀၁၂ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။
ဒေးဗစ်မှာ ယခုတွင် အခြား ချစ်သူမိန်းခလေးနှင့် သားတစ်ဦးပင်ထွန်းကားနေပြီဖြစ်သည်။ သူတို့ (၂) ဦးသည် မိတ်ဆွေများအဖြစ် ဆက်လက် ဆက်ဆံလျက်ရှိပြီး၊ သူတို့၏ သမီးလေးအတွက်လည်း အတူတကွစောင့်ရှောက်ကြသည်ဟုလည်း သိရသည်။
(၁) ရစ်ချတ်ဘာတွန်နှင့် အဲလစ်ဇဘတ်တေလာ
သူတို့နှစ်ဦးသည် ကမ္ဘာကျော်ရုပ်ရှင်ဇတ်ကားကြီးဖြစ်သည့် “Cleopatra
”ဇတ်ကားကြီးတွင် အတူတကွ သရုပ်ဆောင်ရင်း ရင်ခုန်သံအစပြုခဲ့ကြသူများ ဖြစ်သည်။
သူတို့နှစ်ဦးသည် ကမ္ဘာကျော်ရုပ်ရှင်ဇတ်ကားကြီးဖြစ်သည့် “Cleopatra
ယင်းဇတ်ကားကြီးတွင် တေလာသည် အီဂျစ်ဘုရင်မအဖြစ် သရုပ်ဆောင်ခဲ့ပြီး၊ ဘာတွန်မှာ ရောမစစ်သူကြီး မတ်အန်တိုနီအဖြစ် သရုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးသည် ထိုအချိန်တွင် အိမ်ထောင်သည်များ ဖြစ်နေကြပြီး၊ သူတို့ (၂) ဦးပေါင်းဖက်ရန် အင်မတန်ခက်ခဲ့သည့် အနေအထားမျိုးဖြစ်ခဲ့သည်။
နောက်ဆုံးတွင် သူတို့ (၂) ဦး ထိမ်းမြားနိုင်ခဲ့ကြသည်။ သို့သော်သူတို့သည် ပြန်ကွဲခဲ့ကြပြန်သည်။ ထို့နောက် ပြန်လည် လက်ထပ်ခဲ့ကြပြန်လေသည်။
အဲဒီလို (၂) ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ကြ၊ ကွဲခဲ့ကြ၊ ပြန်လည်လက်ထပ်ခဲ့ကြသည်။
၁၉၈၄ ခုနှစ်တွင် ဘော်တွန်ကွယ်လွန်ခဲ့ပြီး၊ တေလာမှ ဘော်တွန်ဆက်လက်အသက်ရှင်ခဲ့လျှင် တတိယအကြိမ် လက်ထပ်ထိမ်းမြားပွဲ ဖြစ်ပေါ်နိုင်သည်ဟု သူတို့ (၂) ဦး၏ အမျှင်မပြတ်သော ချစ်သံယောဇဉ်အား ဖော်ကျူးခဲ့သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။