တခါတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ သေးငယ်တဲ့ ပန်းလေးတစ်ပွင့်ရှိတယ် ။ အဲဒီပန်းလေးဟာ အလွန်ကို အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ မှီခိုပြီးပေါက်နေခဲ့တယ် ။ သစ်ပင်ကြီးကသူ့ကို မိုးဒါဏ်လေဒါဏ်တွေကာကွယ်ပေး ထားတယ် သူ့ကို စောင့်ရှောက်ပေးထားတယ်လို့ မှတ်ယူပြီး ပန်းကလေးဟာ ပျော်ရွှင်နေခဲ့တယ် ။
တစ်နေ့တော့ သစ်ခုတ်သမားတွေရောက်လာပြီး သစ်ပင်ကြီးကို ခုတ်ယူသွားခဲ့တယ် ။ ပန်းကလေးက ၀မ်းနည်းလွန်းပြီး ငိုကြွေးတယ် “ ငါ ဘယ်လိုလုပ်ရမလဲ ငါ့ကို ကာကွယ်ပေးတဲ့ စောင့်ရှောက်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး လေဒါဏ်မိုးဒါဏ်တွေက ငါ့ကို ပြိုလဲပျက်စီးအောင်လုပ်ကြတော့မယ် ”
ပန်းကလေးရဲ့ငိုသံကို ကြားတဲ့အခါ အနီးမှာရှိတဲ့ သစ်ပင်တစ်ပင်ကပြောတယ် ။
“ အဲဒီလိုမတွေးပါနဲ့ပန်းကလေးရဲ့ သစ်ပင်ရဲ့အရိပ်မရှိဘူးဆိုရင် နေရောင်ခြည်က ပန်းကလေးကို စောင့်ရှောက်ပေးမှာပေါ့ နှင်းစက်တွေက ရေဓါတ်တွေပေးလိမ့်မယ် သူတို့အကူအညီနဲ့ပန်းကလေးဟာ ကြီးထွား ဖွံ့ဖြိုးလာမယ် သန်မာလာမယ် ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ပိုပြီးလှပလာပါလိမ့်မယ် လူတွေတွေ့တဲ့အခါ ဒီပန်းကလေးက လှလိုက်တာနော် လို့ချီးကျူးကြပါလိမ့်မယ် ”
-------------------------- -------------------------- -
ကိုယ့်မှာ မှီတွယ်စရာမရှိတော့လို့ စိတ်ပျက်နေတာလား ။ ဘယ်အရာတွေပဲ ကြုံတွေ့ကြုံတွေ့ ကိုယ့်ထက်ဆိုးတဲ့အရာတွေရှိေ နပါသေးလားလို့ တွေးကြည့်လိုက်ပါ ၊ စိတ်ဓါတ်ကျတာ ပျော့ညံ့သူတို့အလုပ်ပါ
ခဏခဏလဲကျတတ်တာ သဘာဝပါ ပြီးတာနဲ့ပြန်ထ အဲဒါမှ လူ့ဘ၀လို့ခေါ်တယ် ။
နေရောင်ခြည်အောက်က မိုးဖွဲလေးတွေကို မကြည့်တတ်ရင် လှပတဲ့ သက်တန့်ဆိုတာကို သင်မြင်ဖူးမှာမဟုတ်ပါဘူး ။
တခါတခါတော့ မုန်တိုင်းတွေတိုက်မှာပါ ။ လောကကြီးမှာ တစ်ခုခုဆုံးရှုံးသွားပေမယ့် လည်း ကိုယ်ရှင်သန်စရာနေ့ရက်တွေအတွက် ကိုယ့်ဘေးမှာ အဖိုးတန်အရာတွေအများကြီးရှိ ပါသေးတယ် ။
သက်တန့်ချို
A flower under tree အား ဘာသာပြန်သည် ။
တစ်နေ့တော့ သစ်ခုတ်သမားတွေရောက်လာပြီး သစ်ပင်ကြီးကို ခုတ်ယူသွားခဲ့တယ် ။ ပန်းကလေးက ၀မ်းနည်းလွန်းပြီး ငိုကြွေးတယ် “ ငါ ဘယ်လိုလုပ်ရမလဲ ငါ့ကို ကာကွယ်ပေးတဲ့ စောင့်ရှောက်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး လေဒါဏ်မိုးဒါဏ်တွေက ငါ့ကို ပြိုလဲပျက်စီးအောင်လုပ်ကြတေ
ပန်းကလေးရဲ့ငိုသံကို ကြားတဲ့အခါ အနီးမှာရှိတဲ့ သစ်ပင်တစ်ပင်ကပြောတယ် ။
“ အဲဒီလိုမတွေးပါနဲ့ပန်းကလေးရ
--------------------------
ကိုယ့်မှာ မှီတွယ်စရာမရှိတော့လို့ စိတ်ပျက်နေတာလား ။ ဘယ်အရာတွေပဲ ကြုံတွေ့ကြုံတွေ့ ကိုယ့်ထက်ဆိုးတဲ့အရာတွေရှိေ
ခဏခဏလဲကျတတ်တာ သဘာဝပါ ပြီးတာနဲ့ပြန်ထ အဲဒါမှ လူ့ဘ၀လို့ခေါ်တယ် ။
နေရောင်ခြည်အောက်က မိုးဖွဲလေးတွေကို မကြည့်တတ်ရင် လှပတဲ့ သက်တန့်ဆိုတာကို သင်မြင်ဖူးမှာမဟုတ်ပါဘူး ။
တခါတခါတော့ မုန်တိုင်းတွေတိုက်မှာပါ ။ လောကကြီးမှာ တစ်ခုခုဆုံးရှုံးသွားပေမယ့်
သက်တန့်ချို
A flower under tree အား ဘာသာပြန်သည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။