Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 22, 2014

တရုတ်အရေး ရတက်မအေး

တရုတ်အရေး ရတက်မအေး
(အောင်ဟိန်း- မုံရွာ)
“နောင် အနှစ် ငါးဆယ်လောက်မှာ အရှေ့တောင်အာရှနိုင်ငံတော်တော်များများ တရုတ်တော်လှန်ရေး လုပ်ကြ လိမ့်မယ်ထင်တယ်လို့” လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လုပ်ဖော်ကိုင်ဖက်တဦးနဲ့ ပြောဖူးတယ်။ သူက “အခုကို ဖြစ်တော့မှာလို့ ထင်ကြေးပေးပြန်တယ်။” သူ့အဆိုက အခုကိုပဲ မှန်မလိုလို ဖြစ်နေပြီ။

မနေ့တနေ့က ဖြစ်သွားတဲ့ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးပိုင် စက်ရုံတွေကို ဌာနေတိုင်းရင်းသား ဗီယက်နမ်နိုင်ငံသားတွေက မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြတယ်။ အဲဒီမှာ တရုတ်နှစ်ဦးသေတယ်။ ထောင်နဲ့ချီတဲ့ တရုတ်တွေကို သင်္ဘောနဲ့ ပြန်ခေါ်ခဲ့ရတယ်။ တချို့ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံထဲကို ထွက်ပြေးခဲ့ကြရတယ်။ ဒီ အကြမ်းဖက်မှုတွေဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်၊ ဗီယက်နမ် ပိုင်ဆိုင်မှုအငြင်းပွားနေဆဲ ကျွန်းစုတွေပေါ်မှာ တရုတ်က လက်ဦးမှုယူပြီး ရေနံတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာကနေ စခဲ့တာပါ။ ဒီ ကျွန်းစုပိုင်ဆိုင်မှု အငြင်းပွားနေတာတွေဟာ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေနဲ့လည်း ဖြစ်ပွားနေဆဲပါပဲ။ ဖိလစ်ပိုင်ကျွန်းစုတွေအနီးမှာလည်း တရုတ်ငါးဖမ်းသင်္ဘောတွေ ၀င်ရောက် ငါးဖမ်းလေ့ရှိတဲ့အတွက် မကြာခဏ တင်းမာနေတာတွေရှိပါတယ်။ အရင်ကဆိုရင် ထိုင်ဝမ်ရေလက်ကြားမှာလည်း မကြာခဏအငြင်းပွားတာတွေ ရှိပါတယ်။ ဒီအကြမ်းဖက်မှုတွေဟာ လတ်တလော ကျွန်းစုပိုင်ဆိုင်မှုတွေက စခဲ့တယ်ဆိုပေမယ့် နှစ်ကာလကြာရှည် ကိန်းအောင်းနေတဲ့ တရုတ်မလိုလားမှုတွေက မီးလောင်ရာလေပင့်ဆိုသလို ဖြစ်သွားတယ်လို့ ယူဆစရာတွေ ရှိပါတယ်။
မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေမှာ တရုတ်တွေဟာ တဖြည်းဖြည်းနဲ့ လူဦးရေရော ဓနအင်အားနဲ့ပါ အဲဒီနိုင်ငံတွေရဲ့ လူမှုစီးပွားဘ၀တွေကို လွှမ်းမိုးချယ်လှယ်လာတာတွေ့ရပါတယ်။ မလေး၊ အင်ဒို စတဲ့ နိုင်ငံသားတချို့ဟာလည်း တရုတ်မုန်းတီးရေး စိတ်ရှိတာတွေ့ရပါတယ်။ တရုတ်ပြည်မကြီး ကိုယ်နှိုက်ကလည်း အိမ်နီးချင်း နိုင်ငံငယ်တွေဖြစ်တဲ့ မြန်မာ၊ လော၊ ဗီယက်နမ် စတဲ့နိုင်ငံတွေအပေါ်မှာ ငဲ့ညာစဉ်းစားလေ့မရှိပဲ၊ သူ့ရဲ့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်လေ့ရှိပါတယ်။
လက်တွေ့ ဥပမာ ပြရရင်- မဲခေါင်မြစ်ညာမှာ တရုတ်က ရေကာတာအများအပြား တည်ဆောက်နေတဲ့အတွက် မြစ်ကြေမှာ ရှိကြတဲ့ ထိုင်း၊ လော၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ မဲခေါင်မြစ်ရေကို မှီခိုနေရတဲ့ နိုင်ငံတွေဟာ နှစ်စဉ် ရေကြီးရေလျှံမှုတွေ၊ မြစ်ရေသောက်နိုင်တဲ့ လယ်မြေပမာဏ နည်းသထက်နည်းလာတာတွေ စတာတွေကို အဓိက ရင်ဆိုင်နေကြရပါတယ်။ တခြားတခြားသော မြစ်ရေနည်းလာတာတွေ၊ ငါးမျိုးစိတ်တွေတုံးလာတွေ၊ ဂေဟစနစ်ယိုယွင်းလာတွေလည်း ကြုံတွေ့နေရတဲ့အတွက် သက်ဆိုင်ရာအစိုးရတွေဟာ စိုးရိမ်နေကြရပါတယ်။ ဒီလို စိုးရိမ်မှုတွေဟာ မြစ်ညာမှာရှိတဲ့ တရုတ်ရဲ့ သူ့အကျိုးစီးပွားရှေ့တန်းတင်မှုကြောင့်လို ဆိုရင် မှားမယ်မထင်ပါဘူး။ နောက် တရုတ်အစိုးရဟာ ရေကာတာတည်ဆောက်တာတင်မက ဒီ မဲခေါင်မြစ်ကြောင်းတလျှောက် ရောင်းဝယ်ဖောက်ကားမှုတွေကိုလည်း လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာတွေ ရှိပါတယ်။ မြစ်ကြောင်းတလျှောက်မှာ ရှိတဲ့နိုင်ငံတွေမှာလည်း တရုတ်ကုန်စည်တွေသာ လွှမ်းမိုးနေတာတွေ့ရပါတယ်။
မြန်မာနိုင်ငံတွင်းမှာလည်း တရုတ်လူဦးရေတိုးပွားမှုဟာ ကြောက်ခမန်းလိလိပါပဲ။ နယ်စပ်ခြံစည်းရိုးကနေ ခိုးဝင်လာတာတွေ၊ လူမှောင်ခိုသွင်းတာတွေကြောင့် မြန်မာစကားတလုံးမှ မတတ်ပဲ မြန်မာ့နှလုံးသားလို့ ဆိုရမယ့် မန္တလေးရွှေမြို့တော်ရဲ့ မြို့လည်ခေါင်မှာ အခန့်သားဝင်နေရာယူနေကြတာတွေဟာ အားလုံးမျက်မြင်ပါပဲ။ အာဏာသိမ်းစစ်အစိုးရရဲ့ အားနည်းချက်ကိုနင်းပြီး ကျောက်ဖြူ -ကူမင်း ဂက်စ်ပိုက်လိုင်းတည်ဆောက်တာတွေ (ဒီ ဂက်စ်ပိုက်လိုင်းဖောက်တဲ့ လမ်းတလျှောက်မှာရှိတဲ့ လယ်သမားတွေဟာ ထိုက်တန်တဲ့လျှော်ကြေးမရခဲ့တာတွေ)၊ ဒေသခံရွာသူရွာသားတွေရဲ့ အနာဂါတ်ရေရှည် နစ်နာဆုံးရှုံးမှုတွေကို ထည့်မစဉ်းစားပဲ မြန်မာစစ်ဗိုလ်ချုပ်တွေပိုင်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ လက်ဝါးချင်းရိုက်ပြီး မြန်မာ့သယံဇာတကို အငမ်းမရလိုက်ဟပ်တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းလိုမျိုးဟာတွေ၊ မြန်မာတွေရဲ့ ပင်မအသက်သွေးကြောကြီးဖြစ်တဲ့ ဧရာဝတီမြစ်ဖျားက မြစ်ဆုံရေကာတာစီမံကိန်း (ပြည်သူလူထုတရပ်လုံး ညီညီညွတ်ညွတ်ကန့်ကွက်မှုကြောင့် အရပ်သားစစ်သားတပိုင်းအစိုးရက သူ့သက်တမ်းမှာ ရပ်ဆိုင်းထားရတဲ့ တရုတ်အကျိုးအမြတ်သာ များတဲ့ စီမံကိန်း)၊ စတာတွေဟာ တရုတ်အစိုးရက အိမ်နီးချင်းပြည်သူတွေရဲ့ အကျိုးကို မငဲ့ညာပဲ အတ္တကြီးကြီးနဲ့ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဆိုတဲ့ အကျိုးစီးပွားရှေ့တန်းတင်မှု တွေဟာ ရေရှည်မှာ တရုတ်မုန်းတီးရေးစိတ်တွေကို ပွားစေပါတယ်။
ဗီယက်နမ်က တရုတ်ဆန့်ကျင်ရေးတွေ၊ ဖိလစ်ပိုင်ကျွန်းစုတွေ သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုတွေ၊ လက်ပံတောင်းတောင်က ၀မ်ပေါင်အလိုမရှိ ကြွေးကြော်သံတွေဟာ နေမထွက်ခင် အာရုဏ်လာသလို အရှေ့တောင်အာရှနိုင်ငံတွေရဲ့ တရုတ်တော်လှန်ရေး နိမိတ်များလား အောက်မေ့မိပါတယ်။
ဒီလို တရုတ်ရဲ့ ဒေသတွင်း ကြီးစိုးရေး လုပ်ဆောင်ချက်တွေကြောင့် အရှေ့တောင်အာရှ နိုင်ငံတချို့ဟာ အမေရိကန်ဖက်ကို အလိုလို ယိမ်းလာရတော့တာပါပဲ။ ဒီလိုမှ ကျားကန်မထားရင်လည်း ထင်တိုင်းကြဲလာမှာလည်း စိုးရိမ်ရသေးတာကိုး။ အခုတော့ တရုတ်ကို တန်ပြန်ဖို့အတွက် စစ်ရေးမဟာမိတ်ဖွဲ့တာတွေ မလုပ်ဖို့ တရုတ်သမ္မတ ကိုယ်တိုင်ပြောလာရပါပြီ။ ဒီလို ပြောလာရတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒီလို ရန်လိုသယောင်ယောင်၊ ခြိမ်းခြောက်သလိုလို ပြောဆိုမယ့်အစား ဒေသတွင်းတည်ငြိမ်ရေးကို အင်အားကြီးနိုင်ငံပီပီ ဦးစီးဦးရွက်နဲ့ လုပ်သင့်တာပါ။ မိမိအတ္တသာ ဆက်ပြီး ရှေ့တန်းတင်နေမယ်ဆိုရင်တော့ နေမြင့်လေအရူးရင့်လေ ဆိုသလို ကြာလေ ရတက်မအေးစရာဖြစ်လေပါပဲ။ ။
အောင်ဟိန်း (မုံရွာ)
(၂၁) ရက်၊ မေလ၊ ၂၀၁၄။
ကိုးကား ။ ။ ဘီဘီစီသတင်းများ။
အမ်အာစီ (မဲခေါင်မြစ်ဝှမ်းကော်မတီ ၀က်ဘ်ဆိုက်ဒ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။