မဟာဆန်.. ကဗျာဆန် ..မြန်မာဆန်..ဒေါ်အောင်ဆန်းစုကြည်ဆင်ယဉ်ထုံးဖွဲ့မှု
မြန်မာ့ဒီမိုကရေစီခေါင်းဆော င်ရယ်လို့်ဆိုရင်ကမ္ဘာ့နိုင် ငံအသီးသီးကဒေါ်အောင်ဆန်းစုကြ ည်ကိုသာပြေးမြင်ကြတာအမှန်ပါ ။နက်ဆင်မင်ဒဲလားလိုမျိုးနို ဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ် အောင်ဆန်းစုကြည်ရဲ့စွန့်လွတ်အနစ်နာခံမှုတွေ၊ခွင့်လွတ်တတ်မှုတွေကိုကမ္ဘာကလေးစားသလိုသူ မရဲ့ဝတ်စားဆင်ယင်မှုတွေကိုလည်းကမ္ဘာကပါဂရုတစိုက်ရှိလာပါတ ယ်။သူမရဲ့ထင်ပေါ်ကျော်ကြားမှု တွေကိုပြောဆိုကြမယ်ဆိုရင်ဖြင့်သူမရဲ့မြန်မာဆန်ဆန်သ ပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်တဲ့ဖက် ရှင်ဒီဇိုင်းတွေကိုလည်းချန် ထားခဲ့လို့မရပါဘူးလို့မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့နယူးဇီလန်နိုင်ငံသူသတင်းလောကသားတစ်ဦးဖြစ်တဲ့ Sue Ahearn ကဆိုပါတယ်။
နိုင်ငံတကာကိုဖိတ်ကြားချက်အ ရမကြာခဏဆိုသလိုသွားရောက်လေ့ ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ကသွားလေရာနိုင်ငံတိုင်းကိုမြန်မာအမျိုးသမီးပီသစွာဝတ်စားဆ င်ယင်သွားလေ့ရှိတဲ့သူမရဲ့ဖက်ရှင်တွေကြောင့်မြန်မာအမျိုးသမီးထုရဲ့ဂုဏ်ကိုလည်းတက်စေ ခဲ့ပါတယ်။သူမသွားရောက်ခဲ့ဖူးတဲ့နိုင်ငံတော်တော်များများကအမျိုးသမီးတွေကလည်းသူ့ရဲ့ ၀တ်စားဆင်ယင်မှုကိုအတုယူလိုက်ဝတ်ဆင်လေ့လည်းရှိနေကြပြန်ပါတယ်။
လက်ရှိဂျပန်နိုင်ငံမှာနေထို င်နေတဲ့ဒေါ်သီဝင်းကျော်က “ဂျပန်ကိုအမေစုရောက်လာတော့ဒီကကျောင်းသားတွေကအရမ်းကိုတွေ့ချင်ကြတယ်။အမေစုပြန်ပြီးေ နာက်ပိုင်းမှာဂျပန်မှာအမေစု ကိုအတုယူပြီးတက္ကသိုလ်ကျောင်းသူလေးတွေကအစအမျိုးသမီးတွေေ တ်ာတော်များများကအမေစုလိုပန်းတွေပန်တယ်။ပုဝါတွေဆိုလည်း အမေစုလိုပုံစံဆိုပြီးလိုက်ြ ခုံကြတယ်”လို့ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှ င်ရယ်လို့ပြောလိုက်ရင်တော့ထူးခြားပြောင်မြောက်လှတဲ့ခန့် ခန့်ထည်ထည်လက်ရာတွေကိုပြေး မြင်ကြမှာမဟုတ်ဘဲရှိးရှင်းလှတဲ့ချည်ထည်ပိတ်သားလေးတွေကိုပဲပြေးမြင်မိကြတာပါ။ဒေါ်အော င်ဆန်းစုကြည်ဝတ်လေ့ရှိတဲ့ပိ တ်သားတွေကတော့မြန်မာငွေကျပ် (၇၀၀၀)အောက်ခန့်သာရှိပါတယ်။ ပြောင်လက်စူးရှပြီးဆန်းပြား လှတဲ့အ၀တ်အစားတွေကိုသူမကများသောအားဖြင့်ဝတ်လေ့မရှိဘဲရိုးရှင်းလှတဲ့ဒီဇိုင်းတွေကို သာဝတ်လေ့ရှိတယ်လို့သူမကိုအကျီလက်ဆောင်များချုပ်ပေးခဲ့ဖူးတဲ့ရန်ကုန်မှဒေါ်စမ်းစမ်းနွဲ့ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာအင်္ကျီအ၀ တ်အစားဝတ်ဆင်ရာမှာလည်းတိကျေ သချာလွန်းလှပါတယ်။သူမ၀တ်ဆင် မယ့်အ၀တ်အစားအရောင်များကိုလိုက်ဖက်ညီအောင်ရွေးချယ်တတ်ြ ပီးချည်ထည်တွေကိုအများဆုံးဝ တ်လေ့ရှိပါတယ်။“အေမစုကအက်ႌ၀ တ္ရင္အတိအက်ပဲ။သူများတွေလို အင်္ကျီကိုအပိုထားတာတွေမရှိဘူး ။အရောင်တွေကိုလည်းလိုက်ဖက်ညီအောင်ဝတ်တတ်တယ်။သူကိုယ်တို င်စက်ချုပ်တတ်တာဆိုတော့ဝတ်တာမှာလည်းအတိုင်းကတစ်သတ်မှတ် တည်းပဲ။အပေါ်အောက်ဝမ်းဆက်တွေ များသောအားဖြင့်အမေစုက၀တ်တာ နည်းတယ် ”ဟုပြောပြပါတယ်။
ဒေါ်စမ်းစမ်းနွဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုလေးစားချစ်ခင်တဲ့ အတွက်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အကျယ်ချုပ်ကာလမှာအတူ နေခဲ့ရတဲ့ဒေါ်ခင်ခင်ဝင်းမှတစ်ဆင့်အင်္ကျီများကိုလက်ဆောင်ချုပ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။“ အမေစုကိုလက်ဆောင်ပေးချင်လို့ ဆိုပြီးအမေစုနဲ့အကျယ်ချုပ် အတူကျခဲ့တဲ့အန်တီဝင်းကနေတစ် ဆင့်အမေစုရဲ့အင်္ကျီတွေချုပ်ပေးခွင့်ရခဲ့တာပါ။အန်တီဝင်းကပဲအင်္ကျီပုံတိုင်းတွေယူပေးခဲ့တာပါ။အများကြီးတော့မချုပ်ပေး ဖူးပါဘူး။အကျယ်ချုပ်ကလွတ်ပြီးကာလမှာကိုးထည်လောက်ပဲချုပ်ဖူးခဲ့ပါတယ်။အမေစုကလည်းကလေးတွေအကုန်အကျများလိမ့်မယ်မချုပ်ပေးပါနဲ့လို့ပြောတယ်။ဒါ ပေမယ့်အမေကိုချစ်လို့ချုပ်ေ ပးကြတာပါပဲ”လို့ပြောပြပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖို့ဒေါ်စမ်းစမ်းနွဲ့ချုပ်ပြီး လက်ဆောင်ပေးခဲ့ဖူးတဲ့အင်္ကျီတွေမှာဒီဇိုင်းဆွဲပေးခဲ့တဲ့ကိုသီဟက“အမေစုကလူကြီးလည်းဖြစ် တယ်။ခေါင်းဆောင်လည်းဖြစ်တော့ ဒီဇိုင်းတွေဆွဲရင်ရိုးရိုး လေးတွေပဲဆွဲပေးတယ်။ကျောက်တွေ၊ဘော်ကြယ်တွေတပ်တာလည်းသူကမ ကြိုက်ဘူး။မျက်စိကလပ်တာတွေလ ည်းအမေစုကမကြိုက်ဘူး။လုံခြည်မှာအမေစုကြိုက်မယ်လို့ထင်တဲ့ပန်းခက်လေးတွေကိုဆွဲပေးတာ များတယ်။အမေစုကိုလည်းလက်ဆော င်ပေးတဲ့သူတွေကများတော့ကိုယ်တွေပေးတဲ့အင်္ကျီတွေဝတ်လားမ၀ တ်လားတော့မသိတော့ပါဘူး”လို့ ပြောပြပါတယ်။
“အမေစုအင်္ကျီတွေချုပ်ရတာအန္တရာယ်များတယ်။မှားလို့မရဘူး၊မှားလို့မရဘူးဆိုတာချေးများလို့တော့မဟုတ်ဘူး။သူက၀တ်စားဆ င်ယင်တာအရမ်းတိကျတယ်လေ။တိကျ တော့အသေအချာချုပ်ပေးရတာပေါ့ ။ချုပ်ပေးရတာတော့ဝမ်းသာတာပေါ့။ချစ်ကြောက်ရိုသေပေါ့။ကို ယ်ချုပ်ပေးတာမ၀တ်မှာလည်းစိုးရိမ်တယ်။ဝတ်တော့လည်းကိုယ်ချုပ်ပေးတဲ့အင်္ကျီကိုကမ္ဘာသိလူထုခေါင်းဆောင်က၀တ်တယ်ဆိုတော့ အရမ်းကိုပျော်တာပေါ့” ဒေါ်စမ်းစမ်းနွဲ့နဲ့ကိုသီဟတို့ကပြိုင်တူပြောပြကြပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံကခေါင်းဆောင်အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်ယင်လပ် ရှင်နာဝပ်မြန်မာနိုင်ငံသို့ လာရောက်ပြီးဒေါ်အောင်ဆန်းစြု ကည်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံရာမှာဒေါ်အောင်ဆန်းစုကြည်ဝ တ်ဆင်ထားတဲ့နီညိုရောင်အင်္ကျီနှင့်နီညိုရောင်လုံခြည်မှာဒေါ်စမ်းစမ်းနွဲ့နှင့်ကိုသီဟတို့ပူးပေါင်းချုပ်ထားပေးတဲ့အ င်္ကျီဒီဇိုင်းပါပဲ။အဲဒီတွေ့ဆုံမှုဟာအရှေ့တောင်အာရှမှာထင်ရှားတဲ့တွေ့ဆုံမှုလို့မှတ်ယြူ ပီးနိုင်ငံတကာမီဒီယာတွေကအထူးစိတ်ဝင်စားကာသြဇာကြီးမားလေးစားဖွယ်ကောင်းလှတဲ့အမျိုး သမီးနှစ်ဦးရဲ့ဝတ်စားဆင်ယင် မှုတွေကိုလည်းအရေးတယူဖော်ပြခဲ့တာကြောင့်ဒေါ်စမ်းစမ်းနွဲ့ နဲ့ကိုသီဟတို့ပူးပေါင်းချုပ်လုပ်ခဲ့တဲ့ဖက်ရှင်ဒီဇိုင်း ဟာဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင် လိုက်တာကြောင့်ကမ္ဘာကျော်ခဲ့ ရတယ်လို့ဆိုရင်လည်းမမှားပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲကာလတုန်းကသူမရဲ့ရန်ကုန် တိုင်းဒေသကြီးကကော့မှုးမြို့ နယ်မဲဆန္ဒနယ်မှာဒေသခံတွေနဲ့အ တူတစ်သားတည်းမြေပြင်ပေါ်မှာထိုင်ပြီးအားပေးခဲ့တဲ့အင်္ကျီဝတ်စုံကလည်းဒေါ်စမ်းစမ်းနွဲ့နဲ့ ကိုသီဟတို့ချုပ်ပေးခဲ့တဲ့အ င်္ကျီဒီဇိုင်းပဲဖြစ်ပြီးလူပြောများတဲ့အင်္ကျီဒီဇိုင်းတစ်မျိုးဖြစ်ခဲ့ရပါသေးတယ်။ဒေါ်စမ်း စမ်းနွဲ့နဲ့ကိုသီဟတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကသူတို့လ က်ဆောင်ပေးတဲ့ဝတ်စုံလေးနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးကိုအမှ တ်တရလက်မှတ်ထိုးပြီးပေးထားပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ရယ်လိြု့ မန်မာပြည်ကိုပြန်လည်ရောက်ရှိလာခါစအချိန်ကာလတွေမှာတော့ေ ဒ်ါအောင်ဆန်းစုကြည်ကသူ့ကိုချ စ်တဲ့ပြည်သူတွေပေးတဲ့ပန်းတွေကိုဦးခေါင်းမှာအားလုံးလို လိုပန်ဆင်တတ်ပေမယ့်အခုနောက် ပိုင်းကာလတွေမှာတော့ပန်းတစ် မျိုးတည်းကိုသာပန်ဆင်လေ့ရှိ လာတာကိုလည်းပြည်သူတွေကသတိထားမိနေပါတယ်။ထိုကာလများကဒေါ်ေ အာင်ဆန်းစုကြည်ကအမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ရဲ့အလံအမှတ်အသားတံဆိပ်ကိုဘယ်ဘက်ရင်ဘ တ်ပေါ်မှာအမြဲထိုးထားလေ့ရှိခဲ့ပြီးယခုနောက်ပိုင်းကာလမှာ တော့သူ့ရဲ့ဘယ်ဘက်ရင်ဘက်ပေါ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အမှတ်အသားဖြစ်တဲ့ရွှေရောင်ခွပ်ဒေါင်းရင်ထိုးထိုးလာ တာကိုသတိထားမိလာကြပြီးပါတီဝ င်အမျိုးသမီးအများစုကလည်းအတုယူလာကြတာကိုတွေ့ရပါတယ်။
အခုဆိုရင်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ်လည်းဖြစ်နေ ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြ ည်ကိုလွှတ်တော်တတ်တဲ့ရက်တိုင်းသူမရဲ့ဆံကေသာပေါ်မှာဘာပန်း တွေပန်လေ့ရှိတယ်ဆိုတာကိုသူမ ကိုချစ်ခင်လေးစားတဲ့သူတွေကေ စာင့်ကြည့်နေတတ်ကြပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်ကကွယ်လွန်သွားခဲ့တဲ့အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နာယကကြီးဦးဝင်းတင်ရဲ့ဈာပနအခမ်းအနားကိုတတ်ရောက်လာတဲ့အခါမှာတော့ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပန်းမ ပန်ထားတာကိုသူ့ကိုချစ်တဲ့ပြ ည်သူတွေကသတိထားမိနေပါသေးတယ် ။သူမနဲ့အနီးကပ်နေခဲ့ဖူးတဲ့ေ ဒ်ါခင်ခင်ဝင်းကတော့သူမဟာဝမ်း နည်းတဲ့အထိမ်းအမှတ်အဖြစ်ပန်းမပန်တာဖြစ်ပြီးတော့သူမရဲ့ခ င်ပွန်းမိုက်ကယ်အဲရစ်ကွယ်လွ န်သွားပြီးတဲ့နောက်ပိုင်းမှာလည်းတစ်နှစ်တိတိပန်းမပန်ဘဲ နေခဲ့ဖူးတာကိုဂရုစိုက်မိခဲ့ တာကိုပြန်ပြောပြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကနှင်းဆီပန်းကိုမြတ်နိုးသူလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာပြည်တွ င်းမှာလည်းစည်းရုံးရေးခရီးစ ဉ်တွေသွားတဲ့အခါမှာရောက်တဲ့ ဒေသတိုင်းပြည်နယ်တိုင်းမှာေ နထိုင်တဲ့တိုင်းရင်းသားတွေရဲ့ရိုးရာဝတ်စုံတွေကိုဝတ်ဆင် တတ်တာမို့တိုင်းရင်းသားလူမျိုးတွေရဲ့အမှတ်ပေးခြင်းကိုလ ည်းခံရပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှ င်တွေဟာမြန်မာအမျိုးသမီးထြု ကားမှာလည်းအတုယူစရာဖြစ်လာသလိုမြန်မာ့ဖက်ရှင်လောကမှာလည်းအမေစုဖက်ရှင်ရယ်လို့ခေတ်စားနေပြန်ပါတယ်။အမျိုးသမီးတွေ အားထားကြတဲ့စက်ချုပ်ဆိုင်တွေမှာတော့အမေစုဖက်ရှင်လေးချု ပ်ပေးပါလို့လာအပ်နှံသူတွေကလ ည်းရှိနေပြန်ပါတယ်။“အခုနောက်ပိုင်းဆိုရင်အမေစုဝတ်တဲ့အကျင်္ီလေးတွေချုပ်ပေးပါဆိုပြီးလာအပ်တာရှိတယ်။လာအပ်တဲ့လူတွေ ကိုယ်တိုင်ကအမေစုပုံလေးတွေပါတဲ့ဂျာနယ်တွေကိုဖြတ်ပြီးတော့လာချုပ်ကြတယ်။အမေစုဝတ်တဲ့ ပုံစံအကျီလေးတွေကရိုးရိုးလေးတွေပဲဆိုတော့ချုပ်ရတာအဆင်ေ ပြပါတယ်။”ဟုစက်ချုပ်လုပ်ငန်းလုပ်နေတဲ့မကြည်ကြည်ကပြောပြ ပါတယ်။
မန္တလေးမြို့မှာနေထိုင်နေတဲ့ ဒေါ်ဥမ္မာခင်က“မြန်မာအမျိုးသမီးပီသစွာဝတ်တတ်တဲ့အမေစုရဲ့ဖ က်ရှင်တွေကိုကြိုက်လို့ကိုယ်တွေလည်းအမေစုလိုလိုက်ဝတ်ကြ တယ်။အမေစုကသူ့ခန္မာကိုယ်ပိန် ပိန်ပါးပါးလေးနဲ့ဆိုတော့ဝတ် ထားတာကျက်သရေရှိတယ်။ဝတ်လိုက်ရင်လည်းအရောင်လိုက်ဖက်မှုရှိအောင်လည်းတော်တော်လေးဆင်တတ်တယ်”ဟုပြောပြပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့သူရဲ့ဖက်ရှင်ေ တွနဲ့ပက်သက်ပြီးအစဉ်ပြေသလို ၀တ်တာပါလို့နေအိမ်အကျယ်ချုပ်လွှတ်ပြီးသကာလသူမရဲ့အိမ်တွင်းမှာပြုလုပ်တဲ့စာနယ်ဇင်းရှ င်းလင်းပွဲတစ်ခုမှာဖွင့်ဟဖူးခဲ့ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က၀တ်စားဆင်ယင်မှုမှာတိကျသူတစ်ဦးဖြစ်ပြီးမိခင်ဖြ စ်သူဒေါ်ခင်ကြည်သွန်သင်ဆုံးမ ခဲ့တဲ့မြန်မာ့အမျိုးသမီးဝတ် စားဆင်ယင်မှုလမ်းစဉ်အတိုင်းမ သွေတသိမ်းလိုက်နာခဲ့တာဖြစ်တ ယ်လို့နေအိမ်အကျယ်ချုပ်ကျခံ ခဲ့စဉ်ကအတူနေခဲ့ရတဲ့ဒေါ်ခင်ခ င်ဝင်းကပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပာာကိုယ် တိုင်အင်္ကျီများကိုချုပ်လုပ် တတ်တဲ့သူတစ်ယောက်လည်းဖြစ်ပြီးပန်းချီဆွဲတတ်သူတစ်ယောက်ြ ဖစ်တဲ့အတွက်ကိုယ်တိုင်ဒီဇို င်းတွေကိုလည်းပုံဖော်ရေးဆွဲ လေ့ရှိတယ်လို့လည်းဆိုပါတယ်။ လက်ချုပ်ထည်တွေကိုသာကြိုက်နှစ်သက်သူတစ်ယောက်ပါ။
ဒေါ်ခင်ခင်ဝင်းကနေအိမ်အကျယ်ချုပ်ကာလတွင်းမှာတောင်ဒေါ်အော င်ဆန်းစုကြည်အဆင်ပြေစေဖို့အ င်္ကျီတွေကိုပြင်ဆင်ပေးခဲ့ရသူပါ။“အဂ်လန်မှာနေကတည်းကသူကစက် ချုပ်စာအုပ်တွေလေ့လာတော့စက် လည်းချုပ်တတ်တယ်။စက်ချုပ်ရော၊လက်ချုပ်ရောတတ်တယ်။သူကစာဖ တ်တတ်ရင်ဘာမဆိုလုပ်တတ်တယ်လို့ခံယူထားတယ်။အဲဒီတော့အချက် အပြုတ်လည်းစာအုပ်တွေဖတ်တော့ တတ်တာပဲ။အန်တီကသူ့ကိုလက်ဆော င်ပေးတဲ့အင်္ကျီတွေကိုပြန်ညှိေ ပးရတယ်။သူနဲ့အဆင်ပြေအောင်ပေါ့”ဟုနေအိမ်အကျယ်ချုပ်ကျစဉ် အချိန်များကိုပြန်လည်အောက်ေ မ့ရင်းပြောပြနေပါတယ်။
“အန်တီကစကော့ဈေးသွားပြီးဒီ ဇိုင်းပြရတယ်။ဒီဇိုင်းကလည်း သူကိုယ်တိုင်ဆွဲတာ။ဒေါ်စုရဲ့ ဒီဇိုင်နာဘယ်သူလဲလို့မေးရင် ဒေါ်စုပဲ။သူကိုချစ်တဲ့သူတွေက ချုပ်ပေးချင်တယ်ဆိုရင်တော့အ န်တီကသူရဲ့အင်္ကျီကိုယ်တိုင်းေ လးတွေပေးလိုက်တယ်။အန်တီကအကျ င်္ီပဲရွေးပေးရတယ်။ရာသီဥတုကြို ကည့်ပြီးရွေးပေးရတာပေါ့၊တစ် ခါတစ်ခါလက်ရှည်ရွေးပေးရင်နေ ကပူတော့သူကအ၀င်းဒီနေ့အိုက်တာရွေးရင်တော့နေပူတော့မှာပဲလို့လည်းနောက်သေးတယ်။ရက်တောအ မှုကိစ္စတုန်းကဆိုခဏဆိုပြီးလာ ခေါ်သွားတာ၊နောက်မှအကြာကြီးဆိုတော့အင်္ကျီတွေပြန်ယူပြီးအဲဒီထဲမှာပဲအဆင်ပြေအောင်ဝတ်ဖို့ အန်တီကပဲစီစဉ်ပေးခဲ့ရတယ်။” အမေရိကန်နိုင်ငံသားဂျွန်ရက် တောဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်းသို့ဝင်ရောက်လာမှုနဲ့ပ က်သက်ပြီးဒေါ်အောင်ဆန်းစုကြည်အမှုရင်ဆိုင်နေရချိန်မှာပင် သူမရဲ့တိကျသေချာတဲ့ဝတ်စားဆင်ယင်မှုတွေကိုလူတော်တော်များ များကသတိထားမိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှ င်ဒီဇိုင်းနာရယ်လို့သီးသန့် ခန့်ထားခြင်းမရှိဘဲသူမကိုချ စ်ခင်လေးစားတဲ့သူတွေကသူမအတွ က်အမှတ်တရချုပ်လုပ်ပေးကြတာများတယ်လို့ဒေါ်ခင်ခင်ဝင်းကဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ကျစ်လစ်သွယ်လျတဲ့ခန္ဒာ ကိုယ်အရွယ်အစားကိုလည်းထိန်း ထားတတ်ပါတယ်။သူကအင်္ကျီအ၀တ်အစားတွေကိုအချိုးအစားတစ်စိုက်မ တ်မတ်ပဲထားရှိပြီးသူရဲ့ခန္ဒာ ကိုယ်ကိုပဲထိန်းသိမ်းမယ်လို့ ခံယူထားတယ်လို့သိရပါတယ်။“သူကကျန်းမာရေးအတွက်မနက်တိုင်းပုံမှန်လမ်းလျှောက်တယ်။လမ်းလျှောက်တာလုပ်တာအေရိုးပစ်လုပ်တယ်တို့ဆိုတာမဟုတ်ဘူးစား သောက်မှုစနစ်တကျလုပ်တယ်။စားေ သာက်တာမှာအင်မတန်စိတ်ထိန်ြး ပီးစားနိုင်တယ်။စားသင့်သလော က်ပဲစားတယ်။ပိုမစားဘူး။အရသာ နောက်ကိုမလိုက်ဘူး။။ထမင်းဆိုအချိန်နဲ့စားတယ်။ကျန်းမာရေးအတိုင်းစနစ်တကျစားတယ်။အသီး အရွက်များများစားတယ်။ထမင်းဆိုလျော့စားတယ်။အသားဆိုရင်လည်းစနစ်တကျပဲ၊ဘာအသားစားချင်တ ယ်လို့မရှိဘူး။လွန်ကဲတဲ့အစားအသောက်တွေအဆီအဆိမ့်တွေမစား ဘူး။သူကစနစ်တကျလုပ်လို့ကျန်းမာရေးအတွက်အထောက်အကူရတယ်။အ ဆီပိုတွေမရှိဘူး။အချိန်မှန် မှန်လည်းတရားထိုင်တဲ့အတွက်စိတ်ကျန်းမာခြင်းပြည့်စုံတယ် ။သည်းခံစိတ်ရှည်တဲ့စိတ်တြွေ ဖစ်လာတယ်။အချိန်အပိုမဖြုန်း တတ်ဘူး။ကျန်းမာရေးလမ်းလျှော က်ရင်းနဲ့စာဖတ်တယ်။”ဟုစနစ်တ ကျစားသောက်တတ်ပုံနဲ့လေ့ကျင့် ခန်းလုပ်တဲ့အလေ့အထကိုလည်းေ ဒ်ါခင်ခင်ဝင်းကပြောပြပါတယ်။
ညအိပ်ရာဝင်တဲ့အခါမှာတော့ဒေါ် အောင်ဆန်းစုကြည်ကကျန်းမာရေး နဲ့ညီညွှတ်တဲ့ညအိပ်ဝတ်အင်္ကျီတွေကိုဝတ်လေ့ရှိတယ်လို့ဒေါ်ခင် ခင်ဝင်းပြောပြချက်အရသိရပါတယ်။လက်ဝတ်ရတနာတွေမှာဆိုရင်ဖြ င့်များသောအားဖြင့်ရွှေနှင့် ပုလဲကိုအမြတ်တနိုးဆင်မြန်းတ တ်ပြီးပုလဲကိုပိုကြိုက်နှစ် သက်တယ်လို့သိရပါတယ်။ဖိနပ်တွေကိုတော့အရင်ကပိတ်သားဖိနပ်အ ပါးလေးတွေသာဝတ်တတ်ပေမယ့်အခု နောက်ပိုင်းမှာတော့ဖိနပ်အမြ င့်တွေနဲ့တစ်ခါတစ်ရံလေဒီရှူးလိုဖိနပ်မျိုးကိုလည်းဝတ်လာ တာတွေ့ရပါတယ်။အရင်ကခြုံပုဝါ ကိုရိုးရိုးရှေ့ချ၍သာခြုံလေ့ ရှိပေမယ့်အခုနောက်ပိုင်းစလွယ်ခြုံလာတဲ့ပုံစံကိုလည်းမြ န်မာအမျိုးသမီးအချို့အတုယူေ နကြတာကိုလည်းတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိမြန်မာဆန်လှတဲ့ဖက်ရှင်တွေကိုပြောလျှင်ဖြင့်အချို့သောသူများက (၁၉၈၈)မတိုင်မီပြည်ပမှာနေထိုင်ခဲ့စဉ်ကဒေါ်အောင်ဆန်းစုကြ ည်ရဲ့ဝတ်စားဆင်ယင်တဲ့ပုံစံေ တွနဲ့ကွာခြားနေတယ်လို့ထောက် ပြပြောဆိုတာတွေရှိလာကြပါတယ် ။အဲဒီကာလများကလည်းဒေါ်အောင်ဆ န်းစုကြည်ကမြန်မာ့ယဉ်ကျေးမှု နဲ့အမြင်မတင့်တယ်တဲ့ဝတ်စားဆ င်ယင်မှုတွေကိုဝတ်လေ့မရှိဘဲမိခင်ဖြစ်သူသွန်သင်ထားတဲ့အတိုင်းမြန်မာ့ယဉ်ကျေးမှုနဲ့ကို က်ညီတဲ့ဝတ်စားဆင်ယင်မှုနဲ့သာ နေထိုင်ခဲ့တာဖြစ်တယ်လို့ဒေါ် ခင်ခင်ဝင်းကပြောပါတယ်။ခင်ပွ န်းဖြစ်သူမိုက်ကယ်အဲရစ်မကွယ်လွန်ခင်မှာဒေါ်အောင်ဆန်းစြု ကည်ကသူ့ရဲ့သားတွေဖြစ်တဲ့တို့ ကိုမြန်မာ့ယဉ်ကျေးမှုနှင့်အ ညီရှင်ပြုပေးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းများကဒေါ်အောင်ဆန်းစု ကြည်ရဲ့မြန်မာ့ယဉ်ကျေးမှုဓလေ့ စရိုက်တွေအပေါ်တန်ဖိုးထားမှု ကိုဖော်ပြနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာ ဆန်တယ်။ကဗျာဆန်သလိုမဟာလည်းဆ န်ပါတယ်။ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းကသူ့ဟန်ပန်၊သူ့ဖက်ရှင်ဟာမြန်မာမှုနဲ့ဘယ်အခါမှသွေဖီလို့မသွားခဲ့။(၁၉၈၈)ခုနှ စ်မတိုင်မီကပြည်ပမှာကာလရှည် ကြာနေထိုင်ခဲ့ရပေမယ့်လည်းသူ မရဲ့အနေအထိုင်ကျစ်လစ်တဲ့ဆင် ယင်ထုံးဖွဲ့မှုကမြန်မာအမျိုး သမီးတွေရဲ့နှုန်းစံအတိုင်းဖြ စ်ခဲ့ပါတယ်။အခုနိုင်ငံရေးခေါင်းဆောင်ဘ၀မှာလည်းသူမရဲ့ဖက်ရှင်ဟာအသွင်သစ်နဲ့အမြင်တင့် လျှက်ရှိနေတာကိုတစေ့တစောင်းစေ့ငုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။
စောဖိုးခွား(လျှပ်တစ်ပြက်သတ င်းဂျာနယ်မှ)
Saw Phoe Kwar
မြန်မာ့ဒီမိုကရေစီခေါင်းဆော
နိုင်ငံတကာကိုဖိတ်ကြားချက်အ
လက်ရှိဂျပန်နိုင်ငံမှာနေထို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှ
ဒေါ်အောင်ဆန်းစုကြည်ဟာအင်္ကျီအဝ
ဒေါ်စမ်းစမ်းနွဲ့ကဒေါ်အောင်ဆန
ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖိ
“အမေစုအင်္ကျီတွေချုပ်ရတာအန္တရ
မြန်မာနိုင်ငံရဲ့အိမ်နီးချင
ဒေါ်အောင်ဆန်းစုကြည်ရွေးကောက
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး
အခုဆိုရင်လွှတ်တော်ကိုယ်စားလ
ဒေါ်အောင်ဆန်းစုကြည်ဟာပြည်တွ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှ
မန္တလေးမြို့မှာနေထိုင်နေတဲ့
လူထုခေါင်းဆောင်ဒေါ်အောင်ဆန
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်
ဒေါ်ခင်ခင်ဝင်းကနေအိမ်အကျယ်ခ
“အန်တီကစကော့ဈေးသွားပြီးဒီ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှ
ညအိပ်ရာဝင်တဲ့အခါမှာတော့ဒေါ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှ
ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာ
စောဖိုးခွား(လျှပ်တစ်ပြက်သတ
Saw Phoe Kwar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။