Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 19, 2014

စွန့်လွှတ်ခြင်းကို ရွေးချယ်သူ

စွန့်လွှတ်ခြင်းကို ရွေးချယ်သူ
____________________

သူနဲ့ကျွန်မ ချစ်သူသက်တမ်း (၂)လပြည့်တဲ့အချိန်မှာ တခြားကောင်မလေးတစ်ယောက်နဲ့ သူရှုတ်နေတယ်ဆိုတဲ့အကြောင်း ကျွန်မသိလိုက်ရတယ်။ ဒီလိုကိစ္စမျိုးကို ကျွန်မလုံးဝ လက်မခံနိုင်ခဲ့ဘူး။ ပြီးတော့ အဲဒီကောင်မလေးက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်နေခဲ့တယ်။ ရုပ်ရှင်တွေထဲက ဒီလိုအပ်ကြောင်းထပ်တဲ့ဇာတ်လမ်းမျိုး အပြင်မှာ ကျွန်မကိုယ်တိုင်ကြုံရတဲ့အချိန် ကျွန်မဘာကိုမှ စဉ်းစားမနေဘဲ သူ့ကိုအဆက်ဖြတ်ပစ်လိုက်တယ်။ဒီလိုယောက်ျားမျိုးက ကျွန်မကို စိတ်နှလုံးနာစေသလို၊ သူ့အပေါ် စိတ်လှုပ်ရှားဖို့ ကျွန်မကို ဘယ်လိုမှစွမ်းဆောင်မနိုင်ခဲ့တော့ဘူး။

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို မိန်းကလေးဖြစ်ရတာကိုဂုဏ်ယူမိတယ်။ မိန်းကလေးတွေက နူးညံ့သိမ်မွေ့တယ်။ လှပတယ်။ ဘုရားသခင်က ကျွန်မတို့ မိန်းကလေးတွေကို လှပတဲ့အရာတွေ အများကြီးပေးခဲ့တယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို မိန်းကလေးဖြစ်ရတာကို သနားမိတယ်။ ကျွန်မတို့က ရိုးသား၊ ရိုးအလွန်းတယ်။ အထူးသဖြင့် ယောက်ျားတွေနဲ့ ကြုံတဲ့အချိန်မှာဖြစ်တယ်။

(၁)
ကျွန်မတို့ အိမ်ထောင်သက် (၃)နှစ်အထိ အစစအရာရာကို ခင်ပွန်းကတာဝန်ယူခဲ့သလို ကျွန်မကိုလည်း အရမ်းချစ်ခဲ့တယ်။ ဒါပေမယ့် သူ့အတွင်းရေးမှူးမနဲ့ သူဇာတ်လမ်းစခဲ့ပြီးနောက် အေးချမ်းတဲ့ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက မီးနီပြခဲ့တယ်။

မိသားစု၊ နှစ်ချီကြာချစ်ခဲ့တဲ့အချစ်တွေနဲ့ အကြောင်းပြပြီး သူ့စိတ်ကိုဆွဲထားဖို့ ကျွန်မကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်မလုပ်သမျှက အချည်းနှီးသာဖြစ်ခဲ့တယ်။ မကြာခဏ ရန်ဖြစ်ငြင်းခုန်ပြီးနောက် အကျိုးအကြောင်းတစ်ရပ်ကို ကျွန်မတဖြည်းဖြည်း သဘောပေါက်နားလည်လာခဲ့တယ်။ အဲဒီအကြောင်းက "တကယ်လို့ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို လေးစားရမှန်း နားမလည်ခဲ့ရင် တစ်သက်လုံး ယောက်ျားတွေရဲ့ကစားစရာအရုပ် ဖြစ်သွားနိုင်တယ်။ အမြဲခွင့်လွှတ်နေရင် နောက်ထပ်အမှားလုပ်ဖို့အတွက်သူတို့ဝန်လေးတော့မှာ မဟုတ်ဘူး။ ကျွန်မတို့ကိုလည်းရှိတယ်လို့ သူတို့ဂရုစိုက်တော့မှာမဟုတ်ဘူး"

ကွာရှင်းဖို့ သူ့ကို ကျွန်မဖက်က စပြီးတောင်းဆိုလိုက်တယ်။ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ ပုံစံနဲ့ ငေးငိုင်သွားတဲ့ သူ့ကိုကြည့်ပြီး ကျေနပ်တဲ့အောင်နိုင်မှုတစ်ခုကို ကျွန်မရလိုက်တယ်။ အတွင်းရေးမှူးနဲ့ သူ့ဇာတ်လမ်းအကြောင်း ကျွန်မကိုစရှင်းပြတယ်။ ဒီမိသားစု၊ ဒီအိမ်ထောင်ရေးကို လက်လွှတ်ဆုံးရှုံးဖို့ သူဘယ်တော့မှ မစဉ်းစားခဲ့ကြောင်း၊ အတွင်းရေးမှူးမနဲ့က စိတ်ပြေလက်ပျောက်အဖြစ်တွဲခဲ့ကြောင်း ရှင်းပြတယ်။ အခုချိန်မှာ သူရဲ့အပိုစကားတွေ ဘာတစ်ခွန်းမှ ကျွန်မနားမထောင်ချင်ခဲ့ဘူး။ စိတ်ချမ်းသာပျော်ရွှင်မှုကိုပဲ ကျွန်မလိုလားခဲ့တယ်။

မိန်းကလေးတွေ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် ရှင်သန်သင့်တယ်။ ကိုယ့်ကိုယ်ကို လေးစားသင့်တယ်။ ဒီလို ဘီးချော်တဲ့ယောက်ျားမျိုး၊
နောက်မီးလင်းတဲ့ယောက်ျားမျိုးကို စွန့်ပစ်သင့်တဲ့အချိန်မှာ စွန့်ပစ်နိုင်ရမယ်။

(၂)

သူနောက်မီးလင်းနေပြီလို့ ကျွန်မသိတဲ့တစ်နေ့ သူ့ပါးကို ခပ်နာနာလေး ကျွန်မရိုက်ပစ်လိုက်တယ်။ ဒါတောင် သူက ကျွန်မကို အရင်လို မနူးညံ့၊ မသိမ်မွေ့ဘဲ ရန်ရှာ၊ ရန်လိုတဲ့မိန်းမလို့ စွပ်စွဲခဲ့တယ်။ စာနာစိတ်မရှိတဲ့ ဒီလိုယောက်ျားမျိုးကို ကျွန်မဟားတိုက် ရယ်ပစ်လိုက်ချင်တယ်။ နောက်ဆုံးမှာ သူ့အမှားကို သူ မတွေ့ဘဲ အားလုံးက ကျွန်မအမှားတွေဖြစ်ခဲ့ရတယ်။ ကျွန်မက ရန်လို၊ ရန်မှုတတ်တဲ့မိန်းမကြမ်းဆိုရင် သိမ့်မွေ့နူးညံ့တဲ့မိန်းမကို သူရှာနိုင်ဖို့ သူ့ကို ကျွန်မစွန့်လွှတ်လိုက်ပါတယ်။

(၃)

ယောက်ျားတစ်ယောက်မှာ ငွေရှိလား၊ ကားရှိလား၊
ကျောထောက်နောက်ခံကောင်းသလားဆိုတာကို ကျွန်မနည်းနည်းမှ ဂရုမစိုက်ခဲ့ဘူး။ စိတ်ဝင်မစားခဲ့ဘူး။ သူနဲ့အတူ ဒိုးတူပေါင်ဖက် ကျွန်မကြိုးစားရုန်းကန်ရဲတယ်။ ဒါပေမယ့် ကျွန်မနှစ်နှစ်ကာကာ ချစ်တဲ့ယောက်ျားတစ်ယောက် နောက်မီးလင်းတာကိုတော့ ကျွန်မနည်းနည်းမှ သည်းမခံနိုင်ခဲ့ဘူး။ စိတ်ဓာတ်နဲ့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်နဲ့ပဲဖြစ်ဖြစ် ဒီလိုယောက်ျားမျိုးအတွက် နောင်တမရတဲ့ဆုံးဖြတ်ချက်တစ်ခုကို ကျွန်မပိုင်ပိုင်နိုင်နိုင် ချရဲတယ်။ အဲဒါကတော့ သူ့ကို စွန့်ပစ်ဖို့ပဲဖြစ်တယ်။

အချစ်နဲ့အချစ်ကြားမှာ သဲတစ်ပွင့်တောင် အဝင်မခံဘူးတဲ့...
အချစ်ထဲက ယောက်ျားနဲ့မိန်းမတို့ဟာ သာမန်လူတွေပါ။ သာမန်လူတွေ အမှားလုပ်ရင် နောင်တရပြင်ဆင်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ ရှိသင့်သတဲ့။ နောင်တရ၊ စိတ်ပြန်လည်လာသူကို သင်စွန့်လွှတ်မလား... ပြုပြင်ဖို့ အခွင့်အရေးပေးမလား..

မူရင်း...လန်ဒန်ထုတ် တရုတ်သတင်းစာ lgtes.com မှ

နိုင်းနိုင်းစနေ (Friday, July 17, 2009)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။