Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 28, 2014

အနာဂတ်အတွက်စာဖတ်ပါ

အနာဂတ်အတွက်စာဖတ်ပါ
==================

နည်းပညာရဲ့ သြဇာသက်ရောက်မှု ကြီးမားလှတဲ့ ဒီခေတ်ကြီးထဲမှာ ကမ္ဘာ့လူသားတွေအားလုံးလိုလိုပါဝင်ခွင့်ရခဲ့ကြပါတယ်။ ကမ္ဘာအနှံ့ နည်းပညာတိုးတက်ပြုပြင်ပြောင်းလဲမှုတွေ ဆင့်ကဲဖြစ်ပေါ်ခဲ့ကြပြီး ကမ္ဘာ့ နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သားအားလုံးလိုလိုနည်းပညာဆန်းသစ်တိုးတက်မှု ကို သိခွင့်၊ မြင်ခွင့်၊ လေ့လာခွင့်၊ သုံးစွဲခွင့်ရခဲ့ကြတာပါပဲ။ ဒါပေမယ့် လေ့လာမှု၊ သင်ယူမှုနဲ့ ပံ့ပိုးမှုတွေမှာ တော့ အထိုက်အလျောက်အားနည်းချက်တွေရှိခဲ့ကြတယ်။ အခုဆိုရင် Mobile နည်းပညာတိုးတက်မှုနဲ့ အတူ မြန်မာလူမျိုးအားလုံးနီးပါး Mobile Phone ကိုင်ဆောင်သုံးစွဲခွင့် ရရှိကြပြီဖြစ်သလို ခေတ်သစ်သိပ္ပံ Mobile ဆက်သွယ်ရေးနည်းပညာနဲ့ အတူ Internet လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးဖြန့်ကြက်ထားတဲ့ ကွန်ယက်ကိုပါ သုံးစွဲလေ့လာနိုင်ခွင့်တွေရရှိနေကြပြီဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံလဲ တခြားနိုင်ငံတွေ ဖွံ့ဖြိုး တိုးတက်သလို တိုးတက်စေဖို့ ပြုပြင်ပြောင်းလဲရေးတွေ၊ စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်နေကြတာတွေ ရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခြေချမှုနဲ့ အနာဂတ်စီမံကိန်းတွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ပေါ်ပေါက်လာခဲ့ကြတာကို ကျွန်တော်တို့အားလုံးငြင်းဖို့ခက်ခဲပါလိမ့်မယ်။ ဒီနေ့ခေတ်လူငယ် တွေအတွက် တိုးတက်မှုကို ရှာဖွေဖို့ရာ ခေတ်ရေစီးကြောင်းနဲ့ ကမ္ဘာ့အခြေအနေကို သိထား၊ လေ့လာထား မှဖြစ်မယ်။ ဒါမှသာ ကိုယ့်အတွက် အကောင်းဆုံး အခွင့်အလမ်းနဲ့ သင့်တော်မှုတစ်ခုကို ပိုင်နိုင်စွာ ရွေးချယ် နိုင်မှာပါ။

ယနေ့မြန်မာလူငယ်တွေအတွက် တစ်ဘက်က အခွင့်အလမ်းတွေ များပြားလာသလို တစ်ဘက်က လဲ စိန်ခေါ်မှုတွေနဲ့ကြုံကြိုက်ကြရမှာပါ။ ကိုယ်ဘယ်လောက် ကျွမ်းကျင်ထားသလဲ၊ လေ့လာဆည်းပူးထား သလဲဆိုတဲ့မေးခွန်းတွေကို ကိုယ့်အနာဂတ်အတွက် ဖြေကြရမယ်၊ ကိုယ့်ရဲ့အရည်အချင်းကို ထုတ်ပြရတော့ မယ်၊ ကိုယ်က အရည်အချင်းမပြည့်မှီလို့ရှိရင် ကိုယ့်ထက်သာတဲ့ ကျွမ်းကျင်တဲ့သူကို နိုင်ငံခြားကခေါ်ယူရမှာ ပဲ အဲဒီအခါကျရင်အခွင့်အရေးရခဲ့ပါရက်နဲ့ ကိုယ်ရဲ့ညံ့ဖျင်းမှုကြောင့် သူများအောက်မှာ လုပ်ကြရအုံးမှာပါ။
အဲဒီတော့လူငယ်တွေကိုတိုက်တွန်းချင်တာကတိုးတက်လာတဲ့နည်းပညာနဲ့အတူ ကိုယ့်ရဲ့အနာဂတ် စီမံကိန်းကို ချမှတ်ပါ။ ပြီးရင် လိုအပ်တဲ့ သင်ယူဆည်းပူးမှုတွေကို မနားမနေလုပ်ဆောင်ကြဖို့ပါ။ အဓိက ကတော့ ကျွန်တော်တို့ လူငယ်တွေ စာဖတ်ကြဖို့၊ စာကောင်းပေကောင်းတွေနဲ့၊ သုတစာပေတွေ၊ နည်းပညာ စာပေတွေကို လက်လှမ်းမှီသလောက် ဖတ်ကြဖို့ အကြံပြုချင်ပါတယ်။ စာဖတ်ခြင်းဟာတပါးသူ အချိန်ကြာ မြင့်စွာစုဆောင်ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ ပြဿနာတွေ၊ အခက်အခဲဖြေရှင်းပုံတွေကို တထိုင်တည်းနဲ့ အလွယ်တကူ ရလိုက်တာဖြစ်တဲ့အတွက် စာဖတ်တဲ့အလေ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်သင့်ပါတယ်။ အခုလိုမျိုး ပြည်တွင်းမှာလဲ Mobile Phone သိပ်သည်းဆတွေများလာတဲ့အပြင် Internet ကိုပါ သုံးစွဲခွင့်ရလာတာဟာ လေ့လာသင်ယူချင်သူ လူငယ်တွေအတွက် အားသာချက်ကြီးတစ်ခုပါပဲ။ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ် ဖော်ကိုင်ဘက်အချင်းချင်း သင်ယူစရာ၊ လေ့လာစရာတွေကို မျှဝေလို့ရတယ်။ ကိုယ်သိချင်တာကို Internet ပေါ်မှာ ရှာဖွေပြီး ဖတ်မှတ်လေ့လာလို့ရမယ်။ ပြီးတော့ ကိုယ့်ထက်နားလည်တတ်ကျွမ်းသူတွေ ညွှန်းတဲ့ စာအုပ်၊ ဝက်ဘ်ဆိုက်၊ ဆောင်းပါးတွေကို ရှာဖွေလေ့လာနိုင်သေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ လူငယ်တွေမှာ လေ့လာသင်ယူမှု အားနည်းပြီး တလွဲဆံပင်ကောင်းနေကြတာကိုလဲ မမြင်မတွေ့ချင်ပဲ တွေ့နေကြရပါတယ်။ ဘာမှမဟုတ်တဲ့အချည်းနှီးသောအရာတွေအတွက် အချိန်တွေပေးနေကြတယ်။ ဟို ယောင်ယောင် ဒီယောင်ယောင်အပျော်အပါးတွေနဲ့ ကုန်ဆုံးနေကြတာ မမြင်ချင်မှ အဆုံးပါ။ လေ့လာ ဆည်းပူးရမယ့်အချိန်တွေ နှမြောစရာပါ။ အချို့လူနည်းစု လူငယ်တွေကတော့ အနာဂတ်အတွက် ကြိုတင် ပြီးအကွက်ကျကျ ပြင်ဆင်နေကြပါတယ်။

လူငယ်တွေကိုပြောချင်တာလေးက ပျော်စာရာလူငယ်ဘဝမှာ ပျော်ရွှင်စွာနေထိုင်လို့ရပါတယ်။ စာအုပ်ကောင်းတွေကို ဖတ်ဖို့ လေ့လာဖို့အတွက် မပျင်းကြပါနဲ့ စာဖတ်ကြ ပါ။ စာဖတ်တာဟာ စိတ်ဓါတ်တည်ကြည်လေးနက်စေတဲ့အပြင် ဗဟုသုတနဲ့ အသိအလိမ္မာတွေလဲ တိုးပွား စေပါတယ်။ စာဖတ်များသူတွေဟာ ပိုပြီး စဉ်းစားချင့်ချိန်နိုင်တယ်။ပိုပြီးဆွေးနွေးနိုင်တယ်။ ဝေဖန်အကြံပြု နိုင်တယ်။ ကမ္ဘာကျော်၊ နိုင်ငံကျော် ခေါင်းဆောင်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ ပညာရှင်တွေ အားလုံးဟာ စာဖတ်နာသူတွေပါ။ စာအုပ်တွေကို ဖတ်ပြီး အကျိုးရှိမယ့်အရာ၊ အသုံးဝင်မယ့်အရာတွေကို တကယ်လက် တွေ့ဘဝမှာ အသုံးချရင်း မြင့်မားလှတဲ့ လှေကားထစ်တွေကို တဆင့်ချင်းလှမ်းတက်အောင်မြင်ခဲ့ကြတာပါ။ အသိပညာ၊ အတတ်ပညာကောင်းတွေကို ရရှိနိုင်ဖို့အတွက် စာဖတ်ခြင်း အလေ့အထဟာ မရှိမဖြစ်တရပ်ထဲ မှာ ပါ ပါတယ်။ စီမံခန့်ခွဲမှုဆိုတဲ့ပညာတစ်ခုကို ပိုင်နိုင်ဖို့အတွက် ဒီကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေဟာ စာအုပ် တွေကိုပဲ ကိုးကားပြီး အပြင်ဘဝမှာ တိုက်ဆိုင်သလို သုံးစွဲခဲ့ကြခြင်းဖြစ်ပါတယ်။ စာဖတ်ဖို့အတွက် တစ်ရက် ကို အချိန်ကာလတစ်ခုသတ်မှပါ အဲဒီအချိန်ကာလတစ်ခုအတွင်းမှာ အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်၊ ဂျာနယ်၊ သတင်းစာ၊ ဝတ္ထု၊ တစ်ခုခုကို ဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ်ဖတ်ခဲ့တဲ့အထဲမှာ မှတ်သားစရာ၊ အတု ယူစရာတွေပါလာရင် စာအုပ်တစ်အုပ်နဲ့ ရေးမှတ်တတ်အောင်ကျင့်ပါ ဒါမှသာ စာဖတ်သူအတွက် ဦးနှောက် မှာ စွဲထင်ကျန်ရစ်နေပါလိမ့်မယ်။ကိုယ်လိုချင်တဲ့အချိန်မှာလဲ မိမိမှတ်ထားတဲ့ မှတ်စုစာအုပ်ကို ပြန်ကြည့်ပြီး အလွယ်တကူ မှတ်မိနိုင်ပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်လက်ခံနိုင်စရာ၊ သဘောကျစရာတစ်ခုခု ဒါမှ မဟုတ် လက်မခံနိုင်စရာတစ်ခုခုကို ဖတ်မိတယ်ဆိုရင် စဉ်းစားတွေးခေါ်ပါ ဒီအချက်အလက်တွေပေါ်မှာ စာရေးသူရဲ့အမြင်ကို ကိုယ်တိုင်သုံးသပ်ပါ၊ မိမိကိုယ်တိုင် စာရေးသူနေရာကဝင်ပြီး စဉ်းစားချင့်ချိန်ကြည့်ပါ။ ဒါမှသာ စာကိုမကြောက်ဘဲ စာဖတ်တဲ့အကျင့်တစ်ခုကို စွဲမြဲစွာမွေးမြူနိုင်မှာဖြစ်ပါတယ်။ စာတစ်အုပ်ကို ပြီးချင်ဇောနဲ့ အလောတကြီးဖတ်ခြင်းကို ရှောင်ပါ။ အဲဒီအတွက် စာဖတ်သူမှာဘာကောင်းကျိုးမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ စာဖတ်မြန်ခြင်းအတွက်လဲ သိပ်တော့ဂုဏ်ယူစရာကောင်းတဲ့အချင်မဟုတ်ဘူးထင်ပါတယ်။ စာဖတ်ခြင်းဟာတကယ်ကိုသိမ်မွေ့ပြီးအေးဆေးတဲ့အတွက် ဖုတ်ပူမီးတိုက်လဲ မလုပ်အပ်ပါဘူး။ တဖြည်း ဖြည်းနဲ့ စာတစ်အုပ်ကို ဖတ်ရင်း၊ တွေးရင်းအရသာခံရတာကပိုကောင်းပါတယ်။ လူငယ်တွေအတွက် စိတ်ဝင်စားစရာ၊ ဖတ်ချင်စရာစာအုပ်တွေ Internet ပေါ်မှာ ဖတ်လို့မကုန်နိုင်အောင်ကိုရှိပါတယ်။ Chatting လုပ်မယ့်အချိန်တွေ၊ Game ဆော့မယ့်အချိန်တွေကို နည်းနည်းလျှော့ပြီး စာကိုဖတ်စေချင်ပါတယ်။ စဉ်းစား ချင့်ချိန်တဲ့အကျင့်လေးတစ်ခုကို စာဖတ်ပြီးရစေချင်တယ်။ ဒါမှလဲ လူငယ်တွေရဲ့ အနာဂတ်ခရီးခိုင်မာလှပ ပါလိမ့်မယ်။

အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ၊ အခွင့်အလမ်းတွေ တိုးပွား လာတာနဲ့အမျှ ကျွမ်းကျင်တဲ့အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများအပြားကိုလိုအပ်လာတယ်။ ဒီလို အပ်ချက်အတွက်လဲ စီးပွားရေးလုပ်ငန်းတွေက လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လက်ယပ် ခေါ်နေကြတယ်။ ကျွမ်းကျင်သူ၊ လေ့လာဆည်းပူးထားသူ လူငယ်တိုင်းအတွက် အလုပ်ကိုစိတ်ကြိုက်ရွေး ချယ်နိုင်ပေမယ့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသူတွေအတွက် နောက်ကျကျန်ခဲ့ရမှာပါပဲ။ နောက်ကျကျန်ရစ် ခြင်းဟာ ဘယ်လိုရှုထောင်ကနေကြည့်ကြည့်ကောင်းခြင်းတစ်ခုတော့မဟုတ်တာသေချာပါတယ်။ Globalization ကမ္ဘာရဲ့အမြင့်ဆုံးခေတ်ဖြစ်တဲ့ အသိနည်းပညာခေတ်မှာ စာဖတ်ခြင်းနဲ့ လေ့လာသင်ယူခြင်း ကအဓိကအချက်တစ်ချက်အဖြစ်ခိုင်မာလာခဲ့ပါပြီ။ အသိနည်းပညာဟာ စဉ်းစားတွေးခေါ်မှုကို ဆန်းသစ်ပြီး အခြေခံတည်ဆောက်ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ကမ္ဘာကျော်နည်းပညာပါရဂူကြီးတစ်ယောက်က ဖွင့်ဆို ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ မညံ့ကြပါဘူး၊ အာရှမှာလဲ ဥာဏ်ရည်မြင့်တဲ့ လူမျိုးထဲမှာ ရပ်တည်ခဲ့ကြတာပါ။ စာဖတ်ခြင်းနဲ့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို တောက်ပထက်မြက်လာအောင် လုပ် ဆောင်နိုင်ကြပါတယ်။ မြန်မာလူငယ်တွေအတွက် တိုင်းပြည်ရဲ့အနာဂတ်ကို လက်လွှဲအပ်ခဲ့ကြရမှာလဲ မလွဲ မသွေပါပဲ၊ ခေတ်မီဖွံ့ဖြိုးလာတဲ Mobile Phone တွေနဲ့အတူ ဆန်းသစ်တဲ့ နည်းပညာတွေကို အခြေခံရင်း စာဖတ်ကြပါ။ လေ့လာကြပါ။ မိမိကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ အခွင့်ထူးတွေကို လက်လွတ်မခံကြရပါစေနဲ့၊ ဟိုအရင်လွန်လေပြီးသော နှစ်တွေကလို စာအုပ်တစ်အုပ်ဖတ်ဖို့ သွားလေရာယူ သွားစရာမလိုဘဲ Phone ထဲမှာ တင်လေ့လာနိုင်တဲ့အားသာချက်တစ်ခုကို ခိုင်မာစွာ၊ အကျိုးရှိစွာ အသုံးချ နိုင်ဖို့ မျှော်လင့်ရင်း မြန်မာလူငယ်တွေ အားလုံးမိမိတို့စိတ်ကြိုက်အနာဂတ်တစ်ခုကို ပုံသွင်းရယူနိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

Credit:::::: အသူရာ
 ဂျုံးစ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။