Nationalist and politician
--------------------------------
ဒီစကားစုနှစ်စုကအလတ်တလော မြန်မာမှာပွတ်တိုက်မှုရှိနေတာ တော်တော်စဉ်းစားစ
ရာပါပဲ။ဘာလို့ဒီစကားစုနှစ်ခုဟာပွတ်တိုက်မှုဖြစ်စရာလိုလို့လားစဉ်းစားကြပါစို့။ အမျိုး
သားရေးသမားကို nationalist ...။ နိုင်ငံရေးသမားကို politician..။ ဒီစကားစုနှစ်ခုက
တွဲလျှက်မရှိဘဲတစ်သီးတစ်သန့်စီစကားစုအနေနဲ့ရပ်တည်နေတာဟာ စကားစုတစ်ခု
ချင်းစီကို သေသေချာချာသုတေသနပြုထားတာတွေ ရှိပါလိမ့်မယ်။ ဒါ့ကြောင့်လည်း
ကွဲပြားနေတာလို့ထင်ပါတယ်။ nationalist ဟာဘာ့ကြောင့်ပေါ်လာသလဲ။ politician ကဘာ့ကြောင့်ပေါ်လာသလဲ တွေးကြည့်တဲ့အခါမှာ political ကအရင်းအမြစ်ဖြစ်နေ တယ်။ political အကြောင်းတရားကြောင့် nationalist (အမျိုးသားရေးသမား) ,politician (နိုင်ငံရေးသမား) တွေထွက်လာတယ်။ politician နဲ့ Nationalist ဟာ
စပ်ဆက်မှုမရှိဘူးလားဆိုတော့စပ်ဆက်မှုရှိနေတယ်။ တစ်ခုနဲ့တစ်ခုကိုအပြန်အလှန်
ထိန်းကျောင်းထားတယ်။ ဒီလူတန်းစားနှစ်ရပ်ဟာဘာ့ကြောင့်ပွတ်တိုက်ရသလဲစဉ်းစား
ကြည့်ရင် ကျွန်တော်တို့မြန်မာတွေအလွဲကြီးကို လွဲနေတာသွားတွေ့တယ်။politician
တွေကိုnationalist တွေကတိုက်ချဖို့ကြိုးစားတာဟာအလွဲကြီးလွဲနေတဲ့ကိစ္စပဲ။ နိုင်ငံရေး
သမားတစ်ယောက်ဖြစ်ပေါ်လာတဲ့ အရင်းမြစ်က political ကြောင့် nationalism ကစခဲ့ရတာပဲ။ nationalist မှာကျတော့လည်း political ကြောင့်ပဲ။ nationalist ကျတော့သတိထားရတယ်။ အတွေးအခေါ်ချော်တာနဲ့ extremism ဖြစ်သွားတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာextremism ဖြစ်ဖို့ခက်ခဲတယ်။ဘာလို့လည်းဆိုတော့
ဗုဒ္ဓဘာသာဝင်စစ်စစ်ရဲ့အနှစ်သာရကထိန်းချုပ်ထားတယ်။တချို့ကနာမည်အမျိုးမျိုးတပ်
ကြတယ်။ the hard right , the hard left ဆိုပြီးသုံးနှုန်းကြတယ်။ပွတ်တိုက်မှု
တွေရဲ့ ခေါင်းစဉ်တပ်ခံရတာပါပဲ။ ဒါဆိုရင် ဗုဒ္ဓကိုကော the hard right လို့အမည်တပ်
ကြမလား။ ဗုဒ္ဓဟောခဲ့တာမှာလည်းတက်တက်စင်လွဲအောင် extremism ဖြစ်ဖို့
လမ်းစဉ်တစ်ခုမှ မရှိခဲ့ဘူး။ ဗုဒ္ဓရဲ့ မေတ္တာပို့အမျှဝေမှာတင်(၃၁)ဘုံကျင်လည်ကုန်သော
လူ၊နတ်၊ ဗြဟ္မာသတ္တ၀ါအပေါင်း ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေလို့ ဆိုထားတယ်။ ဒီတော့ extremism ဆိုတာဗုဒ္ဓ၀ါဒနဲ့ သီးခြားဆန့်ကျင်ဘက်ဖြစ်နေတယ်။ extreme
ဆိုတာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘယ်လိုမှ မပတ်သတ်တော့ဘူး။
ဆိုကြပါစို့ နိုင်ငံရေးသမားတွေကို အမျိုးသားရေးသမားတွေနဲ့ ထိပ်တိုက်တွေ့ပေး
တာဟာ မတူတဲ့နှစ်စုကို ထိပ်တိုက်တွေ့ပေးတယ်လို့ထင်ရပေမဲ့ဒီနှစ်စုကအပြန်အလှန်
ထိန်းကျောင်းမှုရှိနေတဲ့ အချက်ကိုမစဉ်းစားမိကြတဲ့သူတွေရဲ့ လွဲမှားတဲ့အချက်ပါပဲ။ နှစ်
ဘက်ဟာထိပ်တိုက်တွေ့စရာလိုတဲ့အချက်လည်းမရှိသလောက်ပါပဲ။ထိပ်တိုက်တွေ့နိုင်
တဲ့အချက်ကတော့ နှစ်ဘက်မှာအတွေးအခေါ်အရတစ်ဘက်ကတွေးခေါ်ပုံသမာသမတ်မကျနည်းမကျရင်တော့ထိပ်တိုက်တွေ့ကောင်းတွေ့ပါမယ်။အဲ့ဒီတော့ nationalist တွေ
ဟာ extremist မဖြစ်ဖို့ အပြောအဆိုအလုပ်အကိုင်ကအစ ဂရုစိုက်ဖို့လိုပါတယ်။ ပြော
ချင်ရာပြောလုပ်ချင်ရာလုပ်နေရင် နိုင်ငံတစ်နိုင်ငံရဲ့ ထားရှိသင့်တဲ့ nationalism ဆို
တာကြီးဟာ ရွံစရာကောင်းပြီး ပျောက်ကွယ်ပျက်စီးသွားနိုင်ပါတယ်။ nationalism ဆိုတာတာ နိုင်ငံသူနိုင်ငံသားတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓါတ်ပါပဲ။nationalism ဆိုတာမရှိတော့ရင် တိုင်းပြည်ကော နိုင်ငံပါ ပျောက်သွားနိုင်သလို လူမျိုးပါ မျိုးတုန်း
ပျောက်ကွယ်သွားမှာပါပဲ။ တချို့က ကျွန်တော်က nationalist သမား politician နဲ့မဆိုင်ဘူး။ politics နဲ့မဆိုင်ဘူးလို့ ဂုဏ်ယူဝင့်ကြွားပြနေတာတော့ ရှက်ဖို့ကောင်း
တယ်။ နှစ်ခုစလုံးက politics ကဆင်းသက်လာတာပဲ။ အတွေးခေါ်နိမ့်တဲ့ extremist တွေကို တစ်ဘက်က nationalist လုပ်ခိုင်းလို့မရဘူး။သူတို့လက်ချက်
ကြောင့် တိုင်းပြည်ပါပျက်နိုင်တယ်။
nationalist တွေကအမျိုးသားရေးဆိုတဲ့ ပြည်သူလူထုရဲ့လူနေမှု၊ဘ၀မြင့်မားအောင်
မြှင့်တင်မယ်။ ပြည်သူလူထုတိုးတက်မဲ့လမ်းကြောင်းကိုထည့်သွင်းစဉ်းစားနေတယ်။
ပြည်သူလူနေမှုဘ၀တိုးတက်သင့်သလောက်ဘာလို့မတိုးတက်သလဲစဉ်းစားရင် နိုင်ငံ
ရေးအခြေနေ ရေသောက်မြစ်ကိုသွားတွေ့မယ်။နိုင်ငံရေးကိုတွေးမိတဲ့အခါမှဦးဆောင်
သူခေါင်းဆောင်တွေရဲ့လုပ်ကိုင်ပုံ၊အုပ်ချုပ်ပုံတွေသွားတွေ့မယ်။ ကောင်းလားမကောင်း
လား။ ဘာတွေလိုနေတာကြောင့်တွေးမယ်။
politician ကျတော့လည်း ဒီလိုပဲ တိုင်းပြည်ဘာ့ကြောင့်နိမ့်ကျ၊ မတိုးတက် ဗဟိုစနစ်
ဦးဆောင်မှုရဲ့ ရလာဒ်ထဲမှာထွက်လာတဲ့ နိမ့်ကျမှုတွေကိုဘယ်လိုပြုပြင်ယူမလဲစဉ်းစား
တယ်။ nationalist နဲ့ politician ရဲ့အဆုံးသတ်က နိုင်ငံရေးမှာပဲ ဆုံးတယ်။ ဒီနှစ်ခုက ထိပ်တိုက်တွေ့စရာမလိုသလို ဘယ်နည်းနဲ့မှလည်း ပွတ်တိုက်စရာ လိုကိုမလိုတာ။
ထိပ်တိုက်တွေ့ပေးသူတွေဟာလည်း အသိဥာဏ်နည်းမှန်းအရမ်းသိသာလွန်းတယ်။
တစ်ချက်က nationalist သမားတွေဆဲဆိုပုံတွေမှာ မင်းကကုလားလား ဘာလားပေါ့။
တချို့ကလည်း ကုလားမုန်းတီးရေးဝါဒီဝင်ပြီး သမိုင်းထဲက လွတ်လပ်ရေးခေါင်းဆောင်
ကြီးတွေကိုတောင် ဖယ်ထုတ်ချင်တယ်။ ဦးရာဇာတ်က ကုလားမလို့။ ကိုထွေးကကုလား
မလို့တွေ။ ဦးနှောက်မဲ့ပြီး စဉ်းစားဥာဏ်မရှိကြမှန်းအရမ်းသိသာတယ်။ ဦးကိုနီကမွတ်
ကုလားမလို့ စင်ပေါ်မတက်နဲ့တွေ။ သမိုင်းထဲက ဦးရာဇာတ်တို့ ကိုထွေးတို့ ကိုဖျောက်
ချင်တဲ့ nationalist သမားတချို့ကို မေးချင်တယ်... ဦးရာဇာတ်တို့ ကိုထွေးတို့လောက်
ကိုယ်ကနိုင်ငံအပေါ် အနစ်နာခံခဲ့တာ ဘယ်လိုသမိုင်းကြောင်းများရှိလည်းမေးချင်
တယ်။ ကိုယ်တိုင် ဘယ်လိုသမိုင်းကြောင်းမှလည်းမရှိဘူး။
ကျွန်တော်တို့နိုင်ငံမှာ ထားရှိတဲ့တချို့အမျိုးသားရေးစိတ်ဓါတ်က ခေတ်မမှီတာထက်
ကျဉ်းမြောင်းနေတာပိုခက်တယ်။ နိုင်ငံတွေထဲမှာမှအမေရိကန်ရဲ့ နိုင်ငံသားစနစ်ကို
သဘောကျတယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံထဲမှာနေရင်နိုင်ငံသားစိတ်ရှိအောင်
လေ့ကျင့်ပေးတယ်။ အတတ်ပညာရှင်တွေကို ဘာသာလူဖြူလူမဲ မခွဲဘဲလေ့ကျင့်ပြုစု
ပျိုးထောင်ပေးတယ်။ လူမျိုးစုတစ်ခုနဲ့တစ်ခုကြားမှာ နိုင်ငံသားစိတ်ရှိဖို့ပဲ အလေးထား
တယ်။ သူတို့လူမျိုးမှမဟုတ်ဘဲ လူဖြူလူမဲတွေထူချွန်သူတွေမြေတောင်မြှောက်ပေးရင်း
က လူသားအရင်းမြစ်တွေ တိုးတက်ကြီးပွားလာပြီး အင်အားကြီးနိုင်ငံ ဖြစ်လာတယ်။
စစ်ရေးထိပ်တန်း။ ပညာရေးထိပ်တန်း။ ကျန်းမာရေးထိပ်တန်း။ စီးပွားရေး ထိပ်တန်း။
လူနေမှုတွေထိပ်တန်း။ နိုင်ငံကတိုးတက်တာထက်တိုးတက်လာပြီး စီးပွားရေးကောင်း
လာတော့ စစ်ရေးကိုကြိုက်သလိုအသုံးချလာနိုင်တယ်။ ဘယ်နိုင်ငံရန်စမလဲ စစ်အသုံး
စရိတ်ဝုန်းကနဲထုတ်နိုင်တယ်။စီးပွားရေးအင်အားတောင့်လွန်းတော့တခြားနိုင်ငံတွေ
နိုင်ငံကြီးတွေကိုပါ စီးပွားရေးပိတ်ဆို့ဖို့ စွမ်းလာတယ်။ ကျွန်တော်တို့ဆီကnationalist
တွေတွေးခေါ်ပုံနဲ့ဆိုရင်အမေရိကန်ကုလားနိုင်ငံဖြစ်တာကြာပြီပေါ့။သူ့နိုင်ငံထဲကနိုင်ငံ
သားတွေက လူမျိုးပေါင်းစုံတွေထည့်ထားတာကို။ တရားဥပဒေ ကလည်း စိုးမိုးအောင်
လုပ်ထားတာတော်ရုံပြသနာမတက်ရဲဘူး။အစဆွဲမိတဲ့ နိုင်ငံတွေအထိနာတာပဲ။ ပြန်
ဆော်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်ဆိုသူတွေက ဒီလိုနိုင်ငံမျိုးကိုအား
မကျဘဲ မြောက်ကိုရီးယားတို့ ရုရှတို့ကို ဆရာတင်ထားတယ်။ သူတို့ဆရာတင်ထားတဲ့
နိုင်ငံတွေရဲ့ ပြည်သူတွေလူနေမှုစနစ် စုတ်ပြတ်တယ်။ အာဏာရှင်နိုင်ငံတွေကို။
အမေရိကန်လိုနိုင်ငံတချို့က ပညာရှင်စုဆောင်းတယ်။ တိုင်းပြည်တိုးတက်ဖို့ကြံတယ်။
မြန်မာပြည်က ရှိတဲ့ပညာရှင်တွေမောင်းထုတ်တယ်။ သိလာတတ်လာတဲ့သူတွေကို ဖမ်း
ပြီးထောင်ချတယ်။ရှိသမျှသယံဇာတရောင်းစာတယ်။တိုင်းပြည်လည်းပြောင်သလောက်
ရှိပြီ။တိုင်းပြည်တိုးတက်အောင်ဘယ်အစိုးရနဲ့အဆင်ပြေမလဲnationalistတွေ တွေးဖူးပါ
သလား။အခုက nationalist ဆိုသူတွေက ဒေါ်စုဆိုရင် ကုလားမ...ကုလားမယားနဲ့
ပြောနေတာပဲတွေ့တယ်။ အမျိုးသားရေးကို ဒေါ်စုထက်စွမ်းမယ်ထင်တဲ့ ဘဘတွေ
ထဲက တစ်ယောက်လောက်ထုတ်ပြလို့ရမလား။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘာကိုခေါ်သလဲ။ ဒေါ်စုဘာ့ကြောင့် ဒီစကားပြောခဲ့တယ် ဆိုတာတွေးလို့ ဥာဏ်မှီခဲ့ရင် nationalist တစ်ယောက်ဖြစ်ပြီလို့ ရဲရဲခံယူလိုက်ပါ။
(မင်းဇင်)
--------------------------
ဒီစကားစုနှစ်စုကအလတ်တလော မြန်မာမှာပွတ်တိုက်မှုရှိနေတ
ရာပါပဲ။ဘာလို့ဒီစကားစုနှစ်ခ
သားရေးသမားကို nationalist ...။ နိုင်ငံရေးသမားကို politician..။ ဒီစကားစုနှစ်ခုက
တွဲလျှက်မရှိဘဲတစ်သီးတစ်သန်
ချင်းစီကို သေသေချာချာသုတေသနပြုထားတာတေ
ကွဲပြားနေတာလို့ထင်ပါတယ်။ nationalist ဟာဘာ့ကြောင့်ပေါ်လာသလဲ။ politician ကဘာ့ကြောင့်ပေါ်လာသလဲ တွေးကြည့်တဲ့အခါမှာ political ကအရင်းအမြစ်ဖြစ်နေ တယ်။ political အကြောင်းတရားကြောင့် nationalist (အမျိုးသားရေးသမား) ,politician (နိုင်ငံရေးသမား) တွေထွက်လာတယ်။ politician နဲ့ Nationalist ဟာ
စပ်ဆက်မှုမရှိဘူးလားဆိုတော့စ
ထိန်းကျောင်းထားတယ်။ ဒီလူတန်းစားနှစ်ရပ်ဟာဘာ့ကြေ
ကြည့်ရင် ကျွန်တော်တို့မြန်မာတွေအလွဲ
တွေကိုnationalist တွေကတိုက်ချဖို့ကြိုးစားတာဟ
သမားတစ်ယောက်ဖြစ်ပေါ်လာတဲ့ အရင်းမြစ်က political ကြောင့် nationalism ကစခဲ့ရတာပဲ။ nationalist မှာကျတော့လည်း political ကြောင့်ပဲ။ nationalist ကျတော့သတိထားရတယ်။ အတွေးအခေါ်ချော်တာနဲ့ extremism ဖြစ်သွားတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာextremis
ဗုဒ္ဓဘာသာဝင်စစ်စစ်ရဲ့အနှစ်သ
ကြတယ်။ the hard right , the hard left ဆိုပြီးသုံးနှုန်းကြတယ်။ပွတ်
တွေရဲ့ ခေါင်းစဉ်တပ်ခံရတာပါပဲ။ ဒါဆိုရင် ဗုဒ္ဓကိုကော the hard right လို့အမည်တပ်
ကြမလား။ ဗုဒ္ဓဟောခဲ့တာမှာလည်းတက်တက်စ
လမ်းစဉ်တစ်ခုမှ မရှိခဲ့ဘူး။ ဗုဒ္ဓရဲ့ မေတ္တာပို့အမျှဝေမှာတင်(၃၁)ဘ
လူ၊နတ်၊ ဗြဟ္မာသတ္တ၀ါအပေါင်း ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဆိုတာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘယ်လိုမှ မပတ်သတ်တော့ဘူး။
ဆိုကြပါစို့ နိုင်ငံရေးသမားတွေကို အမျိုးသားရေးသမားတွေနဲ့ ထိပ်တိုက်တွေ့ပေး
တာဟာ မတူတဲ့နှစ်စုကို ထိပ်တိုက်တွေ့ပေးတယ်လို့ထင်
ထိန်းကျောင်းမှုရှိနေတဲ့ အချက်ကိုမစဉ်းစားမိကြတဲ့သူေ
ဘက်ဟာထိပ်တိုက်တွေ့စရာလိုတဲ
တဲ့အချက်ကတော့ နှစ်ဘက်မှာအတွေးအခေါ်အရတစ်ဘက
ဟာ extremist မဖြစ်ဖို့ အပြောအဆိုအလုပ်အကိုင်ကအစ ဂရုစိုက်ဖို့လိုပါတယ်။ ပြော
ချင်ရာပြောလုပ်ချင်ရာလုပ်နေ
တာကြီးဟာ ရွံစရာကောင်းပြီး ပျောက်ကွယ်ပျက်စီးသွားနိုင်
ပျောက်ကွယ်သွားမှာပါပဲ။ တချို့က ကျွန်တော်က nationalist သမား politician နဲ့မဆိုင်ဘူး။ politics နဲ့မဆိုင်ဘူးလို့ ဂုဏ်ယူဝင့်ကြွားပြနေတာတော့ ရှက်ဖို့ကောင်း
တယ်။ နှစ်ခုစလုံးက politics ကဆင်းသက်လာတာပဲ။ အတွေးခေါ်နိမ့်တဲ့ extremist တွေကို တစ်ဘက်က nationalist လုပ်ခိုင်းလို့မရဘူး။သူတို့
ကြောင့် တိုင်းပြည်ပါပျက်နိုင်တယ်။
nationalist တွေကအမျိုးသားရေးဆိုတဲ့ ပြည်သူလူထုရဲ့လူနေမှု၊ဘ၀မြင်
မြှင့်တင်မယ်။ ပြည်သူလူထုတိုးတက်မဲ့လမ်ြးေ
ပြည်သူလူနေမှုဘ၀တိုးတက်သင့်သ
ရေးအခြေနေ ရေသောက်မြစ်ကိုသွားတွေ့မယ်။
သူခေါင်းဆောင်တွေရဲ့လုပ်ကို
လား။ ဘာတွေလိုနေတာကြောင့်တွေးမယ်
politician ကျတော့လည်း ဒီလိုပဲ တိုင်းပြည်ဘာ့ကြောင့်နိမ့်က
ဦးဆောင်မှုရဲ့ ရလာဒ်ထဲမှာထွက်လာတဲ့ နိမ့်ကျမှုတွေကိုဘယ်လိုပြုပြ
တယ်။ nationalist နဲ့ politician ရဲ့အဆုံးသတ်က နိုင်ငံရေးမှာပဲ ဆုံးတယ်။ ဒီနှစ်ခုက ထိပ်တိုက်တွေ့စရာမလိုသလို ဘယ်နည်းနဲ့မှလည်း ပွတ်တိုက်စရာ လိုကိုမလိုတာ။
ထိပ်တိုက်တွေ့ပေးသူတွေဟာလည်
တစ်ချက်က nationalist သမားတွေဆဲဆိုပုံတွေမှာ မင်းကကုလားလား ဘာလားပေါ့။
တချို့ကလည်း ကုလားမုန်းတီးရေးဝါဒီဝင်ပြီ
ကြီးတွေကိုတောင် ဖယ်ထုတ်ချင်တယ်။ ဦးရာဇာတ်က ကုလားမလို့။ ကိုထွေးကကုလား
မလို့တွေ။ ဦးနှောက်မဲ့ပြီး စဉ်းစားဥာဏ်မရှိကြမှန်းအရမ်
ကုလားမလို့ စင်ပေါ်မတက်နဲ့တွေ။ သမိုင်းထဲက ဦးရာဇာတ်တို့ ကိုထွေးတို့ ကိုဖျောက်
ချင်တဲ့ nationalist သမားတချို့ကို မေးချင်တယ်... ဦးရာဇာတ်တို့ ကိုထွေးတို့လောက်
ကိုယ်ကနိုင်ငံအပေါ် အနစ်နာခံခဲ့တာ ဘယ်လိုသမိုင်းကြောင်းများရှ
တယ်။ ကိုယ်တိုင် ဘယ်လိုသမိုင်းကြောင်းမှလည်း
ကျွန်တော်တို့နိုင်ငံမှာ ထားရှိတဲ့တချို့အမျိုးသားရေ
ကျဉ်းမြောင်းနေတာပိုခက်တယ်။
သဘောကျတယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံထဲမှာနေရင်နိုင်ငံသာ
လေ့ကျင့်ပေးတယ်။ အတတ်ပညာရှင်တွေကို ဘာသာလူဖြူလူမဲ မခွဲဘဲလေ့ကျင့်ပြုစု
ပျိုးထောင်ပေးတယ်။ လူမျိုးစုတစ်ခုနဲ့တစ်ခုကြား
တယ်။ သူတို့လူမျိုးမှမဟုတ်ဘဲ လူဖြူလူမဲတွေထူချွန်သူတြွေေ
က လူသားအရင်းမြစ်တွေ တိုးတက်ကြီးပွားလာပြီး အင်အားကြီးနိုင်ငံ ဖြစ်လာတယ်။
စစ်ရေးထိပ်တန်း။ ပညာရေးထိပ်တန်း။ ကျန်းမာရေးထိပ်တန်း။ စီးပွားရေး ထိပ်တန်း။
လူနေမှုတွေထိပ်တန်း။ နိုင်ငံကတိုးတက်တာထက်တိုးတက
လာတော့ စစ်ရေးကိုကြိုက်သလိုအသုံးချ
စရိတ်ဝုန်းကနဲထုတ်နိုင်တယ်။
နိုင်ငံကြီးတွေကိုပါ စီးပွားရေးပိတ်ဆို့ဖို့ စွမ်းလာတယ်။ ကျွန်တော်တို့ဆီကnationalis
တွေတွေးခေါ်ပုံနဲ့ဆိုရင်အမေရ
သားတွေက လူမျိုးပေါင်းစုံတွေထည့်ထား
လုပ်ထားတာတော်ရုံပြသနာမတက်ရ
ဆော်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်ဆိုသူတွေက ဒီလိုနိုင်ငံမျိုးကိုအား
မကျဘဲ မြောက်ကိုရီးယားတို့ ရုရှတို့ကို ဆရာတင်ထားတယ်။ သူတို့ဆရာတင်ထားတဲ့
နိုင်ငံတွေရဲ့ ပြည်သူတွေလူနေမှုစနစ် စုတ်ပြတ်တယ်။ အာဏာရှင်နိုင်ငံတွေကို။
အမေရိကန်လိုနိုင်ငံတချို့က ပညာရှင်စုဆောင်းတယ်။ တိုင်းပြည်တိုးတက်ဖို့ကြံတယ
မြန်မာပြည်က ရှိတဲ့ပညာရှင်တွေမောင်းထုတ်
ပြီးထောင်ချတယ်။ရှိသမျှသယံဇ
ရှိပြီ။တိုင်းပြည်တိုးတက်အေ
သလား။အခုက nationalist ဆိုသူတွေက ဒေါ်စုဆိုရင် ကုလားမ...ကုလားမယားနဲ့
ပြောနေတာပဲတွေ့တယ်။ အမျိုးသားရေးကို ဒေါ်စုထက်စွမ်းမယ်ထင်တဲ့ ဘဘတွေ
ထဲက တစ်ယောက်လောက်ထုတ်ပြလို့ရမလ
(မင်းဇင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။