ဆယ်စုနှစ်တခုစာ
နေရောင်အောက်ကမှန်ကွဲစများ
ထူးအိမ်သင်၁၀နှစ်ပြည့်
ဂီတပွဲတော်ရဲ့
အပြန်အလှန်လှိုင်းဂယက်တွေကြား
အာရုံမှောက်မှားလာတဲ့အခါ
ကျနော့်စိတ်မှန်ချပ်ကို
ရိုက်ခွဲပစ်လိုက်တယ်
နေရောင်အောက်မှာ
တဖျပ်ဖျပ်လက်နေတဲ့
မှန်ကွဲစတွေထဲမှာ
ကျနော်ဟာ . . . .
. . . . . . . . .
. . . . . . . . .
ကျနော်ဟာ
၁၉၈၆ - ၈၉
ကိုငှက်ရဲ့ သ်က်မဲ့နေ့ရက်များကို
မျှော်လင့်ခြင်းတွေနဲ့
သက်ဝင်စိုစွတ်စေသူ
အောင်ရင် ပါ။
ကျနော်ဟာ
ကိုငှက်ရဲ့ နောက်ဆုံးရက်တွေမှာ
လိုချင်တာကို ရအောင်ဖန်ပေးနိုင်တဲ့
ရဲဘော်ကြီးမောင်ဇော်သစ်ပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူ ကာရံမညီခဲ့တဲ့
ပုသိမ်က ပိုးဟပ်ဖြူမလေး
မိပေါက် ပါ။
ကျနော်ဟာ
ကိုငှက်ဆိုပြတဲ့
နာရီပေါ်မှမျက်ရည်စက်များ
ဝေးသွားတဲ့အခါ သီချင်းနှစ်ပုဒ်ကို
နားထောင်ပြီး
အံ့သြမင်သက်ရပ်တန့်ခဲ့ရသူ
ညီညီသွင် ပါ။
ကျနော်ဟာ
ငယ်ငယ်က
ကိုငှက်ကို မနာလိုခဲ့
အထင်ကြီးခဲ့ရတဲ့
ငယ်သူငယ်ချင်းကြွက်နီ ပါ။
ကျနော်ဟာ
ကိုငှက်အိပ်ခဲ့တဲ့
ဘားလမ်းထဲက
ပန်းနုလဝန်းရဲ့ ထပ်ခိုးလေးပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူတူ
မျက်စိမှိတ်ထားခဲ့တဲ့
တာရာ ပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူတူ
ချိုပေါ့ကျသောက်ခဲ့ဖူးတဲ့
ဖိုးဖန် ပါ။
ကျနော်ဟာ
ကိုငှက်နဲ့ ဘုံပျံနန်းတော်ဆီကို
အတူတူသွားခဲ့ဖူးတဲ့
ဘိုဘို ပါ။
ကျနော်ဟာ
တရံတခါဆီက
ကိုငှက်နားခိုဖူးတဲ့အိမ်လေး ရဲ့
သက်ငြိမ်ပြတင်းပေါက်လေးပါ။
ကျနော်ဟာ
ထိန်ပင်သုဿန်ထဲက
လက်ဖက်ရည်ဆိုင်လေးမှာ
မရောက်လာသေးတဲ့
အယ်ဖြူရဲ့ ဈာပနကိုစောင့်ရင်း
နိုင်ဇော်ကို
ကိုငှက်ပြန်ပေးခဲ့တဲ့စာအုပ် လေးပါ။
ကျနော်ဟာ
လှည်းတန်းက
လမ်းဘေးဂီတဝိုင်းမှာ
ကိုငှက်နဲ့အတူတူဖျော်ဖြေဘူး တဲ့
တောင်းရမ်းသူတယောက်ပါ။
ကျနော်ဟာ
ကိုငှက်ကို ကိုယ်ပိုင်ပြက်လုံးနဲ့
ကိုယ့်ကိုယ်ကိုပြန်ရယ်မောစေ သူ
စောခူဆဲ ပါ။
ကျနော်ဟာ
ကိုငှက်နှစ်သက်ခဲ့တဲ့
သန်းခေါင်ယံကဗျာထဲမှာ
စတီရာရင်မပါတဲ့ကားကိုမောင်း သူ
ရွှေဂျော်ဂျော် ပါ။
ကျနော်ဟာ
လွန်ခဲ့သော ၁၉၈၇
ယုဒဿန်ခမ်းမမှာပြခဲ့တဲ့
ပိုပိုရဲ့ ပန်းချီပြပွဲမှာ
နောက်ခံဂီတ
Black river music solo ကိုဖန်တီးခဲ့သူ
ပိုးဟပ်သုံးကောင်နဲ့
အင်စတော်လေးရှင်းလုပ်ပြသူ
အမဲလိုက်အက ကဗျာစာအုပ်ကိုရေးခဲ့သူ
ကိုငှက်နဲ့ ကဗျာဆရာဝင်းမောင်တို့
ဖြစ်ခဲ့တဲ့
ချစ်သောကမ္ဘာမြေပဋိပက္ခမှာ
ငြိမ်းချမ်းစွာဖြေရှင်းနိုင်သူ
မြင့်မိုးအောင် ပါ။
ကျနော်ဟာ
Mr Guitar က
ကိုငှက်ရဲ့ အင်္ဂတေလက်ရာပုံစံခွက်ထဲမှာ
လက်ကိုထည့်ထားရင်း
စိတ်ခွန်အားတွေပြန်ရလာတဲ့
ပန်းချီဆရာနေမျိုးဆေး ပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူ
ဆယ်စုတနှစ်စာ
ကမ္ဘာမြေကပျောက်ဆုံးခဲ့ရပေမယ့်
မထိုက်တန်စွာ
လူတွေရဲ့ မေ့လျော့ခြင်းကိုခံရသူ
အယ်ဖြူ ပါ။
ကျနော်ဟာ
ကိုငှက်အုတ်ဂူမှာ
အခုမရှိတော့တဲ့
ဝေးသွားတဲ့အခါ နုတ်စ် ပါတဲ့
ကြေးပြားလေးပါ။
ကျနော်ဟာ
ကိုငှက်နဲ့အယ်ဖြူမရှိတော့တဲ့ 
စိတ်ပျက်စရာ ဂီတလောကကြီးကြောင့်
အဝေးကိုပျံသန်းသွားသူ
မောင်မောင်ဇော်လတ် ပါ။
ကျနော်ဟာ
ကျနော်တို့ ကြွေတာထက်
ကိုငှက်ကိုပိုချစ်ပြနိုင်သူ
ကျနော်တို့အံ့အားသင့်ရတဲ့
ကိုဖိုးသား ပါ။
ဒီလိုနဲ့
မှန်ကွဲစတွေပေါ်က
သက်ရှိတွေ
သက်မဲ့တွေ
အဖြစ်အပျက်တွေအားလုံးဟာ
ကျနော်ဖြစ်ခဲ့တယ်။
ဒါပေမယ့်
နောက်ဆုံးမှာတော့
ကျနော်ဟာ
ပရိသတ်ကို
ကိုငှက်ချစ်သူတွေကို
အပေါစားမေးခွန်းတွေနဲ့တုံြ့ ပန်သူ
မမျှတတဲ့ပွဲကိုစီစဉ်သူ
မိသားစုရဲ့ပြောရေးဆိုခွင့်ရှိသူ
အနုပညာအကြည်ဓါတ်ကုန်ခမ်းနေသူ
အိပ်မက်ဆုံရာဂုရုကြီး
မြင့်မိုးအောင် တော့
ဘယ်တုန်းကမှ
ကျနော်မဟုတ်ခဲ့ရပါ။
nma.
aug. 17
နေရောင်အောက်ကမှန်ကွဲစများ
ထူးအိမ်သင်၁၀နှစ်ပြည့်
ဂီတပွဲတော်ရဲ့
အပြန်အလှန်လှိုင်းဂယက်တွေကြာ
အာရုံမှောက်မှားလာတဲ့အခါ
ကျနော့်စိတ်မှန်ချပ်ကို
ရိုက်ခွဲပစ်လိုက်တယ်
နေရောင်အောက်မှာ
တဖျပ်ဖျပ်လက်နေတဲ့
မှန်ကွဲစတွေထဲမှာ
ကျနော်ဟာ . . . .
. . . . . . . . .
. . . . . . . . .
ကျနော်ဟာ
၁၉၈၆ - ၈၉
ကိုငှက်ရဲ့ သ်က်မဲ့နေ့ရက်များကို
မျှော်လင့်ခြင်းတွေနဲ့
သက်ဝင်စိုစွတ်စေသူ
အောင်ရင် ပါ။
ကျနော်ဟာ
ကိုငှက်ရဲ့ နောက်ဆုံးရက်တွေမှာ
လိုချင်တာကို ရအောင်ဖန်ပေးနိုင်တဲ့
ရဲဘော်ကြီးမောင်ဇော်သစ်ပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူ ကာရံမညီခဲ့တဲ့
ပုသိမ်က ပိုးဟပ်ဖြူမလေး
မိပေါက် ပါ။
ကျနော်ဟာ
ကိုငှက်ဆိုပြတဲ့
နာရီပေါ်မှမျက်ရည်စက်များ
ဝေးသွားတဲ့အခါ သီချင်းနှစ်ပုဒ်ကို
နားထောင်ပြီး
အံ့သြမင်သက်ရပ်တန့်ခဲ့ရသူ
ညီညီသွင် ပါ။
ကျနော်ဟာ
ငယ်ငယ်က
ကိုငှက်ကို မနာလိုခဲ့
အထင်ကြီးခဲ့ရတဲ့
ငယ်သူငယ်ချင်းကြွက်နီ ပါ။
ကျနော်ဟာ
ကိုငှက်အိပ်ခဲ့တဲ့
ဘားလမ်းထဲက
ပန်းနုလဝန်းရဲ့ ထပ်ခိုးလေးပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူတူ
မျက်စိမှိတ်ထားခဲ့တဲ့
တာရာ ပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူတူ
ချိုပေါ့ကျသောက်ခဲ့ဖူးတဲ့
ဖိုးဖန် ပါ။
ကျနော်ဟာ
ကိုငှက်နဲ့ ဘုံပျံနန်းတော်ဆီကို
အတူတူသွားခဲ့ဖူးတဲ့
ဘိုဘို ပါ။
ကျနော်ဟာ
တရံတခါဆီက
ကိုငှက်နားခိုဖူးတဲ့အိမ်လေး
သက်ငြိမ်ပြတင်းပေါက်လေးပါ။
ကျနော်ဟာ
ထိန်ပင်သုဿန်ထဲက
လက်ဖက်ရည်ဆိုင်လေးမှာ
မရောက်လာသေးတဲ့
အယ်ဖြူရဲ့ ဈာပနကိုစောင့်ရင်း
နိုင်ဇော်ကို
ကိုငှက်ပြန်ပေးခဲ့တဲ့စာအုပ်
ကျနော်ဟာ
လှည်းတန်းက
လမ်းဘေးဂီတဝိုင်းမှာ
ကိုငှက်နဲ့အတူတူဖျော်ဖြေဘူး
တောင်းရမ်းသူတယောက်ပါ။
ကျနော်ဟာ
ကိုငှက်ကို ကိုယ်ပိုင်ပြက်လုံးနဲ့
ကိုယ့်ကိုယ်ကိုပြန်ရယ်မောစေ
စောခူဆဲ ပါ။
ကျနော်ဟာ
ကိုငှက်နှစ်သက်ခဲ့တဲ့
သန်းခေါင်ယံကဗျာထဲမှာ
စတီရာရင်မပါတဲ့ကားကိုမောင်း
ရွှေဂျော်ဂျော် ပါ။
ကျနော်ဟာ
လွန်ခဲ့သော ၁၉၈၇
ယုဒဿန်ခမ်းမမှာပြခဲ့တဲ့
ပိုပိုရဲ့ ပန်းချီပြပွဲမှာ
နောက်ခံဂီတ
Black river music solo ကိုဖန်တီးခဲ့သူ
ပိုးဟပ်သုံးကောင်နဲ့
အင်စတော်လေးရှင်းလုပ်ပြသူ
အမဲလိုက်အက ကဗျာစာအုပ်ကိုရေးခဲ့သူ
ကိုငှက်နဲ့ ကဗျာဆရာဝင်းမောင်တို့
ဖြစ်ခဲ့တဲ့
ချစ်သောကမ္ဘာမြေပဋိပက္ခမှာ
ငြိမ်းချမ်းစွာဖြေရှင်းနိုင
မြင့်မိုးအောင် ပါ။
ကျနော်ဟာ
Mr Guitar က
ကိုငှက်ရဲ့ အင်္ဂတေလက်ရာပုံစံခွက်ထဲမှာ
လက်ကိုထည့်ထားရင်း
စိတ်ခွန်အားတွေပြန်ရလာတဲ့
ပန်းချီဆရာနေမျိုးဆေး ပါ။
ကျနော်ဟာ
ကိုငှက်နဲ့အတူ
ဆယ်စုတနှစ်စာ
ကမ္ဘာမြေကပျောက်ဆုံးခဲ့ရပေမယ
မထိုက်တန်စွာ
လူတွေရဲ့ မေ့လျော့ခြင်းကိုခံရသူ
အယ်ဖြူ ပါ။
ကျနော်ဟာ
ကိုငှက်အုတ်ဂူမှာ
အခုမရှိတော့တဲ့
ဝေးသွားတဲ့အခါ နုတ်စ် ပါတဲ့
ကြေးပြားလေးပါ။
ကျနော်ဟာ
ကိုငှက်နဲ့အယ်ဖြူမရှိတော့တဲ
စိတ်ပျက်စရာ ဂီတလောကကြီးကြောင့်
အဝေးကိုပျံသန်းသွားသူ
မောင်မောင်ဇော်လတ် ပါ။
ကျနော်ဟာ
ကျနော်တို့ ကြွေတာထက်
ကိုငှက်ကိုပိုချစ်ပြနိုင်သူ
ကျနော်တို့အံ့အားသင့်ရတဲ့
ကိုဖိုးသား ပါ။
ဒီလိုနဲ့
မှန်ကွဲစတွေပေါ်က
သက်ရှိတွေ
သက်မဲ့တွေ
အဖြစ်အပျက်တွေအားလုံးဟာ
ကျနော်ဖြစ်ခဲ့တယ်။
ဒါပေမယ့်
နောက်ဆုံးမှာတော့
ကျနော်ဟာ
ပရိသတ်ကို
ကိုငှက်ချစ်သူတွေကို
အပေါစားမေးခွန်းတွေနဲ့တုံြ့
မမျှတတဲ့ပွဲကိုစီစဉ်သူ
မိသားစုရဲ့ပြောရေးဆိုခွင့်ရ
အနုပညာအကြည်ဓါတ်ကုန်ခမ်းနေသ
အိပ်မက်ဆုံရာဂုရုကြီး
မြင့်မိုးအောင် တော့
ဘယ်တုန်းကမှ
ကျနော်မဟုတ်ခဲ့ရပါ။
nma.
aug. 17
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။