Min Burma added 4 new photos.
ကလေးတွေဆီ ပစ်မှတ်ထားလာတဲ့လိင်မုဆိုးတွေရဲ့အန္တရာယ်
____________________________________26august 2014
____________________________________26august 2014
အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကိုအသုံးချပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တာဟာ အရှေ့တောင်အာရှမှာ ခေတ်စားလာပါတယ်။ ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ချမ်းသာတဲ့နိုင်ငံတွေကလိင်မုဆိုးတွေဟာပွဲစားတွေနဲ့ တိုင်ပင်ပြီးတော့ ဆင်းရဲတဲ့နိုင်ငံတွေဆီကို ခရီးထွက်တတ်ကြပါတယ်။
ပွဲစားတွေဟာပြည့်တန်ဆာခေါင်းတေဒါမှမဟုတ်သားကောင်ကလေးရဲ့ဆွေးမျိုးရင်းချာတွေထဲကဖြစ်နေတတ်ပါတယ်။ အဲဒီလိုလူတွေဟာ သားကောင်ကလေးတွေရဲ့ မိသားစုဝင်တွေကို လက်ဆောင်တွေ ဒါမှမဟုတ် သူတို့နိုင်ငံရဲ့ တန်ဖိုးမြင့်တဲ့ ပိုက်ဆံတွေနဲ့ ဆွဲဆောင်ကြပါတယ်။ နောက်ဆုံးတော့လည်း ပြစ်မှုကျူးလွန်သူတွေက သူတို့ရဲ့အိမ်ကို ဘာမှမဟုတ်သလိုပဲ ပြန်သွားတတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဈေးချိုပြီး မြန်နှုန်းမြင့်တဲ့ အင်တာနက်ကြောင့် ဒီအရှေ့တောင်အာရှနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ကလေးငယ်အပေါ် ယခုလိုမျိုးလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဟာ တစ်စတစ်စမြင့်တက်လာပါတယ်။ အရင်တုန်းက ဖြစ်ခဲ့တဲ့ဥပမာတစ်ခုအရဆိုရင် ကျူးလွန်သူတွေက ကလေးတွေနဲ့ အင်တာနက်မှာ ကင်မရာထဲကတစ်ဆင့်စကားပြောလို့ရတဲ့ ၀က်ဆိုက်ထဲကတစ်ဆင့်တွေ့ဆုံကြပါတယ်။ UN နဲ့ အမေရိကန် FBI ရဲ့တွေ့ရှိချက်အရဆိုရင် ၇၅၀,၀၀၀ လောက်ရှိတဲ့ ကျူးလွန်ဖို့အသင့်ဖြစ်နေကြတဲ့ လူတွေဟာ အင်တာနက်မှာ ရှိနေကြပါတယ်။ FBI ရဲ့ တွေ့ရှိချက်တစ်ခုအရဆိုရင် အဲဒီလိုမျိုး ကလေးတွေနဲ့ဆက်သွယ်နိုင်မယ့်အင်တာနက်ဝက်ဆိုက်ပေါင်း ၄၀,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ကလေးငယ်တွေအပေါ် ကာမစိတ်တိမ်းညွှတ်မှုရှိသူတွေဟာ ကလေးငယ်ရှိ တဲ့နိုင်ငံတွေကိုသွားစရာမလိုဘဲ သူတို့ရဲ့အိပ်ခန်းတွေထဲကတစ်ဆင့် နည်းပညာတွေကို အသုံးပြုပြီးတော့သူတို့ရဲ့သားကောင်တွေကိုရှာဖွေကြပါတယ်။
ကျူးလွန်ခံရတဲ့ ကလေးငယ်တွေအများစုဟာ ဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်ပြီးတော့ အင်တာနက်မှာအဲဒီလိုနည်းနဲ့ ပိုက်ဆံရှာဖွေတတ်ကြပါတယ်။ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို တိုက်ဖျက်နေတဲ့ Terre des Hommes-TDH လို့ခေါ်တဲ့ နယ်သာလန်အခြေစိုက် NGO တစ်ခုကနေပြီး ဖိလစ်ပိုင်က ကလေးငယ်တစ်ယောက်လို ပရိုဖိုင်းအတုတစ်ခုဖန်တီးပြီး ကလေးငယ်တွေအပေါ် ကာမစိတ်တိမ်းညွှတ်မှုရှိသူတွေရဲ့ အချက်အလက်တွေကို အလွယ်တကူစုဆောင်းပြီးတော့ နိုဝင်ဘာလက အစီရင်ခံစာတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာအရ ရက်သတ္တပတ် ၁၀ ပတ်မှာ လိင်ကျူးလွန်ဖို့ချဉ်း ကပ်မှုပေါင်း ၂၀,၀၀၀ ဟာ နိုင်ငံပေါင်း ၇၁ နိုင်ငံမှာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ကလေးငယ်တွေကိုပစ်မှတ်ထားတဲ့လိင်မုဆိုးတွေဟာဘယ်သူမှသူတို့ကိုဂရုစိုက်မိမှာမဟုတ်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့သူတို့ရဲ့တည်နေရာအထောက်အထားတွေကိုလွယ်လွယ်ကူကူပေးတတ်ကြပါတယ်။ TDH ကနေပြီး အဲဒီအထဲက လိင်မုဆိုး ၁,၀၀၀ ရဲ့မှတ်တမ်းတွေ၊အထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားပြီးဖြစ်ပါတယ်။
အဲဒီကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံရဲ့ ရဲတွေဟာ အဲဒီလိုမျိုး ၀က်ဆိုက်တွေကို စောင့်ကြည့်မှုတွေပြုလုပ်လာကြပြီဖြစ်ပါတယ်။ များပြားလှတဲ့ သြစတြေးလျလူမျိုးတွေနဲ့ အင်္ဂလိပ်လူမျိုးတွေကိုလည်း စုံစမ်းနေပါတယ်။ အမေရိကန်နဲ့ ကနေဒါအစိုးရတွေအပါဝင် အစိုးရတစ်ချို့ဆီမှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက် ဥပဒေတွေသတ်သတ်မှတ်မှတ်ရှိပေမဲ့လည်း တခြားတိုင်းပြည်တွေမှာတော့ ဥပဒေတွေလိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံအပေါ် ပြုလုပ်ထားတဲ့TDH ရဲ့ စစ်တမ်းတစ်ခုအရ ကျူးလွန်သူအများစုမှာ ခိုင်လုံတဲ့အထောက်အထားတွေနဲ့ စွဲချက်တွေကို ငြင်းချက်ထုတ်ကြပါတယ်။ တချို့ကိစ္စတွေက နိုင်ငံအချို့မှာဖြစ်တောင့်ဖြစ်ခဲပါ။ အဲဒီလိုမျိုးဖြစ်နေတာဟာ နိုင်ငံတွင်းနိုင်ငံရေးအခြေအနေအားနည်းနေတဲ့အတွက် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနေပါတယ်။
ဒီလိုမျိုးပြဿနာတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာအဖြစ်များနေတယ်လို့သိရပါတယ်။လူဦးရေ ၇၇ သန်းရဲ့ ၂ ရာခိုင်နှုန်းဟာ ၂၀၀၀ပြည့်နှစ်မှာ အင်တာနက်အသုံးပြုကြပါတယ်။ အခုဆိုရင် ၁၀၄ သန်းရဲ့ သုံးပုံတစ်ပုံလောက်အင်တာနက်အသုံးပြုနေပါပြီ။ ဆင်းရဲနွမ်းပါးမှုကြောင့် ပွဲစားနဲ့ မိသားစုဝင်တွေကပေါင်းပြီးတော့ ကလေးတွေကို မက်လုံးအဖြစ်နဲ့ အင်တာနက်ပေါ်တင်ပြီး ပိုက်ဆံရှာနေကြပါတယ်။ဖိလစ်ပိုင်လို နိုင်ငံတွေမှာ တရားဥပဒေက အကွက်ဆင်ဖမ်းတာကို တရားဝင်ခွင့်ပြုထားတယ်လို့သိရပါတယ်။ ဒီလိုဖြစ်အောင်ပံ့ပိုးပေးတဲ့အရာတွေထဲက သားကောင်တွေဘယ်နေရာမှာရှိတယ်ဆိုတာကို သက်သေခံဖို့တရားရုံးမှာ အကြောင်းပြချက်တွေလိုနေပါသေးတယ်လို့ ဖိလစ်ပိုင် တရားရုံးက Darlene Pajarito က ဆိုပါတယ်။
Ref: The Economist
(Myanmar B2B Management Magazine,October 2014)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။