ရင်သပ်ရှုမောဖွယ်ရာ
selfie ရိုက်ပြီးနောက် ပြုတ်ကျသေဆုံးခဲ့သူ
========================== =
ဒီနေ့ခေတ် အခါမှာ selfie လို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ် ဓါတ်ပုံရိုက်ခြင်းက အတော်လေးကို ခေတ်စားလျှက် ရှိပါတယ်။
ပုံမှန်ရိုက်နေကြ selfie ကြောင့် မတော်တဆမှု များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သာဓကများစွာလည်း ရှိခဲ့ပါတယ်။
ယခုတခါမှာလည်း selfie အရိုက်ကောင်းလို့ အသက်ဆုံးရှုံးလိုက်ရတဲ့ ကျောင်းသူတစ်ဦး အကြောင်း World Myanmar ကနေ ဘာသာပြန်တင်ဆက် ပါရစေ။
ရုရှ ဆယ်ကျော်သက် တစ်ဦးဖြစ်တဲ့ အသက် ၁၇နှစ်အရွယ် Xenia Ignatyeva ကတော့ သူမရဲ့ သူငယ်ချင်းတွေ ရင်သပ်ရှုမောဖွယ် ဖြစ်စေဖို့ မြေပြင်ပေါ်ကနေ ၂၈ပေ ကျော်မြင့်တဲ့ တံတားတစ်ခုပေါ်ကနေ selfie ရိုက်ခဲ့ပါတယ်။
အဲဒီလို ရိုက်ပြီးတဲ့ နောက်မှာတော့ သူမဟာ ဘက်မျှအောင် အရှိန် မထိန်းနိုင်တဲ့အတွက် တံတားပေါ်မှ ပြုတ်ကျပြီး လျှပ်စစ်ကြိုးပေါ်ရောက်ကာ ဓါတ်လိုက်သေဆုံးခဲ့ပါတယ်။
သူမလို နောက်ထပ်တစ်ဦးကတော့ လွန်ခဲ့တဲ့ ဂျူဇိုင်လအတွင်းမှာ မက္ကဆီကို ဆယ်ကျော်သက် တစ်ဦးဟာဆိုရင်လည်း ကိုယ့်ကိုကိုယ် သေနတ်နဲ့ ချိန်ရွယ်တဲ့ selfie ရိုက်ကူးနေရင်း မတော်တဆ ကျည်ဆံထွက်သွားတဲ့ အတွက် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် နောက်ထပ် တစ်ဦးကတော့ အရှိန်နဲ့ သွားနေတဲ့ ရထားကို နောက်ခံထားပြီး selfie ရိုက်ဖို့ ကြိုးစားတဲ့ ဆယ်ကျော်သက်ကို ရထားမောင်းသူက ခြေထောက်နဲ့ ကန်ခဲ့ရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးပါတယ်။
ဒါ့ကြောင့် selfie ရိုက်သူများ အနေနဲ့ အန္တရာယ် ရှိတဲ့ နေရာနဲ့ ဖြစ်စဉ်တွေမှာ ကိုယ့်အသက်ထက် ဘယ်အရာမှ အရေးမကြီးဘူးဆိုတဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားကြစေဖို့ မေတ္တာဖြင့် နှိုးဆော်ပါရစေ။
ref: sgstomp
World Myanmar
==================
selfie ရိုက်ပြီးနောက် ပြုတ်ကျသေဆုံးခဲ့သူ
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။