==============
၊၊ ဟာသအတိုလေးများ ၊၊
==============
၁။ ကြက်သားဟင်း မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဖြစ်သည်။
ဆေးရုံအုပ် >> “မနက်ဖြန် ကျန်းမာရေးဝန်ကြီး လာစစ်ဆေးလိမ့်မယ်၊ လာစစ်ဆေးတုန်း ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား... လက်ခုပ်တီးတဲ့လူကို ကြက်သားဟင်းကျွေးမယ်”
နောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီး လာရောက်စစ်ဆေးသည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ကာ ဝန်ကြီးကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောသည်။
“ဟေ့ကောင်... မင်းဘာလို့ လက်ခုပ်မတီးတာလဲ၊ ကြက်သားဟင်း မစားချင်ဘူးလားကွ ဟေ...”
************************** **********
၂။ သုည
ဖခင် >> “ဟင်… ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်၊ ရမှတ်က သုညတဲ့… ဟင်း”
သား >> “ဆရာမက ပြောတယ်၊ ဘယ်အရာမဆို သုညက စရမယ်တဲ့”
ဖခင် >> “တိန်”
************************** **********
၃။ မှတ်သားလောက်တယ်
“သူငယ်ချင်း မင်း... ဘယ်မြို့ကမယ်၊ ဘယ်တိုင်းကမယ်၊ မယ်ဗမာ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား”
“အေး... ကြားဖူးတယ်၊ ဘာဖြစ်လို့လဲ”
“ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့ သူဘာမယ်ဆိုတာ ပြောပြတယ်ကွ၊ မင်း သိမှာ မဟုတ်ပါဘူး”
“ဟုတ်လားကွ... ဘာမယ်တဲ့တုန်း”
“ပါးကျိုးမယ် တဲ့”
************************** **********
၎။ ထိုးဖို့ငါးမိနစ်
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးလိုက်သည်။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”
************************** **********
၅။ မဖြစ်နိင်ဘူး
စာအုပ်ဆိုင်အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် >> “စာအုပ်လိုချင်လို့ဗျာ”
ဝန်ထမ်း >> “ဟုတ်ကဲ့... ဘာစာအုပ်များလဲရှင်”
လူငယ် >> “နာမည်တော့ မမှတ်မိတော့ဘူး၊ စာအုပ်ရေးတဲ့ အကြောင်းအရာက "ယောက်ျားတွေဟာ မိန်းမတွေအပေါ် ဘယ်လိုလွှမ်းမိုးချုပ်ကိုင်ထားသလဲ" ဆိုတဲ့အကြောင်းပါ”
ဝန်ထမ်း >> “ဒါဆို ညာဘက်တန်းက "စိတ်ကူးယဉ်စာပေများ" ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်”
************************** **********
၆။ ဆိုမှဆိုတက်ပဲဟာ
“ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့တွေ့တယ် မေမေ၊ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ်၊ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ”
“အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့”
“ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ”
************************** **********
၇။ အမွေဆက်ခံမိလို့
“ခင်ဗျား မသေသင့်ဘူးဗျ၊ ဟုတ်တယ်၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး”
“ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုနေတာ ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား”
“ဟင့်အင်း... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ”
************************** **********
၈။ ရေတွက်ပုံချင်းမတူ
“စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နှစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား”
“အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့”
“ဘာဖြစ်လို့လဲကွ”
“ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့”
************************** **********
၉။ ဘာကားမောင်းတာလဲ
“ကားမောင်းသက် ဘယ်လောက်ရှိပြီလဲ”
“အနှစ် ၃၀ ပါ”
“ယာဉ်တိုက်မှု ဖြစ်ဖူးသလား”
“တစ်ခါမှမဖြစ်ဖူးပါဘူး”
“ခွေးလေး၊ ကြက်လေးတောင် မတိုက်ဖူးဘူးလား”
“မတိုက်ဖူးပါဘူး”
“၀င်းတံခါး၊ ခြံတံခါး၊ သစ်ပင် ဆိုတာမျိုးရော”
“ဟင့်အင်း မတိုက်ဖူးပါဘူးဗျာ”
“ဟုတ်ရဲ့လားဗျာ”
“အဟုတ်ပါ”
“ခင်ဗျားက ဘာကားမောင်းတာလဲ”
“လယ်ထွန်စက်”
************************** **********
၁၀။ အန္တရာယ်မဖြစ်အောင်လို့
ထမင်းစားပွဲကနေ ဒေါ်စိန်ဥက
“ဂျမ်းစိန်”
“ရှင်...”
“အတို့အမြှုပ်တွေပေါ်က ဘာတွေလဲ”
“အသီးအရွက်ဖြန်းတဲ့ ပိုးသတ်ဆေးတွေပါ မေမေကြီး တို့စားရင် အန္တရာယ်မဖြစ်အောင် ဖြန်းပေးထားတာပါ”
************************** **********
၊၊ ဟာသအတိုလေးများ ၊၊
==============
၁။ ကြက်သားဟင်း မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဖြစ်သည်။
ဆေးရုံအုပ် >> “မနက်ဖြန် ကျန်းမာရေးဝန်ကြီး လာစစ်ဆေးလိမ့်မယ်၊ လာစစ်ဆေးတုန်း ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား... လက်ခုပ်တီးတဲ့လူကို ကြက်သားဟင်းကျွေးမယ်”
နောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီး လာရောက်စစ်ဆေးသည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင
“ဟေ့ကောင်... မင်းဘာလို့ လက်ခုပ်မတီးတာလဲ၊ ကြက်သားဟင်း မစားချင်ဘူးလားကွ ဟေ...”
**************************
၂။ သုည
ဖခင် >> “ဟင်… ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်၊ ရမှတ်က သုညတဲ့… ဟင်း”
သား >> “ဆရာမက ပြောတယ်၊ ဘယ်အရာမဆို သုညက စရမယ်တဲ့”
ဖခင် >> “တိန်”
**************************
၃။ မှတ်သားလောက်တယ်
“သူငယ်ချင်း မင်း... ဘယ်မြို့ကမယ်၊ ဘယ်တိုင်းကမယ်၊ မယ်ဗမာ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား”
“အေး... ကြားဖူးတယ်၊ ဘာဖြစ်လို့လဲ”
“ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့ သူဘာမယ်ဆိုတာ ပြောပြတယ်ကွ၊ မင်း သိမှာ မဟုတ်ပါဘူး”
“ဟုတ်လားကွ... ဘာမယ်တဲ့တုန်း”
“ပါးကျိုးမယ် တဲ့”
**************************
၎။ ထိုးဖို့ငါးမိနစ်
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးလိုက်သည်။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”
**************************
၅။ မဖြစ်နိင်ဘူး
စာအုပ်ဆိုင်အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် >> “စာအုပ်လိုချင်လို့ဗျာ”
ဝန်ထမ်း >> “ဟုတ်ကဲ့... ဘာစာအုပ်များလဲရှင်”
လူငယ် >> “နာမည်တော့ မမှတ်မိတော့ဘူး၊ စာအုပ်ရေးတဲ့ အကြောင်းအရာက "ယောက်ျားတွေဟာ မိန်းမတွေအပေါ် ဘယ်လိုလွှမ်းမိုးချုပ်ကိုင်ထ
ဝန်ထမ်း >> “ဒါဆို ညာဘက်တန်းက "စိတ်ကူးယဉ်စာပေများ" ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်”
**************************
၆။ ဆိုမှဆိုတက်ပဲဟာ
“ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့တွေ့တယ် မေမေ၊ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ်၊ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ”
“အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့”
“ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ”
**************************
၇။ အမွေဆက်ခံမိလို့
“ခင်ဗျား မသေသင့်ဘူးဗျ၊ ဟုတ်တယ်၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး”
“ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုနေတာ ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား”
“ဟင့်အင်း... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ”
**************************
၈။ ရေတွက်ပုံချင်းမတူ
“စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နှစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား”
“အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့”
“ဘာဖြစ်လို့လဲကွ”
“ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့”
**************************
၉။ ဘာကားမောင်းတာလဲ
“ကားမောင်းသက် ဘယ်လောက်ရှိပြီလဲ”
“အနှစ် ၃၀ ပါ”
“ယာဉ်တိုက်မှု ဖြစ်ဖူးသလား”
“တစ်ခါမှမဖြစ်ဖူးပါဘူး”
“ခွေးလေး၊ ကြက်လေးတောင် မတိုက်ဖူးဘူးလား”
“မတိုက်ဖူးပါဘူး”
“၀င်းတံခါး၊ ခြံတံခါး၊ သစ်ပင် ဆိုတာမျိုးရော”
“ဟင့်အင်း မတိုက်ဖူးပါဘူးဗျာ”
“ဟုတ်ရဲ့လားဗျာ”
“အဟုတ်ပါ”
“ခင်ဗျားက ဘာကားမောင်းတာလဲ”
“လယ်ထွန်စက်”
**************************
၁၀။ အန္တရာယ်မဖြစ်အောင်လို့
ထမင်းစားပွဲကနေ ဒေါ်စိန်ဥက
“ဂျမ်းစိန်”
“ရှင်...”
“အတို့အမြှုပ်တွေပေါ်က ဘာတွေလဲ”
“အသီးအရွက်ဖြန်းတဲ့ ပိုးသတ်ဆေးတွေပါ မေမေကြီး တို့စားရင် အန္တရာယ်မဖြစ်အောင် ဖြန်းပေးထားတာပါ”
**************************
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။