(စာရေးဆရာ၊ Freelance Journalist ၊ အယ်ဒီတာ ငြိမ်းအေးအိမ် ထူးအိမ်သင်Fan Club @FB Group မှာ ရေးခဲ့တဲ့ ပိုစ့်တစ်ခုပါ။ သူ့လို အားလုံးသဘောထားနိုင်ရင် အားလုံး စိတ်ထဲမှာ အလိုမကျမှု၊ မကျေနပ်မှုတွေ လျော့ပါးစေမှာပါ။ သေသေချာချာလေး ဖတ်ပေးကြပါ။ ပြီးတော့ ကျွန်တော်တို့တွေ မတူညီတဲ့ ဂုဏ်သတ္တိတွေကို အတင်း တန်းလိုက်မညှိကြပါစို့လား.. )
"ငှက်သို့ လွမ်းခြင်း” ပွဲအတွက် သွေးမအေးခင် တစ်ခုပြောခဲ့ချင်ပါတယ်။
၁။ ဆယ်စုနှစ်တစ်ခုလုံး ငှက်သီချင်းတွေကို ဘယ်သူ့မှ ပေးမဆို၊ ဘာပွဲမှ မလုပ်ပဲ ထိန်းသိမ်းပေးခဲ့တဲ့ ၊ အမေ အပါဝင် ငှက်မိသားစုနဲ့ ငှက်အနုပညာပစ္စည်းတွေကို အမွေထိန်းတွေလို ထိန်းသိမ်းထားပေးခဲ့ကြတဲ့ ကိုမြင့်မိုးတို့ ကိုရွှေတို့ကို ကျေးဇူးတင်ပါတယ်။
၂။ အခုပွဲလုပ်တယ်၊ ၀င်ငွေကို လိုတဲ့နေရာလှူမှာနဲ့ မိသားစုအတွက်ဆိုလို့လည်း ၀မ်းမြောက်ကျေနပ်မိပါတယ်။ (ဒီနေရာမှာ ငှက်အနေနဲ့ ““ကျွန်တော်ရေးခဲ့တဲ့ သီချင်းတွေဟာ ကျွန်တော့်သမီးအတွက် လုံလောက်မှာပါ”” လို့ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ပြန်သတိရကြဖို့ လိုပါတယ်။ ဆိုရရင် သူ့အနုပညာပစ္စည်းက ရတဲ့ အကျိုးအမြတ်ကို (လိုအပ်ရင်) သူ့သမီး ခံစားစေဖို့ သူ့စိတ်ရှိခဲ့တယ်ဆိုတာပါ။ ဒီတော့ ပွဲတစ်ခုလုပ်ပြီး ၀င်ငွေရှာတဲ့အပေါ် ငှက်သဘောတူမှာပါ။ သူ လွန်ပြီးတဲ့ နောက် သူ့သမီး သူ့မိသားစုတို့ အဆင်ပြေပြေရှိကြမယ်/ တယ်ဆိုရင် သူစိတ်လက်ချချဖြစ်နေမှာလို့  ခံစားရပါတယ်)
၃။ ငှက်ပွဲ ဖြစ်မြောက်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်ကူညီစီးမျောပေးခဲ့တဲ့ အနုပညာရှင်အားလုံးနဲ့ ပတ်သက်သူအားလုံးကို ကျေးဇူးစကားဆိုချင်ပါတယ်။
၎။ ဒီပွဲမှာ ပါဝင်ခဲ့သူအနုပညာရှင်တွေထဲ က
တစ်ချို့က အူလှိုက်သည်းလှိုက် ပြင်ဆင်ခဲ့ပုံရ/
အချို့က ပေါ့ပေါ့ပါးပါး ခါတိုင်းပွဲတွေလို ကိုယ့်အလှည့်ကျ ပုံမှန်ဆိုနေကျအတိုင်းပဲ ကွာဆိုပြီး စင်ပေါ်တက်ခဲ့ပုံရ/
အချို့က ဗားရှင်းပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် ထူထောင်ချင်ပုံရ/
အချို့က ပွဲနီးကာမှ ရင်းနှီးမှုအရ (အချို့က ကျော်ကြားမှုအရ) ဖိတ်ခေါ်ခံရပြီး (ဘာမှ ပြင်ဆင်ချိန် သိပ်မရဘဲ) စင်ပေါ်တက်ခဲ့ပုံရဖြစ်ခဲ့တယ်လို့ ယူဆပါတယ်။
သူတို့အားလုံးအနေနဲ့ ( ငှက်ပရိတ်သတ်ဟာ ငှက်ရဲ့ ပြင်းအားကြီးလွန်းတဲ့ မှော်အစွမ်းမှာ အစွန်းကုန်နစ်နေခဲ့တဲ့ အဖြစ်တွေကို မေ့လျော့နေပုံရပါတယ်)။ ဒါ ကျွန်တော့်အထင်ပါ။ ဒီတော့ အစွမ်းကြီးလွန်းတဲ့ ငှက်သီချင်းတွေအပေါ် အစွဲကြီးလွန်းတဲ့ ပရိတ်သတ်ရင်ထဲ တော်တန်ရုံ အားထုတ်မှုတွေဟာ တိုးမပေါက်တော့ပါဘူး။ အားလုံးဟာ ဒီပွဲကို ပုံမှန်ပွဲတစ်ခုထက် ပိုဂရုစိုက်နားထောင်ကြပါတ ယ်။ ကီးလွဲတာ ကြောင်တာ စာလုံးလေးတစ်လုံး မှားတာကအစ တန်းသိကြပါတယ်။ အရင်ပွဲတွေနဲ့ မတူတဲ့ တုန့်ပြန်မှုတွေကို ဒီပွဲမှာ ရှင်းရှင်း မြင်ရပါတယ်။
တစ်ချို့သော ကိုယ့်ဆရာတွေကလည်း နည်းနည်းလေးပဲလွဲနေတာမဟုတ် ပဲ ငှက်ရဲ့ အသက်ဖြစ်တဲ့ “အမေ့အိမ်” လို “ရာဇ၀င်ထဲက သတို့သမီး” လိုတွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်ကုန်ကြပါတယ်။ အဲသမှာ ပေါက်ကွဲကုန်ကြတာပါပဲ။
၅။ အဆဲအခံရဆုံးက ဒီပွဲကို စီစဉ်သူတွေပါ။
ငှက်သီချင်းတွေ ပျက်ကုန်မှာစိုးလို့ အပြင်းအထန်ကျယ်ကျယ်လောင်လော င်ကန့်ကွက်နေတဲ့ကြားက ဒီလိုအလွဲတွေတွေ့ရလို့ ပိုပြောစရာဖြစ်လာတာပါ။
ကိုမြင့်မိုး အပါအ၀င် ငှက်နဲ့ အရင်းနှီးခဲ့ဆုံး လူတွေက ဒီပွဲကို စီစဉ်တာပါဆိုတာ ပရိတ်သတ် မေ့လျော့နေသလား တွေးမိပါတယ်။
စီစဉ်သူတွေလို့ အမည်တပ်ထားသူတွေအပေါ် ကျွန်တော်ကြည့်မိတဲ့အခါ ဒီလိုမြင်ပါတယ်။
(၁) ဒီပွဲပေါ်မှာ သူတို့အကျိုးစီးပွား လုံးဝ မပါခဲ့ပါ။ ယူခဲ့ကြမယ်လို့ ကျွန်တော်မထင်ပါ။
(၂) ကျွန်တော်တို့ ပရိတ်သတ်တွေ ငှက်ကို ချစ်တယ်ဆိုတာထက်မလျှော့တဲ့ / ပိုသာ ပိုမှာဖြစ်တဲ့ ချစ်ခြင်းမျိုးနဲ့ သူတို့အချင်းချင်းချစ်ခဲ့ကြတာ သေချာပါတယ်။
(၃) ငှက်ဂုဏ်သိက္ခာ ကျပါစေတော့ ဆိုတဲ့ အတွေးမျိုး ယောင်မှားလို့တောင် သူတို့မတွေးခဲ့ကြမှာလည်း အသေချာပါပဲ။
(၄) ဒီပွဲမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် ရာနှုန်းကိုးဆယ်ကျော်ဟာလည်း တစ်ပြည်လုံးရဲ့ အကျော်ကြားဆုံး အကောင်းဆုံးဆိုတဲ့ လူတွေဖြစ်မှာပါ၊ ဒီလူတွေ လုပ်နိုင်လိမ့်မယ်လို့လည်း စီစဉ်သူတွေ ယုံယုံရဲရဲ ဖြစ်ခဲ့ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်လည်း ပုံအပ်ခဲ့ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးသီချင်းနှစ်ပုဒ် (အုပ်စုလိုက်သီဆိုတဲ့) အခါမှာ သူတို့ဟာ ပွဲတက်လာတဲ့ ပရိတ်သတ်အားလုံးနဲ့ ဆိုဖို့ စဉ်းစားခဲ့ပုံရပါတယ်(ကျွန် တော့်အထင်ပြောတာပါ)။ ဒါပေမယ့် ထင်သလိုမဖြစ်ပဲ လွဲတော့ ပရိတ်သတ်စိတ်ခံစားမှုက ဟက်တက်ကွဲတော့တာပါပဲ။
ဒီလိုအဖြစ်တွေကြောင့် စီစဉ်သူတွေအပေါ် အပြစ်ပုံချတာ မလုပ်လိုတော့ပါ။
၆။ ဘာဖြစ်ဖြစ် ငှက်ကို အမှတ်တရဖြစ်စေမယ့် ပိုသတိတရ ဖြစ်စေမယ့် ပိုမို အရောင်လင်းလက်တောက်ပစေမယ့်၊ တန်ဖိုးထားစေမယ့် ပွဲတစ်ခုကို သူတို့ စီစဉ်ပြီးမြောက်စေခဲ့ပါပြီ။
“ငှက်ဆိုလား ဘာလား အဲဒီအဆိုတော်ကို သေရာကထလာပြီး ဆိုခိုင်းပါလား၊ သူက ဘာမို့လဲ” ဆိုတဲ့ ဥမမယ် စာမမြောက် နောက်ပေါက်ကလေးတစ်ချို့ရဲ့ ငေါ့တော့တော့ အသံတွေကိုလည်း (ငှက်ဆိုတာ ဘာလဲ ) လို့ သိစေလောက်ပါပြီ။
၇။ သူနေထိုင်ခဲ့တဲ့ လူ့လောကကြီးကို ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားဖြင့် လင်းလက်သန့်ရှင်းစေချင်တဲ့ ငှက်ကို ချစ်ခြင်းအားဖြင့် သူဖန်တီးခဲ့တဲ့ မူရင်းအနုပညာတွေကို ခါတိုင်းထက် ပိုမိုတပ်မက်ချစ်ခင်စိတ်နဲ့ ကျွန်တော်တို့ တန်ဖိုးထားသွားကြဖို့ပဲ လိုတော့တယ်လို့ ထင်မြင်မိပါကြောင်းခင်ဗျား။
(ကိုငှက် ကောက်ကြောင်းပန်းချီကို ကိုမျိုးဆွေသန်း Timeline မှ ရယူပါတယ်)
"ငှက်သို့ လွမ်းခြင်း” ပွဲအတွက် သွေးမအေးခင် တစ်ခုပြောခဲ့ချင်ပါတယ်။
၁။ ဆယ်စုနှစ်တစ်ခုလုံး ငှက်သီချင်းတွေကို ဘယ်သူ့မှ ပေးမဆို၊ ဘာပွဲမှ မလုပ်ပဲ ထိန်းသိမ်းပေးခဲ့တဲ့ ၊ အမေ အပါဝင် ငှက်မိသားစုနဲ့ ငှက်အနုပညာပစ္စည်းတွေကို အမွေထိန်းတွေလို ထိန်းသိမ်းထားပေးခဲ့ကြတဲ့ ကိုမြင့်မိုးတို့ ကိုရွှေတို့ကို ကျေးဇူးတင်ပါတယ်။
၂။ အခုပွဲလုပ်တယ်၊ ၀င်ငွေကို လိုတဲ့နေရာလှူမှာနဲ့ မိသားစုအတွက်ဆိုလို့လည်း
၃။ ငှက်ပွဲ ဖြစ်မြောက်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်ကူညီစီးမျောပေးခဲ့တဲ့ အနုပညာရှင်အားလုံးနဲ့ ပတ်သက်သူအားလုံးကို ကျေးဇူးစကားဆိုချင်ပါတယ်။
၎။ ဒီပွဲမှာ ပါဝင်ခဲ့သူအနုပညာရှင်တွေထဲ
တစ်ချို့က အူလှိုက်သည်းလှိုက် ပြင်ဆင်ခဲ့ပုံရ/
အချို့က ပေါ့ပေါ့ပါးပါး ခါတိုင်းပွဲတွေလို ကိုယ့်အလှည့်ကျ ပုံမှန်ဆိုနေကျအတိုင်းပဲ
အချို့က ဗားရှင်းပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် ထူထောင်ချင်ပုံရ/
အချို့က ပွဲနီးကာမှ ရင်းနှီးမှုအရ (အချို့က ကျော်ကြားမှုအရ) ဖိတ်ခေါ်ခံရပြီး (ဘာမှ ပြင်ဆင်ချိန် သိပ်မရဘဲ) စင်ပေါ်တက်ခဲ့ပုံရဖြစ်ခဲ့တယ
သူတို့အားလုံးအနေနဲ့ ( ငှက်ပရိတ်သတ်ဟာ ငှက်ရဲ့ ပြင်းအားကြီးလွန်းတဲ့ မှော်အစွမ်းမှာ အစွန်းကုန်နစ်နေခဲ့တဲ့ အဖြစ်တွေကို မေ့လျော့နေပုံရပါတယ်)။ ဒါ ကျွန်တော့်အထင်ပါ။ ဒီတော့ အစွမ်းကြီးလွန်းတဲ့ ငှက်သီချင်းတွေအပေါ် အစွဲကြီးလွန်းတဲ့ ပရိတ်သတ်ရင်ထဲ တော်တန်ရုံ အားထုတ်မှုတွေဟာ တိုးမပေါက်တော့ပါဘူး။ အားလုံးဟာ ဒီပွဲကို ပုံမှန်ပွဲတစ်ခုထက် ပိုဂရုစိုက်နားထောင်ကြပါတ
တစ်ချို့သော ကိုယ့်ဆရာတွေကလည်း နည်းနည်းလေးပဲလွဲနေတာမဟုတ်
၅။ အဆဲအခံရဆုံးက ဒီပွဲကို စီစဉ်သူတွေပါ။
ငှက်သီချင်းတွေ ပျက်ကုန်မှာစိုးလို့ အပြင်းအထန်ကျယ်ကျယ်လောင်လော
ကိုမြင့်မိုး အပါအ၀င် ငှက်နဲ့ အရင်းနှီးခဲ့ဆုံး လူတွေက ဒီပွဲကို စီစဉ်တာပါဆိုတာ ပရိတ်သတ် မေ့လျော့နေသလား တွေးမိပါတယ်။
စီစဉ်သူတွေလို့ အမည်တပ်ထားသူတွေအပေါ် ကျွန်တော်ကြည့်မိတဲ့အခါ ဒီလိုမြင်ပါတယ်။
(၁) ဒီပွဲပေါ်မှာ သူတို့အကျိုးစီးပွား လုံးဝ မပါခဲ့ပါ။ ယူခဲ့ကြမယ်လို့ ကျွန်တော်မထင်ပါ။
(၂) ကျွန်တော်တို့ ပရိတ်သတ်တွေ ငှက်ကို ချစ်တယ်ဆိုတာထက်မလျှော့တဲ့
(၃) ငှက်ဂုဏ်သိက္ခာ ကျပါစေတော့ ဆိုတဲ့ အတွေးမျိုး ယောင်မှားလို့တောင် သူတို့မတွေးခဲ့ကြမှာလည်း အသေချာပါပဲ။
(၄) ဒီပွဲမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် ရာနှုန်းကိုးဆယ်ကျော်ဟာလည်း
နောက်ဆုံးသီချင်းနှစ်ပုဒ်
ဒီလိုအဖြစ်တွေကြောင့် စီစဉ်သူတွေအပေါ် အပြစ်ပုံချတာ မလုပ်လိုတော့ပါ။
၆။ ဘာဖြစ်ဖြစ် ငှက်ကို အမှတ်တရဖြစ်စေမယ့် ပိုသတိတရ ဖြစ်စေမယ့် ပိုမို အရောင်လင်းလက်တောက်ပစေမယ့်၊
“ငှက်ဆိုလား ဘာလား အဲဒီအဆိုတော်ကို သေရာကထလာပြီး ဆိုခိုင်းပါလား၊ သူက ဘာမို့လဲ” ဆိုတဲ့ ဥမမယ် စာမမြောက် နောက်ပေါက်ကလေးတစ်ချို့ရဲ့ ငေါ့တော့တော့ အသံတွေကိုလည်း (ငှက်ဆိုတာ ဘာလဲ ) လို့ သိစေလောက်ပါပြီ။
၇။ သူနေထိုင်ခဲ့တဲ့ လူ့လောကကြီးကို ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားဖြင့် လင်းလက်သန့်ရှင်းစေချင်တဲ့ ငှက်ကို ချစ်ခြင်းအားဖြင့် သူဖန်တီးခဲ့တဲ့ မူရင်းအနုပညာတွေကို ခါတိုင်းထက် ပိုမိုတပ်မက်ချစ်ခင်စိတ်န
(ကိုငှက် ကောက်ကြောင်းပန်းချီကို ကိုမျိုးဆွေသန်း Timeline မှ ရယူပါတယ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။