Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 26, 2017

စုန် ရေ

 
 
စုန် ရေ
*****

နာမည်က ဒေါ်ထွေး ။
လမ်းထဲတွင် မနက်ပိုင်းအသုပ်စုံရောင်း၏
အသက်က ၄၀ ကျော် စီးပွားရေးက အဆင်ပြေကြီးလည်းမဟုတ်
မပြေဘူးလည်းမဟုတ် အသင့်အတင့်သာ ။
ဒီနေ့မနက်တော့ ဒေါ်ထွေးဆိုင်မှာအသုတ်စားပြီးမှ လက်ဖက်ရည်ဆိုင်သွားမည်ဟု စဉ်းစားပြီး ဝင်စားနေခဲ့၏ ။
အချိန်က မနက်ခင်း ၈ နာရီ . . .
အဖိုးအိုတစ်ယောက်နှင့် အဖွားအိုတစ်ယောက်အသုတ်ခုံလေးထဲဝင်ထိုင်လျက်
အသက်က ၇၀ နားကပ်နေသော အရွယ်တွေ . . .
အဖိုးအိုက ခုံပေါ်မှ စားပြီးသားပန်ကန်များလိုက်သိမ်း၏ ခုံတွေသုတ်၏ ။
အဖွားအိုက ပန်းကန်များဝင်ဆေး၏ ။
ဒေါ်ထွေးက ပိုက်ဆံခွက်ကို သူ့ရှေ့ထားလိုက်၏
ထို့နောက် နည်းနည်းမျှမလှုပ် ဂရုမစိုက်ဟန်ဖြင့် နေနေ၏ ။

" သမီး … ဒီနေ့ရောင်းကောင်းရဲ့လား ! "
( အဖွားကြီး၏ အသံ )

" မကောင်းဘူး အကြွေးတွေကျတယ် "
( အသံခပ်ပြတ်ပြတ် မျက်နှာပင်ကြည့်မပြော )



ဟုတ်ပါသည် ။
ထိုအဖိုးနှင့်အဖွားတို့မှာ ဒေါ်ထွေးအပါအဝင် သား သမီး ၆ ယောက်ရှိ၏ ။
၁၉၉၅ လောက်ထိ ကျွန်တော်တို့လမ်းတွင်နေထိုင်သွားပြီး
သား သမီးအားလုံးအိမ်ထောင်ကျသွားသောအခါ
အဖိုးအိုနှင့် အဖွားအိုနှစ်ယောက် မိသားစုအတွင်းရေးကြောင့် အိမ်ရောင်းလိုက်ရသည်ဟုဆို၏ ။
သား သမီး ၆ ယောက်တွင် သမီးတစ်ယောက်က သိတက် လိမ္မာ၏
သို့သော်လည်း လိမ္မာသောသမီးကစောစီးစွာဆုံးပါးသွားခဲ့၏ ။
ကျန် ၅ ယောက်ကလည်း မိဘကိုပြန်မကြည့် မည်သူမျှခေါ်မထား
အိုစာ မင်းစာ အိမ်လေးကလည်းမရှိတော့ . . .
အဖိုးကြီးနှင့် အဖွားကြီးက လစဉ်တရားစခန်းတွေမပြတ်လျှောက်ဝင်ရ၏
မည်သို့ဆိုစေ … နေစရာနှင့် စားစရာအဆင်ပြေသွားသည် ။
မကြာလိုက်ပါ သား၊ သမီးများက သူတို့ကိုအရှက်ခွဲသည်ဟုဆိုသောကြောင့်
အဖိုးကြီးနှင့် အဖွားကြီးနေစရာမရှိတော့ ။
လူချမ်းသာတစ်ဦးက သူဝယ်ထားသော မြို့သစ်က မြေကွက်လေးတွင် အိမ်စောင့်သဘောမျိုးနေချင်လျှင်နေဟု ဆိုသဖြင့် အသက်ရှုချောင်သွားသည် ။
ထိုမြေကွက်လေးတွင် ခြံလည်းစောင့်ရင်း သီးပင် စားပင်လေးတွေလည်းစိုက်ကာ
ဝမ်းရေးအတွက်ဖြေရှင်းရ၏ ။

မိဘ ဟူသည်ကလည်း ကံဆိုးသူတွေဖြစ်ဟန်တူသည် ။
သား သမီး ၅ယောက်လုံး၏ အိမ်ထောင်တွေက မနီးမဝေးတွင် ရှိသောကြောင့်
သား သမီးမျက်နှာလေးတွေ မြင်ချင်ဇောဖြင့် မကြာမကြာလမ်းထဲသို့လာ၏
လမ်းအတွင်း အကြောင်းသိနေသော မိတ်ဆွေဟောင်းများမှ တက်နိုင်သလောက်ကူညီကြ၏ ။
တချို့က ငွေကြေးလှူသည် ။
တချို့က ဆန်ပေး၏ ဆီပေး၏ ။
အဖိုးကြီးက လွယ်အိပ်လေးထဲထိုပစ္စည်းများကိုထည့်တက်သည် ။



" သမီး … အဖေ့ကို ဒီလွယ်အိပ်အပေါက်လေးချုပ်ပေးပါလား သမီးရယ်
သမီးအမေက အပ်ပေါက်ထိုးဖို့ မျက်လုံးမကောင်းတော့လို့
ချုပ်ရင်လည်း လက်ချည်းချော်ထိုးမိလို့ လက်တပြင်လုံးသွေးချည်းမို့ပါ သမီးရယ့် "

" ဟင်း … … … အဲဒါပဲ
ထားခဲ့ ထားခဲ့ , အဖေတို့ သိပ်အလုပ်ရှုပ်တာပဲ
မနက်ဖြန်မရဘူးနော် သမီးမအားဘူး
တစ်လကြာချင်ကြာမယ် … နှစ်လကြာချင်ကြာမယ်
မကျေနပ် ကိုယ့်ဘာသာကိုယ့်ချုပ် "

" အေးပါ သမီးရယ်
အဖေတို့ အိမ်ရောက်မှချုပ်လိုက်ပါတော့မယ် "

အဖိုးကြီး စိတ်မကောင်းဖြစ်သွားဟန်တူ၏
ဆိုင်အတွင်း လူပါးနေ၍တော်သေး၏ ။
လွယ်အိပ်လေးထဲမှ ကြက်သွန်နီတစ်လုံးအပေါက်မှ ထွက်ကျလာ၏

" အဖေတို့ အိမ်တကာလိုက်တောင်းစားနေပြန်ပြီမလား "

" မဟုတ်ပါဘူး သမီးရယ်
အဖေတို့ စားစေချင်တယ်ဆိုပြီးထည့်ပေးလိုက်လို့ ယူလာတာပါ "

" အဖေတို့က သူများသနားအောင်သွားလုပ်ပြတာကိုး
အဲဒါတွေ သိပ်စိတ်ပျက်တာ "

ကျွန်တော် အသုတ်ဆက်စားချင်စိတ်မရှိတော့ မြင်ကွင်းကလုံးဝအဆင်မပြေ
သို့သော် ကိုယ်နှင့်မဆိုင်ဘူးလေ သူတို့ သားသမီးနဲ မိဘ ကိစ္စပဲ …
ထိုအဖိုးနှင့် အဖွား မနက်စာစားပြီးပြီလား ?
ထိုလွယ်အိပ်အပေါက်လေးချုပ်ပေးတာ အလွန်ဆုံးကြာ ငါးမိနစ်ပေါ့ !

အဖိုးနှင့် အဖွား ပန်ကန်များအကုန်ဆေးပေးပြီး
ဆိုင်အတွင်းမှ ထွက်သွား၏ ။

ထွက်သွားပြီးမကြာလိုက်
ဒေါ်ထွေး သားတစ်ယောက် အိမ်တွင်းမှထွက်လာ၏ ။

" အမေ , သား ကျောင်းလွယ်အိပ်ကဟောင်းနေလို့ အသစ်ဝယ်ဖို့
အမေ့အိပ်ထဲက တစ်သောင်းခွဲယူသွားတယ် "

" ဟဲ့ . သေချာလည်းရွေးဝယ်ဦးနော် "

ဒေါ်ထွေးသာ လှမ်းအော်တာ
သူ့သားက ဂရုပင်မစိုက် လှည့်တောင်မကြည့် ဆက်ထွက်သွား၏ ။

" ကိုလင်းရယ် , ငါကလေး ၄ ယောက်မွေးထားတာ
အသက်ကြီးလာတယ့်အချိန် တစ်ယောက်မဟုတ် တစ်ယောက် ငါ့ကိုပြန်ကြည့်ရင် ပင်ပန်းရကြိုးနပ်ပါတယ် ဟယ် "

ကျွန်တော် ဒေါ်ထွေးကို ဒေါသဖြစ်မယ့်အစား သနားသွား၏ ။
သူ၏ နားမလည်မူ့ မတွေးတက်မူ့ကို သနားသွား၏ ။
ကိုယ်တိုင်ကျတော့ မိဘအပေါ် မသိတက်ပါပဲ
ကိုယ့် သား သမီးကျမှ ကိုယ့်အပေါ်သိတက်စေချင်တယ်လား ! ဒေါ်ထွေးရယ် …

ကျွန်တော် ပြန်မပြောချင်တော့
ငွေရှင်းပြီးထ.ထွက်လာခဲ့၏ ။

ခြေလှမ်းနည်းနည်းလှမ်းပြီးမကြာလိုက်
စောန အဖိုးနှင့် အဖွားကိုလှမ်းတွေ့သည်
ထို့နောက် ဒေါ်ထွေး၏ သားအငယ်ဆုံးလေး၏ အသံ

" ဖိုးဖိုး . မုန့်ဖိုးပေး "

" အဖွားကြီး. ငါ့မြေးက ငါ့ဆီက မုန့်ဖိုးတောင်းတယ်ဟ "
( ဖိုးအေတစ်ယောက်၏ ပိတိကို အတိုင်းသားလှမ်းမြင်နေရ၏ )

အဖွားအိုက ရင်ဘတ်ထဲမှ ငါးဆယ်တန်လေးတစ်ရွက်ထုတ်ပေးတော့

" ဖွားဖွားကလည်း ငါးဆယ်က ဘာမှစားလို့မရဘူးဖွားဖွားရယ့်
သားက အရုပ်ပါတယ့်မုန့်လေးဝယ်ချင်လို့ "

အဖိုးကြီးနှင့် အဖွားကြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်
နှစ်ရာတန် လေးတစ်ရွက်ထုတ်ပေး၏ ။

" ဒါမှ ဒို့ဖိုးဖိုးကွ " ဟုဆိုကာ ပိုက်ဆံလေးလက်ထဲက ကိုင်လျက်ထွက်ပြေးသွား၏ ။

ကျွန်တော် ဆက်ကြည့်နေမိ၏

" ကဲ … ကားခ နှစ်ရာပေးလိုက်တော့
ရှင်နဲ့ ကျွန်မက ဘယ်ပိုက်ဆံနဲ့ ဘက်စ်ကားစီးပြန်ရမလဲ "

အဖိုးကြီးက ပြုံး၏
" ငါတို့က အသက်ကြီးတော့ ကျန်းမာရေးကောင်းဖို့လိုတယ်လေကွာ
လမ်းလျှောက်ပြန်တော့ နေ့လည်တော့ အိမ်ပြန်ရောက်မှာပေါ့ "

အဖွားကြီးကလည်း စိတ်ညစ်ဟန်မပေါ်
ကြည်နူး အပြုံးဖြင့်

" ကဲ ဒါဖြင့်လည်း လမ်းလျှောက်ကြတာပေါ့ အဖိုးကြီးရယ် "

မြင်ကွင်းက ရသ ၂ မျိုး အားပြိုင်နေ၏ . . .
ကျတော်အနားတိုးကပ်သွားသည်
တစ်ထောင်တန်တစ်ရွက်ထုတ် လက်နှစ်ဖက်ဖြင့်

" ဒါအဖိုးနဲ့အဖွားကို ကျတော်လှူတာပါ . . .
အလှူလက်ခံပေးပါနော် "

အဖွားက " သာဓုပါ မြေးရယ် " ပြောပြီး
ပိုက်ဆံကို လက်မကမ်းခင်
အဖိုးက . . .
" စောန တုန်းက အသုတ်စားနေတဲ့ မြေးလေးထင်တယ် "
" ဟုတ်ပါတယ် အဖိုး "

" သာဓုပါ မြေးရယ် ဒါပေမယ့် အဖိုးတို့လက်မခံပါရစေနဲ့
အဖိုးတို့က အသက်ကြီးပြီဆိုတော့ ကျန်းမာရေးကောင်းဖို့လိုတယ်လေ
စောနက အဖိုးသမီးနဲ့ အဖိုးတို့စကားတွေကြောင့်လည်
သမီးထွေးကို တမျိုးမမြင်ပါနဲ့နော်
သမီးက စိတ်မကြည်လို့နေမှာပါ "

ပြောပြောဆိုဆိုဖြင့်
ကျွန်တော့်မြင်ကွင်းမှ အဖိုးနဲ့အဖွားတရွေ့ရွေ့ဖြင့် ပျောက်ကွယ်သွား၏ ။

ကျတော်သိပါသည် . . .
ကိုယ့်သားသမီးကို အဆိုးမြင်စေမည့် ကိစ္စကို မိဘတိုင်းက မနှစ်မြို့ကြပါ ။

ကျွန်တော့် ရင်တွင်းမှာတော့ . . . .

အဖိုးကြီး ရဲ့ လွယ်အိပ်ပေါက်လေး
ဒေါ်ထွေး၏ မိဘအပေါ် အပြောအဆို
ဒေါ်ထွေး၏ သားသမီးအပေါ်မျှော်လင့်ချက် နှင့်
မြေး အပေါ် အဖိုးအဖွားအချစ် …

မိဘ ၏ စုန်ရေ စီးသံတွေ သာယာကျယ်လောင်နေသလောက်
သား သမီး ဆန်ရေက သုဿန်တစ်စပြင်လို
ဆိတ်ငြိမ်သွေးပျက်ဖွယ် ကောင်းလှသည် ။

Ulay Kyi ( ကိုလင်း )
Credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။