စီးပွားရေးလုပ်ရင် ဘာ့ကြောင့် စွန့် စားမှုဟာအရေးပါတာလဲ?
💰 ကြီးမားတဲ့ မမြင်ရတဲ့အခွင့်အရေးတွေက စွန့် စားရဲမှု ပေးဆပ်ရဲမှုတို့ ကနေလာပါတယ်
ကျွန်တော်တို့ အများစုက စွန့် စားမှုတွေကို မကောင်းဘက်ကမြင်တတ်ကြတယ်။တခါတလေမှာ အရမ်း အန္တာရယ်များတယ်။ ပညာရှိမဆန်ဘူးလို့ တွေးကြတယ်။အချို့ စွန့် စားမှုတွေ ပေးဆပ်လိုက်ရပေမယ့် မအောင်မြင်ကြပါဘူး။ဒါဟာအမှန်တရားပါဘဲ။Bayer Cropscience ရဲ့CEO ဖြစ်တဲ့ ဆန်ဒရာ ပီတာဆန်က ဖော့မဂ္ဂဇင်းကိုအောက်ပါအတိုင်းပြောပါတယ်
" ကျွန်မသိတဲ့စီးပွားရေးလောကမှာအောင်မြင်နေတဲ့အမျိုးသမီးအများကြီးနဲ
့သိပါတယ်။သူတို့ ဘာလို့ အောင်မြင်ကြတာလဲ? သူတို့ က လူအများပြောလေ့ရှိတဲ့ "
ကျွန်တော်ဒါကိုမသေချာဘူး , နောက်တခါပေါ့ဗြာ" လို့ ပြောတဲ့အလုပ်တွေကို စွန်
့စွန့် စားစားလူပ်ဆောင်ခဲ့ကြလို့ ဘဲ။" ရှင် ကျွန်မ
လုပ်သက်တမ်းတလျှောက်ကိုကြည့်မယ်ဆိုရင် ကျွန်မဘယ်လောက်ပေးဆပ် စွန့် စားခဲ့ရတယ်ဆိုတာ သိမှာပါ။ကျွန်မက စွန့် စားပြီဆိုတာနဲ့ ဒါဟာအခွင့်အရေးကောင်းတစ်ခုဘဲ။ငါ့အတွက်သင်ယူစရာတွေအများကြီးဘဲ" လို့ မှတ်ယူတယ်။ လူအများက " မင်းရူးနေလား? မင်းဒီလုပ်ငန်းအကြောင်းဘယ်လောက်သိလဲ" လို့ ကျွန်မကိုရှုတ်ချကြခဲ့ကြဖူးတယ်။ဒါပေမယ့် ကျွန်မအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်
💰စွန့် စား ပေးဆပ်ခြင်းဟာ မိမိကိုယ့်ကိုယုံကြည်မှုကိုပြသလို သင့်ကိုတယောက်ထဲ ဘဝမှာရပ်တည်နိုင်စွမ်းကိုရရှိစေပါတယ်
စွန့် စားလူပ်ဆောင်ရဲ့ခြင်းက သင်ဟာတယောက်ထဲရပ်တည်နိုင်တယ်, ခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်ဆိုတာပြသဖို
့အခွင့်အရေးတစ်ခုပါ။Palma ကုမ္ပဏီရဲ့CEOဖြစ်တဲ့တာမာရာ က " ကျွန်မတို့ အရှေ
့အလယ်ပိုင်းဒေသက လူတွေက ကျွန်မအမြင်မှာတော့ ဗဟုသုတတွေ,
အရင်းအမြစ်တွေမရှိကြဘူး။ရပ်တည်နိုင်ဖို့ ဆိုတာက ပိုပြီးကြိုးစားအားထုတ်ရမှာဘဲ။ ကျွန်မက ဗဟုသုတအရမ်းလိုချင်တယ်, ငယ်ငယ်ကတည်းကကျောင်းမှာအရမ်းကြိုးစားတယ်။ခုထိတိုင်ပါဘဲ။ကျွန်မ ဗဟုသုတတွေက ကျွန်မကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရစေတယ်။ကျွန်မစွန့် စားရတာကိုကြိုက်တယ်" လို့ Arabian business Magazine ကို အင်တာဗျူးမှာဖြေခဲ့ပါတယ်
💰စွန့် စားခဲ့တာတွေ ပေးဆပ်ခဲ့တာတွေကနေ သင်ယူရမယ်။အဲ့သည်ကနေရခဲ့တဲ့သင်ခန်းစာတွေက ကျွန်တော်တို့ အတွက်အရေးကြီးသလို လမ်းသစ်ဖောက်ဖို့ အတွက် အားတွေအများကြီးဖြစ်စေပါတယ်
စွန့် စားခဲ့တာတွေ, ပေးဆပ်ခဲ့တာတွေအတွက်အသိအမှတ်ပြုခံရတာတွေ, အခွင့်အရေးတွေရလာတဲ့အပြင် ကျွန်တော်တို့ ရဲ့အတွင်းစိတ်အခြေအနေကိုများစွာအထောက်အကူပြုပါတယ်။စွန့် စားမှုပြုတယ်ဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။သင်မပေးဆပ်ဘဲ မစွန့် စားဘဲနဲ့ တော့ ဘာမှသင်ယူလို့ ရမှာမဟုတ်ဘူး။
💰အောင်မြင်မှုဆိုတာသင့်လက်ထဲကျလာမှာမဟုတ်ဘူး။သင်ကိုယ်တိုင်ကြိုးစားရမှာဖြစ်ပါတယ်
သင့်ဘဝကိုသင်တယောက်ဘဲလျှောက်လှမ်းရမှာပါ။သင်မမြင်နိုင်သေးတဲ့အရာတွေ သင်ကြိုမသိနိုင်သေးတဲ့ရလာဒ်တွေနဲ့ ပတ်သတ်ပြီး သင်အကောင်းဆုံးပြင်ဆင်ထားရမယ်။ဘဝဆိုတာအတွေ့ အကြုံတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ဘယ်သူ မှညင်းလို့ မရပါဘူး။သင်ဖြစ်ချင်တဲ့အရာတွေဖြစ်လာဖို့ သင်ကိုယ်တိုင်စီမံခန့် ခွဲဆောင်ရွက်ရမှာပါ။ သင်အောင်မြင်ချင်ရင် ကြိုးစားပါ။သင်အောင်မြင်မှာအသေအချာပါဘဲ
💰သင်ကျရှုံးမှာကြောက်နေရင် သင်တွန့် ဆုတ်နေမယ်ဆိုရင် သင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး
ကျွန်တော်သိတဲ့အရာတွေပြင်ပမှာ အရာရာဟာ ကြောက်စရာ အပြည့်နဲ့ ပါ။ကျွန်တော်တို့ မိဘလောင်းရိပ်အောက်မှာနေကြတယ်။သားဘာဖြစ်ချင်တယ် သမီးဘာဖြစ်ချင်တယ်ပြောကြပေမယ့် လက်တွေ့ မှာခက်ခဲလွန်းပါတယ်။အပြောနဲ
့အလုပ်ကွဲပြားသလို အလုပ်နဲ့ အောင်မြင်မှုရဖို့ ဆိုတာအရမ်းကြိုးစားရသလို
ကျရှုံးမှာကြောက်နေဖို့ မလိုပါဘူး။ကျွန်တော်တို့ စွန့် စွန့် စားစား
မလုပ်ဘဲနဲ့ တော့ဘာကိုဘာမှအောင်မြင်မှာမဟုတ်ဘူးဆိုတာသိထားပါ။သင်ခုလက်ရှိနေရာကနေ ရုန်းထွက်ချိန်တန်ပါပြီ။သင်စိတ်အားထက်သန်တဲ့အရာတွေနောက်လိုက်ပါတော့။သင့်အိမ်မက်တွေအောင်မြင်ချိန်တန်ပါပြီ
💰စွန့် စွန့် စားစားလုပ်ဆောင်ရဲခြင်းက ကျရှုံးမှာကြောက်ရွံ့ တဲ့စိတ်ကိုအောင်နိုင်စေပါတယ်
ကျရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့ဆန့် ကျင်ဘက်မဟုတ်ပါဘူး။ဒါပေမယ့် အောင်မြင်ခြင်းဆီကိုသွားတဲ့လမ်းမှာကျောက်စိုင် ကျောက်ခဲသာသာပါဘဲ
💰 စွန့် စားလုပ်ဆောင်တယ်ဆိုတာဖြစ်ကတတ်ဆန်းလုပ်ဆောင်တာမဟုတ်ပါဘူး
ဘာမှမပြင်ဆင်ဘဲ လိုအပ်တာတွေကိုမသင်ယူဘဲနဲ့ တော့ ဘာမှအကျိုးကျေးဇူးရလာမှာမဟုတ်သလို ဘာမှအောင်မြင်မှာလဲမဟုတ်ပါဘူး။အစီစဉ်တစ်ခုလုံးရဲ့ဖြစ်စဉ်ကိုမသိဘဲနဲ့ တော့ စိတ်ကူးအကြံညဏ်တွေအကုန်ပြောပြလို့  အကုန်လုံးကိုလုပ်ဆောင်လို့ မရနိုင်ပါဘူး။
#Risk
#Toptenteam

ကျွန်တော်တို့ အများစုက စွန့် စားမှုတွေကို မကောင်းဘက်ကမြင်တတ်ကြတယ်။တခ
" ကျွန်မသိတဲ့စီးပွားရေးလောကမ

စွန့် စားလူပ်ဆောင်ရဲ့ခြင်းက သင်ဟာတယောက်ထဲရပ်တည်နိုင်တယ

စွန့် စားခဲ့တာတွေ, ပေးဆပ်ခဲ့တာတွေအတွက်အသိအမှတ

သင့်ဘဝကိုသင်တယောက်ဘဲလျှောက

ကျွန်တော်သိတဲ့အရာတွေပြင်ပမ

ကျရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့ဆန့် ကျင်ဘက်မဟုတ်ပါဘူး။ဒါပေမယ်

ဘာမှမပြင်ဆင်ဘဲ လိုအပ်တာတွေကိုမသင်ယူဘဲနဲ့ တော့ ဘာမှအကျိုးကျေးဇူးရလာမှာမဟု
#Risk
#Toptenteam
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။